Home » Entries posted by Lal Nun Uk (Page 2)

ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင် တိုက်နယ်ဆေးရုံတည်ဆောက်ရန် အစီအစဉ်မရှိသေးဟုဆို

ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင် တိုက်နယ်ဆေးရုံတည်ဆောက်ရန် အစီအစဉ်မရှိသေးဟုဆို

ဆလိုင်းလာလ်နွန်အုပ် ရာဇာဂြိုလ်တိုက်နယ်ဆေးရုံနှင့် ကလေးမြို့ဆေးရုံတွင်သွားရောက်ကုသသည့်အတွက် လက်ပံချောင်းကျေးရွာတွင် တိုက်နယ်ဆေးရုံတည်ဆောက်ရန် အစီအစဉ်မရှိသေးဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောသည်။ စက်တင်ဘာ ၂၂ ရက်တွင်ကျင်းပသော ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီးက လျော်ကန်သင့်မြတ်သော တိုက်နယ် ဆေးရုံတစ်ရုံကို ကလေးမြို့နယ်၏ အနောက်မြောက်ဒေသရှိ သင့်တော်သော လက်ပံချောင်းကျေးရွာတွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူများသည် မြောက်ပိုင်းအစွန်ရှိ ရာဇဂြိုလ်ဆေးရုံသို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ မြို့နယ်အဆင့်မြင့်ဆေးရုံကြီးနှင့် ဝေးကွာနေခြင်း၊ လိုအပ်သော ဆေးဝါးများဝယ်ယူရန်အတွက် မြို့ကို တစ်ပတ်ပြန်ပတ်နေရခြင်း တို့ကြောင့် သွားရောက်နိုင်ခြင်း မရှိပါကြောင်း၊ ယခုနှစ်အတွင်း လက်ပံချောင်းကျေးရွာတွင် ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဌာနအဖြစ် တိုးမြှင့်ပေးခဲ့ပါကြောင်း၊ သို့သော် လူဦးရေ ၆၈၀၀၀ ခန့်ရှိသော…

ထန်တလန်ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့သို့ အဆင့်တိုးမြှင့်ရန် အစီအစဉ် မရှိသေးဟုဆို

ထန်တလန်ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့သို့ အဆင့်တိုးမြှင့်ရန် အစီအစဉ် မရှိသေးဟုဆို

ဆလိုင်းလာလ်နွန်အုပ် ဆေးရုံတွင်း လိုအပ်သည့်ဆရာဝန်နှင့် ပစ္စည်းကိရိယာများ ပြည့်စုံမှုသည် ပထမဦးစားပေးဖြစ်သောကြောင့် ထန်တလန်မြို့ ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့သို့ အဆင့်တိုးမြှင့်ရန် လောလောဆယ်အစီအစဉ်မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပြောကြားသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ စက်တင်ဘာ ၂၂ ရက်တွင်ကျင်းပသော ဒုတယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီရွှေလျန်း၏ ထန်တလန်မြို့ ပြည်သူ့ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ခုတင် ၅၀ ဆံ့သို့ တိုးမြှင့်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တိုးမြှင့်ပေးမည်ကို သိရှိ လိုကြောင်း မေးမြန်းခြင်းအပေါ် ဝန်ကြီးဒေါက်တာမြင့်ထွေးကပြန်လည်ဖြေကြားခြင်းဖြစ်သည်။ “ထန်တလန် ပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာများ ကုသရာ၌ အထူးကု ဆရာဝန်များမရှိခြင်း၊ ဆရာဝန်များနဲ့…

စည်ပင်ဖွဲ့စည်းမှု မပီပြင်သေးတဲ့အတွက် ခိုင်ကမ်းနှင့် လိုင်လင်းပီမြို့တို့တွင် စည်ပင်ရွေးကောက်ပွဲကျင်းပမည်မဟုတ်

စည်ပင်ဖွဲ့စည်းမှု မပီပြင်သေးတဲ့အတွက် ခိုင်ကမ်းနှင့် လိုင်လင်းပီမြို့တို့တွင် စည်ပင်ရွေးကောက်ပွဲကျင်းပမည်မဟုတ်

