Home » Entries posted by Chin World

(၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ချင်းပြည်နယ်အဖွဲ့မှ(ရွှေ) အပါအ၀င်ဆု(၄)ခုရရှိ။

(၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ချင်းပြည်နယ်အဖွဲ့မှ(ရွှေ) အပါအ၀င်ဆု(၄)ခုရရှိ။

ဆလိုင်းကျော်မိုး (၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန – ၂ ၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် ၍ ဆုများ ချီးမြှင့်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်ချင်းပြည်နယ်ယဉ်ကျေးမှု့အဖွဲ့မှ(၁၁၃)ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဟာဂီတ အတီးပြိုင်ပွဲဝါသနာရှင်အဆင့် (ပထမတန်း)ဂစ်တာပြိုင်ပွဲတွင် ရွေ(၁)၊ အခြေခံပညာအဆင့် (အသက် ၁၀နှစ်မှ ၁၅ နှစ်) စောင်းပြိုင်ပွဲတွင် ငွေ (၁)၊ အခြေခံပညာအဆင့် (အသက် ၁၀နှစ်မှ ၁၅ နှစ်)မဟာဂီတမှာနှစ်သိမ့်ဆုနှင့် အဆင့်မြင့်ပညာအဆင့်အမျိုးသမီးအကပြိုင်ပွဲမှာနှစ်သိမ့်ဆုတစ်ခု စုစုပေါင်း(၄)ခုရရှိခဲ့သည်။ ”ကျွန်တော်တို့ချင်းပြည်နယ်ယဉ်ကျေးမှု့အဖွဲ့အနေနဲ့အခုသွားရောက်ယှဉ်ပြိုင်တဲ့ အဆို၊ အက၊ အရေး၊ အတီး…

ပွင့်လင်းရာသီ တွင် ဟိုတယ်များစတင်ဆောက်လုပ်နိုင်ရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်။

ပွင့်လင်းရာသီ တွင် ဟိုတယ်များစတင်ဆောက်လုပ်နိုင်ရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်။

  ဆလိုင်းကျော်မိုး           ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွန်ချက်အရ၊ ချင်းပြည်နယ်အတွင်းရှိ  ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ခိုင်ကမ်းမြို့များတွင် ဟိုတယ်တည်ဆောက် လိုသည့် တိုင်းရင်းသားလုပ်ငန်းရှင်များ အနေဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့ နောက်ဆုံးထားပြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးရုံး၊ ဟားခါးမြို့သို့ အဆိုပြုလွှာများပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။ ချင်းပြည်နယ်၊ စည်ပင်သာယာရေး၊ ဟိုတယ်ခရီးသွား၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ”ဒေသခံလုပ်ငန်းရှင်တွေကိုတော့ပထမဦးစားပေးမယ် ဒေသခံတွေထဲကဆောက်လုပ်နိုင် တဲ့လုပ်ငန်း ရှင်မရှိဘူး ဆိုရင်တော့နံပါတ်နှစ်၊ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်တွေပေါ့ ပြည်မဘက်ကနေတက် လာတာလည်းဖြစ်နိုင်ပါတယ်အထူးသဖြင့်ဟိုတယ်လုပ်ငန်းနဲ့အကျွမ်းတ၀င်ရှိတဲ့သူတွေပေါ့၊နံပါတ်(၃)အနေနဲ့ကတော့သက်ဆိုင်ရာမြို့မိမြို့ဖကလက်ခံနိုင်တဲ့သူတွေကိုဦးစားပေးသွားမည်”ဟုပြောသည်။ ပြည်နယ်အစိုးရမှဟိုတယ်လုပ်ငန်းကို စိတ်ဝင်စားသည့် တိုင်းရင်းသားလုပ်ငန်းရှင်များ(မည်သူမဆို)လာရောက် လျောက်ထားနိုင်ရန် ပထမဦးစွာဖွင့်ပေးလိုက်ခြင်းဖြစ်ပြီးလျှောက်ထား သူများထဲမှပြန်လည်စီစစ်ရွေးခြယ်…

ပခုက္ကူတွင်အဝေးသင်လာရောက်ဖြေဆိုသူကျောင်းသားနှစ်ဦးနှင့်ကျောင်းသူတစ်ဦးရိုက်နှက်ခံရ။

ပခုက္ကူတွင်အဝေးသင်လာရောက်ဖြေဆိုသူကျောင်းသားနှစ်ဦးနှင့်ကျောင်းသူတစ်ဦးရိုက်နှက်ခံရ။

