Home » Entries posted by Lal Nun Uk (Page 3)

နိုင်ငံတကာအဆင့် LCCI Level-3 ပြိုင်ပွဲတွင် ကလေးမြို့မှ ချင်းအမျိုးသမီးတစ်ဦး ပထမဆုရ

နိုင်ငံတကာအဆင့် LCCI Level-3 ပြိုင်ပွဲတွင် ကလေးမြို့မှ ချင်းအမျိုးသမီးတစ်ဦး ပထမဆုရ

Photo: Luan Dim Lcci facebook မိုင်ဘွဲ့ထန်ပါရ် ၂၀၁၆ ခုနှစ် နိုင်ငံတကာအဆင့် LCCI Level -3 ပြိုင်ပွဲတွင် ကလေးမြို့မှ Luan Dim LCCI သင်တန်းသူ လားမှားချွန်နီး(Lalhmachhuani)က ပထမဆုရရှိခဲ့သည်။ အဆိုပါ ဆုပေးပွဲကို မန္တလေးမြို့ Hotel Marvel တွင် စက်တင်ဘာ ၄ ရက်နေ့တွင်ကျင်းပခဲ့သည်။ “ကျွန်တော်တို့ Luan Dim LCCI Level-3 မှာ ကျွန်တော်တို့သင်ကြားပေးတာ ၅ ဘာသာရှိတယ်။ တစ်ဘာသာချင်းစီအလိုက်ဆုပေးတာ ဆုရတဲ့ သူက နိုင်ငံတကာမှာရော မြန်မာပြည်မှာလည်း ပထမဆုရတာပေါ့”ဟု Luan Dim LCCI သင်တန်းကျောင်းဦးဆောင်သူ ဆရာမင်းထက်(ခ)ဆရာဆင်ပီးကပြောသည်။ Photo:…

ဇောလ်ပီးကျေးရွာရေဘေးဒုက္ခသည်များ အကူအညီများလိုအပ် လျက်ရှိ

ဇောလ်ပီးကျေးရွာရေဘေးဒုက္ခသည်များ အကူအညီများလိုအပ် လျက်ရှိ

ပုံ-ဇောလ်ပီးကျေးရွာ ရေဘေးဒုက္ခသည်စခန်းတွင် စက်တင်ဘာ ၂ ရက်နေ့၌ ကလေးငယ်များစာသင်ကြားနေကြစဉ်။ (Photo: Zo Len) ဆလိုင်းလာလ်နွန်အုပ် ဖလမ်းမြို့နယ် ကမွန်းချောင်းကျေးရွာအနီးတွင် ချင်းပြည်နယ်အစိုးရက နေရာချပေးသော ဇောလ်ပီးကျေးရွာ ရေဘေးဒုက္ခသည်များသည် လတ်တလောတွင်အကူအညီများလိုအပ်လျက်ရှိကြောင်းဒေသခံများထံမှသတင်းရရှိသည်။ “ရေကတော့ တဲနဲ့နည်းနည်းဝေးတဲ့နေရာမှာ သွားခတ်တယ်။ ဆန်ကိုတော့ အစိုးရကသုံးလအတွက်ပေးတယ်၊ ဒါလေးပဲစားနေရတယ်။ ဆီ၊ ဆား၊ ပဲ မပေးထားဘူး။ ဟင်းတွေဝယ်ဖို့ပိုက်ဆံလည်းမရှိတော့ ဒီလိုပဲ ငါးပိရည်နဲ့တုပြီးတော့ထမင်းစားတယ်။ နေ့စားလုပ်ဖို့လည်းမရှိဘူး။ တောင်ယာလည်းမခုတ်နိုင်ဘူး။ ယောင်္ကျားတွေကတော့ အိမ်ဆောက်ဖို့ တောထဲမှာတိုင်တွေလိုက်ရှာနေကြတယ်။ လိုအပ်တာများလွန်းလို့ အဓိကဘာလိုအပ်လဲဆိုတာပြောဖို့မလွယ်ဘူး”ဟု ဇောလ်ပီးကျေးရွာ ရေဘေးဒုက္ခသည်စခန်းတွင်နေထိုင်သူ ဒေါ်ထန်နယ်ကပြောသည်။ ဇောလ်ပီးရေဘေးဒုက္ခသည်စခန်းသည် ချင်းပြည်နယ်အစိုးရမှ စက်ယန္တရားများဖြစ် ဝင်ရောက်ဖျက်ဆီးခဲ့သော ဘွာလ်ပီးကွင်းနှင့် နှစ်မိုင်အကွာတွင်တည်ရှိသည်။ ပုံ- ဇောလ်ပီးကျေးရွာ ရေဘေးဒုက္ခသည်စခန်းအား စက်တင်ဘာ…

