Home » Entries posted by Salai Gei (Page 5)

ခေတ်အဆက်ဆက် ချင်းတိုင်းရင်းသားများအနှိမ်ခံရမှာလား

ခေတ်အဆက်ဆက် ချင်းတိုင်းရင်းသားများအနှိမ်ခံရမှာလား

ရေးသားသူ – Salai Hung Tun Gei ချင်းလူမျိုးများအားစော်ကားခဲ့သည်ဟုဆိုကာ ကလေးတက္ကသိုလ် မြန်မာစာဌာနလက်ထောက်ကထိက ဒေါ်သန်းသန်းမော် ကချင်ပြည်နယ် ဗန်းမော်တက္ကသိုလ်သို့ပြောင်းရွှေ့သည်နှင့်ပတ်သက်ပြီး ပြောဆိုသံ အမျိုးမျိုးထွက်ပေါ်လာခဲ့သည်။ ဒေါ်သန်းသန်းမော်မှ အတန်းချိန်၌ ချင်းလူမျိုးများအား “ချစ်စုတ်၊ ချင်းပုတ်၊ အချောင်ကိုပဲလိုချင်တဲ့ချင်းတွေ” စသည်ဖြင့်စော်ကားခဲ့သည့်အတွက် ခစယ(ကလေး) မှ ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနထံ ထိရောက်စွာအရေးယူပေးရန် တိုက်ရိုက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုအစိုးရ ပညာရေးဝန်ကြီးဌာနထံ တိုက်ရိုက်လိပ်မူပြီး တိုင်စာပေးပို့ခဲ့သည့် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ကလေး) အနေဖြင့် တိုင်စာ၏ အကျိုးဆက်ဖြစ်သည်ဟု ယူဆသကဲ့သို့ တက္ကသိုလ်မှ ဆရာအချို့မှလည်း ယခုအချိန်မှာ အပြောင်းအလဲ လျှောက်ထားသူများစွာရှိသည့်အနက် ပြောင်းရွှေ့မိန့် အလိုလိုကျပြီး ပြောင်းရွှေ့ခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။  အကယ်၍ အထက်မှ ထိထိရောက်…

Hakha View Point ၌ ရန်ဖြစ်ခဲ့သူများအနက် (၆) ဦးဖမ်းစီးရမိပြီဖြစ်

Hakha View Point ၌ ရန်ဖြစ်ခဲ့သူများအနက် (၆) ဦးဖမ်းစီးရမိပြီဖြစ်

ဟားခါးမြို့တော်ရှုခင်းသာ ( Hakha View Point) ၌ အစုလိုက်ရန်ဖြစ်ခဲ့သည့် လူငယ်များကို တာဝန်ရှိသူများမှ ဖမ်းစီးခဲ့ရာ ယနေ့အထိ (၆) ဦးဖမ်းစီးရမိပြီဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ညွှန်ကြား ရေးမှုး ကပြောသည်။ အဆိုပါရှုခင်းသာမှာ ဟားခါးမြို့သို့လာရောက်လည်ပတ်သည့် ဧည့်သည်များ၊ ခရီးသွားများ၊ ဒေသခံများ သွားရောက်အပန်းဖြေပြီး ဟားခါးမြို့၏ ရှုခင်းအလှကိုကြည့်ရှုနိုင်ရန်ရည်ရွယ်လျက် စည်ပင်သာယာရေး၏ ရန်ပုံငွေဖြင့်မွမ်းမံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၆.၁၁.၁၇ ရက်နေ့၊ တနင်္ဂနွေညနေပိုင်းက လူငယ်များဝိုင်းဖွဲ့ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ်စည်ပင်သာယာရေးညွှန်ကြားရေးမှုး ဦးထလာဟရဲက “ အဲဒီမှာရန်ဖြစ်တဲ့သူတွေထဲက နေတာဝန်ရှိသူတွေက (၆) ယောက်ဖမ်းမိထားပြီ။ နောက်ထပ်လည်း စုံစမ်းနေတယ်။ စုစုပေါင်း (၁၅) ယောက်လောက်ရှိတယ်။ သူတို့တွေကို ဥပဒေအရ ထိထိရောက်ရောက်ကို အရေးယူသွားမှာဖြစ်တယ်” ဟုပြောသည်။ လူငယ်အစုလိုက်ဖြင့် လူနှစ်ဦးအား…