 ဆလိုင်းကျော်မိုး အောက်တိုဘာ ၂၄ ရက်နေ့ ပခုက္ကူမြို့တွင် အဝေးသင်လာရောက်ဖြေဆိုသူ ချင်းကျောင်းသား နှစ်ဦးနှင့် ချင်းကျောင်းသူတစ်ဦးတို့ မြကန်သာအထဲတွင်စာကျက်နေရာ လူတစ်စုမှ လာရောက် ရန်စနှောင့်ယှက် ထိုးနှက်ခဲ့သဖြင့် ကျောင်းသားတစ်ဦးအပေါ်သွားကျိုးပြီး၊ တစ်ဦးမှာနဖူးပြဲပြီးထိခိုက်မှု များဖြစ်ပွားခဲ့ကြောင်းသိရသည်။ ” စာကျက်ရအောင်ဆိုပြီး အကိုတစ်ယောက်နှင့်မြကန်သာထဲမှာ စာကျက်နေတုန်း လူ(၄)ယောက် လာပြီးရန်စကြတယ်၊ သူတို့တွေမှာ တုတ်တွေလည်းပါလာကြတယ်။ ကျွန်တော်တို့လဲ သုံးလေးကြိမ်လောက်တောင်း ပန်တာဘယ်လိုမှမရဘူးနောက်ဆုံး ကျွန်တော်အကိုတစ်ယောက် ကစိတ်တိုပြီးပြန်ထိုးတော့သူကအပေါ်သွား ကျိုးသွားတယ် နဖူးလဲပေါက်ပြဲသွားတယ်။ ကျွန်တော်လဲ ဂွနဲ့ အရိုက်ခံရတယ်” ဟုမင်းတပ်မြို့ မှအဝေးသင်လာ ရောက် ဖြေဆိုသူ ပထမနှစ်ကျောင်းသားဆလိုင်းနိုင်းဘူ မှပြောသည်။ ပခုက္ကူမြို့တွင်ချင်းကျောင်းသားများခဏခဏ ရိုက်ခံရမှုများနှင့်ပတ်သတ်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဆလိုင်းထန်လွန်းမပြောရာတွင်”ဘာကြောင့် ဒီဟာတွေ ဖြစ်လာရတယ် ဆိုတာကတော့ ရှင်းရှင်းလေးပါအထူးသဖြင့်…

ချင်းပြည်နယ်အပါအ၀င်သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ အမှတ်သတ်မှတ်ချက်မရှိပဲ ဆေးတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရှိ

ချင်းပြည်နယ်အပါအ၀င်သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ အမှတ်သတ်မှတ်ချက်မရှိပဲ ဆေးတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရှိ

မိုင်ဘွဲ့ထန်ပါရ် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများမှ တက္ကသိုလ် ၀င်တန်းအောင်မြင်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန၊ ဆေးတက္ကသိုလ်များသို့ အမှတ်ခွဲခြားခြင်းမရှိပဲ တက်ရောက် လာနိုင်တော့ မည်ဖြစ်သည်ဟု ကြေးမုံသတင်းစာ အောက်တိုဘာ ၂၄ နေ့ထုတ်တွင် သက်ဆိုင်ရာဌာနမှဖော်ပြထားသည်။ “အသက်မွေးဝမ်းကြောင်းတက္ကသိုလ်တစ်ခုဖြစ်တဲ့အတွက်ကြောင့် ခုလိုအမှတ်မကြည့်ဘဲခေါ်တဲ့အတွက် ဝမ်းသာအားရ မစဉ်းစားဘဲ မလျှောက်စေချင်ပါဘူးတကယ်ဝါသနာပါတဲ့သူတွေကိုသာလျှောက်စေချင်ပါတယ်။ တကယ်ဝါသနာပါပေမဲ့ တက္ကသိုလ်က တရားဝင်သတ်မှတ်ထားတဲ့ အမှတ်ကိုမမီလို့ မတက်ရမယ့်သူတွေအတွက်တော့ အရမ်းကောင်းပါတယ်”ဟု ဟားခါးမြို့မှ အစားအသောက် ဦးစီးအရာရှိ ဒေါက်တာဂျိုးဇက်ဗန်ဘွေအုပ်ကပြောသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀)နှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော  ဒေသ…

ချင်းပါတီ သုံးပါတီ ပေါင်းစည်းရန် CPP နှင့် CNDP နှစ်ပါတီက အမြန်ပေါင်းစည်းချင်ဟု ပြောဆို

