Home » Archives by category » Burma News

တိုင်းရင်းသားနယ်မြေမှ မြန်မာစစ်တပ်ဆုတ်ခွါရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ထုတ်ပြန်

တိုင်းရင်းသားနယ်မြေမှ မြန်မာစစ်တပ်ဆုတ်ခွါရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ထုတ်ပြန်

အစိုးရစစ်တပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် မြန်မာပြည်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့(AA, KIA, TNLA, MNDAA) မှ အစိုးရစစ်တပ်အနေဖြင့် ထိုးစစ်များရပ်တန့်ပြီး တိုင်းရင်းသားနယ်မြေမှ ထွက်ခွါသွားရန်ဒီဇင်ဘာလ (၄) ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။ ထုတ်ပြန်ကြေညာချက်တွင် စစ်မှန်ပြီး မျှတသည့် နိုင်ငံရေးဆွေးနွေးပွဲအတွက် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့အနေဖြင့် စစ်ပွဲရပ်စဲရန် အသင့်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ (၄) ရက်နေ့က ထုတ်ပြန်သည့်ကြေညာချက်တွင် အဓိက အချက်ငါးချက်ပါရှိပြီး မြန်မာစစ်တပ် အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တပ်ရပ်စဲကြောင်းကြေညာရန်၊ လက်နက်ကိုင် ပဋိပက္ခချုပ် ငြိမ်းရန်အတွက် နိုင်ငံရေးတွေ့ဆုံအဖြေရှာသည့် နည်းလမ်းအမြန်စတင်ရန်၊ နယ်စပ်တွင် တိုက်ပွဲဖြစ် နေခြင်းဖြစ် သဖြင့် တိုက်ပွဲများချုပ်ငြိမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကြားဝင်ညှိနှိုင်းပေးရန်စသည့် အချက်များလည်းပါရှိသည်။ ကချင်၊ ကိုးကန့်၊…

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် ရန်ကုန်မြို့သို့ရောက်ရှိ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် ရန်ကုန်မြို့သို့ရောက်ရှိ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် သည် အဖွဲ့ဝင်နှစ်ဦးနှင့်အတူ ယနေ့ ညနေ ၃ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန်သည် ၎င်း၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နှင့် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ပြီး ရန်ကုန်မြို့မှတစ်ဆင့် စက်တင်ဘာ ၉ ရက်တွင် ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ Ref: MOI…

အိန္ဒိယဆရာဝန်များက တမူးမြို့၌ အခမဲ့ဖြစ် ရောဂါဆယ်မျိုးဆေးကုသနိုင်ရန်လာရောက်ညိုနှိုင်း

အိန္ဒိယဆရာဝန်များက တမူးမြို့၌ အခမဲ့ဖြစ် ရောဂါဆယ်မျိုးဆေးကုသနိုင်ရန်လာရောက်ညိုနှိုင်း

ဆလိုင်းလာလ်နွန်အုပ် အိန္ဒိယနိုင်ငံ အင်ဖားမြို့ရှိ Shija ဆေးရုံမှဆရာဝန်များက တမူးမြို့တွင်အခမဲ့ဆေးကုသပေးရန် သြဂုတ် လ ၂၈ ရက်နေ့တွင် တမူးမြို့ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ညိုနှိုင်းခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါ အခမဲ့ဆေးကုသမှုကို လာမည့်အောက်တိုဘာလအတွင်းကုသနိုင်ရန်သဘောတူထားပြီး၊ နှစ်ရက် သို့မဟုတ် သုံးရက်ကြာ ဆေးကုသသွားမည်ဖြစ်ပြီး နှုတ်ခမ်းကွဲရောဂါအပါအဝင် ရောဂါဆယ်မျိုးကုသပေးသွားမည်ဟုသိရသည်။ “ဆေးရုံအုပ်က တမူးဘက်မှာလာပြီးမှ အခမဲ့ဆေးကုသပေးမယ်လို့ကမ်းလှမ်းတယ်။ ကျွန်တော်တို့လည်း ဆေးကောင်စီဆီမှာခွင့်ပြုချက်တင်ပြီး ခွင့်ပြုချက်ရမှအခမဲ့ဆေးကုသနိုင်မယ်။ သူတို့ကတော့နှစ်ရက်လို့ပြောထားပေမယ့် ကျွန်တော်တို့က သုံးရက်ထိကုပေးဖို့တောင်းဆိုတယ်။  ဘယ်ဒေသကပဲ လာလာအခမဲ့ကုသပေးမယ်။ ဒုတိယအကြိမ်ထပ်တွေ့တဲ့ချိန်မှပဲ အသေးစိပ်ထပ်ဆွေးနွေးမယ်”ဟု တမူးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးကပြောသည်။ ယခုကဲ့သို့ အိန္ဒိယနိုင်ငံဘက်ခြမ်းမှ တမူးမြို့သို့ အခမဲ့ဆေးကုသခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခင်တွင် အဆိုပါဆေးရုံက မုံရွာ၊ မန္တလေးစသည့်မြို့များတွင် အခမဲ့ဆေးကုသခဲ့ဖူးကြောင်းသိရသည်။…

