Home » Entries posted by Salai CLian (Page 2)

ဖမ်းဆီးရမိမော်တော်ယဉ်များကိုရိဒ်ရဲတပ်ဖွဲ့ထံမှလုယူ

ဖမ်းဆီးရမိမော်တော်ယဉ်များကိုရိဒ်ရဲတပ်ဖွဲ့ထံမှလုယူ

ချင်းပြည်နယ်၏ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းတွင် တရားမ၀င် ဖမ်းစီးရမိသော မော်တော်ယာဉ်များကို တစ်ဖက်နိုင်ငံမှ လူစုပေါင်း ၅၀ ကျော်က ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် အတင်းလုယူခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မီဖိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၇ တွင် တရားမ၀င် ကျူးကျော်မှုဖြင့်ဖမ်းစီးရမိထားသောကားအစီးရေ၂၁စီးကိုမီဇိုရမ်းပြည်နယ် Melbuk ရွာလူငယ်ဟု ယူဆရသော လူစုပေါင်း ၅၀ ကျော်မှ ဖေဖော်ဝါရီ၆ရက်နေ့တွင်ကားများထားရှိသောတီအိုချောင်းဘေးတွင်အစောင့်ရဲများကို ခြိမ်းခြောက်ကာ ကားအစီးလုံးကို မီဇိုရမ်ပြည်နယ်သို့ လုယူရခြင်းဖြစ်သည်။ ရိ​ခေါဒါရ် ထွေအုပ် ဦး မျိုးမြင့်အောင်က “ရဲအစောင့် ၅ ယောက်ရှိတယ်၊ အဲဒီမှာ လူပေါင်း ၅၀ ကျော်က တုတ်၊ ဓါးတွေနဲ့ပေါ့ လာပြီးတော့…

ချင်းအမျိုးသားနေ့အကြောင်းတစေ့တစောင်း

ချင်းအမျိုးသားနေ့အကြောင်းတစေ့တစောင်း

ဦး ထန်းနိုင်း (မင်းတပ်) နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၂၀) ရက်နေ့ အချိန်ခါရောက်တိုင်း ချင်းလူမျိုးမှန်သမျှသည် ရောက်ရာအရပ်ဒေသမရွေး ချင်းအမျိုးသားနေ့ပွဲကို တတ်အားသရွေ့စုစည်းကျင်းပမြဲဖြစ်သည်မှာ ဂုဏ်ယူဘွယ်ဖြစ်သည်။ ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာရခြင်း၏ အကြောင်းခံအချက်ဖော်ပြရန် များစွာရှိသော်လည်း ချင်းအမျိုးသားခေါင်းဆောင်း ဦးဝမ္မသူးမောင်း ဦးဆောင်သည့် ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ (ခမညဖ) မင်းတပ်၊ ကန်ပက်လက်နယ် လူထုအုံကြွဆန္ဒပြသည့် ကန်ပက်လက်သပိတ်ကြီးဖြင့် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်မှုကို အဓိက အခြေခံသဓန္ဒတည်လာပြီး ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက်နေ့ လွတ်လပ်ရေးအောင်ပွဲနေ့ကို အကြောင်းအမျိုးမျိုးကြောင့် မကျင်းပခဲ့ဖြစ်ကြောင့် ဖေဖော်ဝါရီလ (၂၀) ရက် ချင်းအမျိုးသားနေ့နှင့် တပေါင်းတည်းဖလမ်းမြို့တွင် အစပြုကျင်းပရခြင်းဖြစ်သည်။ ထိုညီလာခံတွင် ချင်းလူထု ငါးထောင်ကျော်တတ်ရောက်လျှက် နွားနောက်မ (၁) ကောင်၊ ရုပီ (၂၀)…

မသန်စွမ်းများ ဖွံ့ဖြိုးတိုးတတ်ဖို့ မိဘများတွင် အဓိက တာဝန်ရှိဟု DDI Director ဆို

မသန်စွမ်းများ ဖွံ့ဖြိုးတိုးတတ်ဖို့ မိဘများတွင် အဓိက တာဝန်ရှိဟု DDI Director ဆို

  မသန်စွမ်းများ ဖွံ့ဖြိုးတိုးတတ်ဖို့ မိဘများတွင် အဓိက တာဝန်ရှိကြောင်း  Disability Development Initiative Director Pu Sang Uk Cung က ဖေဖော်ဝါရီလ (၁) ရက်နေ့ ၌ ကလေးမြို့တွင်ကျင်းပသည့်  care giver training တွင် ပြောသည်။   Pu Sang Cung က  “ အဓိကတော့ မသန်စွမ်းမိဘတွေကို အဓိကထားတာဖြစ်တယ်။ မသန်စွမ်းမိဘတွေက ကိုယ့်ကလေး မသန်စွမ်းတွေကို ဘယ်လိုစောင့်ရှောက်မလဲဆိုတာ အားနည်းချက်အရမ်းရှိတယ်။ ပြည်သူ့ဆေးရုံက ဆရာမတစ်ယောက်ကိုလည်း ခေါ်ထားတယ်။ မသန်စွမ်းကလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ၊ စိတ်ပိုင်းဆိုင်ရာတွေကို ဘယ်လိုလုပ်မလဲဆိုတာကိုပြောပြပါတယ်။ ပြီးတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ မသန်စွမ်းဥပဒေအခြေအနေ…

