Home » Archives by category » Sport

၂၁ ပင်လုံသို့ လူထုသဘောထားများ သယ်ဆောင်နိုင်ရန် လူထုတွေ့ဆုံဆွေးနွေးပွဲ CNF မှကလေးမြို့တွင်ပြုလုပ်

၂၁ ပင်လုံသို့ လူထုသဘောထားများ သယ်ဆောင်နိုင်ရန် လူထုတွေ့ဆုံဆွေးနွေးပွဲ CNF မှကလေးမြို့တွင်ပြုလုပ်

(၃) ကြိမ်မြောက် ၂၁ ပင်လုံညီလာခံသို့ ချင်းလူထုသဘောထားများသယ်ဆောင်နိုင်ရန်အတွက် ချင်းအမျိုးသားတပ်ဦး (CNF) မှ လူထုတွေ့ဆုံပွဲများ ပြုလုပ်လျက်ရှိပြီး ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ကလေးမြို့ COTR ဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။   “ အခု ကျွန်တော်တို့ လူထုတွေ့ဆုံပွဲကနေ ရလာတဲ့ လူထုသဘောထားတွေကို မကြာခင်ကျင်းပမယ့် ပင်လုံညီလာခံမှာ သယ်သွားဖို့ဖြစ်တယ်။ ဒီထဲမှာ ကျတော်တို့ ကဏ္ဍ ၄ ခုခွဲပြီးဆွေးနွေးတယ်၊ ဒီ ကဏ္ဍ ၄ ခုကို ပြန်ဆုပြီးယူသွားမယ်၊ နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ လူမှုရေး ကဏ္ဍ၊ သဘာဝနဲ့ သယံဇာတ ကဏ္ဍ တို့ကို အဓိက ဆွေးနွေးကြတာဖြစ်တယ်”ဟု ချင်းအမျိုးသား…

လက်ရှိအချိန်သည် အခွန်ငွေ တိုးမြှင့်ကောက်ခံရန် အချိန်အခါကောင်းဖြစ်ပြီဟု ချင်းစည်ပင်ညွှန်မှုးဆို

လက်ရှိအချိန်သည် အခွန်ငွေ တိုးမြှင့်ကောက်ခံရန် အချိန်အခါကောင်းဖြစ်ပြီဟု ချင်းစည်ပင်ညွှန်မှုးဆို

ချင်းပြည်နယ် စည်ပင်ဌာနအနေဖြင့် အခွန်ဖြင့်မရပ်တည်နိုင်သေးခြင်းမှာ အခွန်ပေးဆောင်သူမှာ ၁၀ ဦးလျှင် ၆ ဦးခန့်သာရှိနေသေးခြင်းကြောင့်ဖြစ်ပြီး ယခုခေတ်ခါသည်အခွန်ငွေ တိုးမြှင့်ကောက်ခံရန် အချိန်အခါ ကောင်း ဖြစ်သည် ဟု ပြည်နယ်စည်ပင်ညွှန်ကြားရေးမှုး ဦးထလာဟရဲကပြောသည်။ ဦးထလာဟရဲက “ ချင်းတောင်မှာက လူ ၁၀ ယောက်မှာ ၆ ယောက်ပဲ အခွန်ပေးတယ်။ လေးယောက်လောက်ကမပေးဘူး။ မပေးတာက မသိလို့လည်းဖြစ်တယ်။ သိသိကြီးနဲ့မပေးတာလည်းရှိတယ်။ အခွန်ရှောင်တာပေါ့။ အခွန်ကိုတော့ ပိုပြီးပေးသင့်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က အခွန်ကို ဥပမာ ရေခွန်ကို တစ်သောင်း၊ နှစ်သောင်းလို့သတ်မှတ်လို့မရဘူး။ အဆင့်ဆင့်လုပ်ပြီး ပြည်နယ်အစိုးရက အတည်ပြုပေးမှပဲ ကျွန်တော်တို့သတ်မှတ်တဲ့အတိုင်းကောက်လို့ရမှာ။ ဒါကြောင့် အခွန်လည်း ပမာဏပိုများဖို့လိုတယ်။ အခုက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် လောက်ကပမာဏနဲ့ကောက်တာဖြစ်တယ်။…

