Home » Entries posted by Salai CLian

သူရဲကောင်း Subadar Major Tai Kwel (1895-1968) – O.B, M.B.E, B.G.M

သူရဲကောင်း Subadar Major Tai Kwel (1895-1968) – O.B, M.B.E, B.G.M

Salai Van Cung Lian (UK) Subadar Major Tai Kwel သည် ဖလမ်းမြို့နယ်၊ လုမ်ဘန်းရွာမှဖြစ်ပြီး ဗြိတိသျှတပ်မတော်မှ ချီးမြှင့်သည့် သူရသတ္တိဆိုင်ရာဘွဲ့ နှင့် ပြည်သူ့ဂုဏ်ဆောင်ဘွဲ့ များဖြင့် ချီးမြှင့်ဂုဏ်ပြုခြင်းခံရသူဖြစ်သည်။ Order of Burma (O.B) ဘွဲ့ကို လွတ်လပ်ရေးရရှိသည့်နောက်ပိုင်း ပြည်ထောင်စုစည်သူသင်္ဂဟ အဖြစ် အမည်ပြောင်းလဲခေါ်ဆိုခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးတွင် OB ဘွဲ့ဖြင့်ချီးမြှင့်ခြင်းခံရသူ ၃၃ ဦးအနက် Subadar Major Tai Kwel သည် တစ်ဦးအပါအ၀င်ဖြစ်သည်။ ချင်လူမျိုးများထဲတွင် OB ဘွဲ့ထူးဖြင့်ချီးမြှင့်ခြင်းခံရသူ အခြားနှစ်ဦးမှာ စီးယင်းချင်းအမျိုးသား Naib Commandant Captain Pau Cin (OB,…

CNRWG မှပြုလုပ်သည့် “ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်အစိုးရ မဏ္ဍိုင်သုံးရပ် အပေါ် ပြည်သူများအမြင်” သုတေသနစစ်တမ်းနှင့်ပတ်သက်ပြီး CNRWG အလုပ်အမှုဆောင်ဒါရိုက်တာ ဦးလျန်တွောင်နှင့်တွေ့ဆုံခြင်း

CNRWG မှပြုလုပ်သည့် “ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်အစိုးရ မဏ္ဍိုင်သုံးရပ် အပေါ် ပြည်သူများအမြင်” သုတေသနစစ်တမ်းနှင့်ပတ်သက်ပြီး CNRWG အလုပ်အမှုဆောင်ဒါရိုက်တာ ဦးလျန်တွောင်နှင့်တွေ့ဆုံခြင်း

“သုတေသနစစ်တမ်းကိုသုံးသပ်ရမယ်ဆိုရင် လွှတ်တော်ကိုယ်စား လှယ်တွေကိုယ်တိုင် က အခုချိန်ထိ ပါတီကိုယ်စားလှယ်လို့ပဲယူဆကြတယ်။ သူတို့ပြောစ ကားတွေ နားထောင်တယ်ဆိုရင်ပေါ့။ ဒါက၀မ်းနည်းစရာပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ကိုသူတို့ပါတီ ကိုယ်စား လှယ်မဟုတ်ပဲ၊ ဒေသတစ်ခုလုံးရဲ့ကိုယ်စား လှယ်ဖြစ်တယ် ဆိုတာကို လက်ခံနိုင်ဖို့အရမ်း အရေးကြီးပါတယ်” တွေ့ဆုံးမေးမြန်းသူ – Salai Hung Tun Gei မေး။ ။ အရင်ဦးဆုံး CNRWG အနေနဲ့ စစ်တမ်းပြုလုပ်ရခြင်း ရဲ့ရည်ရွယ် ချက်ကိုသိချင်ပါတယ်။ ဖြေ။ ။ ဒီစစ်တမ်းလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ လက်ရှိအစိုးရ အနေနဲ့ပြုပြင်ပြောင်းလဲရေးတွေ၊ ဖွံ့ဖြိုးရေးတွေလုပ်ဆောင်နေတာပေါ့။ အဲလိုလုပ်တာတွေက ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိ သလားဆိုတာ ချိန်ထိုးလို့ရအောင်လုပ်တာဖြစ်ပါတယ်။ ရလာတဲ့ရ လဒ်ကနေ တစ်စုံတစ်ခုအသုံးပြုနိုင်မယ်ဆိုရင် ပြည်သူတွေအား ကိုးတဲ့အစိုးရတစ်ရပ်၊…