မြန်မာနိုင်ငံနှင့်မြန်မာတပ်မတော်တွင်ဘာသာရေးခွဲခြားဖိနှိပ်မူမရှိကြောင်းဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်မှပုပ်ရဟန်းမင်းနှင့်တွေ့ဆုံစဉ်ပြောကြား

မြန်မာနိုင်ငံနှင့်မြန်မာတပ်မတော်တွင်ဘာသာရေးခွဲခြားဖိနှိပ်မူမရှိကြောင်းဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်မှပုပ်ရဟန်းမင်းနှင့်တွေ့ဆုံစဉ်ပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့တရားဝင် ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အား ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ စိန့်မေရီဘုရားကျောင်းတွင် သွားရောက် တွေ့ဆုံနှုတ်ဆက်စဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါတွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပုပ်ရဟန်းမင်းကြီးနှင့် အတူမြန်မာနိုင်ငံကက်သလစ်အသင်းတော်၏ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချာလ်းစ်ဘိုတို့ တက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ခြင်းအတွက် ကြိုဆိုပါကြောင်း၊ ဘာသာတရားအားလုံးသည် ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ တရားမျှတခြင်းဆိုသည့် လောကပါလတရားကို လိုလားကြကြောင်း၊ မြန်မာနိုင်ငံ၌ ဘာသာရေးအရခွဲခြားဖိနှိပ်ဆက်ဆံမှုများလုံးဝမရှိဘဲ လွတ်လပ်စွာကိုးကွယ် ခွင့်ပေးထားပါကြောင်း၊ မိမိတို့တပ်မတော်ထဲတွင်လည်းအလားတူ ပင်ဖြစ်ကြောင်း၊ တပ်မတော်သည်ငြိမ်းချမ်းရေးကိုထိမ်းသိမ်းဆောင်ရွက်နေပြီး မိမိတို့တပ်မတော်သားတိုင်း ၏ဆန္ဒမှာတိုင်းပြည် တည်ငြိမ်အေးချမ်းရေးပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားအချင်းချင်းခွဲခြားဆက်ဆံမှုများ မရှိကြောင်းပြောကြားသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကမြန်မာနိုင်ငံသို့ရောက်ရှိစဉ် ပြည်သူလူထုက…

ပလက်ဝမြို့နယ်၊ စစ်ဘေးရှောင်ဒုက္ခသည်များအား ထောက်ပံ့ပေးနိုင်ရေးခက်ခဲဆဲဖြစ်

ပလက်ဝမြို့နယ်၊ စစ်ဘေးရှောင်ဒုက္ခသည်များအား ထောက်ပံ့ပေးနိုင်ရေးခက်ခဲဆဲဖြစ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း၌ ရက္ခိုင့်တပ်မတော်(AA) နှင့် မြန်မာ့တပ်မတော်တို့ စစ်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များအား လိုအပ်သည့်အထောက်အပံ့ပေးရန် ယနေ့ထိ အခက်ရှိနေကြောင်း လူမှုအဖွဲ့အစည်းများထံမှသိရသည်။ အဆိုပါ စစ်ဘေးဒုက္ခသည် များအတွက် လိုအပ်ချက်များ ထောက်ပံ့ပေးနိုင်ရန် ဒေသခံပြည်သူများနှင့် လူမှုကူညီရေး အသင်းဖွဲ့စည်းခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖောက်နိုင် မှုအားနည်းနေသေးခြင်းဖြစ်သည်။  “ဆန်ကိုတော့ ကျွန်တော်တို့ပို့နိုင်တယ်။ ဒါပေမဲ့ အုပ်ချုပ်မှုးက ကုလားတန်မြစ်ဖြတ်ပြီး စက်လှေတစ်စီးမှာ ဆန် ၁၀ အိတ်အထက်မတင်ခိုင်းဘူး” ဟုစစ်ဘေးရှောင်ဒုက္ခသည်များအား သွားရောက်ထောက်ပံ့ပေးရန် စီစဉ်နေသည့် အမည်မဖော်လိုသူ ပရဟိတလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။ သူက“ကျွန်တော်တို့ ထောက်ပံ့မှု ပေးလိုက်ရင် ကုလားတန်မြစ်ကို ဖြတ်ရတယ်၊ အဲဖက်မှာ အပစ်ခတ်ခံရပြီး တစ်ဦးသေခဲ့တယ်။  လှေစီးလိုက်ရင် နှစ်ဘက်စလုံးက တစ်ဖက်ဖွဲ့က ဖြစ်နေကြမှာဆိုတော့ အန္တရယ်တော့ များတယ်။ ကျတော်တို့…