ပလက်ဝ ကပြောသော အနာဂတ် ချင်းနိုင်ငံရေး

ပလက်ဝ ကပြောသော အနာဂတ် ချင်းနိုင်ငံရေး

(ဆလိုင်းကျဲအိုဘိခ်ထောင်) ၁။ ချင်းနိုင်ငံရေးပြဿနာ??? ချင်းလူမျိုးအတွင်းရှိ မျိုးနွယ်စု နှင့်မြို့နယ်တိုင်းတွင် ကိုယ်စီပြဿနာ သောင်းခြောက်ထောင် ရှိနေကြရာ ပလက်ဝသည်လည်း ခြွှင်းချက်မဟုတ်ပါ။ ပလက်ဝပြဿနာသည် အဆိုးဝါးဆုံးဖြစ်ချင်မှဖြစ်မည်။ သို့သော် သူ့ရဲ့ မဟာဗျူဟာကျသော အနေအထား (Strategic Location) နှင့် လူမှုရေး ရှုပ်ထွေးမှုတစ်ချို့ကြောင့် ပလက်ဝသည် အခန့်မသင့်လျှင် ၁၃၉၀၀၆ စတုရန်းမိုင်ရှိသော ယနေ့ချင်းပြည်နယ် မြေပုံပြင်လျှင် ပြောင်းလဲ စေနိုင်သည့် အက်ကြောင်းလေးများပေါ်နေပြီလားဟု တွေးပူစရာများတွေ့ရှိရသောကြောင့် ဤဆောင်းပါး ရေးသားခြင်းဖြစ်သည်။ စာရေးသူ၏ အစိုးရိမ်လွန်ကဲမှုသက်သက်လည်းဖြစ်နိုင်ပါသည်။ ယင်းသို့သာ ဖြစ်ပါစေလို့လည်း ဆုတောင်းမိပါသည်။ (က)  သီးခြား Unit တစ်ခုဖန်တီးလိုသည့်အက်ကြောင်း။      ။ မကြာသေးခင်က ပေါ်ပေါက်လာသည့် ပါတီသစ်တစ်ခု၏ မူဝါဒတွင် “ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်…

မြို့ပြစီမံကိန်း အပေါ် ဒေသခံများ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စီမံကိန်းဆက်လက်ဆောင်ရွက်မည်

မြို့ပြစီမံကိန်း အပေါ် ဒေသခံများ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စီမံကိန်းဆက်လက်ဆောင်ရွက်မည်

ဖလမ်းမြို့နှင့်ဟားခါးမြို့များတွင် အစိုးရအကောင်အထည်ဖော်မည့် မြို့ပြစီမံကိန်းအသစ်ကို မကျေနပ်တဲ့အတွက် မြေပိုင်ရှင်တွေက ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်ညွှန်ကြားရေးမှုး ဦးထလာဟရဲကပြောသည်။ ဦးထလာဟရဲက “ ဆန္ဒဖော်ထုတ်ခဲ့သူတွေလည်း သူတို့လွတ်လပ်ခွင့်နဲ့ ဆန္ဒဖော်ထုတ်တယ်။ အခုမြို့ပြစီမံကိန်း အတွက်က နေပြည်တော်မှာ နောက်ဆုံးအဆင့်ရောက်နေပြီ။ လွှတ်တော်ကလည်း အတည်ပြုထားပြီ။ ကျွန်တော်တို့ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်။ ဆန္ဒပြတဲ့သူတွေအနေနဲ့ စီမံကိန်း ဧရိယာမှာ မြေပိုင်တဲ့သူတွေ ဆိုရင် အဲဒီစီမံကိန်းအသစ်နေရာမှာ သူတို့မြေကိုပြန်ရမှာဖြစ်တယ်” ဟုဦးထလာဟရဲက ပြောသည်။ မြို့ပြစီမံကိန်းချဲ့ခြင်းကို မကျေနပ်သည့်အတွက် ဟားခါးမြို့၌ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဆန္ဒဖော် ထုတ်ခဲ့ကြသကဲ့သို့ ဖလမ်းမြို့၌လည်း  နိုဝင်ဘာလ ၂ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ယနေ့အချိန်ထိ ချင်းတောင်ဒေသအနှံ့တွင် ဘိုးဘွးပိုင်နယ်မြေကိစ္စနှင့် အငြင်းပွားမှုများရှိနေပြီး ဒေသခံများအနေဖြင့် ဘိုးဘွားပိုင်နယ်မြေများတွင်…