ဒု-သမ္မတ ၏ ချင်းပြည်နယ် ခရီးစဉ်တွင် ဖလမ်းနှင့် ဟားခါး မြို့မိမြို့ဖများက အချက် ၁၂ချက် တောင်းဆိုမည်

ဒု-သမ္မတ ၏ ချင်းပြည်နယ် ခရီးစဉ်တွင် ဖလမ်းနှင့် ဟားခါး မြို့မိမြို့ဖများက အချက် ၁၂ချက် တောင်းဆိုမည်

နိုင်ငံတော် ဒု-သမ္မတ၏ ချင်းပြည်နယ် ခရီးစဉ်တွင် ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး ဖလမ်းမြို့မိမြို့ဖများမှ တောင်းဆိုချက် ၇ ချက်နှင့် ဟားခါးမြို့မိမြို့ဖများမှ အချက် ၅ ချက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရှီဗန်ထီးယူသည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ချင်းပြည်နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှူမည်ဖြစ်ပြီး အဆိုပါခရီးစဉ်၌ ဖလမ်းနှင့် ဟားခါးမြို့မိမြို့ဖများမှ ယခုကဲ့သို့ တောင်းဆိုရန်စီစဉ်ခြင်းဖြစ်သည်။ ဖလမ်းမြို့မိမြို့ဖ Pu Hrang Lawm က“အဓိကကျွန်တော်တို့ ဖလမ်းမြို့အနေဖြင့် ရိဒ်-ဖလမ်းမြို့ကြားတန် ၆၀ ခံနိုင်မည့် တံတားလေးစင်း၊ ရိဒ်မြို့ကို မြို့နယ်ရရှိဖို့၊ ဝေဘူလမြို့ ရရှိဖို့၊ စတွမ်ရွာတွင် နယ်စပ်ကုန်သွယ်ရေး ထားရှိဖို့၊ Letlet မှ Kabani လမ်းမကြီးကို…

ဖလမ်း (Sim) မျိုးနွယ်၏ ဗြိတိသျှတပ်အား တော်လှန်သည့်နှစ် ၁၀၀ ပြည့် အောက်မေ့ဖွယ်ကျောက်တိုင်စိုက်ထူပွဲ အခမ်းအနား ဒုသမ္မတ ဖွင့်လှစ်မည်

ဖလမ်း (Sim) မျိုးနွယ်၏ ဗြိတိသျှတပ်အား တော်လှန်သည့်နှစ် ၁၀၀ ပြည့် အောက်မေ့ဖွယ်ကျောက်တိုင်စိုက်ထူပွဲ အခမ်းအနား ဒုသမ္မတ ဖွင့်လှစ်မည်

ဖေဖ၀ါရီလ ၂ နေ့တွင် ကျင်းပမည့် ဖလမ်း (Sim) မျိုးနွယ်၏ဗြိတိသျှတပ်အား တော်လှန်ခဲ့သည့်နှစ် ၁၀၀ ပြည့် အောက်မေ့ဖွယ်ကျောက်တိုင်စိုက်ပွဲ အခန်းအနားကို နိုင်ငံတော် ဒု-သမ္မတ Henry Van Thio က ဖွင့်လစ်မယ် ဖြစ်ကြောင်း I Love Myanmar Director Pi Levi Sap Nei Thang ထံမှ သိရသည်။ Pi Levi Sap Nei Thang က “ ဒီအခမ်းအနားကိုဒုသမ္မတက လာရောက်ဖွင့်လှစ်ပေးမယ်။ ကျောက်တိုင်စိုက် ထူမယ့်နေရာကို ကျွန်မက ၀ယ်ထားတာဖြစ်တယ်။ အဲဒီနေရာကို ထိန်းသိမ်းဖို့အတွက် ဖြစ်မြောက်ရေး ကော်မတီတွေက တာဝန်ယူနိုင်ဖို့ကြိုးစားမယ်။ အခုလို…

