Home » Archives by category » Politics

ကချင်စစ်ပွဲရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကလေးမြို့ရှိချင်းလူမျိုးများဦးဆောင်၍ မနက်ဖြန် ဆန္ဒဖော်ထုတ်မည်

ကချင်စစ်ပွဲရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကလေးမြို့ရှိချင်းလူမျိုးများဦးဆောင်၍ မနက်ဖြန် ဆန္ဒဖော်ထုတ်မည်

ဆလိုင်းလာလ်နွန်အုပ် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ကချင်စစ်ပွဲရပ်စဲရေးအတွက် ကလေးမြို့ရှိ ချင်းလူမျိုးများဦးဆောင်၍ မနက်ဖြန် (အောက်တိုဘာ ၂၉) နံနက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဆန္ဒဖော်ထုတ်ပွဲကျင်းပမည်ဟု အဆိုပါဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်တင်ပြသူ ဦးအုပ်လျန်ထံမှသတင်းရရှိသည်။ “အုပ်ချုပ်သူတွေက ကလေးမြို့မှာရှိတဲ့ ချင်းလူမျိုးတွေလည်း ငြိမ်းချမ်းရေးကိုလိုလားတဲ့အကြောင်းပြချင်တယ်။ ငြိမ်းချမ်းရေးကို စစ်ရေးနဲ့မဟုတ်ဘဲ စားပွဲဝိုင်းကနေဖြေရှင်းဖို့အစိုးရသိအောင် ဆန္ဒဖော်ထုတ်ခြင်းဖြစ်တယ်။ အဓိကတော့ ကချင်စစ်ပွဲအတွက်ဆုတောင်းပေးတဲ့သဘောဖြစ်တယ်”ဟု ဦးအုပ်လျန်ကပြောသည်။ ယင်းဆန္ဒပြပွဲအတွက် အစိုးရအာဏာပိုင်များထံ ခွင့်ပြုမိန့်ရရှိပြီဖြစ်ပြီး နံနက် ၈ နာရီမှစ၍ တာဟန်းရပ်ကွက် နေကြာတိုက်ရှေ့မှစုရပ်သတ်မှတ်ထားသည်။ ထို့နောက် ကလေးမြို့တံတားဦးမှ မြို့ပတ်လမ်းသို့ဆက်လက်ချီတက်ကာ တာဟန်း၊ နေကြာတိုက်ရှေ့တွင် ဆုတောင်းပြီးနောက်လူစုကွဲမည်ဖြစ်သည်။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် စစ်ဘေးဒုက္ခသည်များအတွက် အောက်တိုဘာ ၁၆ ရက်တွင် ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့တို့တွင်လည်းကောင်း၊ အောက်တိုဘာ…

ဖလမ်းမြို့ လူထု တစ်ထောင်ကျော်က ကချင်ငြိမ်းချမ်းရေးအတွက် ဈေးဆိုင်များပိတ်၍ ယနေ့ ဆုတောင်း

ဖလမ်းမြို့ လူထု တစ်ထောင်ကျော်က ကချင်ငြိမ်းချမ်းရေးအတွက် ဈေးဆိုင်များပိတ်၍ ယနေ့ ဆုတောင်း

ပုံ- ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဖလမ်းနှစ်ခြင်းအသင်းတော်တွင် ဖလမ်းမြို့လူထုဆုတောင်းနေကြစဉ်(ဓာတ်ပုံ- Tha Nang) ဆလိုင်းလာလ်နွန်အုပ် ကချင်နှင့်အခြားတိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးရရှိရန် ဖလမ်းမြို့ လူထု ၁၅၀၀ ခန့်က ဈေးဆိုင်များပိတ်၍ ယနေ့ နံနက်တွင်ဆုတောင်းပွဲကျင်းပကြောင်း ဖလမ်းမြို့ ဒေသခံများထံမှသတင်းရရှိသည်။ အဆိုပါဆုတောင်းပွဲကို ဖလမ်းခရစ်ယာန်သာသနာဆရာတော်များမိတ်သဟယအဖွဲ့က ဦးဆောင်၍ ဖလမ်းမြို့ နှစ်ခြင်းအသင်းတော်တွင် နံနက် ၇ နာရီမှ ၁၀ နာရီ ဆုတောင်းပွဲကျင်းပသည်။ “ဖန်ဆင်းရှင်လို့ယုံကြည်တဲ့ ဘုရားသခင်ထံမှာ သူတို့နဲ့အတူမျှဝေခံစားခံတဲ့ ဒုက္ခ တွေဆိုတောင်းခွင့်ရတော့ ကျေနပ်တယ်။ ဘုရားသခင်ကလည်း ကျွန်တော်တို့ရဲ့ ဆုတောင်းသံကို နားညောင်းမယ်လို့ယုံကြည်တယ်။ ဒီအပေါ် ပြည်သူတွေရဲ့စိတ်ထဲမှာ ဘယ်လောက်ရှိလဲဆိုရင် ဈေးဆိုင်တွေမဖွင့်ရင်ကောင်းမယ်လို့ အာဏာနဲ့မဟုတ်ဘဲ ဖိတ်ခေါ်တဲ့ခါမှာ လှိုက်လှိုက်လဲလဲပါဝင်လာကြတယ်။ ဒါက ဘာကိုပြတာလဲဆိုရင် ပြည်သူလူထုက…

