Home » Entries posted by Salai Gei

ကျပ်သိန်းခြောက်ထောင်ကျော်တန်ဖိုးရှိ ဆေးရုံပစ္စည်းပေးအပ်ပွဲ ယနေ့ ဖလမ်းပြည်သူ့ဆေးရုံတွင်ကျင်းပ

ကျပ်သိန်းခြောက်ထောင်ကျော်တန်ဖိုးရှိ ဆေးရုံပစ္စည်းပေးအပ်ပွဲ ယနေ့ ဖလမ်းပြည်သူ့ဆေးရုံတွင်ကျင်းပ

အမေရိကအခြေစိုက်ဖလမ်း(ချင်း) အသိုင်းအ၀ိုင်းမှ အလှူရှင်များနှင့်အတူ  ပြည်တွင်းအလှူရှင်များ ထောက်ပံ့မှုဖြင့် ဖလမ်းမြို့ပြည်သူ့ဆေးရုံ၏ ကျပ်သိန်း ခြောက်ထောင်ကျော်တန်ဖိုးရှိ လိုအပ်သည့်အ ထောက်အပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ ဖလမ်းပြည်သူ့ဆေးရုံတွင်  ကျင်းပခဲ့ကြောင်းသိရသည်။ ယခုဖလမ်းပြည်သူ့ဆေးရုံထောက်ပံ့သည့်အစီအစဉ်(Lailun Project)၏ ဒါရိုက်တာမှာ အမေရိကနေ ဖိလစ်ထွန်းနှင့် လက်ထောက်ဒါရိုက်တာ ဆရာထန်းမွေတို့ဖြစ်ပြီးအဆိုပါပုဂ္ဂိုလ်နှစ်ဦးမှ ပြည်တွင်း၊ ပြည်ပ အလှူရှင်များကို ချိတ်ဆက်မှုဖြင့် ယခုကဲ့သို့ထောက်ပံ့နိုင်ခဲ့ခြင်းဖြစ်သည်။အလှူရှင်များအနေဖြင့် အမေရိကအခြေစိုက် ဖလမ်း(ချင်း) ဘာသာရေးအဖွဲ့အစည်းများ၊ မြန်မာပြည် ထိပ်တန်းကုမ္ပဏီ ၄၀ ကျော်ဖြင့်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းအပြင်၊ အခြားပြည်တွင်း ကုမ္ပဏီများပူးပေါင်းပြီး ထောက်ပံ့ခြင်းဖြစ်သည်။ဖလမ်းပြည့်သူ့ဆေးရုံထောက်ပံ့သည့်အစီအစဉ်၏ လက်ထောက်ဒါရိုက်တာဖြစ်သူ ဆရာထန်းမွေးက “ ပစ္စည်းတွေကို အတိအကျတန်ဖိုးကိုတွက်ချက်ဖို့တော့ ခက်တယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီက ရောင်းတာမဟုတ်ဘူး။ သူတို့လှူမယ့်နေရာရဲ့ လိုအပ်ချက်တွေကို အလှူရှင်တွေကိုယ်တိုင်က ကွင်းဆင်းအရင် လေ့လာတယ်။…

မီဇိုရမ်ရောက် စစ်ဘေးရှောင် ချင်းဒုက္ခသည်များအတွက် မီဇိုရမ်ဝန်ကြီး မှ ရူပီး ၂ သိန်းလှူဒါန်း

မီဇိုရမ်ရောက် စစ်ဘေးရှောင် ချင်းဒုက္ခသည်များအတွက် မီဇိုရမ်ဝန်ကြီး မှ ရူပီး ၂ သိန်းလှူဒါန်း

