Home » Entries posted by Lal Nun Uk

အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒနဲ့ချိတ်ဆက်လုပ်မယ့် ချင်းပြည်နယ်ဖွံ့ဖြိုးမှု

အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒနဲ့ချိတ်ဆက်လုပ်မယ့် ချင်းပြည်နယ်ဖွံ့ဖြိုးမှု

(အိန္ဒိယ-မြန်မာ နယ်စပ်တွင် မြန်မာဘက်မှ အိန္ဒိယသို့ ကုန်စည်များသယ်ဆောင်လာစဉ်၊ ဓာတ်ပုံ Pyay Kyaw Aung/Irrawaddy) စိုင်းထွန်းအောင်လွင် အမှန်စင်စစ် အိန္ဒိယ၏ အရှေ့မျှော်မူဝါဒဆိုသည့် အသံကြားဖူးနေတာ ကြာပြီ။ မူဝါဒ၏ အဓိက ရည်ရွယ်ချက်မှာ ဖွံ့ဖြိုးမှုနည်းသည့် အိန္ဒိယ၏ အရှေ့မြောက်ဒေသပြည်နယ်များနှင့် မြန်မာနိုင်ငံတို့အကြား လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် တည်ဆောက်ပြီး မြန်မာမှ တဆင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်သွယ်ရန် ကူးလူးဆက်ဆံရန်ဖြစ်သည်။ ယင်းအပြင် ကုလားတန်စီမံကိန်းကလည်း ချင်းပြည်နယ်ကိုဖြတ်၍ စစ်တွေတွင် ဆိပ်ကမ်းတစ်ခုတည်ဆောက်ပြီး ကုန်းတွင်းပိတ် အရှေ့မြောက်ပြည်နယ်များအတွက် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ကို ရှာပေးရန် အဓိက ရည်ရွယ်ချက်ဖြစ်သည်။ လွန်ခဲ့သည့် ၁၅ နှစ် ၊ နှစ် ၂၀ မှ စတင်ရန်…

ကချင်စစ်ပွဲရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကလေးမြို့ရှိချင်းလူမျိုးများဦးဆောင်၍ မနက်ဖြန် ဆန္ဒဖော်ထုတ်မည်

ကချင်စစ်ပွဲရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကလေးမြို့ရှိချင်းလူမျိုးများဦးဆောင်၍ မနက်ဖြန် ဆန္ဒဖော်ထုတ်မည်

ဆလိုင်းလာလ်နွန်အုပ် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ကချင်စစ်ပွဲရပ်စဲရေးအတွက် ကလေးမြို့ရှိ ချင်းလူမျိုးများဦးဆောင်၍ မနက်ဖြန် (အောက်တိုဘာ ၂၉) နံနက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဆန္ဒဖော်ထုတ်ပွဲကျင်းပမည်ဟု အဆိုပါဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်တင်ပြသူ ဦးအုပ်လျန်ထံမှသတင်းရရှိသည်။ “အုပ်ချုပ်သူတွေက ကလေးမြို့မှာရှိတဲ့ ချင်းလူမျိုးတွေလည်း ငြိမ်းချမ်းရေးကိုလိုလားတဲ့အကြောင်းပြချင်တယ်။ ငြိမ်းချမ်းရေးကို စစ်ရေးနဲ့မဟုတ်ဘဲ စားပွဲဝိုင်းကနေဖြေရှင်းဖို့အစိုးရသိအောင် ဆန္ဒဖော်ထုတ်ခြင်းဖြစ်တယ်။ အဓိကတော့ ကချင်စစ်ပွဲအတွက်ဆုတောင်းပေးတဲ့သဘောဖြစ်တယ်”ဟု ဦးအုပ်လျန်ကပြောသည်။ ယင်းဆန္ဒပြပွဲအတွက် အစိုးရအာဏာပိုင်များထံ ခွင့်ပြုမိန့်ရရှိပြီဖြစ်ပြီး နံနက် ၈ နာရီမှစ၍ တာဟန်းရပ်ကွက် နေကြာတိုက်ရှေ့မှစုရပ်သတ်မှတ်ထားသည်။ ထို့နောက် ကလေးမြို့တံတားဦးမှ မြို့ပတ်လမ်းသို့ဆက်လက်ချီတက်ကာ တာဟန်း၊ နေကြာတိုက်ရှေ့တွင် ဆုတောင်းပြီးနောက်လူစုကွဲမည်ဖြစ်သည်။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် စစ်ဘေးဒုက္ခသည်များအတွက် အောက်တိုဘာ ၁၆ ရက်တွင် ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့တို့တွင်လည်းကောင်း၊ အောက်တိုဘာ…