ချင်းပါတီ သုံးပါတီ ပေါင်းစည်းရန် CPP နှင့် CNDP နှစ်ပါတီက အမြန်ပေါင်းစည်းချင်ဟု ပြောဆို

မိုင်ဘွဲ့ထန်ပါရ် ချင်းပါတီ သုံးပါတီ ပေါင်းစည်းရန်အတွက် CPP နှင့် CNDP နှစ်ပါတီက CLD ၏ ကြေငြာချက်ထုတ်ပြန်ုခြင်းကြောင့် ပေါင်းစည်းရေးအချိန် နှောက်နှေးသည်ကို မလိုလားကြောင်း အမြန်ပေါင်းစည်းချင်ဟု အဆိုပါ နှစ်ပါတီမှ ပြောဆို သည်။ “CPP နဲ့ CNDP က ၁၀၀ မှာ ၁၀၀ အမြင်ချင်းတူညီပါတယ်။ ပေါင်းစည်းဖို့မှာ ၃ ပါတီလုံးက ပေါင်းစည်းချင်တယ်။ ဒါပေမဲ့အချိန်ကာလ ဘယ်တော့ပေါင်းမလဲ အဲဒီမှာ CLD က နည်းနည်းလောက် အချိန်ဆွဲချင်တာပေါ့။ ကျွန်တော်တို့ကတော့ အမြန်ဆုံးပေါင်းစည်းချင်တယ်။ CLD ကတော့ ၂၀၁၈ ခုနှစ်မှာ တစ်ပါတီဖြစ်နိုင်ရေး၊ အဲဒီမတိုင်ခင် မဟာမိတ်သဘောနဲ့သွားချင်တယ်။ CLD ကနေ အဲဒီလို…

ဗမာမှုအပြုခံရခြင်းနှင့်ယနေ့တိုင်းရင်းသားလူဦးရေ

ဗမာမှုအပြုခံရခြင်းနှင့်ယနေ့တိုင်းရင်းသားလူဦးရေ

  စိုင်းထွန်းအောင်လွင် အန်စီအေလို့ ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုမှု တစ်နှစ်ပြည့်အခမ်းနားကို တက်ရောက်မိန့်ခွန့် ပြောကြားသူတွေထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ပါဝင်ခဲ့ပါတယ်။ တပ်မတော်ကိုယ် ကိုယ်စားပြုပြီး တပ်ချုပ်ပြောခဲ့မိန့််ခွန်းထဲမှာ ပါတဲ့ အချက်တွေအများစုကတော့ နဂိုကတည်းက တပ်မတော်က ကိုင်စွဲထားတဲ့ မူဝါဒတွေပါပဲ။ ၂၀၀၈ အခြေခံ ဥပဒေအရ တန်းတူအခွင့်ရေးပေးထားတယ်။ လက်နက်စွဲကိုင်ပြီး အခွင့်အရေးတောင်းဆိုတာတွေကို စွန့်လွတ်ဖို့လိုတယ်။တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ (၆) ရပ် ဆိုတဲ့ ကိစ္စတွေ ပါသလို အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု စာချုပ်လက်မှတ်မထိုးပဲ နိုင်ငံရေးဆွေးနွေးပွဲ တက်ချင်တဲ့ ကိစ္စမျိုးတွေက မဖြစ်သင့်ဘူး စသဖြင့်ပါပဲ။ ထူးခြားချက်တစ်ခုကတော့ တပ်ချုပ်ပြောသွားခဲ့တဲ့ မိန့်ခွန်းမှာ ပြည်နယ်တွေမှာလည်း တိုင်းရင်းသား…

ချင်းပါတီများ ပေါင်းစည်းနိုင်ရေးအတွက် မဟာမိတ်ဖွဲ့စည်းရေးဦးစွာလုပ်ဆောင်မည်ဟု CLD ထုတ်ပြန်။

ချင်းပါတီများ ပေါင်းစည်းနိုင်ရေးအတွက် မဟာမိတ်ဖွဲ့စည်းရေးဦးစွာလုပ်ဆောင်မည်ဟု CLD ထုတ်ပြန်။

