Home » Entries posted by Admin (Page 13)

ရာသီအပြောင်းအလဲတွင် အအေးမိသူများကို ကုသရန်နည်းလမ်းများ

ရာသီအပြောင်းအလဲတွင် အအေးမိသူများကို ကုသရန်နည်းလမ်းများ

ရာသီအပြောင်းအလဲကာလများတွင် အအေးမိခြင်းနှင့် ချောင်းဆိုး  ခြင်းကို လူအများကြုံတွေ့ရသဖြင့် ယင်းအခြေအနေများအတွက် မိမိနေအိမ်၌ပင် ကုသပျောက်ကင်းနိုင်မည့် နည်းလမ်းအနည်းငယ်ကို ကျန်းမာရေးပညာရှင်များက ဖော်ပြထားသည်။ ရာသီဥတု ပူလိုက်အေးလိုက်ဖြစ်တတ်သည့် ရာသီအပြောင်း အလဲကာလများတွင် ချောင်းဆိုးခြင်း၊ အအေးမိခြင်းတို့ကဲ့သို့ ကျန်း မာရေးပြဿနာများ အမြဲကြုံတွေ့ရတတ်သည်။ ထို့အပြင် ယင်းအခြေအနေများကြုံတိုင်း ဆေးဝါးများအပေါ်ချည်းသာ အားမကိုးဘဲယင်းဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများကို လျစ်လျူမရှုသင့်ပေ။ ယင်းဆေးဝါးများအစား ဘေးထွက်ဆိုးကျိုးများမရှိသည့် ကောင်းမွန်မြန်ဆန်စွာ ရောဂါကုသနည်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။ ရေနွေးတစ်ခွက်ထဲ ဆားအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေး ခြင်းဖြင့် လည်ချောင်းနာကျင်မှုကို ကုသရာတွင် အထောက်အကူ ဖြစ်စေနိုင်သည်။ ကော်ဖီနှင့် လက်ဖက်ရည်(သို့မဟုတ်)ရေနွေးရိုးရိုးကို မကြာ မကြာသောက်သုံးပေးခြင်းဖြင့်လည်း ရောဂါသက်သာစေနိုင်သည်။ ရေနွေးထဲတွင် နနွင်းမှုန့်၊ ချင်းမှုန့်နှင့် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး သောက်ပေးခြင်းဖြင့် ချောင်းဆိုးခြင်းကိုသာ သက်…

၁၈ကြိမ်မြောက်ချင်းတက္ကသိုလ်ကျောင်းသူ/သားများမိတ်သဟာယ(CUSF)တွေ့ဆုံပွဲ ဧပြီလအတွင်းဟားခါးမြို့တွင်ပြုလုပ်မည်

၁၈ကြိမ်မြောက်ချင်းတက္ကသိုလ်ကျောင်းသူ/သားများမိတ်သဟာယ(CUSF)တွေ့ဆုံပွဲ ဧပြီလအတွင်းဟားခါးမြို့တွင်ပြုလုပ်မည်

ချင်းတက္ကသိုလ်ကျောင်းသူကျောင်းသားအချင်းချင်း ပိုမိုရင်းနှီးလာရေး၊ ယုံကြည်မှုပိုမိုခိုင်မာလာစေရေး နှင့် လုပ်ငန်းများအတူတကွဆောင် ရွက်နိုင်ရေးကိုရည်ရွယ်လျက် ၁၈ ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသူ/ သားမိတ်သဟာယတွေ့ဆုံပွဲကို ဧပြီလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဟားခါးမြို့၌ ကျင်းပမည်ဖြစ် ကြောင်းသိရသည်။ ယခင်က ချင်းကျောင်းသားများ မိတ်သဟာယတွေ့ဆုံပွဲများတွင် လမ်းပန်း ဆက်သွယ်ရေးအခက်အခဲ၊ ရန်ပုံငွေအခက်အခဲများကြောင့် မြို့နယ်တိုင်း မှကျောင်းသူ/သားများနှင့် ပြည်မဖက်ခြမ်းမှချင်းကျောင်းသူ ကျောင်းသားများ ပါဝင်မှုအားနည်းခဲ့သော်လည်း ယခုကျင်းပမည့် တွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံးရှိ ချင်းကျောင်းသားများ၊ ပြည်ပရောက်ချင်းကျောင်းသားများ အားလုံးပါ ၀င် နိုင်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီမှ ပြင်ဆင်လျက်ရှိသည်။ ပွဲဖြစ်မြောက်ရေးကော်မတီတာဝန်ရှိသူဆလိုင်းထန်ဇဘွေက “ ချင်းကျောင်း သား/သူတွေကအရမ်းများတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်းမသိဘူး။ အခုလိုပွဲတွေ လုပ်လာခြင်းအားဖြင့် အချင်းချင်းရင်းနှီးလာတယ်။ ယုံကြည် မှုတွေလည်းရှိလာတယ်။…

