Home » Entries posted by Lal Nun Uk (Page 5)

ချင်းပြည်နယ်လွှတ်တော်တွင် အစိုးရမီဒီယာမှအပ ပုဂ္ဂလိကသတင်းမီဒီယာသမားများသတင်းရယူခွင့်ပိတ်ပင်မှု လွှတ်တော်ဦးဆောင်သူများမသိဟုဆို

ချင်းပြည်နယ်လွှတ်တော်တွင် အစိုးရမီဒီယာမှအပ ပုဂ္ဂလိကသတင်းမီဒီယာသမားများသတင်းရယူခွင့်ပိတ်ပင်မှု လွှတ်တော်ဦးဆောင်သူများမသိဟုဆို

ဆလိုင်းလာလ်နွန်အုပ် ချင်းပြည်နယ်လွှတ်တော်အစည်းဝေးကာလ သတင်းရယူရာတွင် အစိုးရမီဒီယာမှအပ ပုဂ္ဂလိကသတင်းမီဒီယာသမားများ သတင်းရယူခွင့်ပိတ်ပင်ခြင်းကို ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌက ယင်းအကြောင်းကိုမသိရှိဟုပြောကြားခဲ့ကြသည်။ “အစည်းအဝေးစပြီဆိုတော့ ကျွန်တော်ကတော့ မသိတော့ဘူး။ တာဝန်ကျ ရဲနဲ့ ရုံးဝန်ထမ်းတွေကတားတာလားမသိဘူး။ အစည်းအဝေးမစခင်နဲ့ အစည်းအဝေးပြီးတဲ့ချိန်မှာ မီဒီယာတွေက မေးမြန်းခွင့်ရှိပါတယ်။ အစည်းအဝေးကာလမှာတော့ မီဒီယာကဝင်ခွင့်မရှိဘူးလေ” ဟု ချင်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ့ကပြောသည်။ ပြည်နယ်လွှတ်တော် အစည်းအဝေးဆွေးနွေးမှုများကို ပုဂ္ဂလိကမီဒီယာသမားများ သတင်းရယူခွင့်ပိတ်ပင်ထားသည့်အချိန် အစိုးရ ပြန်ကြားရေးသတင်းဌာနကိုမူ အချိန်ပြည့် ဗီဒီယိုသတင်းရယူခွင့်ရထားကြောင်းသိရသည်။ “ဝင်ခွင့်အတွက်စာလည်းတင်တယ်။ သူတို့အစည်းအဝေးမခင်မှာ ဓာတ်ပုံပဲဝင်ရိုက်ခိုင်းတယ်။ ပြီးတော့ ပြန်ထွက်ခိုင်းတယ်။ ဗီဒီယိုလည်းရိုက်ခွင့်မရှိဘူး။ သတင်းတော့ မေးလို့မရတဲ့ပုံစံဖြစ်တယ်။ အစိုးရက ပြန်၊ဆက် မီဒီယာသမားတွေကတော့ လွှတ်တော်ထဲမှာအချိန်ပြည့်သတင်းယူခွင့်ရတယ်။ ဆွေးနွေးမယ့်ခေါင်းစဉ်တွေတော့ရတယ်။ ဒါပေမယ့် ဘာတွေဆွေးနွေးလဲဆိုတာမသိရဘူး။ အစည်းအဝေးပြီးတဲ့ချိန်မှာ မေးခွန်းမေးမြန်းခွင့်တော့ရပေမယ့်…

ဟားခါးမြို့ သဘာဝဘေးဒဏ်သင့်အိမ်ယာသစ်တွင် အိမ်များမိုးယို၍ နေထိုင်မရဖြစ်နေ

ဟားခါးမြို့ သဘာဝဘေးဒဏ်သင့်အိမ်ယာသစ်တွင် အိမ်များမိုးယို၍ နေထိုင်မရဖြစ်နေ

မိုင်ဘွဲ့ထန်ပါရ် ဟားခါးမြို့တွင် အစိုးရချပေးထားသော သဘာဝသင့်ပြည်သူများအတွက် တည်ဆောက်ထားသည့် အိမ်ယာသစ်တွင် မိုးများရွာသွန်းလာပါက အိမ်ခေါင်မိုးများ မိုးယိုလာခြင်းကြောင့် နေထိုင်၍မရကြောင်း သိရသည်။ “အစိုးရဆောက်ပေးတဲ့ အိမ်ယာတွေက အားလုံးလိုလို မိုးရွာရင်တော့ အကုန်စိုတာပေါ့။ တစ်ခန်းလုံးမှာ ၁၀ ပေကွက်လောက် မိုးမယိုတဲ့ နေရာမှာ နေကြရတယ်။ အဲဒီလိုဖြစ်နေတော့ တတ်နိုင်တဲ့ သူကတော့ တော်တော်များများ ပြန်ပြင်မှာပေါ့။ အခုက အလုပ်လည်းမရှိဘူး။ မတတ်နိုင်တဲ့သူက မပြင်နိုင်တော့ ဒီအတိုင်းနေတဲ့သူလည်း ရှိတယ်’’ဟု ရပ်ကွက်ဒုဥက္ကဠ ဦးတီလ်ကုန်းက ပြောသည်။ တစ်နှစ်ကျော်ပြီဖြစ်သော ဟားခါးမြို့မှ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ အကူအညီ မရရှိခဲ့ပြီး မိုးရာသီတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ရရှိသောလုပ်ခနှင့် အိမ်ခေါင်မိုးအပေါက်များကို ပြန်လည်ပြုပြင်နေရသည့်အပြင် အစိုးရထံမှ…

1 3 4 5