ဖလမ်းမြို့ လူထု တစ်ထောင်ကျော်က ကချင်ငြိမ်းချမ်းရေးအတွက် ဈေးဆိုင်များပိတ်၍ ယနေ့ ဆုတောင်း

ဖလမ်းမြို့ လူထု တစ်ထောင်ကျော်က ကချင်ငြိမ်းချမ်းရေးအတွက် ဈေးဆိုင်များပိတ်၍ ယနေ့ ဆုတောင်း

ပုံ- ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဖလမ်းနှစ်ခြင်းအသင်းတော်တွင် ဖလမ်းမြို့လူထုဆုတောင်းနေကြစဉ်(ဓာတ်ပုံ- Tha Nang) ဆလိုင်းလာလ်နွန်အုပ် ကချင်နှင့်အခြားတိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးရရှိရန် ဖလမ်းမြို့ လူထု ၁၅၀၀ ခန့်က ဈေးဆိုင်များပိတ်၍ ယနေ့ နံနက်တွင်ဆုတောင်းပွဲကျင်းပကြောင်း ဖလမ်းမြို့ ဒေသခံများထံမှသတင်းရရှိသည်။ အဆိုပါဆုတောင်းပွဲကို ဖလမ်းခရစ်ယာန်သာသနာဆရာတော်များမိတ်သဟယအဖွဲ့က ဦးဆောင်၍ ဖလမ်းမြို့ နှစ်ခြင်းအသင်းတော်တွင် နံနက် ၇ နာရီမှ ၁၀ နာရီ ဆုတောင်းပွဲကျင်းပသည်။ “ဖန်ဆင်းရှင်လို့ယုံကြည်တဲ့ ဘုရားသခင်ထံမှာ သူတို့နဲ့အတူမျှဝေခံစားခံတဲ့ ဒုက္ခ တွေဆိုတောင်းခွင့်ရတော့ ကျေနပ်တယ်။ ဘုရားသခင်ကလည်း ကျွန်တော်တို့ရဲ့ ဆုတောင်းသံကို နားညောင်းမယ်လို့ယုံကြည်တယ်။ ဒီအပေါ် ပြည်သူတွေရဲ့စိတ်ထဲမှာ ဘယ်လောက်ရှိလဲဆိုရင် ဈေးဆိုင်တွေမဖွင့်ရင်ကောင်းမယ်လို့ အာဏာနဲ့မဟုတ်ဘဲ ဖိတ်ခေါ်တဲ့ခါမှာ လှိုက်လှိုက်လဲလဲပါဝင်လာကြတယ်။ ဒါက ဘာကိုပြတာလဲဆိုရင် ပြည်သူလူထုက…

ဈေးဆိုင်များအားလုံးပိတ်ပြီး ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဖလမ်းမြို့တွင်လူထုဆုတေင်းပွဲပြုလုပ်မည်

ဈေးဆိုင်များအားလုံးပိတ်ပြီး ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဖလမ်းမြို့တွင်လူထုဆုတေင်းပွဲပြုလုပ်မည်