ချင်းပါတီပူးပေါင်းရေးအပေါ် ချင်းလူမှုအဖွဲ့အစည်းအချို့၏ အမြင်သဘောထားဘယ်လိုရှိသလဲ

ချင်းပါတီပူးပေါင်းရေးအပေါ် ချင်းလူမှုအဖွဲ့အစည်းအချို့၏ အမြင်သဘောထားဘယ်လိုရှိသလဲ

ဦးသဲရ ( Chin Human Rights Organization) ကျွန်တော့်အထင်တော့ နိုင်ငံရေးအရ ကျွန်တော်တို့လူမျိုးအနေနဲ့ ဘုံရပ်တည်ချက်ရှိလာနိုင်မယ်။ အဲလိုရှိလာနိုင်တယ်ဆိုရင် နောက်ပိုင်းမှာ ကျွန်တော်တို့နိုင်ငံရေးနဲ့ပတ်သက်ပြီး အလုပ်လုပ်တဲ့အချိန်မှာ အင်အားလည်းပိုရှိလာမယ်။ ပြီးတော့ စည်းလုံးမှုလည်းပိုရှိလာနိုင်မယ်။ ဒါကြောင့် ချင်းပါတီတစ်ခုအဖြစ် ရှိလာဖို့က ကျွန်တော်တို့လူမျိုးအနေနဲ့လိုအပ်နေတာလည်းရှိတယ်။ အခုလိုကွဲကွဲပြားပြားရှိနေမယ်ဆိုရင်တော့ ကျွန်တော်တို့မစည်းလုံးရာလည်းကျတယ်။ ဒါကြောင့် အဖြစ်နိုင်ဆုံး ပါတီခေါင်းဆောင်တွေအနေနဲ့ ပုဂ္ဂိုလ်ရေးတွေကို ထားခဲ့ပြီး ချင်းတစ်မျိုးသားလုံးအတွက် စဉ်းစားလုပ်ဆောင်ဖို့လည်း တိုက်တွန်းချင်ပါတယ်။           ဦးယာကုန်ထန် ( Chin Zone Coordinator , Gaia Institute ) ချင်းပါတီတွေပူးပေါင်းနိုင်ဖို့ဆိုရင် သူတို့ထားတဲ့စံတန်ဖိုးတွေမတူဘူးဆိုရင်တော့ ခက်ခဲမှုတွေတော့ ရှိနိုင်ပါတယ်။ ဒါကြောင့်…

ပလက်ဝမြို့သို့ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးများ၏ ထောက်ခံချက်ဖြင့်သာ ဆန်တင်ပို့နိုင်မည်

ပလက်ဝမြို့သို့ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးများ၏ ထောက်ခံချက်ဖြင့်သာ ဆန်တင်ပို့နိုင်မည်