နာဂဒေသတွင် ကူးစက်ရောဂါကြောင့် ကလေးငယ် သုံးဦးထပ်မံသေဆုံး၊ စုစုပေါင်းသေဆုံးသူ ၈၅ ဦးရှိပြီ

နာဂဒေသတွင် ကူးစက်ရောဂါကြောင့် ကလေးငယ် သုံးဦးထပ်မံသေဆုံး၊ စုစုပေါင်းသေဆုံးသူ ၈၅ ဦးရှိပြီ

ဆလိုင်းလာလ်နွန်အုပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကူးစက်ရောဂါကြောင့် ငါးနှစ်အောက် ကလေးငယ် သုံးဦးထပ်မံသေဆုံးသဖြင့် သေဆုံးသူစုစုပေါင်း ၈၅ ဦးရှိလာပြီဖြစ်ကြောင်း Emergency Response Team to Naga Region လူမှုကွန်ရက်စာမျက်နှာမှသတင်းရရှိသည်။ ၂၀၁၆ ခုနှစ် မေလ မှ သြဂုတ်လ ၂၅ ရက်နေ့ထိ သေဆုံးသူ စုစုပေါင်း ၈၂ ဦးရှိပြီး သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်ထိ နန်းယွန်းမြို့နယ်တွင် ငါးနှစ်အောက် ကလေးငယ် သုံးဦးထပ်မံသေဆုံးခဲ့သည်။ “နာဂဒေသမှာ ကလေးတွေရဲ့ကျန်းမာရေးအခြေအနေတိုးတက်မှုအနည်းငယ်ရှိလာပြီလို့သိရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေလည်း အချို့ရွာတွေမှာရောက်နေပြီလို့သိရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်ပတ်မှာ ကလေး (၃) ယောက် သေပါတယ်”ဟု Emergency Response…

ကျူးကျော်နေအိမ်များ အကြမ်းဖက်ဝင်ရောက်ဖြတ်ဆီးပြီးနောက် ယင်းနေရာတွင် ပြည်နယ်အစိုးရက သစ်ပင် တစ်သောင်းကျော်စိုက်

ကျူးကျော်နေအိမ်များ အကြမ်းဖက်ဝင်ရောက်ဖြတ်ဆီးပြီးနောက် ယင်းနေရာတွင် ပြည်နယ်အစိုးရက သစ်ပင် တစ်သောင်းကျော်စိုက်