(ပုံ- စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် ခိုင်ကမ်းမြို့သို့ စက်တင်ဘာ ၁၈ ရက်တွင်သွားရောက်လေ့လာစဉ်။ Photo: Salai Issac Khen Facebook) စည်ပင်ဖွဲ့စည်းမှု မပီပြင်သေးတဲ့အတွက် ချင်းပြည်နယ် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲကို ခိုင်ကမ်းနှင့်လိုင်လင်းပီမြို့တို့တွင်ကျင်းပမည်မဟုတ်ကြောင်းသိရသည်။ ချင်းပြည်နယ် စည်ပင် သာယာရေးကော်မတီရွေးကောက်ပွဲကို အောက်တိုဘာလ ၈ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် ကျီခါး၊ တွန်းဇံ၊ တီးတိန်၊ ရိခေါဒါရ်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ ကန်ပက်လက်၊ ဆမီး၊ ပလက်ဝ၊ မင်းတပ်၊ မတူပီနှင့် ရေဇွာ စသည့်မြို့ ၁၃ မြို့တို့တွင် တစ်ပြိုင်နက် ကျင်းပပြုလုပ်မည်ဖြစ်သည်။ “လိုင်လင်းပီ နဲ့ ခိုင်ကမ်းမြို့တွေက မြို့အဆင့်ကို မကြာခင်ကမှ တိုးမြှင့်ဖွဲ့စည်းခွင့်ကျထားတာဖြစ်…

တမူးမြို့ မဟာဓာတ်အားလိုင်းရရှိရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်ရန်ပုံငွေလျာထားဟုဆို

တမူးမြို့ မဟာဓာတ်အားလိုင်းရရှိရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်ရန်ပုံငွေလျာထားဟုဆို

တမူးမြို့ မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်ရန်ပုံငွေထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ လုပ်ငန်း များအကောင် အထည်ဖော်ဆောင်ရွက်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်ကဆိုသည်။ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ “စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့သို့ မဟာဓာတ်အား လိုင်း သွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိ” ဟုမေးမြန်းခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ စက်တင်ဘာ ၂၁ ရက်တွင်ကျင်းပသော အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏မေးမြန်းခြင်းကို အထက်ပါအတိုင်း ဒေါက်တာထွန်းနိုင်ကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ Ref: MOI…

ဆီးယင်းကြိုးဝိုင်းအမှတ်(၁၄၅)တွင် ပုဂ္ဂလိကနှင့် သာသနာပိုင်မြေအတွက် ဧက ရှစ်ဆယ်ကျော်လျှောက်ထား၊ ယင်းနေရာတွင် ပုဂ္ဂလိကမှ ပဲအမျိုးမျိုးစိုက်ပျိုးနေ

ဆီးယင်းကြိုးဝိုင်းအမှတ်(၁၄၅)တွင် ပုဂ္ဂလိကနှင့် သာသနာပိုင်မြေအတွက် ဧက ရှစ်ဆယ်ကျော်လျှောက်ထား၊ ယင်းနေရာတွင် ပုဂ္ဂလိကမှ ပဲအမျိုးမျိုးစိုက်ပျိုးနေ

ပုံ- ဖလမ်းမြို့နယ် ဆီးယင်းကြိုးဝိုင်းအမှတ်(၁၄၅)တွင် ဥုးဇနိန္ဒ(ခန္တီး)သတင်းသုံးရာ သန္တိသုခရွှေရေကန်တောရကျောင်းအား စက်တင်ဘာ ၁၁ ရက်တွင်တွေ့ရစဉ်။ (ဓာတ်ပုံ-ဆလိုင်းလာလ်နွန်အုပ်) ဆလိုင်းလာလ်နွန်အုပ် ဖလမ်းမြို့နယ် ဆီးယင်းကြိုးဝိုင်းအမှတ်(၁၄၅)တွင် ပုဂ္ဂလိကနှင့် သာသနာပိုင်မြေအတွက် ၈၂ ဧကလျှောက်ထားလျက်ရှိပြီး ယင်းနေရာတွင် ပုဂ္ဂလိကမှ ပဲအမျိုးမျိုးစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ “ဖလမ်းမြို့နယ်အာဏာပိုင်တွေဆီမှာ ၂၀၁၁ တုန်းကလျှောက်ထားတယ်။ ခုထိ ခွင့်ပြုချက်မကျလာသေးဘူး။ အခု ယာလုပ်နေတာက လျှောက်ထားဆဲအနေနဲ့လုပ်နေတာပါ။ လျှောက်တုန်းကတော့ သစ်မာစိုက်ဖို့ပါ” ဟု ဆီးယင်းသစ်တောကြိုးဝိုင်းအမှတ် (၁၄၅)တွင် ပဲအမျိုးမျိုးစိုက်ပျိုးသည် ကလေးမြို့နယ်၊ နဂါးပွတ်ရွာနေ ဦးကျော်စိုးကပြောသည်။ အဆိုပါ ကြိုးဝိုင်းတွင် ဖလမ်းမြို့နယ်အာဏာပိုင်များက လူ ၁၇ ယောက်ထံတွင် ၅၂ ဧကပေါ်တွင် လုပ်ပိုင်ခွင့်ပြေစာပေးထားသည်။ “ဒီမှာယာခင်းလုပ်တာ ငါးနှစ်ရှိပြီ။ စိုက်တာက ပဲတီစိမ်း၊ ပဲနှောက်၊…