ဇန်န၀ါရီလ (၂၀) ရက်နေ့မှစပြီး ကျေးရွာအုပ်ချုပ်ရေးမှုး နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးထောက်ခံစာဖြင့်သာ ပလက်ဝမြို့ပေါ်သို့ ဆန်များပြန်လည်တင်ပို့နိုင်မည်ဖြစ်ကြောင်းပလက်ဝမြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်တန်ကပြောသည်။ ဦးအိုက်တန်က “  ဒီဇင်ဘာလ (၂) ရက်နေ့ကစပြီး လူတစ်ယောက်ကို ဆန်နှစ်အိတ်နှုန်းနဲ့စစ်ဆေးတာတွေရှိခဲ့တယ်။ အဲဒါတွေကို ပြည်သူတွေက စိတ်ပူတာပေါ့။ ကန့်သတ်တာမကောင်းဘူးဆိုတာမျိုးပေါ့။ မြန်မာတပ်မတော်ဖက်ကလည်း မသမာတွေဆီရောက်မှာစိုးလို့ပေါ့။ မနေ့က ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ စည်ပင်ဝန်ကြီးအိုင်ဇက်ခင်တို့နဲ့အတူ ၂၈၉ ဗျူဟာမှုးနဲ့ သွားရောက်ညှိနှိုင်းတယ်။ အခုတော့ ကျေးရွာအုပ်ချုပ်ရေးမှုးထောက်ခံစာနဲ့ မြို့နယ်အုပ်ချုပ်ရေးမှုးထောက်ခံစာနဲ့ ကျေးရွာအတွက်စားသုံးဖို့ဆိုရင်  အဆင်ပြေတယ်လို့ပြောလို့ရတယ်။ ကုန်သည်တွေအတွက်တော့ မရသေးဘူး” ဟုပြောသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား စစ်ပွဲဖြစ်ပွားခြင်းကြောင့် ဆန်များတင်ဆောင်ရန် ကန့်သတ်မှုရှိလာခဲ့ပြီး ပလက်ဝမြို့ပေါ်တွင် ကုန်ဈေးနှုန်းမြင့်တက်မှုလည်း ဖြစ်ပေါ်လျက်ရှိသည်။ ဦးအိုက်တန်က “ ဆန်က နှစ်သောင်းခွဲတန်က သုံးသောင်းကျော်အထိဈေးတက်တယ်။…

ကျပ်သိန်းခြောက်ထောင်ကျော်တန်ဖိုးရှိ ဆေးရုံပစ္စည်းပေးအပ်ပွဲ ယနေ့ ဖလမ်းပြည်သူ့ဆေးရုံတွင်ကျင်းပ

ကျပ်သိန်းခြောက်ထောင်ကျော်တန်ဖိုးရှိ ဆေးရုံပစ္စည်းပေးအပ်ပွဲ ယနေ့ ဖလမ်းပြည်သူ့ဆေးရုံတွင်ကျင်းပ

အမေရိကအခြေစိုက်ဖလမ်း(ချင်း) အသိုင်းအ၀ိုင်းမှ အလှူရှင်များနှင့်အတူ  ပြည်တွင်းအလှူရှင်များ ထောက်ပံ့မှုဖြင့် ဖလမ်းမြို့ပြည်သူ့ဆေးရုံ၏ ကျပ်သိန်း ခြောက်ထောင်ကျော်တန်ဖိုးရှိ လိုအပ်သည့်အ ထောက်အပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ ဖလမ်းပြည်သူ့ဆေးရုံတွင်  ကျင်းပခဲ့ကြောင်းသိရသည်။ ယခုဖလမ်းပြည်သူ့ဆေးရုံထောက်ပံ့သည့်အစီအစဉ်(Lailun Project)၏ ဒါရိုက်တာမှာ အမေရိကနေ ဖိလစ်ထွန်းနှင့် လက်ထောက်ဒါရိုက်တာ ဆရာထန်းမွေတို့ဖြစ်ပြီးအဆိုပါပုဂ္ဂိုလ်နှစ်ဦးမှ ပြည်တွင်း၊ ပြည်ပ အလှူရှင်များကို ချိတ်ဆက်မှုဖြင့် ယခုကဲ့သို့ထောက်ပံ့နိုင်ခဲ့ခြင်းဖြစ်သည်။အလှူရှင်များအနေဖြင့် အမေရိကအခြေစိုက် ဖလမ်း(ချင်း) ဘာသာရေးအဖွဲ့အစည်းများ၊ မြန်မာပြည် ထိပ်တန်းကုမ္ပဏီ ၄၀ ကျော်ဖြင့်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းအပြင်၊ အခြားပြည်တွင်း ကုမ္ပဏီများပူးပေါင်းပြီး ထောက်ပံ့ခြင်းဖြစ်သည်။ဖလမ်းပြည့်သူ့ဆေးရုံထောက်ပံ့သည့်အစီအစဉ်၏ လက်ထောက်ဒါရိုက်တာဖြစ်သူ ဆရာထန်းမွေးက “ ပစ္စည်းတွေကို အတိအကျတန်ဖိုးကိုတွက်ချက်ဖို့တော့ ခက်တယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီက ရောင်းတာမဟုတ်ဘူး။ သူတို့လှူမယ့်နေရာရဲ့ လိုအပ်ချက်တွေကို အလှူရှင်တွေကိုယ်တိုင်က ကွင်းဆင်းအရင် လေ့လာတယ်။…