လိပ်ကျွန်း လူသတ်မှု အယူခံလွှာတွင် မျိုးဗီဇ (DNA) နှင့် ပတ်သက်ပြီး အဓိက တင်ပြထား

လိပ်ကျွန်း လူသတ်မှု အယူခံလွှာတွင် မျိုးဗီဇ (DNA) နှင့် ပတ်သက်ပြီး အဓိက တင်ပြထား

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး သေဒဏ်ချခံထားရသော မြန်မာနိုင်ငံသား ၂ ဦးအမှုအတွက် ယနေ့ တရားရုံးက လက်ခံလိုက်သည့် အယူခံလွှာတွင် မျိုးဗီဇ (DNA) ဆိုင်ရာကို အဓိက တင်ပြထားကြောင်း သိရှိရသည်။ အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် ခိုင်လုံသော သက်သေ၊ အထောက်အထားများ တင်ပြနိုင်ရန် အချိန်ယူပြင် ဆင်ခဲ့သော ထိုင်းရှေ့နေများကောင်စီက DNA စစ်ဆေးချက်များနှင့် ပတ်သက်၍ အဓိကထား တင်ပြခဲ့ကြောင်း ရှေ့နေအဖွဲ့ ခေါင်း ဆောင် မစ္စတာ နခေါ်န် ချုမ်ဖူချာတ် က ပြောသည်။ မစ္စတာ နခေါ်န်ချုမ်ဖူချာတ် က “ကျနော်တို့က အဓိကတင်တာက DNA နဲ့ ပတ်သက်ပြီး တင်တယ်။…

သံတွဲ- မအီစစ်ကြောရေးဂိတ်၌ စိတ်ကြွဆေး ၄သိန်းကျော်ဖမ်းဆီးရမိ

သံတွဲ- မအီစစ်ကြောရေးဂိတ်၌ စိတ်ကြွဆေး ၄သိန်းကျော်ဖမ်းဆီးရမိ

သံတွဲခရိုင် မအီမြို့ စစ်ကြောရေးဂိတ်တွင် မတ် ၇ ရက်က စိတ်ကြွ ရူးသွပ်ဆေးပြား ၄သိန်း ၅သောင်း အား သယ်ဆောင်လာသည့်ယာဉ်တစ်စီးအား ဖမ်းဆီး ရမိခဲ့ကြောင်း အစိုးရသတင်းတွင်ဖော်ပြထားသည်။ ဖြစ်စဉ်မှာ သံတွဲခရိုင် မအီမြို့ စစ်ကြောရေးဂိတ်တွင် မတ် ၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အမ်းမြို့နယ် မူးယစ်တပ်ဖွဲ့မှ ရဲအုပ်သက်နိုင်အဖွဲ့၊ မအီမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဝင်များသည် တောင်ကုတ်မှ မအီသို့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံ မြို့နယ် (၃၂)ရပ်ကွက်နေ ဦးသိန်းကျော် (ယခင်အမ်းမြို့ နယ် တလိုင်းတောင်ကျေးရွာဇာတိ) မောင်းနှင်လာသော YGN-2L/—- (ဟွန်ဒိုင်း)အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအံဝှက်အတွင်းမှ အဝါရောင်အထုပ် ၄၅ ထုပ်အား…

