Home » Entries posted by Salai Gei (Page 2)

လွှတ်တော်အဆောက်အဦးသစ်တည်ဆောက်မှု ၄၅ ရာခိုင်နှုန်းအထိ ပြီးစီး

လွှတ်တော်အဆောက်အဦးသစ်တည်ဆောက်မှု ၄၅ ရာခိုင်နှုန်းအထိ ပြီးစီး

ချင်းပြည်နယ်လွှတ်တော် အဆောက်အဦးတည်ဆောက်မှုမှာ ၄၅ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း ချင်းပြည်နယ် လွှတ်တော်ဒုဥက္ကဌ ဦးအောင်သန်းကပြောသည်။ ဦးအောင်သန်း က“ ၂၀၁၇-၁၈ ဘတ်ဂျက်နှစ် အဆောက်အဦးတည်ဆောက်ပြီးရင် ဘတ်ဂျက်မှာထည့်မရေးဆွဲထား သေးတဲ့ဟာလေးတွေတော့ လိုအုံးမှာ။ မီးသတ်စနစ်တို့၊ စီစီတီဗွီတို့၊ အသံပိုင်းစနစ်တွေတွေပေါ့။ လွှတ်တော် အစည်းအဝေးခန်းမဆိုတော့ အသံတွေပဲ့တင်တာမျိုးမဖြစ်အောင်လုပ်တဲ့စနစ်တွေ၊ အတွင်းထဲက ပရိဘောက လေးတွေကျန်အုံးမယ်။ နောက်နှစ်ဘဏ္ဍာနှစ်မှာ ထပ်လုပ်ရမယ့်ဟာပေါ့။ အခုဘတ်ဂျက်ထဲမှာတော့ အဆောက် အဦးရယ်၊ ရေမြောင်း၊ လျှပ်စစ်မီးကိစ္စတွေတော့ အားလုံးပါထားပြီးသားဖြစ်တယ်” ဟုပြောသည်။ ယခုတည်ဆောက်သည့်  လွှတ်တော်အဆောက်အဦးတွင် သတင်းသမားများ သတင်းရယူရန်နေရာ၊ လွှတ်တော်အစည်းအဝေး လေ့လာလိုသူများ အတွက်ထိုင်ရန်နေရာများအတွက် ပါဒီဇိုင်းဆွဲတည်ဆောက် ထားကြောင်းသူကဆက်ဆိုသည်။ ယခုအချိန်ထိ ချင်းပြည်နယ်လွှတ်တော်အဆောက်အဦးသီးသန့်နေရာမရှိသေးသည့်အတွက် ချင်းပြည်နယ် အစိုးရရုံးနှင့် တွဲထားပြီး သတင်းသမားများသတင်းရယူရန်နေရာအခက်အခဲရှိနေခြင်းကြောင့် သတင်းယူခွင့်မ ပေးသေးကြောင်းနှင့်…

မေးမြန်းသူ – Salai Hung Tun Gei မေး။    ။ လွှတ်တော်က အစိုးရလုပ်ငန်းတွေမှာ စွက်ဖက်မှုတွေရှိနေတယ်လို့ ဝေဖန်သံတွေထွက်တဲ့အပေါ် ဘယ်လိုပြောချင်ပါလဲ။ ဖြေ။ ။ ကျွန်တော်တို့လွှတ်တော်ရေးရာ ဆောင်ရွက်တဲ့ကိစ္စတွေမှာ အစိုးရရဲ့လုပ်ငန်းတွေကို ၀င်စွက်ဖက်ခွင့်တော့မရှိပါဘူး။ သို့ပေမယ့် လွှတ်တော်ကိုယ်စားလှယ်များမှာ သူ့ဥပဒေနဲ့သူရှိပြီးသား။ အုပ်ချုပ်ရေးကိစ္စမျာလည်း တိုင်စာကော်မတီစတဲ့ ရေးရာကော်မတီ ၇ ခုဖွဲ့ထားတယ်။ အဲဒီကော်မတီမှာလည်း ဥပဒေပုဒ်မ ၂၅၁ အရဆိုရင် လွှတ်တော်က အခါအားလျော်စွာချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာဆုံးဖြတ်ချက်များကို ပြည်နယ်အစိုးရက အကောင်အထည်ဖော်ရမယ်လို့ပြထားပြီးသား။ ဒါကြောင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေကို လွှတ်တော်က ဆုံးဖြတ်တာလည်းရှိတယ်။ ဥပမာ တိုင်စာနဲ့ အသနားခံကော်မတီတို့လိုမျိုးလည်းပေါ့။ နောက်တစ်ပိုင်းက အစိုးရအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ပေးတာရှိတယ်။ ဥပမာ…