တိုင်းရင်းသားနယ်မြေမှ မြန်မာစစ်တပ်ဆုတ်ခွါရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ထုတ်ပြန်

တိုင်းရင်းသားနယ်မြေမှ မြန်မာစစ်တပ်ဆုတ်ခွါရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ထုတ်ပြန်

အစိုးရစစ်တပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် မြန်မာပြည်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့(AA, KIA, TNLA, MNDAA) မှ အစိုးရစစ်တပ်အနေဖြင့် ထိုးစစ်များရပ်တန့်ပြီး တိုင်းရင်းသားနယ်မြေမှ ထွက်ခွါသွားရန်ဒီဇင်ဘာလ (၄) ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။ ထုတ်ပြန်ကြေညာချက်တွင် စစ်မှန်ပြီး မျှတသည့် နိုင်ငံရေးဆွေးနွေးပွဲအတွက် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့အနေဖြင့် စစ်ပွဲရပ်စဲရန် အသင့်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ (၄) ရက်နေ့က ထုတ်ပြန်သည့်ကြေညာချက်တွင် အဓိက အချက်ငါးချက်ပါရှိပြီး မြန်မာစစ်တပ် အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တပ်ရပ်စဲကြောင်းကြေညာရန်၊ လက်နက်ကိုင် ပဋိပက္ခချုပ် ငြိမ်းရန်အတွက် နိုင်ငံရေးတွေ့ဆုံအဖြေရှာသည့် နည်းလမ်းအမြန်စတင်ရန်၊ နယ်စပ်တွင် တိုက်ပွဲဖြစ် နေခြင်းဖြစ် သဖြင့် တိုက်ပွဲများချုပ်ငြိမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကြားဝင်ညှိနှိုင်းပေးရန်စသည့် အချက်များလည်းပါရှိသည်။ ကချင်၊ ကိုးကန့်၊…

NLD နဲ့ စစ်အာဏာရှင် ပြန်လည်သင့်မြတ်ရေးလား

NLD နဲ့ စစ်အာဏာရှင် ပြန်လည်သင့်မြတ်ရေးလား

  စိုင်းထွန်းအောင်လွင်   ၂၁ ပင်လုံက ပန်ဒိုရာဘောက်စ ( ပြဿနာ သေတ္တာ ) ကိုဖွင့်လိုက်တာလို့ ဆိုကြပါတယ်။  ကျွန်တော်ကတော့ အနာစိမ်း အထဲမှာ ပြည်တည်နေတဲ့ အနာကို ဖွင့်လိုက်တာလို့ ဆိုချင်ပါတယ်။ အနာစိမ်းက ဖွင့်လိုက်ပြီးရင် အထဲက ပြည်ပုပ်တွေကုန်အောင် ခွဲထုတ်တာ ၊ ညှစ်ထုတ်တာတွေ လုပ် ပိုးမ၀င်အောင် ဆေးမြန်မြန်ထည့် ဆေးထိုး ဆေးသောက်တာတွေ လုပ်ရတယ် မဟုတ်ပါလား။ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးဖြစ်စဉ်အရဆိုရင် အပစ်ရပ်လက်မှတ်ထိုး ၊ နိုင်ငံရေးဆွေးနွေးပွဲကျင်းပ ၊ သဘောတူညီမှုတွေကို အခြေခံပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေးတွေ လုပ်ဆိုတာ သွားရမှာဖြစ်ပါတယ်။ အခု ဖြစ်နေတာက ပြည်ထောင်စု ငြိမ်းချမ်းရေး…

“ချင်းတောင်တန်းအလှကို ချယ်မှုန်းသူ ပန်းချီသန်းဌေးနဲ့ တွေ့ဆုံခြင်း”

“ချင်းတောင်တန်းအလှကို ချယ်မှုန်းသူ ပန်းချီသန်းဌေးနဲ့ တွေ့ဆုံခြင်း”