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ကြား ပလက်ဝဒေသတွင် စစ်ဖြစ်ပွားနေမှုများကြောင့် မီဇိုရမ်ဖက်သို့ စစ်ဘေးရှောင်ရသည့် ဒုက္ခသည်များအတွက် မီဇိုရမ်ဝန်ကြီး C.Ngunlianchunga မှ ရိုပီး ၂ သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်ထိ မီဇိုရမ်ပြည်နယ်တွင် ပလက်ဝဒေသမှ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေမှာ ၁၃၅၉ ဦးရေ ရှိပြီး၊ နောက်ထပ်ရောက်လာသည့် ဒုက္ခသည် မရှိကြောင်း ဒေသအခြေစိုက် vanglaini သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါ လှူဒါန်းမှုသည် စစ်ဘေးရှောင်များအတွက် အဓိကလိုအပ်သည့် ဆေးဝါးခ အပါအ၀င် စားဝတ်နေရေးများအတွက် ဖြစ်ပြီး၊ ဒုက္ခသည်များ ဘေးလုံခြုံစွာ စောင့်ရှောက်ပေးနိုင်ရေးအတွက်  Lai District Congress Committee မှ ကိုယ်စားလှယ် ၃…

ပိုမိုရှုပ်ထွေးလာနိုင်မည့် ချင်း နှင့် စစ်ကိုင်းနယ်နိမိတ်ပြသနာအရေး

ပိုမိုရှုပ်ထွေးလာနိုင်မည့် ချင်း နှင့် စစ်ကိုင်းနယ်နိမိတ်ပြသနာအရေး

ရေး – CL ထန်းငါ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်နိမိတ်အားယခင်အစိုးရအနေဖြင့် တိုင်းတာသတ်မှတ်ထားခဲ့သည်ဟုဆို သော်လည်း တိတိကျကျသတ်မှတ်ထားမှုမရှိခြင်းနှင့် စိုက်ထူခဲ့သော နယ်နိမိတ်ဘုတ်တိုင်များကိုထိန်းသိမ်းခြင်းမရှိခဲ့ သောကြောင့် ဒေသခံပြည်သူများအကြားမြေယာအငြင်းပွားမှု၊ မြေပိုင်အငြင်းပွားမှု ပြဿနာများ ရင်ဆိုင်ကြုံတွေ့နေကြရကြောင်းသိရသည်။ တစ်လောလေးကပင် “ချင်းပြည်နယ်” ဆိုသည့် ဘုတ်တိုင်အား ကလေးတက္ကသိုလ်အကျော်တွင် စိုက်ထူးရေးလုပ်ငန်းဆောင်ရွက်စဉ် စစ်ကိုင်းတိုင်း နယ်နိမိတ်တွင် ပါဝင်သည်ဟု အငြင်းပွားမှု ရှိခဲ့သေးသည်။ ယခုအခါ နှစ်ဖက်နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများအနေဖြင့် ယခင်ကတည်းက အသက် မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်သော ဘိုးဘွားပိုင် လယ်ယာမြေ၊ရွာမြေတို့အား နစ်နာဆုံးရှုံးလျက်ရှိသည့်အပြင်လယ်ယာလုပ်ကိုင်ရန်စိုးရိမ်မှုများစွာနှင့် ရင်ဆိုင်နေကြရသည်ဟုချင်းတောင်ဒေသ သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့၏လေ့လာမှုစစ်တမ်းအရ သိရသည်။ နယ်နိမိတ်မျဉ်းနှင့် စပ်လျဉ်း၍ ယခင်ကရှင်းရှင်းလင်းလင်းရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ ပျက်စီးခဲ့ရခြင်းသည်တောရိုင်း၊ လယ်ရိုင်းများကို လယ်မြေအဖြစ် ဖော်ထုတ်ရင်း…