တို့ရဲ့ ဇာက်လိုက်မင်းသမီး ယပန်း

တို့ရဲ့  ဇာက်လိုက်မင်းသမီး ယပန်း

မောင်မော်ကွန်း(ပလက်ဝ)           မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ ဆိုသော စကားရှိသည်။ ကျွန်တော်တို့ မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီးက မြစ်ကြီးငါးသွယ်နဲ့ မြစ်ငယ်ကငါးရာပဲလား။ ပထ၀ီဝင်ဆရာတို့၏ အလိုအရ ကမ္ဘာပေါ်မှာ မြစ်ဘယ်နှစ်စင်းရှိပါလိမ့်။ကမ္ဘာပေါ်မှာ ရှိရှိသမျှ မြစ်တွေကို ရေတွက်ကြည့်လို့ ရနိုင်ကောင်း၏ မရနိုင်ကောင်း၏ ကျွန်တော်မသိ။           သို့သော် တစ်ချို့  မြစ်ကြီးတွေက ကမ္ဘာပေါ်မှာ ဇာက်လိုက်တွေ ဖြစ်နေသည်။ ရာဇ၀င် မော်ကွန်းတွေ ဖြစ်နေသည်။  အကောင်းဆုံးသော သမိုင်းရဲ့ သက်သေတွေ ဖြစ်နေသည်၊ နိုင်ငံတစ်နိုင်ငံ၏ ပြယုဂ်၊ လူမျိုးတစ်မျိုး၏ ၀ိညာဉ်လိပ်ပြာ၊ အသက်သွေးကြော၊ မဟာ ကဗျာရှည်ကြီးတစ်ပုဒ်။×××××××××–           ကမ္ဘာကျော် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒိ၏ အကြောင်းကို ရိုက်ကူးထားသည့် ရုပ်ရှင်ကို ကျွန်တော်ကြည့်ဖူးသည်။…