ရန်ကုန်မြို့တွင် ၁၉၅၈ ခုနှစ်၌ ဖွားမြင်ခဲ့သော ပန်းချီသန်းဌေးသည် လာမယ့်ကာလများတွင်လည်း ချင်းကလေးသူငယ်တွေအတွက် ကာတွန်းစာအုပ်တွေကို ပြုလုပ်ရန် မြို့ခံများနဲ့ အတူတကွ ပြင်ဆင်လျက်ရှိသည်ဟုလည်းသိရသည်။     Salai Kyaw Moe  တွေ့ဆုံမေးမြန်းသည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ်အနုပညာပြခန်း၌ ချင်းတောင်တန်းအလှအပများအား တင်ပြထားသည့် ပန်းချီသန်းဌေး၏ Picturesque ပန်းချီပြပွဲကို သွားရောက်လည်ပတ်ပြီး၊ သူ့၏ အတွေးအမြင်၊ ချင်းပြည်နယ်အတွေ့အကြုံများအား Chin World စာဖတ်သူများအတွက် အောက်ပါအတိုင်း မေးမြန်းပြောဆိုဖြစ်ခဲ့ကြပါသည်။ မေး။ ။ ဆရာ့အကြောင်းကြားသိရတဲ့အထဲမှာ ဂျပန်နိုင်ငံကိုလည်း သွားဖူးတယ်။ အဲဒီမှာလည်း ပန်းချီပြပွဲတွေလုပ်ဖူးတယ်ကြားတော့ အဲဒီအကြောင်းတွေ ပြောပြပေးပါဦး။ ဖြေ။ ။ ၁၉၈၆ မှာ သူငယ်ချင်းကခေါ်တော့ ဂျပန်မှာ…

ရိုးရာဆာဗူသီးအစားအစာ မြို့ကြီးများ၌ ထိုးဖောက်နိုင်ရန် ပြုပြင်မွမ်းမံမှု လိုအပ်

ရိုးရာဆာဗူသီးအစားအစာ မြို့ကြီးများ၌ ထိုးဖောက်နိုင်ရန် ပြုပြင်မွမ်းမံမှု လိုအပ်

မိုင်လိန်းဟုန်းလိုင်း/Chin World ရန်ကုန် (Myanmar Now) – နာမည်ကျော် ချင်းတိုင်းရင်းသား ရိုးရာအစားအစာဖြစ်သည့် ဆာဗူသီးကို ရန်ကုန်နှင့် မြို့ကြီးများတွင် ဈေးကွက်ဝင်လူကြိုက်များစေရန်အတွက် ကြော်ငြာခြင်း၊ ချက်ပြုတ် ပြင်ဆင်မှုပုံစံ အနည်းငယ်ပြောင်းလဲခြင်းတို့ လိုအပ်မည်ဟု စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူများ၊ စားသုံးသူများက ပြောသည်။ ပြောင်းဖူး၊ နွားနောက်သားတို့ကို ဆန်ပြုတ်ပမာ ချက်ပြုတ်ထားသော ဆာဗူသီးကို စားသုံးသူများက စိတ်ဝင်စားမှု နည်းပါးကြသည်ဟု ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းတွင် စားသောက်ဆိုင် ဖွင့်ထားသူ ချင်းအမျိုးသားက ပြောသည်။ “ချင်း အစားအစာက ရေလုံပြုတ် အစားအစာတွေ များတဲ့အတွက် မနှစ်သက်ကြဘူးထင်တယ်။ စားကြတဲ့သူတွေက ချင်းနဲ့ ကချင်တွေပဲ လာစားကြတာ” ဟု ရန်ကုန်-ချင်းပြည်နယ်…