ပိုမိုရှုပ်ထွေးလာနိုင်မည့် ချင်း နှင့် စစ်ကိုင်းနယ်နိမိတ်ပြသနာအရေး

ပိုမိုရှုပ်ထွေးလာနိုင်မည့် ချင်း နှင့် စစ်ကိုင်းနယ်နိမိတ်ပြသနာအရေး

ရေး – CL ထန်းငါ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်နိမိတ်အားယခင်အစိုးရအနေဖြင့် တိုင်းတာသတ်မှတ်ထားခဲ့သည်ဟုဆို သော်လည်း တိတိကျကျသတ်မှတ်ထားမှုမရှိခြင်းနှင့် စိုက်ထူခဲ့သော နယ်နိမိတ်ဘုတ်တိုင်များကိုထိန်းသိမ်းခြင်းမရှိခဲ့ သောကြောင့် ဒေသခံပြည်သူများအကြားမြေယာအငြင်းပွားမှု၊ မြေပိုင်အငြင်းပွားမှု ပြဿနာများ ရင်ဆိုင်ကြုံတွေ့နေကြရကြောင်းသိရသည်။ တစ်လောလေးကပင် “ချင်းပြည်နယ်” ဆိုသည့် ဘုတ်တိုင်အား ကလေးတက္ကသိုလ်အကျော်တွင် စိုက်ထူးရေးလုပ်ငန်းဆောင်ရွက်စဉ် စစ်ကိုင်းတိုင်း နယ်နိမိတ်တွင် ပါဝင်သည်ဟု အငြင်းပွားမှု ရှိခဲ့သေးသည်။ ယခုအခါ နှစ်ဖက်နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများအနေဖြင့် ယခင်ကတည်းက အသက် မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်သော ဘိုးဘွားပိုင် လယ်ယာမြေ၊ရွာမြေတို့အား နစ်နာဆုံးရှုံးလျက်ရှိသည့်အပြင်လယ်ယာလုပ်ကိုင်ရန်စိုးရိမ်မှုများစွာနှင့် ရင်ဆိုင်နေကြရသည်ဟုချင်းတောင်ဒေသ သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့၏လေ့လာမှုစစ်တမ်းအရ သိရသည်။ နယ်နိမိတ်မျဉ်းနှင့် စပ်လျဉ်း၍ ယခင်ကရှင်းရှင်းလင်းလင်းရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ ပျက်စီးခဲ့ရခြင်းသည်တောရိုင်း၊ လယ်ရိုင်းများကို လယ်မြေအဖြစ် ဖော်ထုတ်ရင်း…