ဆလိုင်းလာလ်နွန်အုပ် ဖလမ်းမြို့နယ် စီးယင်းသစ်တောကြိုးဝိုင်း ဘွလ်ပီးကွင်းတွင် ရေဘေးအမည်ခံကျူးကျော်နေအိမ်များကို ပြည်နယ်အစိုးရမှ အကြမ်းဖက်ဝင်ရောက်ဖြတ်ဆီးခဲ့ပြီးနောက် ယင်းနေရာတွင် စက်တင်ဘာ ၃ ရက်နေ့၌ ပြည်နယ်အစိုးရတာဝန်ရှိသူများက သစ်ပင် ၁၀၃၀၀ စိုက်ပျိုးခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါ ဘွလ်ပီးကွင်းရှိ ကျူးကျော်နေထိုင်သူများကို ရွေ့ပြောင်းရန်အစိုးရက နှစ်ကြိမ်တိုင်သတိပေးစာပေးပြီး စက်တင်ဘာ ၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စက်ယန္တာရားများဖြစ် ဝင်ရောက်ဖြတ်ဆီးခဲ့ခြင်းဖြစ်သည်။ “မနက်ဖြန်ကနေစပြီး သစ်ပင်စိုက်တော့မယ်တဲ့။ ပြည်သူတွေလား သစ်ပင်လားပိုအရေးကြီးတာ။ လူနေဖို့တောင်ခွင့်မပြုပဲမရှိသေးတဲ့ သစ်ပင်ကိုစိုက်မယ်ဆိုတာ ဘာသဘောလဲ။ ဒီနိုင်ငံမှာနေပြီးတော့ ဒီအစိုးရကိုအားကိုးလို့မရရင် ကျွန်မတို့ဘယ်သူ့ကိုသွားအားကိုးလို့ရတော့မှာလဲ။ အစိုးရမြေပိုင်ဖြစ်တယ်ဆိုတာမှန်တယ်။ အဲလိုပဲကျွန်မတို့လည်း အစိုးရရဲ့နိုင်ငံသားတွေဖြစ်တယ်။ အရင်ကျွန်မတို့နေတဲ့ နိမ်ဇောလ်ရွာကမြေပြိုတယ်။ ကလေးမြို့ကနေ ၁၂ မိုင်ဝေးတယ်။ ကျန်းမာရေးဝန်ထမ်းလည်းမရှိ၊ ဆေးရောင်းတဲ့သူလည်းတစ်ယောက်မှမရှိတဲ့တွက် လမ်းတွေလည်းဆိုးရွားလာတော့ သမီးရဲ့ကျန်းမာရေးအခြေအနေကြောင့်…

ချင်းပြည်နယ်အစိုးရ၏ တရားဝင် Facebook Page တည်ထောင်

ချင်းပြည်နယ်အစိုးရ၏ တရားဝင် Facebook Page တည်ထောင်

ချင်းပြည်နယ်အစိုးရ၏ တရားဝင် Facebook Page ဖြစ်သည့် Chin State Government News ကို စက်တင်ဘာ ၂ ရက်နေ့ ၂၀၁၆ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။ ယင်း လူမှုကွန်ရပ်စာမျက်နှာတွင် လတ်တလော ဖလမ်းမြို့နယ် ဘွလ်ပီးကွင်းတွင် ရေဘေးအမည်ခံကျူးကျော်နေအိမ်များကို စက်ယန္တာရားများဖြစ်ဖြတ်စီးခဲ့သည့်အကြောင်းနှင့်စပ်လျဉ်း၍လည်း ရှင်းလင်းထားပါသည်။ အဆိုပါ လူမှုကွန်ရပ်စာမျက်နှာအား ဝင်ရောက်ကြည့်ရှုလိုလျှင် https://www.facebook.com/chinstategovernment/?fref=ts သို့ဝင်ရောက်နိုင်ပါသည်။…

ဖလမ်းမြို့ (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် နောက်နှစ်တွင် ကျင်းပမည်

ဖလမ်းမြို့ (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် နောက်နှစ်တွင် ကျင်းပမည်