ကျောင်းဆရာများနှင့် စကားပြောခြင်း

ကျောင်းဆရာများနှင့် စကားပြောခြင်း

ဆလိုင်းမျိုးချစ် (ကန်ပက်လက်) ချင်းပြည်နယ်သို့ အိမ်ပြန်သည့် အခိုက်အတန့်တွင် မထင်မှတ်ဘဲ ကျောင်းဆရာများနဲ့အတူတကွ စားပွဲတစ်ဝိုင်း ထဲလက်လက်ရည်သောက် စကားပြောကြရင်း ချင်းပြည်နယ်၏ ပညာရေးအခြေနေနှင့် ချင်းပြည်နယ်ရှိ ကျောင်း ဆရာများ၏အခက်အခဲများကို ပါထည့်သွင်းပြောလာကြသည်။ ချင်းပြည်နယ်၏ နှစ်တိုင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ရာခိုင်နှုန်းအနည်းဆုံးဖြစ်နေခြင်းများမှသည် ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်သည့် ပြည်နယ်အဖြစ် တည်ရှိနေခြင်းအထိ ချင်းပြည်နယ်၏ လူမှုဘဝစီးပွားရေးအားလုံးခြုံငုံကြလျက် စကားပြောဖြစ်ခဲ့ကြသည်။ ထိုမှ ကျောင်းဆရာဖြစ်ခြင်းနှင့်ထိုသူများ၏အခက်အခဲ ဘဝဖြစ်ရပ်များကိုပင်ပိုမိုနားထောင်ရင်းနားလည်ရတော့သည်။ ကျောင်းဆရာများ၏ရေကြည်ရာမြက်နုရာသို့ တာဝန်ထမ်းဆောင်လိုခြင်း ကျောင်းဆရာများသည် သာမန်လူသားများ သာဖြစ်ကြပီး စိတ်ဓာတ်မြင့်မြတ်သည့် လူသားများအဖြစ်မျှသာ ထူခြားကြသည်ဖြစ်၍ သဘာဝလူသားများကြုံတွေ့ ဖြေရှင်းကြရသည့် လောက၏အဆိုးအကောင်းအကျိုးအ ကြောင်းများ၏ထုထည်ကြီးကိုမူ မလွဲမသွေရင်ဆိုင်နေ ကြသည့်အတွက် ကျောင်းဆရာအချို့သည် ဆင်းရဲ ခက်ခဲစွာ ဘဝနှင့်မိသားစုများကို ဦးဆောင်ရုန်းကန်နေကြရသည့် ကျောင်းဆ…

ချင်းပြည်နယ်ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ် ဖြေရှင်းရမည့်ဦးစားပေးပုစ္ဆာများ

ချင်းပြည်နယ်ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ် ဖြေရှင်းရမည့်ဦးစားပေးပုစ္ဆာများ

“ ကျွန်တော်တို့ကိုယ်တိုင် ပိုက်ဆံကိုသုံးနိုင်မယ်ဆိုရင်၊ ကျွန်တော်တို့ကိုယ်တိုင် လုပ်ပိုင်ခွင့်အာဏာပိုရ မယ်ဆိုရင် သိသိသာသာတိုးတက်သွားမှာပါ” အဆိုပါပြောစကားမှာ လက်ရှိချင်းပြည်နယ်ဝန်ကြီးချုပ်၏ ပြောစကားဖြစ်သော်လည်း ယခင် အစိုးရလက်ထက် ချင်းပြည်နယ် ၀န်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဟုန်းငိုင်းကိုယ်တိုင်လည်း သူ၏သက်တမ်းအတွင်း Chin World Media သို့ပြောကြားခဲ့သည့်စကားလည်းဖြစ်သည်။ ပြည်နယ်၏ လုပ်ပိုင်ခွင့်အရ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ရာတွင် လုပ်ပိုင်ခွင့်အတော်များများကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ကန့်သတ်ဆဲဖြစ်ခြင်းက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်နေသည်။ လုပ်ငန်းလည်ပတ်မှု များအတွက် အခက်အခဲတစ်ခု အနေအဖြင့် ယခင်ပြည်နယ်အစိုးရသာမက လက်ရှိပြည်နယ်အစိုးရမှ အရင်ဆုံးကြုံတွေ့ရသည့်ပြသနာမှာ လုပ်ပိုင်ခွင့်ပြသနာဖြစ်သည်။ လက်ရှိဝန်ကြီးချုပ်၏ စကားအရဆိုလျှင် လုပ်ပိုင်ခွင့်အာဏာ ပိုရမည်ဆိုလျှင် သိသိသာသာတိုးတက်သွားမည်ဟုဆိုသော်လည်း လက်ရှိတွင် လုပ်ပိုင်ခွင့်အကန့် အသတ်များရှိနေသေးခြင်းကြောင့် ငါးနှစ်သက်တမ်းအတွင်း…

1 3 4 5