ခြောက်လအတွင်း အဖြေထွက်မယ့် ချင်းပါတီ ပူးပေါင်းရေး

ခြောက်လအတွင်း အဖြေထွက်မယ့် ချင်းပါတီ ပူးပေါင်းရေး

ရေးသားသူ – Salai Hung Tun Gei “ကျွန်တော်တို့ပါတီအနေနဲ့ ထုတ်ပြန်တာ က မပေါင်းဘူးလို့မဟုတ်ဘူး။  ဒီဟာတွေလက်ခံမှ ပေါင်းမယ်ဆို တာမျိုးလည်းမဟုတ်ဘူးလေ။ ဒါက ကျွန်တော်တို့ပါတီရဲ့အဆိုပြုချက်ဖြစ်တယ်” ချင်းပါတီပူးပေါင်းရေးနဲ့ ပတ်သက်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) အနေနဲ့ ပါတီညီလာခံကနေ သဘောထားထုတ် ပြန်ချက်အပေါ် ဝေဖန်မှုရှိတွေရှိနေတဲ့အတွက် CLD ရဲ့ ပြောရေးဆိုခွင့်ရှိ ဦးအောင် လိန်းကအထက်ပါအတိုင်း ပြောတာဖြစ်ပါတယ်။ အခုအခြေအနေအရ ချင်းပါတီ ၃ ခု ပူးပေါင်းနိုင်ရေးမှာ မတူညီတဲ့ သဘောထား၊ အဆိုပြုချက်လေးတွေကတော့ ရှိနေဆဲဖြစ်နေပါတယ်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပူးပေါင်းရေးကိစ္စနဲ့ပတ်သက်ရင် ခြောက်လအတွင်း မူဝါဒတွေအရင်ရေးဆွဲချမှတ်ပြီး မဟာမိတ်ဖွဲ့ရေး နဲ့ ပူးပေါင်းရေးကိစ္စကို တစ်ခါတည်းဆွေးနွေးဖို့ အဆိုပြု လာတာဖြစ်ပါတယ်။ အရင်ကမဟာမိတ်ဖွဲ့ရေးကို…

ကလေးတက္ကသိုလ်ဘွဲ့လျှောက်လွှာများ ရယူနိုင်ပြီ

ကလေးတက္ကသိုလ်ဘွဲ့လျှောက်လွှာများ ရယူနိုင်ပြီ

၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကလေးတက္ကသိုလ်၌ တက်ရောက်ပြီးစီးသူများအနေဖြင့်   ဒီဇင်ဘာလ (၇) ရက်နေ့မှစတင်ပြီး ဘွဲ့နှင်းသဘင်အတွက် လျှောက်လွှာများယူရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ ကလေးတက္ကသိုလ် ဒသနိကဌာန လက်ထောက်ကထိက ဆရာဗန်နွန်ဟမ်က “ဧကာဒသမအကြိမ်မြောက်  ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်” ဟုပြောသည်။ လျှောက်လွှာကိုဒီဇင်ဘာလ ၂၈ ရက်နေ့(ကြာသပတေးနေ့) နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာများကို ကလေးတက္ကသိုလ် သင်တန်းရေးရာဌာန ၌ ထုတ်ယူရမည်ဖြစ်သည်။ လျှောက်လွှာလျှောက်ထားရာတွင် ခြောက်လအတွင်းရိုက်ကူးထားသည့် (မြန်မာ/တိုင်းရင်းသား/အနောက်တိုင်း) ၀တ်စုံများမှ ကြိုက်နှစ်သက်ရာ ၀တ်စုံဖြင့်ပါတ်စပို့ပုံ (၃) ပုံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူနှင့်အတူ ပူးတွဲလျက်လျှောက်ထားရမည်ဖြစ်သည်။ ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်မတိုင်မီ ဘွဲ့ရရှိခဲ့သူများသည် တက်ရောက်ဘွဲ့လျှောက်ထားရန်မလိုပဲ အဝေးရောက် ဘွဲ့သာ လျှောက်ထားရမည်ဖြစ်သည်။…

1 2 3