Salai Van Cung Lian (UK) ဗြိတိသျှတို့ တည်ထောင်ခဲ့သည့် ချင်းပြည်နယ်၊ ဖလမ်းမြို့ နှစ် ၁၂၅ နှစ်ပြည့်မွေးနေ့ကို လာမည့် ၂၀၁၇ ဖေဖော်ဝါရီလတွင် ကျင်းပမည် ဖြစ်သည်ဟု သိရသည်။ ထို့ပြင် ယင်းပွဲနှင့်အတူ ဖလမ်းမြို့ ပြည်သူ့ဆေးရုံ ရာပြည့်အထိမ်းအမှတ်ပွဲနှင့် ၆၉ နှစ်ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားတို့အား ပူးတွဲကျင်းပမည်ဟု သိရသည်။ ဖလမ်းမြို့သည် ချင်းအမျိုးသားတို့၏ သမိုင်းမှတ်တိုင် အမြောက်အများ စိုက်ထူရာ မြို့လည်း ဖြစ်သည်။ ဗြိတိသျှတို့ ချင်းတောင်တန်းအား သိမ်းပိုက်သည့်အခါတွင် နောက်ဆုံးထိပ်တိုက်ရင်ဆိုင်ရာ ဖြစ်ခဲ့ပြီး၊ ဗိုလ်ဆွန်ပက် (ကြွန်ဘိခ်) ၏ တာရွှန်းမျိုးနွယ်စုနှင့် အခြားချင်းမျိုးနွယ်စုများတစုတစည်းတည်း ရင်ဆိုင်ခဲ့ရာ ဒေသလည်း ဖြစ်သည်။ ဗြိတိသျှတို့…

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် ရန်ကုန်မြို့သို့ရောက်ရှိ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် ရန်ကုန်မြို့သို့ရောက်ရှိ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် သည် အဖွဲ့ဝင်နှစ်ဦးနှင့်အတူ ယနေ့ ညနေ ၃ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန်သည် ၎င်း၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နှင့် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ပြီး ရန်ကုန်မြို့မှတစ်ဆင့် စက်တင်ဘာ ၉ ရက်တွင် ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ Ref: MOI…

ကျိုင်းတုံမြို့နယ်ကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖြစ်သတ်မှတ်ပေးပါက နယ်စပ်ဒေသလုံခြုံရေးကာကွယ်ရေးတာဝန်ယူမည်ဟု “ဝ”ပါတီတောင်းဆို

ကျိုင်းတုံမြို့နယ်ကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖြစ်သတ်မှတ်ပေးပါက နယ်စပ်ဒေသလုံခြုံရေးကာကွယ်ရေးတာဝန်ယူမည်ဟု “ဝ”ပါတီတောင်းဆို

ကျိုင်းတုံမြို့နယ်ကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖြစ်သတ်မှတ်ပေးပါက နယ်စပ်ဒေသလုံခြုံရေးကာကွယ်ရေးတာဝန်ယူမည်ဟု ဝအမျိုးသားစည်းလုံးညီညွှတ်ရေးပါတီက စက်တင်ဘာ ၂ တွင်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ တတိယနေ့ အစည်းအဝေးတွင် တောင်းဆိုခဲ့သည်။ ” “၀”တိုင်းရင်းသားလူမျိုးစု သည် တိုင်းရင်းသားစစ်စစ် လူမျိုးဖြစ်သကဲ့သို့ သမိုင်း အစဉ်အလာရှိသော လူမျိုးစုဖြစ်ပြီး ပြည်ထောင်စုဝင်ပြည်နယ်ဖြစ်ရန် လိုအပ်သော အရည် အချင်း(၇)ချက်နှင့်လည်း ပြည့်မီသည့်အတွက် လက်ရှိ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း(၆)မြို့နယ်နှင့် “၀”ဘုရင် ခေါင်းဆောင်များ ခေါင်းချခဲ့သည့် ကျိုင်းတုံ နယ် မြေဒေသ(၁၀)မြို့နယ်ကို ပြည်ထောင်စုဝင် “၀”ပြည်နယ် အဖြစ် ပြန်လည် အသိအမှတ် ပြုပေးနိုင်ပါရန်နှင့် ကျိုင်းတုံ မြို့ပြနိုင်ငံ ရှေးဟောင်းပစ္စည်းများ ဆက်လက်မပျောက် မပျက်ဘဲ ထိန်းသိမ်းထား နိုင်ရန်နှင့် နိုင်ငံတော်၏ အမွေအနှစ်အဖြစ် သတ်မှတ်ပေးပါရန်…