ခြောက်လအတွင်း အဖြေထွက်မယ့် ချင်းပါတီ ပူးပေါင်းရေး

ခြောက်လအတွင်း အဖြေထွက်မယ့် ချင်းပါတီ ပူးပေါင်းရေး

ရေးသားသူ – Salai Hung Tun Gei “ကျွန်တော်တို့ပါတီအနေနဲ့ ထုတ်ပြန်တာ က မပေါင်းဘူးလို့မဟုတ်ဘူး။  ဒီဟာတွေလက်ခံမှ ပေါင်းမယ်ဆို တာမျိုးလည်းမဟုတ်ဘူးလေ။ ဒါက ကျွန်တော်တို့ပါတီရဲ့အဆိုပြုချက်ဖြစ်တယ်” ချင်းပါတီပူးပေါင်းရေးနဲ့ ပတ်သက်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) အနေနဲ့ ပါတီညီလာခံကနေ သဘောထားထုတ် ပြန်ချက်အပေါ် ဝေဖန်မှုရှိတွေရှိနေတဲ့အတွက် CLD ရဲ့ ပြောရေးဆိုခွင့်ရှိ ဦးအောင် လိန်းကအထက်ပါအတိုင်း ပြောတာဖြစ်ပါတယ်။ အခုအခြေအနေအရ ချင်းပါတီ ၃ ခု ပူးပေါင်းနိုင်ရေးမှာ မတူညီတဲ့ သဘောထား၊ အဆိုပြုချက်လေးတွေကတော့ ရှိနေဆဲဖြစ်နေပါတယ်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပူးပေါင်းရေးကိစ္စနဲ့ပတ်သက်ရင် ခြောက်လအတွင်း မူဝါဒတွေအရင်ရေးဆွဲချမှတ်ပြီး မဟာမိတ်ဖွဲ့ရေး နဲ့ ပူးပေါင်းရေးကိစ္စကို တစ်ခါတည်းဆွေးနွေးဖို့ အဆိုပြု လာတာဖြစ်ပါတယ်။ အရင်ကမဟာမိတ်ဖွဲ့ရေးကို…

ကလေးတက္ကသိုလ်ဘွဲ့လျှောက်လွှာများ ရယူနိုင်ပြီ

ကလေးတက္ကသိုလ်ဘွဲ့လျှောက်လွှာများ ရယူနိုင်ပြီ

၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကလေးတက္ကသိုလ်၌ တက်ရောက်ပြီးစီးသူများအနေဖြင့်   ဒီဇင်ဘာလ (၇) ရက်နေ့မှစတင်ပြီး ဘွဲ့နှင်းသဘင်အတွက် လျှောက်လွှာများယူရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ ကလေးတက္ကသိုလ် ဒသနိကဌာန လက်ထောက်ကထိက ဆရာဗန်နွန်ဟမ်က “ဧကာဒသမအကြိမ်မြောက်  ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်” ဟုပြောသည်။ လျှောက်လွှာကိုဒီဇင်ဘာလ ၂၈ ရက်နေ့(ကြာသပတေးနေ့) နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာများကို ကလေးတက္ကသိုလ် သင်တန်းရေးရာဌာန ၌ ထုတ်ယူရမည်ဖြစ်သည်။ လျှောက်လွှာလျှောက်ထားရာတွင် ခြောက်လအတွင်းရိုက်ကူးထားသည့် (မြန်မာ/တိုင်းရင်းသား/အနောက်တိုင်း) ၀တ်စုံများမှ ကြိုက်နှစ်သက်ရာ ၀တ်စုံဖြင့်ပါတ်စပို့ပုံ (၃) ပုံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူနှင့်အတူ ပူးတွဲလျက်လျှောက်ထားရမည်ဖြစ်သည်။ ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်မတိုင်မီ ဘွဲ့ရရှိခဲ့သူများသည် တက်ရောက်ဘွဲ့လျှောက်ထားရန်မလိုပဲ အဝေးရောက် ဘွဲ့သာ လျှောက်ထားရမည်ဖြစ်သည်။…

ချင်းပြည်နယ်၌ နှစ်စဉ် ကြုံတွေ့နေသော လမ်းပန်းဆက်သွယ်ရေးပြဿနာဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ

ချင်းပြည်နယ်၌ နှစ်စဉ် ကြုံတွေ့နေသော လမ်းပန်းဆက်သွယ်ရေးပြဿနာဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ

CLထန်းငါ ============= ချင်းပြည်နယ်အနေဖြင့် နှစ်စဉ်မိုးတွင်းကာလအတွင်းကြုံတွေ့လေ့ရှိသည့် လမ်းပန်းဆက်သွယ်မှု ပြတ် တောက်ခြင်းနှင့် သွားလာမှုခက်ခဲခြင်းသည် အထူးတလည်ဖြေရှင်းရမည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ ဖွံ့ဖြိုးမှုနည်းပါးသည့် ချင်းပြည်နယ်သည် တောင်တန်းဒေသဖြစ်၍ မတ်စောက်သောတောင်တန်းများကို ကွေ့ဝိုက်ကာ ဖောက်လုပ်ထားသည့် လမ်းများမှာမိုးတွင်းရောက်လျှင် မြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့် မြေသားပဲ့ကျခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုဖြင့်နှစ်စဉ် ရင်ဆိုင်နေရဆဲဖြစ်သည်။ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးရွှေထီးယိုက “ချင်းပြည်နယ်ရှိကတ္တရာ လမ်းက တခြားနေရာနဲ့ မတူတဲ့ ၀ိသေသလက္ခဏာရှိတယ်။ကျွန်တော်တို့အတူတူခင်းတယ်၊ မကွေးတိုင်းက တာရှည်ခံတယ်၊ ချင်းပြည်နယ်မှာမခံဘူး။ ဒီဥစ္စာက အစကတည်းက မကောင်းတဲ့အချက်က ပါကောင်းပါမယ်။ ဒါပေမယ့်အဓိကအားဖြင့် ရာသီဥတုကြောင့် မိုးများလွန်းလို့၊ ဒုတိယအချက်က လမ်းသာချဲ့လို့ လမ်းပေါ်မြေစာနှင့် နောက်ပြီးတော့ လမ်းမြေကနုသေးတဲ့အတွက်ကြောင့် စက်ကြီး၊ သံဘီးတွေနဲ့ တွဲလုပ်တဲ့ခါကျတော့ပိုပြီးပျက်စီးတာဖြစ်ပါတယ်” ဟု…