    မိုင်လိန်းဟုန်းလိုင်း   အောက်တိုဘာလ(၁၆)ရက်နေ့စွဲပါ ချင်းနိုင်ငံရေးပါတီများပေါင်းစည်းရေးနှင့်ပတ်သတ်ပြီး အချက်(၇)ချက်ပါ ၀င်သော သဘောထားထုတ်ပြန်ချက်စာကို   ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ထုတ်ပြန်လိုက်ကြောင်း သိရ သည်။ ချင်းပါတီများပေါင်းစည်းရေးအတွက် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစည်းအဝေးက ဆုံးဖြတ်ပြီးနောက် ရေရှည်တည်တံ့ခိုင်မြဲသောချင်းပါတီများပေါင်း စည်းနိုင်ရေးကိုရည်ရွယ်လျက် (၂၈-၆-၂၀၁၆) ရက်နေ့တွင် ပြုလုပ်သော ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းဝေးက ”ချင်းပါတီများ ပေါင်းစည်းရေးအစီအစဉ်”ကိုရေးဆွဲအတည်ပြုပြီး (၆-၇-၂၀၁၆) ရက်နေ့၌ ချင်းပါတီပေါင်းစည်း ရေးညှိနှိုင်း အဖွဲ့သို့အဆိုပြုတင်ပြခဲ့ကြောင်း သိရသည်။ ချင်းပါတီပေါင်းစည်းရေးညှိ နှိုင်းရာတွင်တောက်လျောက်ပါဝင်ခဲ့သော ဆလိုင်းတင်ရိုယာလ်မှ” ကျွန်တော်တို့ ချင်းနိုင်ငံရေးပါတီတွေ ပေါင်းစည်းနိုင်ရေးအတွက် ချင်းပါတီ ဥက္ကဌ (၃) ဦးက အလွတ်သဘောတွေ့ပြီးတော့ မူအားဖြင့် သဘောတူ ခဲ့ကြတယ်။ ဒုတိယအကြိမ်မှာတော့ ဥက္ကဌ (၃)…

“ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် Miss International Queen 2016 သွားရောက်ယှဉ်ပြိုင်မည့် ထားထားနှင့် တွေ့ဆုံခန်း”

“ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် Miss International Queen 2016 သွားရောက်ယှဉ်ပြိုင်မည့် ထားထားနှင့် တွေ့ဆုံခန်း”

  ဆလိုင်းကျော်မိုး တွေ့ဆုံမေးမြန်းသည်။ ထိုင်းနိုင်ငံတွင် မကြာခင်ပြုလုပ်မည့် Miss International Queen 2016 တွင် မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်မည့်သူ နှစ်ဦးထဲမှ တဦးမှာ Jessica Tha Tha (ဂျက်ဆီကာထားထား) ပင်ဖြစ်သည်။ သူမသည် မိန်းခလေးအစစ် မဟုတ်ပဲ၊ သူမ၏ ဖြစ်ချင်သော စိတ်ဆန္ဒအရ လက်ရှိဘ၀အား ရွေးချယ်ရာတွင် မိသားစု၊ လူမှုအသိုင်းအ၀န်းနှင့် ထိပ်တိုက်ရင်ဆိုင်ရမှုများရှိခဲ့ရသည်။ သူမ၏ ဆောင်ပုဒ်တခုဖြစ်သော “လူငယ်တိုင်းမှာ အိပ်မက်တခုတော့ ရှိရမယ်၊ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ရမယ်” ဟူသော ဆောင်ပုဒ်နှင့်အညီ လက်ရှိဘ၀သို့ ရောက်ရှိရာတွင် ဖြတ်သန်းတွန်းလှန်ခဲ့ရမှုများ၊ သွားရောက် ယှဉ်ပြိုင်မည့် Miss International Queen 2016 အကြောင်းတို့ကို သွားရောက်တွေ့ဆုံ…