အစိုးရအသိအမှတ်ပြု ဇောလ်ပီးရေဘေးဒုက္ခသည်စခန်းတွင် သောက်သုံးရေနှင့်မိုးကာများလိုအပ်နေ

အစိုးရအသိအမှတ်ပြု ဇောလ်ပီးရေဘေးဒုက္ခသည်စခန်းတွင် သောက်သုံးရေနှင့်မိုးကာများလိုအပ်နေ

ပုံ-ဆီးယင်းကြိုးဝိုင်းအမှတ်(၁၄၅)တွင် ပြည်နယ်အစိုးရကနေရာချပေးထားသော ဇောလ်ပီးကျေးရွာ ရေဘေးဒုက္ခသည်အိမ်များအား စက်တင်ဘာ ၁၁ တွင်တွေ့ရစဉ်။ (ဓာတ်ပုံ-ဆလိုင်းလာလ်နွန်အုပ်) ဆလိုင်းလာလ်နွန်အုပ် ချင်းပြည်နယ်အစိုးရမှအသိအမှတ်ပြုထားသော ဆီးယင်းကြိုးဝိုင်းအမှတ် (၁၄၅)တွင်ပြောင်းရွှေ့နေထိုင်သည့် ဇောလ်ပီးရေဘေးဒုက္ခသည်စခန်းတွင် လက်ရှိအချိန်တွင် သောက်သုံးရေနှင့် မိုးကာများလိုအပ်လျက်ရှိကြောင်း ဒေသခံများထံမှသတင်းရရှိသည်။ “အိမ်အကာအတွက်မိုးကာက မလုံလောက်သေးဘူး။ ခုလည်း IMOဆီစာတင် ထားတယ်။ တောင်ယာလုပ်မယ်ဆိုရင်လည်း မြေကလုံးဝကိုမရှိတော့တာ။ မြေရှိရင်တော့ တောင်ယာလုပ်ချင်တာပေါ့။ ကျွန်မတို့က တောင်သူတွေပဲလေ။ ဒါကြောင့်ခြံထဲမှာ သီးနှံတွေစိုက်နေယုံလောက်ပဲလုပ်နိုင်တယ်။ ဘာမှလုပ်စရာ ကိုင်စရာမရှိတော့ အနေပိုခက်သေးတယ်။ လက်ရှိအဓိကအခက်အခဲကတော့ ရေပဲ။ နှစ်ဖာလုံလောက်ဝေးတဲ့နေရာက သွားခတ်ရတယ်။ မိုးမရွာရင် နေ့တိုင်းရေခတ်ဖို့လိုတယ်” ဟု ပြည်နယ်အစိုးရအသိအမှတ်ပြု ဇောလ်ပီး ရေဘေးဒုက္ခသည်စခန်းတွင်နေထိုင်သည့် ကလေး ခြောက်ယောက်ရဲ့ မိခင် ဒေါ်ခင်ဆွေကပြောသည်။ ဖလမ်းမြို့နယ် ဇောလ်ပီးကျေးရွာတွင်အိမ်ခြေ ၁၂…

ကနေဒီတောင်တန်းဒေသအား သဘာဝနယ်မြေများတွင် ထည့်သွင်းဆောင်ရွက်မည်

ကနေဒီတောင်တန်းဒေသအား သဘာဝနယ်မြေများတွင် ထည့်သွင်းဆောင်ရွက်မည်

တီးတိန်မြို့နယ်အတွင်းရှိ ကနေဒီတောင် (ခေါ်) လေသာတောင် တန်းဒေသအား ကွင်းဆင်းတိုင်းတာရေး ဆောင်ရွက်ပြီး သဘာဝနယ်မြေ ဖွဲ့စည်းနိုင်မည့် အလားအလာများအပေါ်သုံးသပ်၍ အဆိုပြုသတ်မှတ်ဖွဲ့စည်း မည့် သဘာဝ နယ်မြေများ အစီအစဉ်တွင် ထပ်မံထည့်သွင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ဖြေကြားသည်။ စက်တင်ဘာ ၁၉ ရက်နေ့တွင်ကျင်းပသော ဒုတယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) မှ ဦးကျင့်ခန့်ပေါင်၏ “ချင်းပြည်နယ် တီးတိန်မြို့နယ် လေသာတောင်တန်းကို သဘာဝဘေးမဲ့တောအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက…