တောင်ဇလပ်ပန်းများအားကာကွယ်ရန်Campaign ၃၀ ရက်နေ့တွင်ပြုလုပ်

တောင်ဇလပ်ပန်းများအားကာကွယ်ရန်Campaign ၃၀ ရက်နေ့တွင်ပြုလုပ်

တောင်ဇလပ်ပန်းများအားကာကွယ်ရန်Campaignကို သိုင်ငင်းလမ်းခွဲနှင့် ထုတ်လိုင်လမ်းခွဲ(လေထန်ကုန်း) တွင်တီးတိန်လူငယ်များ နှင့်သစ်တောဌာနပူးပေါင်းပြီးဒီဇင်ဘာလ (၃၀) ရက်နေ့တွင်ပြုလုပ်ခဲ့ကြသည်။ သိုင်ငင်းလမ်းခွဲသည် ကလေး နှင့် တီးတိန်၊ ဖလမ်း၊ ဟားခါးကြားသွားလာလျက်ရှိသည့်မော်တော်ယဉ်များ ဆုံရာလမ်းခွဲတစ်ခုဖြစ်ပြီး Campaign ဦးဆောင်အဖွဲ့မှ ခရီးသွားကားများနှင့်ခရီးသည်များကို စတီကာနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြသည်။ Campaign ဦးဆောင်သူတစ်ဦးဖြစ်သည့် မုန်နိုးက ” နှစ်နေရာမှာလုပ်တာပေါ့။ လူငယ်အင်အား ၂၀ လောက်ရှိတယ် ။ကျွန်တော်တို့ ခရီးသွားတွေကိုလည်း Survey ကောက်တယ်။ရရှိချက်တွေကို စာတမ်းလုပ်ပြီး လွှတတော်နဲ့အစိုးရကိုလည်းပေးပို့သွားပါမယ်” ဟုပြောသည်။ စတီကာတွင် တောင်ဇလပ်ပန်းပုံနှင့်အတူ တောင်ဇလပ်ပန်းများကိုကာကွယ်ပါဆိုသည့်စာဖြင့်လည်းကောင်း၊ လက်ကမ်းစာစောင်တွင် တောင်ဇလပ်ပန်းသည် ချင်းပြည်နယ်၏ သင်္ကေတဖြစ်ကြောင်း၊ အပင်ရှင်သန်ရန် ၃၀ ရာခိုင်နှုန်းသာသေချာသဖြင့် သဘာဝအလျောက်ပေါက်သည့်အပင်ကိုကာကွယ်ရန်၊ ယခင်ကတောင်ဇလပ်ပန်းအဖြူများပင်ရှိခဲ့သော်လည်း ထိန်းသိမ်းမှုနည်းခြင်းကြောင့် တောင်ဇလပ်ပင်အနီများကိုသာတွေ့ရတော့ကြောင်း၊ အချိန်မီမကာကွယ်ပါကအနီလည်း နောင် ၁၀…

လူငယ်များနေပျော်ဖွယ်ကောင်းသော ပြည်နယ်တစ်ခုဖြစ်လာရန် အာရုံစိုက်ဆောင်ရွက်မည်ဟု ၀န်ကြီးချုပ်ကတိပြု

လူငယ်များနေပျော်ဖွယ်ကောင်းသော ပြည်နယ်တစ်ခုဖြစ်လာရန် အာရုံစိုက်ဆောင်ရွက်မည်ဟု ၀န်ကြီးချုပ်ကတိပြု

လူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက် ဖြစ်ထွန်းပြီး၊ လူငယ်များအတွက် နေပျော်ဖွယ်ကောင်းသော ပြည်နယ်တစ်ခုဖြစ်လာအောင် ၂၀၁၈ အတွင်း လူငယ်များနှင့် အတူလက်တွဲ၍ အထူး အာရုံစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ်မှ  နှစ်သစ်တွင် ကတိပြု နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ၀န်းကြီးချုပ်မှ အစိုးရအဖွဲ့ စတင်တာဝန်ထမ်းဆောင် ချိန်မှစပြီး ချင်းပြည်နယ်သူ ပြည်နယ်သားများ၏ ထောက်ခံ ၀န်းရံမှုနှင့်အတူ၊ ပြည်သူလူထုနှင့် လက်တွဲလျှက် ချင်းပြည်နယ်နှင့် ချင်းလူမျိုးတို့၏ အကျိုးစီးပွားအတွက် မဆုတ်မနစ်၊ မလျှော့သော ဇွဲလုံ့လတို့ဖြင့် ကြိုးစားအားထုတ်လျှက်ရှိသကဲ့သို့၊ ယခုရောက်ရှိလာသည့် ၂၀၁၈ ခုနှစ်တွင်လည်း ဆထက်ထမ်းပိုး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုခဲ့သည်။ ထို့အပြင် နှစ်သစ်မှစပြီး ချင်းပြည်နယ်အတွင်း မြို့ပြများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရေး၊ ခရီးသွားလုပ်ငန်းနှင့် တစ်ပိုင်တနိုင်၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပါအ၀င်…