ချင်းအမျိုးသားနေ့မတိုင်မီ မင်းတပ်မြို့စံပြဈေး အပြီးတည်ဆောက်မည်

ချင်းအမျိုးသားနေ့မတိုင်မီ မင်းတပ်မြို့စံပြဈေး အပြီးတည်ဆောက်မည်

၂၀၁၅ ခုနှစ်အတွင်းမီးလောင်ခဲ့တဲ့ မင်းတပ်မြို့ စံပြဈေးကို လာမယ့်ချင်းအမျိုးသားနေ့ မတိုင်မီ အပြီးတည်ဆောက်သွားမယ်လို့ ဈေးကော်မတီဥက္ကဌ ဦးတိုင်းလင်းက ပြောသည်။ “ကျတော်တို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ထိတော့ ၃၂ ရာခိုင်နှုန်း ပြီးစီးသွားပါပြီ။ လာမယ့်နှစ် ချင်းအမျိုးသားနေ့မှ ဖွင့်ပွဲလုပ်သွားဖို့ရှိတယ်” ဟု ဦးတိုင်းလင်းက ပြောသည်။ မင်းတပ်စံပြဈေးကို လက်ရှိအချိန်မှာ ကွင်းပြင်တစ်နေရာမှာ ယာယီဖွင့်ခိုင်းထားတာဖြစ်ပြီး မိုးရာသီ ရောက်တိုင်း ရေမြောင်းမရှိတာကြောင့်အခက်အခဲကြုံနေရ တယ်လို့ဈေးသည်တွေ ထံမှ သိရသည်။ “ရေမြောင်းလည်းရေစီးရေလာသိပ်မကောင်းဘူး။ ပျံကျဈေးတွေလည်းနေရာလုံးဝမရှိဘူး။ ပျံကျ ဈေးတွေကိုလည်းစနစ်တကျရှိစေချင်တယ်” ဈေးသည်တစ်ဦးက ဆိုသည်။ မင်တပ်မြို့စံပြဈေးကို ပြည်ထောင်စုဘတ်ဂျက် သိန်း ငါးထောင်နဲ့ ဒေသခံဈေးပြည်သူများ၏ ထည့်ဝင်လှူငွေ သိန်း သုံးထောင်ကျော်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။…

ရခိုင်ပြည်နယ်အကြမ်းဖက်မူအရေးမေးခွန်းမေးမည့်ကုလသမဂ္ဂ ညီလာခံ ဒုသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်

ရခိုင်ပြည်နယ်အကြမ်းဖက်မူအရေးမေးခွန်းမေးမည့်ကုလသမဂ္ဂ ညီလာခံ ဒုသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်

Chin World 12/9/2017 နိုင်ငံတော်ဒုသမ္မတဦးဟင်နရီဗန်ထီးယူဟာကုလသမဂ္ဂအထွေထွေညီလာခံကိုတက်ရောက်မှာဖြစ်ကြောင်းဘီဘီစီမြန်မာပိုင်းရဲ့သတင်းဖော်ပြချက်အရသိရှိရပါသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကုလ သမဂ္ဂအထွေထွေညီလာခံကိုတက်ရောက်ဖို့အစီအစဉ်ဖျက်သိမ်းလိုက် ခြင်းကြောင့်ဦးဟင်နရီဗန်ထီးယူဟာမြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ညီလာခံတက်ရောက်မှာဖြစ်ပြီးမြန်မာနိုင်ငံကိုယ်စားမိန့်ခွန်းပြောကြားမည်ဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်းအမေရိကန်နိုင်ငံသို့သွားရောက်မည်ဖြစ်သည်။ ယခုကုလသမဂ္ဂညီလာခံတွင်ရခိုင်ပြည်နယ်အကြမ်းဖက်မူအရေးမေးမြန်းမူများစွာ ရှိမည့်အပြင်”ရိုဟင်ဂျာများအတွက် တစ်မိနစ်ငြိမ်သက် ဆုတောင်းခြင်း” နဲ့ဖွင့်လှစ်ဖို့ OIC(Organization of Islamic Cooperation) က တောင်းဆိုထားကြောင်း သံတမန် အသိုင်းအ၀ိုင်းမှသတင်းများထွက်ပေါ်နေကြောင်းမြန်မာဂျာနယ် လစ်တချို့၏လူမူကွန်ရက်မှာရေးသားဖော်ပြထားပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံကိုဒုသမ္မတဦးဟင်နရီဗန်ထီးယူဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူနယူးယောက်အခြေစိုက်ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအထူးကိုယ်စားလှယ်သံအမတ်ကြီးဦးဟောင်ဒိုဆွမ်လည်းပါဝင်တက်ရောက်မည်ဖြစ်ပါသည်။…