ဆလိုင်းလာလ်နွန်အုပ် ဈေးဆိုင်များအားလုံးပိတ်ပင်ပြီး ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဖလမ်းမြို့တွင် လူထုဆုတောင်းပွဲပြုလုပ်မည်ဟု ဖလမ်းနှစ်ခြင်းအသင်း ဆရာတော် ထောင်းဘိတ်ကပြောသည်။ အဆိုပါဆုတောင်းပွဲကို ဖလမ်းခရစ်ယာန်သာသနာဆရာများမိတ်သဟယအဖွဲ့ကဦးဆောင်၍ အောက်တိုဘာ ၂၄ ရက် နံနက် ၇ နာရီမှ ၁၀ နာရီထိ ဖလမ်းနှစ်ခြင်းအသင်းတော်တွင်ပြုလုပ်သွားမည်ဟုသိရသည်။ ယင်းကဲ့သို့ဆုတောင်းစဉ် ဖလမ်းမြို့တွင်းရှိ ဈေးဆိုင်များအားလုံးပိတ်ပင်ကာ ကချင်လူထုအတွက်ဆုတောင်းရန် ဖလမ်းခရစ်ယာန်သာသနာဆရာများမိတ်သဟယအဖွဲ့ကထုတ်ပြန်ထားသည်။ “ ကချင်တွေက ကျွန်တော်တို့ရဲ့ညီအစ်ကိုတွေပါ။ ကချင်စစ်ပွဲကြောင့် ခံစားရသူက ကချင်ပြည်သူတွေပါ။ သူတို့ဒုက္ခရောက်နေတဲ့ချိန်မှာ ဒီဘက်ကနေလည်း ညီအစ်ကိုတစ်ယောက်အနေနဲ့ အားပေးနှစ်သိမ့်ပေးပါတယ်ဆိုတဲ့အကြောင်း၊ သူတို့ဘက်မှာရပ်တည်နေတယ်ဆိုတဲ့အကြောင်းပြတာပါ။ ဘုရာျးေကျာင်းမှာ ကချင်ငြိမ်းချမ်းရေးအတွက် အမြဲတမ်းအထူးဆုတောင်းပေး လျက်ရှိပါတယ်”ဟု ဆရာတော် ထောင်းဘိတ်ကပြောသည်။ စစ်ပွဲဆိုတာ နိုင်ငံရေးကြောင့်ဖြစ်လာသောကိစ္စဖြစ်သဖြင့် နိုင်ငံရေးနည်းလမ်းဖြစ် စားပွဲပေါ်တွင်ဖြေရှင်းရန်နှင့် မည်သည့်စစ်ပွဲမျှအလိုမရှိကြောင်း ဆရာတော် ထောင်းဘိတ်ကပြောသည်။ အောက်တိုဘာ ၁၆…

စိုက်ပျိုးစရိတ်အတွက် တောင်သူများကို နိုင်ငံခြားဘဏ်မှ ငွေချေးခွင့်ပေးသင့်ဟုဆို

စိုက်ပျိုးစရိတ်အတွက် တောင်သူများကို နိုင်ငံခြားဘဏ်မှ ငွေချေးခွင့်ပေးသင့်ဟုဆို

Photo: Gin Kim Mang ဆလိုင်းလာလ်နွန်အုပ် တောင်သူလယ်သမားများ ပိုမိုအဆင်ပြေလာနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ကို နိုင်ငံခြားဘဏ်မှ ငွေချေးခွင့်ပေးသင့်ဟု မြန်မာနိုင်ငံ လယ်သမားအသင်း ဥက္ကဌဦးစိုးထွန်းကပြောသည်။ လက်ရှိအချိန် ပြည်တွင်းတွင် နိုင်ငံခြားသားပိုင် ၁၂ ဘဏ်လာရောက်ဖွင့်ခွင့်ပေးထားသော်လည်း လက္ကားဘဏ်လုပ်ငန်းသာခွင့်ပြုပြီး လက်လီဘဏ်လုပ်ငန်းကိုမူလုပ်ပိုင်ခွင့်မပေးခြင်းကြောင့် ပြည်ပဘဏ်များအနေဖြင့် နိုင်ငံသားများထံငွေမချေးနိုင်ခဲ့ခြင်းဖြစ်သည်။ ယခင်အစိုးရလက်ထက်တွင် ပြည်တွင်းဘဏ်လုပ်ငန်းများထိခိုက်မည်ဟုဆိုကာ နိုင်ငံခြားဘဏ်များကို ငွေချေးခွင့်မပေးခဲ့ပဲ လက်ရှိအစိုးရလက်ထက်တွင်လည်းလယ်ယာကဏ္ဍအတွက် ထောက်ပံ့ရန် ငွေကြေးအလုံအလောက်မရှိကြောင်း မြန်မာနိုင်ငံလယ် သမားအသင်းဥက္ကဌလည်းဖြစ်သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။ “အစိုးရသစ်တက်လာတော့ ငါတို့မှာပိုက်ဆံမရှိဘူးလို့ပဲပြောတယ်။ ပိုက်ဆံရှိဖို့မလိုဘူး။ နိုင်ငံခြားဘဏ်တွေ ခွင့်ပြုပေးဖို့ပဲလိုတယ်။ ဒါကိုဘာလို့ခွင့်မပြုတာလဲ”ဟု ဒေါက်တာစိုးထွန်းက ပြောသည်။ လက်ရှိအချိန်တွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးမှုကုန်ကျစရိတ်သည် တစ်ဧကလျှင် ကျပ် နှစ်သိန်းကျော်ရှိသော်လည်း တစ်ဧက…