ပလက်ဝ ကပြောသော အနာဂတ် ချင်းနိုင်ငံရေး

ပလက်ဝ ကပြောသော အနာဂတ် ချင်းနိုင်ငံရေး

(ဆလိုင်းကျဲအိုဘိခ်ထောင်) ၁။ ချင်းနိုင်ငံရေးပြဿနာ??? ချင်းလူမျိုးအတွင်းရှိ မျိုးနွယ်စု နှင့်မြို့နယ်တိုင်းတွင် ကိုယ်စီပြဿနာ သောင်းခြောက်ထောင် ရှိနေကြရာ ပလက်ဝသည်လည်း ခြွှင်းချက်မဟုတ်ပါ။ ပလက်ဝပြဿနာသည် အဆိုးဝါးဆုံးဖြစ်ချင်မှဖြစ်မည်။ သို့သော် သူ့ရဲ့ မဟာဗျူဟာကျသော အနေအထား (Strategic Location) နှင့် လူမှုရေး ရှုပ်ထွေးမှုတစ်ချို့ကြောင့် ပလက်ဝသည် အခန့်မသင့်လျှင် ၁၃၉၀၀၆ စတုရန်းမိုင်ရှိသော ယနေ့ချင်းပြည်နယ် မြေပုံပြင်လျှင် ပြောင်းလဲ စေနိုင်သည့် အက်ကြောင်းလေးများပေါ်နေပြီလားဟု တွေးပူစရာများတွေ့ရှိရသောကြောင့် ဤဆောင်းပါး ရေးသားခြင်းဖြစ်သည်။ စာရေးသူ၏ အစိုးရိမ်လွန်ကဲမှုသက်သက်လည်းဖြစ်နိုင်ပါသည်။ ယင်းသို့သာ ဖြစ်ပါစေလို့လည်း ဆုတောင်းမိပါသည်။ (က)  သီးခြား Unit တစ်ခုဖန်တီးလိုသည့်အက်ကြောင်း။      ။ မကြာသေးခင်က ပေါ်ပေါက်လာသည့် ပါတီသစ်တစ်ခု၏ မူဝါဒတွင် “ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်…

ကလေးတက္ကသိုလ်မြေ(၁၀) ပေအထိ ကျေးလက်ဌာနပိုင်မြေဟု ဆိုင်းဘုတ်လာစိုက်ဟုဆို

ကလေးတက္ကသိုလ်မြေ(၁၀) ပေအထိ ကျေးလက်ဌာနပိုင်မြေဟု ဆိုင်းဘုတ်လာစိုက်ဟုဆို

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်နယ်မြေဟု ကလေးတက္ကသိုလ်ကျောင်းဝင်းအတွင်း ဆိုင်းဘုတ်လာ ရောက်စိုက်ထူခြင်းကြောင့် တက္ကသိုလ်နယ်နိမိတ်အမှန်ပေါ်နိုင်ရေး မြေတိုင်းတာမှုပြန် လည်ပြုလုပ်ရ မည်ဖြစ်ကြောင်းကလေးတက္ကသိုလ်ကျောင်း ဆရာ/မများ သမဂ္ဂထံမှသိရသည်။ “ ဆိုင်းဘုတ်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့က လာစိုက်တာလို့သိရတယ်။ ဒါနဲ့ ကျွန်တော်တို့ဆရာ/မများသမဂ္ဂတွေစုပြီးသွားကြည့်တယ်။ အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကလည်းလာတယ်။ သူတို့ပြောတာတော့ တက္ကသိုလ်ရဲ့အမှန်နယ်နိမိတ်အတွက် မြေပြန်တိုင်းတာ လုပ်သင့်တယ်လို့ပြောသွားတယ်။ အခု ဆိုင်းဘုတ်ထောင်တဲ့နေရာက ကလေးမုဒ်ဦးကနေ ဆယ်ပေလောက်ထိ ရှိတယ်။ မုဒ်ဦးတောင် နောက်ဆုတ်ပေးရမလိုဖြစ်နေတာ” ဟုကလေးတက္ကသိုလ် ကျောင်းဆရာ/မများသမဂ္ဂ၀င် အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက ပြောသည်။ အကယ်၍ ယခုကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်နယ်မြေဟု ဆိုင်းဘုတ်ထောင်ထားသည့်နေရာသာ အမှန်သာဆိုလျှင် တက္ကသိုလ် ၀င်းကပ်ရပ်များ၌ ပုဂ္ဂလိကနေအိမ်၊ အဆောင်များတည်ဆောက်ပြီးသည့် နေရာများစွာလည်း အဆိုပါနယ်မြေအတွင်း အလိုလိုပါဝင် သွားမည့်အနေအထားဖြစ်ကြောင်း၊ ထိုသို့ပြသနာဖြစ်ပေါ်ပါက အဆိုပါဧရိယာအတွင်း…