မြန်မာအစိုးရ အကူအညီလိုဟု အင်ဒိုရောက် ငါးဖမ်းလုပ်သားများ ပြော

မြန်မာအစိုးရ အကူအညီလိုဟု အင်ဒိုရောက် ငါးဖမ်းလုပ်သားများ ပြော

အင်ဒိုနီးရှားနိုင်ငံ အမ်ဘုံကျွန်းရှိ ငါးဖမ်းစက်လှေများပေါ်သို့ ထိုင်းနိုင်ငံမှတဆင့် လူကုန်ကူးခံခဲ့ရသည့် မြန်မာငါးဖမ်းလုပ်သားများမှာ ဒုက္ခရောက်နေသဖြင့် မြန်မာအစိုးရ၏ အကူအညီဖြင့် ၄င်းတို့ကို အမြန်ဆုံးကယ်ဆယ် ပေးစေလိုကြောင်း ယင်းလူကုန်ကူးခံထားရ သူများက ဧရာဝတီသို့ ပြောသည်။ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှ အင်ဒိုနီးရှားနိုင်ငံ ငါးဖမ်းစက်လှေများသို့ လူကုန်ကူးခံခဲ့ရသည့် ကိုဇော်ဆိုသူက“ကျနော်တို့တွေ စားဝတ်နေရေး ဒုက္ခရောက်နေလို့ သံရုံးကိုသွားပြီး ကိုလွင်ဦးဆိုသူကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် အခုထိ အကြောင်း မပြန်ဘူး”ဟု ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံမှ အစိုးရ တာဝန်ရှိသူများကလည်း ၄င်းတို့ဆီက နေရပ်လိပ်စာ၊ မိဘလိပ်စာများ တောင်းယူထားပြီး ဖြစ်သော်လည်း ထူးခြားမှု မရှိသေးကြောင်း၊ သို့သော် တခြားသူများ မြန်မာပြည်ပြန်ခွင့် ရကြသော်လည်း ၄င်းတို့အုပ်စုမှာ ကျန်နေခဲ့ကြောင်း၊ ယခုလက်ရှိ…

သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်ရေး လမ်းညွှန်ချက် ဖြန့်ဝေ

သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်ရေး လမ်းညွှန်ချက် ဖြန့်ဝေ

နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးချယ်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ပယ်မဲမဖြစ်အောင် သတိထားသင့်တဲ့ အချက်တွေနဲ့ ဆန္ဒမဲလက်မှတ်ပုံစံတွေကို လွှတ်တော်ရုံးအသီးသီးက လွှတ်တော်ကိုယ်စားလှယ်အားလုံးထံ ဒီနေ့ ဖြန့်ဝေလိုက်ပါတယ်။ ဆန္ဒမဲပေးတဲ့အခါ ပယ်မဲမဖြစ်အောင် သတိပြုနိုင်ဖို့အတွက် ဖြန့်ဝေတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် က ပြောပါတယ်။ “ပြည်သူ့လွှတ်တော် နည်းဥပဒေမှာ ပြဌာန်းထားပြီးသားပါ၊ အဲ့ဒီ သမ္မတလောင်းရွေးချယ်လို့ တစ်ဦးထက်ပိုလာရင် ဆန္ဒမဲလက်မှတ်စနစ်ကိုနဲ့ အသုံးပြုပါမယ်၊ ၇ ချက်ကတော့ ပယ်မဲဖြစ်မယ့်အကြောင်းပေါ့၊ ကျန်တာကတော့ အမှန်ခြစ်ပါရင် ထောက်ခံမဲပေါ့” ပယ်မဲဖြစ်နိုင်တဲ့ ဆန္ဒမဲလက်မှတ်တွေက တစ်ဦးထက်ပိုပြီး ထောက်ခံဆန္ဒပြုထားတဲ့ လက်မှတ်၊ ဘယ်သူ့ကိုမှ ဆန္ဒမပြုထားတဲ့ လက်မှတ်၊ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် လက်မှတ်မပါတဲ့ ဆန္ဒမဲလက်မှတ် စတာတွေဖြစ်တယ်လို့ သိရပါတယ်။…