ဆက်သွယ်ရေးကွန်ယက်အပြင်ဘက်ရောက်မြို့(သို့)မတူပီမြို့လေး။

ဆက်သွယ်ရေးကွန်ယက်အပြင်ဘက်ရောက်မြို့(သို့)မတူပီမြို့လေး။

ဆလိုင်းကျော်မိုး လူကြီးမင်းခေါ်ဆိုသော ဖုန်းသည်ဆက်သွယ်ရေးအပြင်သို့ ရောက်ရှိနေပါတယ်။ လူကြီးမင်းခေါ်ဆိုသော ဖုန်းသည်စက်ပိတ်ထားပါတယ်။ လူကြီးမင်းခေါ်ဆိုသော ဖုန်းသည် တပ်ဆင်ထားခြင်းမရှိပါ။ချိုသာလှတဲ့ အော်ပရေတာအသံချိုချိုလေးကိုစတင်ကြားလိုက်ရပါတယ်။ ဒီအသံဟာ ကျွန်တော်တို့ မတူပီမြို့ဒေသခံတွေအတွက်တော့ မချိုမြနိုင်ပါဘူး။၁၉၄၉ခုနှစ် မတ်လ ၂၂ မှစတင်ကာ မြို့ဖြစ်လာတဲ့ မတူပီမြို့နယ်ဟာ အခုဆိုရင် ၆၇ နှစ်ပြည့် မြောက်ခဲ့ပါပြီ။ မတူပီမြို့နယ်ဟာ အခြားသောမြို့တွေထက် စာရင်တိုးတက်မှုတွေနှောင့်နှေး၊ဖွံ့ဖြိုးမှုတွေနှေးကွေးရတာကလည်းအမှန်ပါ။ ဒီနေရာမှာ မတူပီမြို့နယ်အကြောင်းအနည်းငယ်တော့ပြောပြချင်ပါတယ်။ ။မတူပီမြို့နယ်ဟာ မင်းတပ်ကနေမိုင်ပေါင်း ၁၀၂ မိုင် အကွာ  ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၅၆၀ အထက်မှာတည်ရှိပါတယ်။ ဗျူဟာမှူးရုံးအခြေစိုက်ရာမြို့ဖြစ်ပြီးရေဇွာမြို့၊လိုင်လင်းပီမြို့တွေဟာမတူပီမြို့နယ်ထဲမှာပါဝင် ပါတယ်။လက်ရှိမှာတော့  မတူပီမြို့နယ်နဲ့ – ပလက်ဝမြို့နယ် ကိုဆက်စပ်ပေးထားတဲ့ မြေသားကားလမ်းပေါက်သွားပြီဖြစ် တဲ့အတွက် ကုန်းလမ်းဆက်သွယ်ရေး အပိုင်းမှာဆိုရင် အရင်လို ခက်ခက်ခဲခဲသွားလာရတာမျိုးမရှိတော့ပါဘူး။ အခုဒီမတူပီမြို့နယ်မှာ လက်ရှိရှိနေတဲ့ကုတင်…

Infrastructuresအဆင့်အတွေးကိုကျော်လွန်စေချင်(ချင်းပြည်နယ်အစိုးရ ရက် ပေါင်း ၂၀၀ သုံးသပ်ချက်)

Infrastructuresအဆင့်အတွေးကိုကျော်လွန်စေချင်(ချင်းပြည်နယ်အစိုးရ ရက် ပေါင်း ၂၀၀ သုံးသပ်ချက်)

ဆလိုင်းကျဲအိုဘိခ်ထောင် (CNDP) အစိုးရရက်ပေါင်း ၁၀၀ စီမံကိန်း (100 Days Honeymoon) နှင့် ပတ်သက်၍ ထိုစဉ်ကကျွန်တော် သုံးသပ်ချက် သိပ်ပြီးမပြုလိုခဲ့ပေ။ အကြောင်းမှာရာစုနှစ်ထက်ဝက်ကျော် ပျက်စီးယိုယွင်းလာခဲ့သည့် တိုင်းပြည်အတွင် ရက်ပေါင်း ၁၀၀ သည် မပြောပလောက်သလို logic လည်းမကျဟု ယူဆခဲ့သောကြောင့်ဖြစ်သည့်။ သို့သော် အခုဆိုရက်ပေါင်း ၂၀၀ (အစိုးရသက်တမ်း ၅နှစ်၏ ၁၀ပုံ ၁ပုံ)ပြည့်ပြီးဖြစ်သည်ကတကြောင်း၊ Mizzima TV Dialogue မှာချင်းပြည်နယ်အစိုးရကိစ္စ ကျွန်တော် ဆွေးနွေးခဲ့သည့်အချက်များ တ၀က်တပျက် ဖြစ်နေသည်ကတစ်ကြောင်း၊ ထို့ကြောင့်အခုလို ဆောင်းပါးဖြင့် ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ သုံးသပ်အကြံပြုခြင်းဟုယူဆစေလိုပါသည်။ ချင်းပြည်နယ်အစိုးရ၏ အားသာချက် ထင်သာမြင်သာရှိသောသူတို့ လုပ်ဆောင်ချက်တစ်ချို့ကိုဖော်ပြကြည့်လျှင် – (က) ကျီခါးမြို့ကလွဲလို့ ၀န်ကြီးချုပ်ကိုယ်တိုင်…

1 2 3 5