လာဘ်စားမှုဖြင့် တိုင်ကြားခံရသော စစ်ကိုင်းတိုင်း ရဲမှူးကြီးနေဒွန်းအား ချင်းပြည်နယ်ရဲမူးကြီးအဖြစ်ပြောင်းရွေ့

လာဘ်စားမှုဖြင့် တိုင်ကြားခံရသော စစ်ကိုင်းတိုင်း ရဲမှူးကြီးနေဒွန်းအား ချင်းပြည်နယ်ရဲမူးကြီးအဖြစ်ပြောင်းရွေ့

လက်အောက်ငယ်ဝန်ထမ်းများထံမှကျပ်သိန်းရာချီလာဘ်ငွေတောင်းခံမှုများဖြင့် တိုင်ကြားခံရပြီး သက်သေခံ အချုပ်ဖြစ်မြန်မာနိုင်ငံရဲတပ်ဖွဲ့(နေပြည်တော်)တွင်၂ကြိမ်တိုင်စစ်ဆေးခံခဲ့ရသောစစ်ကိုင်းတိုင်းရဲမူးကြီးနေဒွန်းသည်ချင်းပြည်နယ်ရဲမူးကြီးအဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းသိရသည်။ ချင်းပြည်နယ်ရဲမူးကြီးမြင့်လွင်နေရာတွင်စစ်ကိုင်းတိုင်းဒေသကြီးရဲမူးကြီးနေဒွန်းအားပြောင်းလဲခန့်အပ်လိုက်ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြည်နယ်တိုင်းဒေသကြီးရဲမူးကြီးများအပြန်အလှန်ပြောင်းရွေ့ခန့်အပ်မူ့အရသိရသည်။လက်ရှိချင်းပြည်နယ်ရဲမူးကြီးမြင့်လွင်မှာစစ်ကိုင်းတိုင်းဒေသကြီးရဲမူးကြီးအဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်မည်ဖြစ်သည်။…

ဟားခါးမြို့တော်ရရှိခြင်း နှစ်(၅၀)ပြည့်ရွှေရတုသဘင်နှင့် ကျောက်တိုင်စိုက်ထူပွဲကျင်းပ

ဟားခါးမြို့တော်ရရှိခြင်း နှစ်(၅၀)ပြည့်ရွှေရတုသဘင်နှင့် ကျောက်တိုင်စိုက်ထူပွဲကျင်းပ

ဟားခါးမြို့ မြို့တော်ရရှိခြင်းနှစ်(၅၀)ပြည့် ရွှေရတုသဘင်အခမ်းအနားနှင့် ကျောက်တိုင်စိုက်ထူခြင်းအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၉ နာရီတွင်ကျင်းပခဲ့သည်။ အဆိုပါ ကျောက်တိုင်အား ဟားခါးမြို့ ရှုခင်းသာတွင်စိုက်ထူခဲ့ခြင်းဖြစ်သည်။ အခမ်းအနားအား ချင်းပြည်နယ်လွှတ်တော်ဥက္ကဌအသစ် ဦးဇိုဘွဲ့ အပါအဝင် ရပ်မိရပ်ဖ နှစ်ဦးမှဖွင့်လှစ်ခဲ့သည်။…