မန်မာစာကထိက၏ စကားသည်ချင်းလူမျိုးမျာအားသိက္ခာထိခိုက်သည်ဟုဆိုကာ ခစယ(ကလေး)မှ တိုင်ကြား

မန်မာစာကထိက၏ စကားသည်ချင်းလူမျိုးမျာအားသိက္ခာထိခိုက်သည်ဟုဆိုကာ ခစယ(ကလေး)မှ တိုင်ကြား

Salai Hung Tun Gei ကလေးမြို့ ၂.၉.၂၀၁၇ ချင်းလူမျိုးများသိက္ခာကျဆင်းစေသည့်စကား၊ လူမျိုးခွဲခြားသည့် စကား လုံးများကိုအတန်းချိန်တွင် ကျောင်းစာနှင့် မသက်ဆိုင်ပဲ ပြောကြားခဲ့ သည်ဟုဆိုကာ ကလေးတက္ကသိုလ်မှ မြန်မာစာ ကထိက ဒေါ်သန်း သန်းမော်အား ထိရောက်စွာအရေးယူပေးပါရန် ချင်းစာပေနှင့်ယဉ်ကျေး မှုကော်မတီ(ကလေး) မှ ပြည်ထောင်စု၊ ပညာရေး ၀န်ကြီးဌာနသို့ သြဂုတ်လ (၃၁) ရက်နေ့ကတိုင်ကြားထားကြောင်းသိရသည်။ တိုင်ကြားစာတွင် သင်ခန်းစာနှင့်မသက်ဆိုင်သည့် ချင်းလူမျိုးများ သိက္ခာကျဆင်း၊ အရှက်တကွဲဖြစ်စေမည့် “ချင်းပုတ်၊ ချင်းစုတ်၊ ချင်းတွေက အချောင်ခိုပြီး ပိုက်ဆံလိုချင်တယ်၊ သူများလုပ်ပြီးသားအပေါ် ခိုကပ်ချင်တယ်၊ လျှပ်စစ်မီးရလိုသည့်အတွက် အောက်လမ်းနည်းနဲ့လုပ်တာ” စသည့်စကားလုံးများသုံးစွဲကာ လျှပ်စစ်မီး ကိစ္စများ၊ ချင်းအိမ်တစ်အိမ်ခဲဖြင့် အပေါက်ခံရသည့် ကိစ္စများပြောဆိုခဲ့သည့်အတွက် ယခုကဲ့သို့…

အလှည့်ကျမနွဲ့စတမ်း

အလှည့်ကျမနွဲ့စတမ်း

ရေးသားသူ – ထောင်ထလျန်ဆန် အောက်စ်ဖို့တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပရောဖက်ဆာတစ်ဦးဖြစ်သူ ဆော်ဒီအာရေဗျ နိုင်ငံဖွား Nayef Al-Rodhan အဆိုအရ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဆိုသည့် Good Governance တွင် ၀ိသေသလက္ခဏာ (၈) ရပ် ရှိသည်ဆို၏။ ယင်းအဆိုက ကမ္ဘာ့နိုင်ငံပေါင်းစုံက အသိအမှတ်ပြု လက်ခံကျင့်သုံးနေကြဆဲဖြစ်သည်။ ထိုအင်္ဂါရပ်(၈)ရပ်ထဲမှ အဆီအနှစ် (၄)ရပ်ကို ဤစာစုတွင် အသားပေးဆွေးနွေးလိုပါသည်။ အစိုးရတစ်ရပ်တွင် လောကပါလတရားကို အခြေခံသည့် ကျောသား /ရင်သား မခွဲခြားဘဲ သာတူညီမျှမှုနှင့်အတူ တန်းတူညီမျှမှုထွန်းကားခြင်း၊ လွတ်လပ်စွာသတင်းယူခွင့် ထုတ်ဝေခွင့်များကို အစိုးရက ကျင့်သုံးစေခြင်း၊ တာဝန်ယူနိုင်မှုနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းဆိုသည့် လက္ခဏာ (၄) ရပ်နှင့် ပြည့်စုံပါမှ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့်ပြည့်စုံသည်ဟု ဆိုစမှတ်ပြုနိုင်မည်ဖြစ်သည်။ ၀ိသေသလက္ခဏာ…