ကလေးမြို့နယ် ရာဇဂြိုဟ် ၁ အကျဉ်းဦးစီးဌာနမှ အကျဉ်းသား ၁၁ ဦးထွက်ပြေး

ကလေးမြို့နယ် ရာဇဂြိုဟ် ၁ အကျဉ်းဦးစီးဌာနမှ အကျဉ်းသား ၁၁ ဦးထွက်ပြေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ် ၁ အကျဉ်းဦးစီးဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် အကျဉ်းသားများက ရေမြောင်းများ၊ လယ်ကွက်များပြုပြင်ခြင်း လုပ်ငန်းများ လုပ်ကိုင်စဉ် အကျဉ်းသား ၁၁ ဦး ထွက်ပြေးရာ ရှစ်ဦး လွတ်မြောက်သွားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ယင်းစခန်းတွင် စီမံကိန်း စိုက်ပျိုးရေးရာသီမတိုင်မီ အကျဉ်းစခန်းနှင့် ကပ်လျက်ရှိသော ရေမြောင်းများ ပြုပြင်ခြင်း၊ လယ်ကွက်များပြုပြင်ခြင်း လုပ်ငန်းများ ကို မတ်လ ၇ ရက်နေ့က လုပ်ကိုင်စဉ် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။ “လောလောဆယ်တော့ သုံးဦးပဲ ဖမ်းမိသေးတယ်။ ထွက်ပြေးသွားတဲ့သူတွေ ပြန်လည်ဖမ်းဆီးရမိဖို့ မြို့နယ်ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက…

အစိုးရ အဖွဲ့တွင် ပါဝင်ရေး NLD က SNLD ကို ကမ်းလှမ်းထားဟုဆို

အစိုးရ အဖွဲ့တွင် ပါဝင်ရေး NLD က SNLD ကို ကမ်းလှမ်းထားဟုဆို

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က တင်မြှောက်ခွင့်ရရှိမည့် ဒုသမ္မတ ၁ နေရာ သို့မဟုတ် အစိုးရ အဖွဲ့တွင်  ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ကို ကမ်းလှမ်းထားကြောင်း SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဧရာဝတီ သို့ပြောသည်။ ဇန်န၀ါရီလကတည်းက  NLD က SNLD ကို ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း၊ SNLD သည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲ အနိုင်ရရှိထားသော တိုင်းရင်းသားပါတီ ၁ ခုဖြစ်ပြီး စစ်အစိုးရလက်ထက်တွင် NLD နှင့် မဟာမိတ်အဖြစ် တလျှောက် လုံး ရပ်တည်ခဲ့သော တိုင်းရင်းသား မဟာမိတ်ပါတီဖြစ်ကြောင်း သိရှိရသည်။ လတ်တလော အနေအထားအရ SNLD …

လာဘ်စားမှုဖြင့် တိုင်ကြားခံရသော စစ်ကိုင်းတိုင်း ရဲမှူးကြီးနေဒွန်းအား ချင်းပြည်နယ်ရဲမူးကြီးအဖြစ်ပြောင်းရွေ့

လာဘ်စားမှုဖြင့် တိုင်ကြားခံရသော စစ်ကိုင်းတိုင်း ရဲမှူးကြီးနေဒွန်းအား ချင်းပြည်နယ်ရဲမူးကြီးအဖြစ်ပြောင်းရွေ့

လက်အောက်ငယ်ဝန်ထမ်းများထံမှကျပ်သိန်းရာချီလာဘ်ငွေတောင်းခံမှုများဖြင့် တိုင်ကြားခံရပြီး သက်သေခံ အချုပ်ဖြစ်မြန်မာနိုင်ငံရဲတပ်ဖွဲ့(နေပြည်တော်)တွင်၂ကြိမ်တိုင်စစ်ဆေးခံခဲ့ရသောစစ်ကိုင်းတိုင်းရဲမူးကြီးနေဒွန်းသည်ချင်းပြည်နယ်ရဲမူးကြီးအဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းသိရသည်။ ချင်းပြည်နယ်ရဲမူးကြီးမြင့်လွင်နေရာတွင်စစ်ကိုင်းတိုင်းဒေသကြီးရဲမူးကြီးနေဒွန်းအားပြောင်းလဲခန့်အပ်လိုက်ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြည်နယ်တိုင်းဒေသကြီးရဲမူးကြီးများအပြန်အလှန်ပြောင်းရွေ့ခန့်အပ်မူ့အရသိရသည်။လက်ရှိချင်းပြည်နယ်ရဲမူးကြီးမြင့်လွင်မှာစစ်ကိုင်းတိုင်းဒေသကြီးရဲမူးကြီးအဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်မည်ဖြစ်သည်။…