AA မှ ချင်းဒေသအတွင်း စားနပ်ရိက္ခာစုဆောင်းရာတွင် ဒေသခံများဖက်မှနစ် နာခြင်းရှိပါက ကျေနပ်သည်အထိ ဖြေရှင်းပေးမည်ဟု CCSN သို့စာပို့

AA မှ ချင်းဒေသအတွင်း စားနပ်ရိက္ခာစုဆောင်းရာတွင် ဒေသခံများဖက်မှနစ် နာခြင်းရှိပါက ကျေနပ်သည်အထိ ဖြေရှင်းပေးမည်ဟု CCSN သို့စာပို့

Salai Hung Tun Gei ရက္ခိုင်တပ်မတော်(AA) မှ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ ကွန် ယက်(CCSN) သို့ ရခိုင်နှင့် ချင်းတောင်တန်းများတွင်စစ်ရေးအရ မလွဲမရှောင် သာ ရွှေ့လျားမှုများပြုလုပ်ြ ခင်းကြောင့် စားနပ်ရိက္ခများ ကိုဖြည့်တင်းရသည့် အပေါ် ဒေသခံရွာသားများအနေဖြင့် နစ်နာမှုရှိပြီး မိမိတို့ဖက်မှလိုအပ်ချက်များ ရှိပါက တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ကျေနပ်သည်အထိဖြေရှင်း ပေး မည်ဖြစ်ကြောင်း ဖေဖော်ရီလဆန်းပိုင်းက စာပေးပို့ထားကြောင်း CCSN တာဝန်ခံဆလိုင်းယာကုတ်ထန် ကပြောသည်။ သူက “ ကျွန်တော်တို့အဲဒီကိစ္စကိုဆွေးနွေးပြီးကြေညာချက်ထုတ်ခဲ့တာဖြစ်တယ်။ အဲဒီအပေါ်သူတို့ကမကြာခင် မှာပဲ အီးမေးလ်တောင်းပြီးတရားဝင်စာပို့ လာတာဖြစ်တယ်” ဟုပြောသည်။ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်မှ ဇန်န၀ါရီနောက်ဆုံးပတ်အ တွင်းကျင်းပခဲ့သည့် တွေ့ဆုံပွဲမှ ချင်းပြည်နယ်ပလက်ဝဒေသတွင် AA မှရိက္ခာ စုဆောင်းသည့်လုပ်ရပ်နှင့်ပတ်သက်ပြီး…

ပါတီမူအရ ချင်းပြည်နယ်ဝန်ကြီးချုပ်ကို NLD ကိုယ်စားလှယ်များထဲမှသာရွေးချယ်မည်ဟု လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့ကဆို

ပါတီမူအရ ချင်းပြည်နယ်ဝန်ကြီးချုပ်ကို NLD ကိုယ်စားလှယ်များထဲမှသာရွေးချယ်မည်ဟု လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့ကဆို

Salai Lal Nun Uk အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မူဝါဒအရ ချင်းပြည်နယ် ဝန်ကြီးချုပ်ကို NLD ကိုယ်စားလှယ်များမှသာ ရွေးချယ်မည်ဟု ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဥက္ကဌသစ် ဦးဇိုဘွဲ့ကဆိုသည်။ ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် NLD ပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးတို့အား ပြည်သူများခန့်မှန်းထားသော်လည်း ယနေ့တွင် ကျင်းပသည် ဒုတိယအကြိမ် ပထမနေ့ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ် NLD ပါတီဥက္ကဌ ဦဇိုဘွဲ့အား ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ်လည်းကောင်း၊ NLD ပါတီအတွင်းရေးမှူး ဦးအောင်သန်းအား ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌအဖြစ်လည်းကောင်းအတည်ပြုခဲ့ကြသည်။ “ဝန်ကြီးချုပ်ရာထူးကို NLD ကဘဲယူသွားမယ်။ ဒါကပါတီရဲ့မူလည်းဖြစ်တယ်။ တခြားပါတီက ကိုယ်စားလှယ်တွေတော့မဖြစ်နိုင်ဘူး”ဟု ချင်းပြည်နယ် NLD ပါတီဥက္ကဌနှင့် ဗဟိုကော်မတီအဖွဲ့ဝင်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့က Chin…