ချင်းဘုံဘာသာစကားကိစ္စ လွှတ်တော်၌ ဆွေးနွေးမည်မဟုတ်ပဲ အဆိုအဖြစ် မှတ်တမ်းတင်ထား

ချင်းဘုံဘာသာစကားကိစ္စ လွှတ်တော်၌ ဆွေးနွေးမည်မဟုတ်ပဲ အဆိုအဖြစ် မှတ်တမ်းတင်ထား

ချင်းဘုံဘာသာစကားအကြောင်း လွှတ်တော်၌ ဆွေးနွေးလျှင် အဖြေထွက်နိုင်မည် မဟုတ်သည့် အတွက် မဆွေးနွေးသေးပဲ မှတ်တမ်းအဖြစ်သာ ထားရှိကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ပူးဇိုဘွဲက ပြောသည်။ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲက “အဆိုတော့ရှိတယ်။ ဒါပေမယ့်မှတ်တမ်းအနေနဲ့ပဲထားတယ်။ ဆွေးနွေးဖို့မဟုတ်ဘူး။ ဆွေးနွေးရင်လည်း အဖြေထွက်ဖို့ခက်မယ်။ အဲဒါထက်စာရင် ဒေသဘာသာစကားသင်တဲ့ ဆရာ/မတွေကို ပိုခန့်ထားနိုင်ရင် ပိုအဆင်ပြေမယ်လို့ထင်တယ်။ မြို့နယ်တိုင်းမှာ ကိုယ့်စာပေကို အခြေခံနဲ့သင်ပြီး အခြားမြို့နယ်က ဘာသာစကားနှစ်ခုလောက်ကိုလည်း ထပ်သင်တာမျိုးပိုကောင်းမယ်လို့စဉ်းစားတယ်။ မြို့နယ်တိုင်းမှာ ဒေသဘာသာစကားသင်ပေးမယ့် ဆရာ/မတွေကိုလည်း လုံလောက်အောင်မခန့်နိုင်သေးတော့ ဒီနှစ်အတွင်းတော့အဆင်ပြေမှာမဟုတ်ဘူး။ နောက်နှစ်မှစဖို့စဉ်းစားထားတယ်” ဟုပြောသည်။ ချင်းလူမျိုးများအနေဖြင့် ဘုံဘာသာစကားမရှိသေးခြင်းကြောင့် ဘုံဘာသာစကားနှင့်ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးရန် တွန်းဇံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ချင်းပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ ချင်းလူမျိုးအကြားတွင် ဘုံဘာသာစကားနှင့်ပတ်သက်ပြီး ထင်မြင်ချက်များစွာရှိနေပြီး…

ဟားခါးမြို့၌ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ရေးဆိုင်ရာ ညီလာခံကျင်းပမည်

ဟားခါးမြို့၌ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ရေးဆိုင်ရာ ညီလာခံကျင်းပမည်

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုရေရှည်တည်တံ့ရေး ဆိုင်ရာညီလာခံတစ်ရပ်ကို ဟားခါးမြို့၌ ဒီဇင်ဘာလ (၆) ရက်နေ့နှင့် (၇) ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်သည်။ ညီလာခံတွင် လူမှုဘ၀ဖူလုံရေးကိစ္စ၊ လူမှုရေးဆိုင်ရာ အကာအကွယ် ပေးရေးကိစ္စများ၊ မီဒီယာနဲ့ လူမှုအဖွဲ့အစည်းရေရှည်တည်တံ့ရေးကိစ္စများ၊ သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကိစ္စများအပါအ၀င် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာ ခေါင်းစဉ် (၆) ခုကိုဆွေးနွေးသွား မည်ဖြစ်ကြောင်းသိရသည်။ ညီလာခံဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးယာကုတ်ထန်က “ချင်းပြည်နယ်အတွင်းနဲ့ပတ်သက်ပြီး ခေါင်းစဉ်ကြီးတွေကိုဆွေးနွေးမှာဖြစ်တယ်။ အဲဒီအောက်မှာ ခေါင်းစဉ်ငယ်လေးတွေလည်းပါဝင်မယ်။ အဲဒါတွေကို မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် လိုက်ဦးစားပေးအခြေအနေတွေရွေးချယ်မယ်။ အဲဒါပြီးရင် အစိုးရရဲ့လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လာတဲ့အချိန်မှာ အကြံပြုနိုင်ဖို့ဖြစ်တယ်။ ဒီညီလာခံကနေ ချင်းပြည်နယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကွန်ယက် တစ်ခုပေါ်ပေါက်လာဖို့လည်း ရည်ရွယ်တယ်။ အဲဒီကွန်ယက်ကနေ နိုင်ငံတကာအချိတ်အဆက်တွေ၊ အစိုးရကို နှိုးဆော်တိုက်တွန်းမှုတွေလုပ်ဖို့ အတွက် အဓိကတာဝန်ယူလာဖို့အတွက်ဖြစ်တယ်”…