ချင်းပြည်နယ်မြောက်ဖက်ပိုင်း တီးတိန်မြို့နယ် တွင် ခိုးဝင်ဘင်ဂါလီ ၄ ဦးဖမ်းမိ

ချင်းပြည်နယ်မြောက်ဖက်ပိုင်း တီးတိန်မြို့နယ် တွင် ခိုးဝင်ဘင်ဂါလီ ၄ ဦးဖမ်းမိ

ချင်းပြည်နယ်မြောက်ဖက်ပိုင်း၊ အိန္ဒိယနယ်စပ် တီးတိန်မြို့နယ်အတွင်း Mualbem ကျေးရွာ နှင့် Leidawh ကျေးရွာကြားတွင်  ဇန်န၀ါရီ ၂၉ ရက်နေ့၌ ခိုးဝင်ဘင်ဂါလီ ၄ ဦးဖမ်းမိခဲ့ကြောင်း ဖလမ်းခရိုင် ရဲစခန်းမှ ရဲအုပ် ၀င်းနိုင်ကပြောသည်။ ရဲအုပ် ၀င်းနိုင်က “ကျွန်တော်တို့က အမှုစစ်ရင်တောင် ဘူးသီးတောင်ဘက်က ဗမာစကားနဲ့ ဘင်ဂါလီ စကားရတဲ့သူကို ဖုန်းနဲ့လိုက်မေးနေရတယ်။ ဒါကဒီလိုပါ ဘင်ဂါလီ လူမျိုးတွေက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ကနေ အိန္ဒိယနိုင်ငံဘက်ကို သွားတာပေါ့၊ ဒီဖက်ကို တောလမ်းကနေ ခြေလျှင်နဲ့ဝင်ပြီး ရန်ကုန်ဖက်ကို အလုပ်လုပ်ဖို့ပါပဲ၊ အဲဒါလည်း စားဝတ်နေရေးကြောင့် ဖြစ်တာပေါ့၊ သူတို့ကလည်း ရိုးရိုးသားသားပါ စားဝတ်နေရေး မပြေလည်လို့ပါ၊ အခုသူတို့ကို လ၀က ကအမှုစစ်ဆေးနေတယ်၊ သူတို့စစ်ဆေးပြီးရင်တော့…

ဖလမ်းမြို့တွင်း ရေပေးဝေရေး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု သတ်မှတ်ချက်နှင့်မညီဟု (FHP) ဆို  

ဖလမ်းမြို့တွင်း ရေပေးဝေရေး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု သတ်မှတ်ချက်နှင့်မညီဟု (FHP) ဆို  

လိုင်ဗား ရေလှောင်တံမံမှ ဖလမ်းမြို့တွင်းသို့ ရေပေးဝေနိုင်ရေး တာဝန်ယူဆောင်ရွက်နေသည့် Authentic Company ၏ ရေပိုက်လိုင်းများသွယ်တန်းမှု စံချိန်မမီ ဟုဆိုကာ ဖလမ်းမျိုးနွယ် စောင့်ရှောက်ရေးအဖွဲ့ (FHP) မှ လုပ်ငန်းရပ်တန့်ပြီး၊ သက်မှတ်ချက်နဲ့အညီ ပြန်လည်ဆောက်လုပ်ဖို့ ပြည်နယ်အစိုးရထံတောင်း ဆိုကြောင်း သိရသည်။ ရေသွယ်ယူမှုနှင့်ပတ်သက်ပြီး www Company မှ အင်ဂျင်နီယာများမှ စစ်ဆေးခဲ့ရာ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရကြောင်း အဆိုပါအဖွဲ့ထံသို့ အင်ဂျင်နီယာများမှ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဖလမ်းမျိုးနွယ်စု စောင့်ရှေက်ရေးအဖွဲ့မှ ညှိနှိုင်းရေးမှုး Pu Khuang Lian က “ အင်ဂျင်နီယာ အဖွဲ့ကို အရည်အသွေးပြည်မီမှုရှိမရှိ တရားဝင်စစ်ဆေးခွင့် မထုတ်ပေးသေးတဲ့အတွက် ကျွှန်တော်တို့က အမြန်ဆုံးထုတ်ပေးဖို့ စာတင်ထားတယ်၊ တကယ်လို့…