ရာဇာဂြိုလ်အကျဉ်းထောင်တွင် Deirel (မိုးသောက်ကြယ်)စာကြည့်တိုက်မှ စာအုပ်လှူဒါန်းမည်

ရာဇာဂြိုလ်အကျဉ်းထောင်တွင် Deirel (မိုးသောက်ကြယ်)စာကြည့်တိုက်မှ စာအုပ်လှူဒါန်းမည်

ပုံ- Deirel(မိုးသောက်ကြယ်)စာကြည့်တိုက်ဦးစီးသူ၊ ချင်းဝတ္ထူစာရေးဆရာမ မိုင်ဆော့ခ်လှိုင်ပါရ်(Chinland Rose) ဆလိုင်းလာလ်နွန်အုပ် ကလေးမြို့ ရာဇာဂြိုလ်အမှတ် (၂)အကျဉ်းထောင်တွင် Deirel(မိုးသောက်ကြယ်)စာကြည့်တိုက်မှ နောက်ပတ်အတွင်း စာအုပ် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း ယင်းစာကြည့်တိုက်ဦးစီးသော ချင်းဝတ္ထူစာရေးဆရာမ မိုင်ဆော့ခ်လှိုင်ပါရ်(Chinland Rose)ထံမှသတင်းရရှိသည်။ စက်တင်ဘာ ၁၇ ရက်သို့မဟုတ် ၁၈ ရက်တွင်သောက်ရောက်လှူဒါန်းမည်ဖြစ်ပြီး ရာဇာဂြိုလ်အကျဉ်းထောင်တွင် အကျဉ်းသား ၂၀၀ ကျော်ရှိသည်။ “ဆလိုင်းဂျေစီကနေတဆင့် စာအုပ်လှူဖို့စိတ်ကူးရသွားတာပါ။ ထောင်ပိုင်က စာအုပ်ဖတ်ဖို့အားပေးတော့ ဆလိုင်းဂျေစီက စာအုပ်လှူဖို့ရှိရင်လှူလိုက်ပါလားလို့အရင်ကပြောတယ်။ ဒါပေမယ့် အောင်ရွာမှာ လှူထားတော့စာအုပ်ရှိတာ နည်းသွားတော့မလှူဖြစ်လိုက်ဘူး။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ လှူချင်နေတာ။ ခု အွန်လိုင်းမှာ အလှူလုပ်ချင်သူတွေလည်း ပါဝင်နိုင်တယ်လို့တင်လိုက်တယ်။ စာကြည့်တိုက်နဲ့ပတ်သက်ရင် ဒီလိုအကူအညီတောင်းတာလည်း ဒီတခါပဲရှိတယ်”ဟု Deirel(မိုးသောက်ကြယ်)စာကြည့်တိုက်ဦးစီးသူ၊ ချင်းဝတ္ထူစာရေးဆရာမ မိုင်ဆော့ခ်လှိုင်ပါရ်(Chinland Rose)ကပြောသည်။…

အသစ်ခန့်အပ်မည်နေ့စားလပေးဝန်ထမ်း ၄၀၀ ကျော်ကို အ.မ.က (ခွဲ)ကျောင်းများတွင် အဓိက အလုပ်ခန့်မည်

အသစ်ခန့်အပ်မည်နေ့စားလပေးဝန်ထမ်း ၄၀၀ ကျော်ကို အ.မ.က (ခွဲ)ကျောင်းများတွင် အဓိက အလုပ်ခန့်မည်