မြို့ပြစီမံကိန်း အပေါ် ဒေသခံများ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စီမံကိန်းဆက်လက်ဆောင်ရွက်မည်

မြို့ပြစီမံကိန်း အပေါ် ဒေသခံများ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စီမံကိန်းဆက်လက်ဆောင်ရွက်မည်

ဖလမ်းမြို့နှင့်ဟားခါးမြို့များတွင် အစိုးရအကောင်အထည်ဖော်မည့် မြို့ပြစီမံကိန်းအသစ်ကို မကျေနပ်တဲ့အတွက် မြေပိုင်ရှင်တွေက ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်ညွှန်ကြားရေးမှုး ဦးထလာဟရဲကပြောသည်။ ဦးထလာဟရဲက “ ဆန္ဒဖော်ထုတ်ခဲ့သူတွေလည်း သူတို့လွတ်လပ်ခွင့်နဲ့ ဆန္ဒဖော်ထုတ်တယ်။ အခုမြို့ပြစီမံကိန်း အတွက်က နေပြည်တော်မှာ နောက်ဆုံးအဆင့်ရောက်နေပြီ။ လွှတ်တော်ကလည်း အတည်ပြုထားပြီ။ ကျွန်တော်တို့ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်။ ဆန္ဒပြတဲ့သူတွေအနေနဲ့ စီမံကိန်း ဧရိယာမှာ မြေပိုင်တဲ့သူတွေ ဆိုရင် အဲဒီစီမံကိန်းအသစ်နေရာမှာ သူတို့မြေကိုပြန်ရမှာဖြစ်တယ်” ဟုဦးထလာဟရဲက ပြောသည်။ မြို့ပြစီမံကိန်းချဲ့ခြင်းကို မကျေနပ်သည့်အတွက် ဟားခါးမြို့၌ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဆန္ဒဖော် ထုတ်ခဲ့ကြသကဲ့သို့ ဖလမ်းမြို့၌လည်း  နိုဝင်ဘာလ ၂ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ယနေ့အချိန်ထိ ချင်းတောင်ဒေသအနှံ့တွင် ဘိုးဘွးပိုင်နယ်မြေကိစ္စနှင့် အငြင်းပွားမှုများရှိနေပြီး ဒေသခံများအနေဖြင့် ဘိုးဘွားပိုင်နယ်မြေများတွင်…