ဟားခါးမြို့ ရေပေးဝေမှု အားနည်းချက်များရှိနေသေး

ဟားခါးမြို့ ရေပေးဝေမှု အားနည်းချက်များရှိနေသေး

ဟားခါးမြို့တွင်း သီမြစ်ချောင်းမှ ရေပေးဝေမှုတွင် အားနည်းချက်များရှိနေသေးကြောင်း  ချင်းပြည်နယ်စည်ပင် သာယာ ရေးညွှန်ကြားရေးမှုး ဦးထလာဟရဲ ကပြောသည်။ ဦး ထလာဟဲက “အချို့နေရာကတော့ အားနည်းချက်ရှိတာပေါ့၊ ရေလှောင်ကန် ၁၇ ကန်လုံးပြည့်အောင် ရေတင်ဖို့က ၃ ရက်လောက် ကျွှန်တော်တို့ အချိန်ကြာတယ်၊ ပြီးတော့ မြို့တွင်းအကုန်လုံး လျှပ်စစ် မီးသုံးလိုက်ရင် မီးအားကမနိုင်တော့ ရေတင်လို့မရဘူး၊ မီးသိပ်မသုံးတဲ့ချိန် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီကြားလောက်မှာပဲ မော်တာလည်နိုင်တယ်၊ ပြီးတော့ ရေမှာပါလာတဲ့ နူန်းရေကတော့ ကျွှန်တော်တို့ ပုံမှန်ရေတင်နိုင်ရင်တော့ သက်သာသွားမယ်” ဟု ပြောသည်။ ဟားခါးမြို့တွင်းသို့ သီမြစ်ချောင်းရေမှ ရေတင်ရာတွင် မြို့သို့အရောက် အဆင့်သုံးဆင့်ဖြင့် ရေတင်ခြင်းဖြစ်သည်။ ဟားခါးမြို့တွင်း…

ချင်းအမျိုးသမီးများ နှင့် အမျိုးသားများတန်းတူညီဖို့ အမျိုးသားများတွင် တာဝန်ရှိဟု CWON ဥက္ကဌ ဆို

ချင်းအမျိုးသမီးများ နှင့် အမျိုးသားများတန်းတူညီဖို့ အမျိုးသားများတွင် တာဝန်ရှိဟု CWON ဥက္ကဌ ဆို

ချင်းပြည်နယ်အတွင်းရှိ အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့် တန်းတူအခွင့်အရေးရရှိနိုင်ရေးမှာ  ချင်းအမျိုးသားများတွင် တာဝန်ရှိကြောင်း ချင်းအမျိုးသမီးများအဖွဲ့ကွန်ယက် ဥက္ကဌ Pi Sui Thluai Thang ကပြောသည်။ ချင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် ချင်းမီဒီယာများအကြားဆက်ဆံရေး ပိုမိုကောင်းမွန်လာရေး ဖိုရမ်တွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါဖိုရမ်တွင် အမျိုးသမီးအခွင့်အရေးဆိုင်ရာခေါင်းစဉ်နှင့်ပတ်သက်ပြီး ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်သည့် ကန်ပက်လက် အမျိုးသမီးအဖွဲ့အစည်းမှ မိုင်နိုမီထန်းကလည်း “ ချင်းပြည်နယ်အစိုးရနဲ့ လွှတ်တော်မှာ အမျိုးသမီးပါဝင်မှုကတော့ လုံးဝ သုံညပဲ။ နိုင်ငံရေး နဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေမှာလည်း အရမ်းအားနေနေတုန်းပဲ” ဟုပြောသည်။ အဆိုပါအမျိုးသမီးအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးရာတွင် ချင်းအက်ဥပဒေကိုလည်း စိစစ်ရန်လိုအပ်ကြောင်း၊ ထိုသို့ စိစစ်မှုပြုလုပ်ရာတွင် အမျိုးသမီးများလည်းပါဝင်သင့်ကြောင်း၊ အဓိက ချင်းအမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်လျှင် ချင်းအမျိုးသားများနှင့်များစွာသက်ဆိုင်ကြောင်း Pi Sui Thluai Thang…

CNDJC မှ ချင်းနိုင်ငံရေးပါတီများ နှုတ်ထွက်

CNDJC မှ ချင်းနိုင်ငံရေးပါတီများ နှုတ်ထွက်

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဦးဆောင်ကော်မတီ UPDJC  မှ အနိုင်မရသည့်ပါတီများဦးဆောင်ခွင့်နှင့် ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ခွင့်မရှိဟု ကန့်သတ်ထားသောကြောင့် ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ (CNDJC) မှ နှုတ်ထွက်ကြောင်း ထုတ်ပြန်ခဲ့သည်။ “ ဒီကိစ္စက ချင်းအမျိုးသားတပ်ဦးနဲ့မဆိုင်ဘူး။ UPDJC က အနိုင်မရတဲ့ပါတီကို ပါဝင်ဦးဆောင်ခွင့် မပေးတဲ့အပေါ် မမှန်ဘူးလို့ ယူဆလို့ ကျွန်တော်တို့ CNDJC ကနေနှုတ်ထွက်တာ ဖြစ်တယ်၊ CNDJC နာမည်နဲ့လည်း  ပင်လုံညီလာခံကိုလည်း တတ်မှာ မဟုတ်ဘူး” ဟု ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီအတွင်းရေးမှုး ဆလိုင်းငယ်ပီး ကပြောသည်။ ချင်းနိုင်ငံရေးပါတီများ ဖြစ်ကြသော ACNP, ENDP, KNP, CLD, CPP, ZNRDP နှင့် CNDP တို့သည် ဇန်န၀ါရီ…