ငိမ်းချမ်းရေးအတွက် တပ်မတော်မှတဖက်သတ်အပစ်ရပ်ပေးပါ

ငိမ်းချမ်းရေးအတွက် တပ်မတော်မှတဖက်သတ်အပစ်ရပ်ပေးပါ

ပုံ- ဟားခါးမြို့တွင် ကချင်နှင့်ရှမ်းပြည်နယ်တွင် တပ်မတော်ထိုးစစ်ရပ်တန့်ရန် ဒေသခံပြည်သူများဆန္ဒဖော်ထုတ်နေကြစဉ်။ အယ်ဒီတာ့အာဘော် စစ်ပွဲတွေမရှိရင်လည်း ကချင်ပြည်သူတွေဒုက္ခရောက်နေတာပါပဲ (ဗိုလ်ချုပ်ဂွမ်မော်၊ကေအိုင်အေဒုစစ်ဦးစီးချုပ်) တပ်မတော်နှင့်ကချင်လွတ်မြောက်ရေးအဖွဲ့အကြားတိုက်ပွဲများပြန်လည်ဖြစ်ပွားလာမူနှင့်ပတ်သက်ပြီးTheVoiceMedia၏မေးမြန်းမူအပေါ်လွန်ခဲ့သော၃နှစ်ခန့်ကအထက်ပါအတိုင်းဗိုလ်ချုပ်ဂွမ်မော်မှဖြေကြားခဲ့ခြင်းဖြစ်သည်။စစ်မတိုက်လျှင်လည်းကချင်ပြည်သူအပါအ၀င်တိုင်းရင်းသားပြည်သူတို့၏ဘ၀သည်ခွဲခြားဆက်ဆံခံရမူ၊မလုံခြုံမူတို့ဖြင့်ရှိနေကြောင်းကိုဆိုလိုခြင်းလည်းဖြစ်သည်။ ယခုအချိန်တွင်လည်းကချင်ပြည်နှင့်ရှမ်းမြောက်ပိုင်းတို့တွင်တပ်မတော်နှင့်ဒေသခံတိုင်းရင်းသားလက်နက်ကိုင်များအကြားတိုက်ပွဲများပြင်းထန်လာမူနှင့်ပတ်သက်ပြီးဟားခါးမြို့တော်နှင့်ထန်တလန်မြို့များတွင်လူထုထောင်ချီပါဝင်ဆန္ဒပြခဲ့ကြပါသည်။ညီနောင်ကချင်ရှမ်းညီအကိုများထိုးစစ်ဆင်ခံနေရမူအပေါ်ရပ်တန့်ပေးရန်နှင့်၂၁ရာစုပင်လုံညီလာခံအောင်မြင်ရေး၊တိုင်းရင်းသားများသည်တပ်မတော်၏ရန်သူမဟုတ်ပါဆိုသောချင်းပြည်သူတို့မှကြွေးကြော်ခဲ့ကြပါသည်။တိုက်ပွဲများအတွင်းဘယ်ဖက်ကသေဆုံးသည်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံသားများသေဆုံးခြင်းသာဖြစ်ပါသည်။ပြည်တွင်းစစ်သည် ပြည်ထောင်စုကိုများစွာဆုတ်ယုတ်စေခဲ့ပါသည်။ လတ်တလော ကချင်နှင့်ရှမ်းပြည်တွင်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့်NCA(တနိုင်ငံလုံးအပစ်ရပ်စာချုပ်)ထိုးထားသောအဖွဲ့ ၈ ဖွဲ့ကလွဲပြီးမထိုးရသေးသောတိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်နောက်တကြိမ်ပြုလုပ်မည့်၂၁ရာစုပင်လုံညီလာခံကိုတက်မည်မ တက်မည်မသေချာတော့ပါ။တပ်မတော်အနေဖြင့်ငြိမ်းချမ်းရေးကိုအမှန်တကယ်ဖော်ဆောင်လိုပါကတိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ပွဲဖြစ်ပွားမူကိုလျော့ချရန်လိုအပ်ပြီးနိုင်ငံရေးဆွေးနွေးမှသာဖြစ်နိုင်မည်ဖြစ်ပါသည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထက်အင်အားအဆများစွာကြီးသောမြန်မာ့တပ်မတော်အနေဖြင့်နှစ်ပေါင်း၇၀နီးပါးဖြစ်ပွားခဲ့သောပြည်တွင်းစစ်ကိုရပ်ဆိုင်းရန်ထာဝရငြိမ်းချမ်းရေးရယူရန်အတွက်တဖက်သတ်အပစ်ရပ်ပေးစေလိုပါကြောင်း၊သို့မှသာငြိမ်းချမ်းရေးဆွေးနွေးပွဲများဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ချင်းဝေါလ်မီဒီယာမှရေးသားအပ်ပါသည်။…