ပုံ- မင်းတပ်မြို့တွင် အသက် (၃၃)နှစ်နှင့်အောက်နေ့စားလပေးဆရာ၊မလျှောက်ထားသူများအားတွေ့ရစဉ်။(ဓာတ်ပုံ-Van Salai facebook) ဆလိုင်းလာလ်နွန်အုပ် အသက် ၃၃ နှစ်နဲ့အောက်နေ့စားလပေး ဆရာ၊မအတွက်အလုပ်လျှောက်ထားသူ ၁၇၄၆ ရှိသည့်အနက် ၄၄၄ ဦးအားအလုပ်ခန့်အပ်မည်ဖြစ်ပြီး ယင်းဆရာ၊မများကို အ.မ.က(ခွဲ)ကျောင်းများတွင် အဓိကခန့်အပ်သွားမည်ဟု ချင်းပြည်နယ် ပညာရေးဦးစီးမှူးရုံးမှသိရသည်။ လျှောက်လွှာတင်ထားသူသည် ၁၇၄၆ ဦးရှိသော်လည်း နှုတ်ဖြေ ဖြေဆိုသူသည် ၁၄၈၃ သာရှိသည်။ ထို့ပြင် ဆရာ၊မခန့်ထားရေးအတွက်ခွဲတမ်းရရှိသော လက်ကျန် ၃၇၄ ရှိပြီး ယခင်ဝန်ထမ်းခေါ်ဆိုစဉ် အလုပ်ခန့်အပ်ပြီး အလုပ်မဝင်သည့်ဝန်ထမ်းများလည်းရှိသဖြင့် ယင်းလစ်လပ်နေရာအတွက်ပါ ထပ်မံခန့်အပ်မည်ဖြစ်သောကြောင့် ၄၄၄ နေရာတွင်ခန့်အပ်ရခြင်းဖြစ်သည်။ “အခုဝန်ထမ်းအသစ်တွေကို ဒီနှစ်မှ အ.မ.က(ခွဲ)အဆင့်တိုးမြှင့်ပေးတဲ့ကျောင်းအားလုံးမှာ နှစ်ယောက်စီခန့်ထားမယ်။ အ.မ.က (ခွဲ)တွေက ဆရာတစ်ယောက်မှမရှိဘူးလေ။ နောက်ပြီးတော့ ကျောင်းသားများပြီးတော့ ဆရာနည်းတဲ့ကျောင်းတွေကို ကျောင်းသားနဲ့ဆရာအချိုးညီအောင်ထည့်မယ်။…

လိုင်စင်မဲ့အရက်ရောင်းချသူများထံ ထွေအုပ်ရုံးမှလစဉ်ကြေးကောက်ခံ၍ ဆက်လက်ရောင်းချ

လိုင်စင်မဲ့အရက်ရောင်းချသူများထံ ထွေအုပ်ရုံးမှလစဉ်ကြေးကောက်ခံ၍ ဆက်လက်ရောင်းချ

ပုံ- စမီးမြို့ အိမ်အတွင်းယာမကာရောင်းချနေသည်ကို ဇွန်လအတွင်းတွေ့ရစဉ်။(ဓာတ်ပုံ- ဆလိုင်းလာလ်နွန်အုပ်) ဆလိုင်းလာလ်နွန်အုပ် စမီးမြို့တွင် လိုင်စင်မဲ့အရက်ရောင်းချသူများထံ ထွေအုပ်ရုံးမှ လစဉ်ကြေးကောက်ခံ၍ အရက်ကိုဆက်လက်ရောင်းချနေရကြောင်းသတင်းရရှိသည်။ “ရဲက လိုင်စင်တစ်ခုဆိုတစ်ယောက်ဘဲရောင်းဆိုလို့ ကျန်တဲ့သူတွေကို ဇူလိုင်လမှာ ရဲကဖမ်းတယ်။ ပြီးတော့ ပလက်ဝတရားရုံးကိုပို့တယ်။ ဒဏ်ခတ်တဲ့အနေနဲ့ တရားရုံးမှာ တစ်ယောက်ကို တစ်သိန်းတစ်သောင်းသွင်းရတယ်။ လိုင်စင်မရဘဲရောင်းတာ (၁၉)နှစ်ကြာရောင်းချနေပြီ။ အရင်နှစ်တွေမှာ တစ်လ ခုနစ်ထောင်နဲ့ ရဲကကောက်တယ်။ ဘာမှပြဿနာမရှိဘူး။ ဒီနှစ် ထွေအုပ်ရုံးက လိုင်စင်ချရောင်းတယ်။ လိုင်စင်ကြေးလည်းသွင်းရတော့ ဒီမှာလည်းပေးဒီမှာလည်းပေးဆိုတာမျိုးကို မကျေနပ်ဘူး။ ခုလည်းပြန်ရောင်းတယ်။ ရဲကလည်းထပ်ဖမ်းဖို့သတိပေးထားတယ်။ ဒါပေမယ့် ကျွန်မတို့က ဆက်ရောင်းမှာပဲ။ ဘာလို့လဲဆိုတော့ ထွေအုပ်ရုံးမှာ တစ်နှစ်လိုင်စင်ခံထားလို့ပဲ”ဟု စမီးမြို့ အမှတ်(၁)ရပ်ကွက်တွင် လိုင်စင်မဲ့အရက်ရောင်းချနေသူ ဒေါ်လှလှယဉ်ကပြောသည်။ စမီးမြို့နှင့်အနီးတဝိုက်တွင် အရက်လိုင်စင်မရှိသော်လည်း အိမ်…