ခေတ်အဆက်ဆက် ချင်းတိုင်းရင်းသားများအနှိမ်ခံရမှာလား

ခေတ်အဆက်ဆက် ချင်းတိုင်းရင်းသားများအနှိမ်ခံရမှာလား

ရေးသားသူ – Salai Hung Tun Gei ချင်းလူမျိုးများအားစော်ကားခဲ့သည်ဟုဆိုကာ ကလေးတက္ကသိုလ် မြန်မာစာဌာနလက်ထောက်ကထိက ဒေါ်သန်းသန်းမော် ကချင်ပြည်နယ် ဗန်းမော်တက္ကသိုလ်သို့ပြောင်းရွှေ့သည်နှင့်ပတ်သက်ပြီး ပြောဆိုသံ အမျိုးမျိုးထွက်ပေါ်လာခဲ့သည်။ ဒေါ်သန်းသန်းမော်မှ အတန်းချိန်၌ ချင်းလူမျိုးများအား “ချစ်စုတ်၊ ချင်းပုတ်၊ အချောင်ကိုပဲလိုချင်တဲ့ချင်းတွေ” စသည်ဖြင့်စော်ကားခဲ့သည့်အတွက် ခစယ(ကလေး) မှ ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနထံ ထိရောက်စွာအရေးယူပေးရန် တိုက်ရိုက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုအစိုးရ ပညာရေးဝန်ကြီးဌာနထံ တိုက်ရိုက်လိပ်မူပြီး တိုင်စာပေးပို့ခဲ့သည့် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ကလေး) အနေဖြင့် တိုင်စာ၏ အကျိုးဆက်ဖြစ်သည်ဟု ယူဆသကဲ့သို့ တက္ကသိုလ်မှ ဆရာအချို့မှလည်း ယခုအချိန်မှာ အပြောင်းအလဲ လျှောက်ထားသူများစွာရှိသည့်အနက် ပြောင်းရွှေ့မိန့် အလိုလိုကျပြီး ပြောင်းရွှေ့ခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။  အကယ်၍ အထက်မှ ထိထိရောက်…

Hakha View Point ၌ ရန်ဖြစ်ခဲ့သူများအနက် (၆) ဦးဖမ်းစီးရမိပြီဖြစ်

Hakha View Point ၌ ရန်ဖြစ်ခဲ့သူများအနက် (၆) ဦးဖမ်းစီးရမိပြီဖြစ်

ဟားခါးမြို့တော်ရှုခင်းသာ ( Hakha View Point) ၌ အစုလိုက်ရန်ဖြစ်ခဲ့သည့် လူငယ်များကို တာဝန်ရှိသူများမှ ဖမ်းစီးခဲ့ရာ ယနေ့အထိ (၆) ဦးဖမ်းစီးရမိပြီဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ညွှန်ကြား ရေးမှုး ကပြောသည်။ အဆိုပါရှုခင်းသာမှာ ဟားခါးမြို့သို့လာရောက်လည်ပတ်သည့် ဧည့်သည်များ၊ ခရီးသွားများ၊ ဒေသခံများ သွားရောက်အပန်းဖြေပြီး ဟားခါးမြို့၏ ရှုခင်းအလှကိုကြည့်ရှုနိုင်ရန်ရည်ရွယ်လျက် စည်ပင်သာယာရေး၏ ရန်ပုံငွေဖြင့်မွမ်းမံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၆.၁၁.၁၇ ရက်နေ့၊ တနင်္ဂနွေညနေပိုင်းက လူငယ်များဝိုင်းဖွဲ့ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ်စည်ပင်သာယာရေးညွှန်ကြားရေးမှုး ဦးထလာဟရဲက “ အဲဒီမှာရန်ဖြစ်တဲ့သူတွေထဲက နေတာဝန်ရှိသူတွေက (၆) ယောက်ဖမ်းမိထားပြီ။ နောက်ထပ်လည်း စုံစမ်းနေတယ်။ စုစုပေါင်း (၁၅) ယောက်လောက်ရှိတယ်။ သူတို့တွေကို ဥပဒေအရ ထိထိရောက်ရောက်ကို အရေးယူသွားမှာဖြစ်တယ်” ဟုပြောသည်။ လူငယ်အစုလိုက်ဖြင့် လူနှစ်ဦးအား…