မြေမှာ နင်းခြေခံနေရတဲ့  တောင်ဇလပ်ပန်းတို့ဘဝ

မြေမှာ နင်းခြေခံနေရတဲ့  တောင်ဇလပ်ပန်းတို့ဘဝ

  ရေး – ဆလိုင်းမာန်ဟုန်း ချင်းပြည်နယ်သည် တောင်ဇလပ်ပန်းတို့ ၏အလှဖြင့် ကမ္ဘာတွင် နည်မည်ကြီး ထင်ရှားသည်။ အမြင့်ပေ ၄၀၀၀ ကျော်တွင်သာ ပေါက်ပြီးချင်းတောင်တန်းကြီးပေါ်တွင် သဘာဝပေါက်ပင်အနေဖြင့် လှပစွာ ပွင့်လန်းနေသည်။ ချင်းလူမျိုးများမှလည်း အမြတ်တနိုးထားကာ ထိန်းသိမ်းကာကွယ်မှုများ ပြုလုပ်ကြကာ ခေတ်အဆက်ဆက်နေထိုင် လာကြသည်။ ချင်းလူမျိုးတို့ ၏အမှတ်အသား တစ်ခုဟုပင် အသိအမှတ်ပြုကြပါသည်။ အထူးသဖြင့် ယခုအချိန်တွင် ခေါ်နူးစုမ်(ခေါ်)Mt.Victoria အမည်မှာ ကမ္ဘာလှည့် ခရီးသည်များနှင့် ပြည်တွင်းခရီးသွားများကြားတွင် နာမည်ကြီးကာ ဂုဏ်ဆောင်လျက်ရှိသည်။ အာဆီယံအမွေအနှစ်အမျိုးသားဥယျာဉ်ကြီး အဖြစ်ပင် အသိအမှတ်ပြုခံရသည်။ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန်ဖြစ်ခဲ့သော်လည်း လမ်းများဖောက်လုပ်ခြင်းကြောင့် ပယ်ချခံခဲ့ရသည်မှာ ၀မ်းနည်းစရာတစ်ခုဖြစ်ခဲ့ပါသည်။ အာဆီယံဒေသတွင်း မြေသားဖုံးလွှမ်းမှုရှိသော အမြင့်ဆုံးတောင်တစ်ခုဖြစ်သည်။ ခေါ်နူးစုမ်အမျိုးသားဥယျာဉ်သို့ …

ချင်းပါတီပူးပေါင်းရေးအပေါ် ချင်းလူမှုအဖွဲ့အစည်းအချို့၏ အမြင်သဘောထားဘယ်လိုရှိသလဲ

ချင်းပါတီပူးပေါင်းရေးအပေါ် ချင်းလူမှုအဖွဲ့အစည်းအချို့၏ အမြင်သဘောထားဘယ်လိုရှိသလဲ

ဦးသဲရ ( Chin Human Rights Organization) ကျွန်တော့်အထင်တော့ နိုင်ငံရေးအရ ကျွန်တော်တို့လူမျိုးအနေနဲ့ ဘုံရပ်တည်ချက်ရှိလာနိုင်မယ်။ အဲလိုရှိလာနိုင်တယ်ဆိုရင် နောက်ပိုင်းမှာ ကျွန်တော်တို့နိုင်ငံရေးနဲ့ပတ်သက်ပြီး အလုပ်လုပ်တဲ့အချိန်မှာ အင်အားလည်းပိုရှိလာမယ်။ ပြီးတော့ စည်းလုံးမှုလည်းပိုရှိလာနိုင်မယ်။ ဒါကြောင့် ချင်းပါတီတစ်ခုအဖြစ် ရှိလာဖို့က ကျွန်တော်တို့လူမျိုးအနေနဲ့လိုအပ်နေတာလည်းရှိတယ်။ အခုလိုကွဲကွဲပြားပြားရှိနေမယ်ဆိုရင်တော့ ကျွန်တော်တို့မစည်းလုံးရာလည်းကျတယ်။ ဒါကြောင့် အဖြစ်နိုင်ဆုံး ပါတီခေါင်းဆောင်တွေအနေနဲ့ ပုဂ္ဂိုလ်ရေးတွေကို ထားခဲ့ပြီး ချင်းတစ်မျိုးသားလုံးအတွက် စဉ်းစားလုပ်ဆောင်ဖို့လည်း တိုက်တွန်းချင်ပါတယ်။           ဦးယာကုန်ထန် ( Chin Zone Coordinator , Gaia Institute ) ချင်းပါတီတွေပူးပေါင်းနိုင်ဖို့ဆိုရင် သူတို့ထားတဲ့စံတန်ဖိုးတွေမတူဘူးဆိုရင်တော့ ခက်ခဲမှုတွေတော့ ရှိနိုင်ပါတယ်။ ဒါကြောင့်…