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခွင့်ကာလ နှစ်လ သတ်မှတ်

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခွင့်ကာလ နှစ်လ သတ်မှတ်

  ဆလိုင်းလာလ်နွန်အုပ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဦးဆောင်ကျင်းပမည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခွင့်ကာလကို ဇန်နဝါရီ ၃၀ ရက်မှ မတ်လ ၃၀ ရက်နေ့အထိ သတ်မှတ်ထားကြောင်းထုတ်ပြန်ကြေညာသည်။ အဆိုပါကြေညာချက်ကို အောက်တိုဘာလ ၁၈ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် လစ်လပ်နေရာတစ်နေရာရှိပြီး ယင်းနေရာတွင် ချင်းအမျိုးသားဒီမိုကရေတစ်ပါတီမှလည်းကောင်း၊ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ကလည်းကောင်း၊ ကြံခိုင်ရေးပါတီကလည်းကောင်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့ပြင် ပြည်ပရောက် သက်ဆိုင်ရာမြို့နယ် မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅)ကို သက်ဆိုင်ရာ သံရုံးများသို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၅ မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ပေးပို့နိုင်မည်ဖြစ်သည်။…

မိမိတို့အား လုပ်ပိုင်ခွင့်ပေးပါက နှစ်နှစ်အတွင်း ဖလမ်းလေယာဉ်ကွင်းအပြီးတည်ဆောက်မည်ဟု ဂျပန်ကုမ္ပဏီများဆို

မိမိတို့အား လုပ်ပိုင်ခွင့်ပေးပါက နှစ်နှစ်အတွင်း ဖလမ်းလေယာဉ်ကွင်းအပြီးတည်ဆောက်မည်ဟု ဂျပန်ကုမ္ပဏီများဆို