ခမ်းပါတ်မြို့တွင်ကျင်းပမည့် “ဖြတ်ကနဲ ပေါ် ဆက်ကနဲ….လုပ်”စာပေဟောပွဲသို့ဟောပြောရန် ဦးကျော်သူ ကလေးမြို့သို့ ယနေ့ရောက်ရှိ

ခမ်းပါတ်မြို့တွင်ကျင်းပမည့် “ဖြတ်ကနဲ ပေါ် ဆက်ကနဲ….လုပ်”စာပေဟောပွဲသို့ဟောပြောရန် ဦးကျော်သူ ကလေးမြို့သို့ ယနေ့ရောက်ရှိ

တမူးခရိုင်၊ ခမ်းပါတ်မြို့တွင် ကျင်းပမည့်စာပေဟောပြောပွဲသို့ ဟောပြောရန် နာရေးကူညီမူအသင်း(ရန်ကုန်)မှ ဦးကျော်သူသည် ကလေးမြို့သို့ ယနေ့ရောက်ရှိကြောင်းသိရသည်။ ဂရုဏာရောင်ခြည်လူမူဖွံ့ဖြိုးရေးအသင်းမှ ကြီးမှူး၍ကျင်းပသော “ဖြတ်ကနဲ ပေါ် ဆက်ကနဲ….လုပ်” ခေါင်းစဉ်ဖြစ် အဆိုပါစာပေဟောပွဲကို ယနေ့ဖေဖော်ဝါရီ ၈ ရက်နေ့ညနေ ၅ နာရီမှ ၇ နာရီထိ ခမ်းပါတ်မြို့ အမှတ် (၁)ရပ်ကွက် ကက်သလိက်ဘုရားကျောင်းဝန်းအတွင်းပြုလုပ်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ခန့်တွင် ဦးကျော်သူသေဆုံးပြီဟု လူမူကွန်ရပ်စာမျက်နှာများတွင် သတင်းများပျံ့နှံ့ပြီးနောက် ဦးကျော်သူသည် ယခုကဲ့သို့ ခမ်းပါတ်မြို့သို့ စာပေဟောပြောပွဲတွင်ပြောကြားရန်ရောက်လာခဲ့ခြင်းဖြစ်သည်။…

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သဘာပတိအဖြစ် ဦးဇုန်လှယ်ထန်း၊ ဥက္ကဌနှင့် ဒု-ဥက္ကဌ အားယနေ့အတည်ပြု

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သဘာပတိအဖြစ် ဦးဇုန်လှယ်ထန်း၊ ဥက္ကဌနှင့် ဒု-ဥက္ကဌ အားယနေ့အတည်ပြု

Salai Lal Nun Uk ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေး ပထမနေ့တွင် ပဘာပတိအဖြစ် ချင်းပြည်နယ် ဖလမ်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းအား သဘာပတိအဖြစ် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ “ချင်းလူမျိုးတစ်ယောက် အမျိုးသားလွှတ်တော် သဘာပတိအဖြစ်ရွေးချယ်လို့ဝမ်းသာပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ မဲဆန္ဒနယ်ပြည်သူလူထုကိုလည်း လေးစားဂုဏ်ပြုရာရောက်ပါတယ်။ အမျိုးသားလွှတ်တော် ဆိုတာ လူမျိုးစုတွေအတွက်အရေးပါတဲ့နေရာဖြစ်တယ်။ လူထုကိုယ်စားပြုကတော့ ပြည်သူ့လွှတ်တော်ရှိပါတယ်။ ဒါဟာကျွန်တော်တို့ပါတီက တိုင်းရင်းသားတွေကို အလေးထားတဲ့သဘောဖြစ်တယ်။ လွှတ်တော်ဥက္ကဌနဲ့ ဒု-ဥက္ကဌတွေလည်း ကရင်နဲ့ ရခိုင်လူမျိုးတွေဖြစ်ကြတယ်”ဟု ဖလမ်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် သဘာပတိ ဦးဇုန်လှယ်ထန်းက Chin World Media သို့ပြောကြားသည်။ အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် ကရင်ပြည်နယ်…

1 11 12 13