ဖလမ်းမြို့နယ် စီမ် (Sim) မျိုးနွယ်စုမှ ဗြိတိသျှကိုလိုနီတို့အား တော်လှန်သည့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူရန်စီစဉ်

ဖလမ်းမြို့နယ် စီမ် (Sim) မျိုးနွယ်စုမှ ဗြိတိသျှကိုလိုနီတို့အား တော်လှန်သည့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူရန်စီစဉ်

Salai Van Kio ဖလမ်းမြို့နယ်အတွင်းရှိ Sim မျိုးနွယ်စုတို့သည် ၁၉၁၇ ခုနှစ် အောက်တိုဘာလတွင် ဗြိတိသျှကိုလိုနီအစိုးရအား တော်လှန်သည့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ယခုနှစ်အတွင်း ကျောက်တိုင်စိုက်ထူရန် စီစဉ်နေကြောင်းသတင်းရရှိသည်။ သမိုင်းဖြစ်စဉ်မှာ ပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားချိန်တွင် ဗြိတိသျှကိုလိုနီအစိုးရမှ ပြင်သစ်နိုင်ငံ စစ်မြေပြင်တွင် အလုပ်ကြမ်းလုပ်ရန်အတွက် အလုပ်သမားအမြောက်အမြားစည်းရုံးခဲ့ကြသည်။ ဖလမ်းမြို့နယ် အနောက်မြောက်ဘက်ရှိ စီမ်မျိုးနွယ်စုတို့ နေထိုင်ရောဒေသ ဘက်မှာလည်း ကူလီလုပ်သားများ စုဆောင်းရန် တိုက်သူကြီးများထံ အမိန့်ထုတ်ခဲ့ကြသည်။ ချင်းတောင်ပြင်ဘက်သို့ ထွက်ခွာပြီး စစ်မှုထမ်းမည့်အရေးအတွက် ကြောက်ရွံ့ခဲ့ကြသည်။ ထို့ကြောင်း ဗြိတိသျှအစိုးရ၏ အမိန့်ကို ဆန့်ကျင်ပြီး တော်လှန်ရေး စတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဗြိတိသျှအစိုးရ တော်လှန်ရေးအတွက် စစ်သည်တော်များစု ရုံးကြပြီး စစ်သည်တော် ၄၀၀ စည်းရုံးနိုင်ခဲ့ကြပြီး…

မချမ်းသာသော်လည်း ပျော်အောင်နေတတ်ဖို့ ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌDr. Hmuh Thang ဆို

မချမ်းသာသော်လည်း ပျော်အောင်နေတတ်ဖို့ ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌDr. Hmuh Thang ဆို

ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌDr. Hmuh Thang မှ မချမ်းသာသော်လည်း ပျော်အောင်နေတတ်ဖို့ ပြောကြားလိုက်ကြောင်း သိရသည်။ ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌDr. Hmuh Thang မှ “နိုင်ငံတော်တော်များများ ချမ်းသာပေမယ့် ပြည်တွင်းအေးချမ်းမှုမရှိတာကြောင့် ပြည်သူများဟာ ပျော်အောင်မနေနိုင်ကြဘူး။ ကျတော်တို့ ချင်းပြည်နယ်ဟာ တွင်းထွက်သယံဇာတမရှိပေမယ့် ငြိမ်းချမ်းစွာ နေနိုင်ဖို့ လုပ်ဆောင်သွားမယ်” ဟု ဆိုသည်။ ဒေါက်တာမှုထန်မှ Fidi Foundation ကဦးစီးကျင်းပတဲ့ ထန်တလန်မြို့ တီဘီစီ ခန်းမမှာပြုလုပ်ခဲ့တဲ့ “ပြည်သူနှင့် လွှတ်တော်ကိုယ်စားလှယ်ကြား ဆက်ဆံရေး” ဆွေးနွေးပွဲတွင် ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “လူဆိုတာ ပိုက်ဆံကြောင့် ပျော်တာမဟုတ်ဘူး။ ချမ်းသာမှုဆိုတာလည်း လူတွေရဲ့…