ပြန်လည်သင့်မြတ်ရေးတွင်ပါဝင်သူအားလုံး မိမိတို့ ရည်မှန်းချက်အလုံးစုံရရှိမည်မဟုတ်ကြောင်းနားလည်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း

ပြန်လည်သင့်မြတ်ရေးတွင်ပါဝင်သူအားလုံး မိမိတို့ ရည်မှန်းချက်အလုံးစုံရရှိမည်မဟုတ်ကြောင်းနားလည်ရန်  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း

ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင်ပါဝင်သူအားလုံး မည်သူည့်အဖွဲ့အစည်းကိုမဆို မိမိတို့ရည်မှန်းချက်အလုံးစုံကို ရရှိနိုင်မည်မဟုတ်ဆိုသည်ကို နားလည်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စက်တင်ဘာ ၂ ရက်နေ့တွင်ကျင်းပသည့် (၂၁) ရာစုပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင်ပြောကြားခဲ့သည်။ “ဒီပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင်ပါဝင်သော မည်သည့်အဖွဲ့အစည်းကိုမဆို မိမိတို့၏ ရည်မှန်း ချက်အလုံးစုံကို ရရှိနိုင်မည်မဟုတ်ဆိုသည်ကို နားလည် ပါရန် ကျွန်တော့်အနေဖြင့် တိုက်တွန်းပါတယ်။ တစ်ဖန် ပါဝင်သူများအားလုံးသည် မိမိတို့အနေဖြင့် တစ်စုံတစ်ခုကို အောင်မြင်မှုရသည်ဟု သတ်မှတ်နိုင်ပါမှသာ ဤငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာ အောင်မြင်မည်ဖြစ်ပါတယ်”ဟု မစ္စတာ ဘန်ကီမွန်းကပြောသည်။ ဆက်လက်၍ “အကူးအပြောင်းတိုင်းတွင် စွန့်စားမှု(သို့)အန္တရာယ် များ ပါဝင်စမြဲဖြစ်ပါတယ်။ ဒါပေမယ့် အကူးအပြောင်းပြုလုပ်ရန် ငြင်းပယ်ခြင်းဟာ အကြီးမားဆုံးသောအန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။  အပြောင်းအလဲပြုလုပ်ရန် ငြင်းပယ်မှုကြောင့် ဖြစ်ပေါ်လာရ…

ကလေး၊တမူးအပါအဝင် ခရိုင် ရှစ်ခုပေါင်း၍ ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန်တောင်းဆို

ကလေး၊တမူးအပါအဝင် ခရိုင် ရှစ်ခုပေါင်း၍ ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန်တောင်းဆို

ကလေး၊ တမူးအပါအဝင် ခရိုင်ရှစ်ခုပေါင်း၍ တိုင်းလိုင်(ရှမ်းနီ) ပြည်နယ်သတ်မှတ်ပေးရန် စက်တင်ဘာ ၂ ရက်နေ့တွင်ကျင်းပသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ တတိယနေ့တွင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကတောင်းဆိုခဲ့သည်။ “သမိုင်း အစဉ်အဆက်က ဓားမဦးချ နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးများသည် မိမိကြမ္မာ မိမိ ဖန်တီးရန်အတွက် ၁၉၇၂ ခုနှစ်တွင် မြေလတ် ရှမ်းပြည်နယ် (ခေါ်) ရှမ်းနီ ပြည်နယ် ရရှိရန် တောင်းဆိုခဲ့ပါကြောင်း၊ ယခုလည်း ရှမ်းနီလူမျိုးများ နေထိုင်ရာ ဒေသများဖြစ် သည့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စသည့် ခရိုင်များကို စုပေါင်းပြီး ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန် တင်ပြလိုပါတယ်။…