ပုံ- ဂျာပန်ကုမ္ပဏီများက ဖလမ်းလေယာဉ်ကွင်းအား အောက်တိုဘာ ၁၆ ရက်တွင်ကြည့်ရှုနေကြစဉ်(ဓာတ်ပုံ- Salai Lungpi Memu Facebook) မိုင်ဘွဲ့ထန်ပါရ် ဂျပန်ကုမ္ပဏီ နှစ်ခုဖြစ်သော KLL Amazing Company နှင့် Zakada Company က ဖလမ်းလေယာဉ်ကွင်းကိုတည်ဆောက်ခွင့်ပေးပါက နှစ်နှစ်အတွင်းအပြီးဆောက်လုပ်သွားမည်ဟုပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါ ကုမ္ပဏီတို့သည် ဖလမ်းမြို့ လေယာဉ်ကွင်းသို့ အောက်တိုဘာ ၁၆ ရက်နေ့တွင်လာရောက်လေ့လာခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ကို ဆောက်ဖို့တာဝန်ပေးထားရင် ကျွန်တော်တို့ဘက်က နှစ်နှစ်အတွင်း ပြီးအောင် ဆောင်ရွက်ပေးမယ်လို့ဂျပန်ကုမ္ပဏီတွေကပြောတယ်။ ဒီစီမံကိန်းကတော့ အစိုးရက လုပ်လက်စဆိုတော့ လွှတ်တော်က ဆုံးဖြတ်မှပဲရမယ်။ အစိုးရက ခွင့်ပြုမှ ရမှာလေ”ဟု ဖလမ်းမြို့မိ၊မြို့ဖကော်မတီ ဥက္ကဌ ဦးဟရန်လောမ်က ပြောသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍနှစ်တွင် ဖလမ်းမြို့…

ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကာလတူ ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄ သန်းကျော် တိုးလာ

ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကာလတူ ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄ သန်းကျော် တိုးလာ

ဆလိုင်းလာလ်နွန်အုပ် ချင်းပြည်နယ် ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကာလတူ ယခင်နှစ်ထက် အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်း ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက်လာကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက်နေ့တွင်ထုတ်ပြန်သည်။ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ အောက်တိုဘာ ၇ ရက်ထိ နယ်စပ်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာသန်း ၁၅ ဒသမ ၁၈၀ ဖြစ်ပြီး ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၁၀ ဒသမ ၄၃၀၊ သွင်းကုန်ပမာဏမှာ ဒေါ်လာ သန်း ၁၅ ဒသမ ၁၈၀ ဖြစ်သည်။ ထို့ပြင် ၂၀၁၅ ခုနှစ် ဧပြီလ ၁…

ချင်းပြည်နယ်လွှတ်တော်နှင့်အစိုးရတို့ကြားအတူတကွ ပူးပေါင်း အလုပ်လုပ်ကြရန် ဒီချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်မှာကြား

ချင်းပြည်နယ်လွှတ်တော်နှင့်အစိုးရတို့ကြားအတူတကွ ပူးပေါင်း အလုပ်လုပ်ကြရန် ဒီချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်မှာကြား

ဆလိုင်းလာလ်နွန်အုပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်သည် ချင်းပြည်နယ်သို့လာရောက်စဉ် ပြည်နယ်လွှတ်တော်နှင့် အစိုးရတို့အတူတကွပူးပေါင်းအလုပ်လုပ်ကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ ဦးဝင်းထိန်သည် ချင်းပြည်နယ် ဟားခါးမြို့သို့ အောက်တိုဘာ ၁၈ ရက်နေ့တွင် လာရောက်ခဲ့သည်။ “အစိုးရ၊ ပြည်သူနဲ့ပါတီပူးပေါင်းဖို့အရေးကြီးတယ်။ အဲ့လိုမပူးပေါင်းနိုင်ရင် နိုင်ငံလည်းတိုးတက်လာနိုင်မှာမဟုတ်ဘူး။ လွှတ်တော်နဲ့ အစိုးရပူးပေါင်းပြီး အလုပ်လုပ်ဖို့၊ ပြီးတော့ မဲထည့်ရွေးကောက်တဲ့ ပြည်သူ မမေ့ဖို့ အရေးကြီးကြောင်း၊ ပြည်သူလိုအပ်ချက်ကိုရှေ့ထားပြီးအကောင်အထည်လုပ်ဆောင်ဖို့လိုတယ်ဆိုတာကို အဓိကပြောကြားသွားတယ်”ဟု ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌနှင့် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့ကပြောသည်။…

1 2 3 5