ဈေးဆိုင်များအားလုံးပိတ်ပြီး ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဖလမ်းမြို့တွင်လူထုဆုတေင်းပွဲပြုလုပ်မည်

ဈေးဆိုင်များအားလုံးပိတ်ပြီး ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဖလမ်းမြို့တွင်လူထုဆုတေင်းပွဲပြုလုပ်မည်

ဆလိုင်းလာလ်နွန်အုပ် ဈေးဆိုင်များအားလုံးပိတ်ပင်ပြီး ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဖလမ်းမြို့တွင် လူထုဆုတောင်းပွဲပြုလုပ်မည်ဟု ဖလမ်းနှစ်ခြင်းအသင်း ဆရာတော် ထောင်းဘိတ်ကပြောသည်။ အဆိုပါဆုတောင်းပွဲကို ဖလမ်းခရစ်ယာန်သာသနာဆရာများမိတ်သဟယအဖွဲ့ကဦးဆောင်၍ အောက်တိုဘာ ၂၄ ရက် နံနက် ၇ နာရီမှ ၁၀ နာရီထိ ဖလမ်းနှစ်ခြင်းအသင်းတော်တွင်ပြုလုပ်သွားမည်ဟုသိရသည်။ ယင်းကဲ့သို့ဆုတောင်းစဉ် ဖလမ်းမြို့တွင်းရှိ ဈေးဆိုင်များအားလုံးပိတ်ပင်ကာ ကချင်လူထုအတွက်ဆုတောင်းရန် ဖလမ်းခရစ်ယာန်သာသနာဆရာများမိတ်သဟယအဖွဲ့ကထုတ်ပြန်ထားသည်။ “ ကချင်တွေက ကျွန်တော်တို့ရဲ့ညီအစ်ကိုတွေပါ။ ကချင်စစ်ပွဲကြောင့် ခံစားရသူက ကချင်ပြည်သူတွေပါ။ သူတို့ဒုက္ခရောက်နေတဲ့ချိန်မှာ ဒီဘက်ကနေလည်း ညီအစ်ကိုတစ်ယောက်အနေနဲ့ အားပေးနှစ်သိမ့်ပေးပါတယ်ဆိုတဲ့အကြောင်း၊ သူတို့ဘက်မှာရပ်တည်နေတယ်ဆိုတဲ့အကြောင်းပြတာပါ။ ဘုရာျးေကျာင်းမှာ ကချင်ငြိမ်းချမ်းရေးအတွက် အမြဲတမ်းအထူးဆုတောင်းပေး လျက်ရှိပါတယ်”ဟု ဆရာတော် ထောင်းဘိတ်ကပြောသည်။ စစ်ပွဲဆိုတာ နိုင်ငံရေးကြောင့်ဖြစ်လာသောကိစ္စဖြစ်သဖြင့် နိုင်ငံရေးနည်းလမ်းဖြစ် စားပွဲပေါ်တွင်ဖြေရှင်းရန်နှင့် မည်သည့်စစ်ပွဲမျှအလိုမရှိကြောင်း ဆရာတော် ထောင်းဘိတ်ကပြောသည်။ အောက်တိုဘာ ၁၆…

ငိမ်းချမ်းရေးအတွက် တပ်မတော်မှတဖက်သတ်အပစ်ရပ်ပေးပါ

ငိမ်းချမ်းရေးအတွက် တပ်မတော်မှတဖက်သတ်အပစ်ရပ်ပေးပါ

ပုံ- ဟားခါးမြို့တွင် ကချင်နှင့်ရှမ်းပြည်နယ်တွင် တပ်မတော်ထိုးစစ်ရပ်တန့်ရန် ဒေသခံပြည်သူများဆန္ဒဖော်ထုတ်နေကြစဉ်။ အယ်ဒီတာ့အာဘော် စစ်ပွဲတွေမရှိရင်လည်း ကချင်ပြည်သူတွေဒုက္ခရောက်နေတာပါပဲ (ဗိုလ်ချုပ်ဂွမ်မော်၊ကေအိုင်အေဒုစစ်ဦးစီးချုပ်) တပ်မတော်နှင့်ကချင်လွတ်မြောက်ရေးအဖွဲ့အကြားတိုက်ပွဲများပြန်လည်ဖြစ်ပွားလာမူနှင့်ပတ်သက်ပြီးTheVoiceMedia၏မေးမြန်းမူအပေါ်လွန်ခဲ့သော၃နှစ်ခန့်ကအထက်ပါအတိုင်းဗိုလ်ချုပ်ဂွမ်မော်မှဖြေကြားခဲ့ခြင်းဖြစ်သည်။စစ်မတိုက်လျှင်လည်းကချင်ပြည်သူအပါအ၀င်တိုင်းရင်းသားပြည်သူတို့၏ဘ၀သည်ခွဲခြားဆက်ဆံခံရမူ၊မလုံခြုံမူတို့ဖြင့်ရှိနေကြောင်းကိုဆိုလိုခြင်းလည်းဖြစ်သည်။ ယခုအချိန်တွင်လည်းကချင်ပြည်နှင့်ရှမ်းမြောက်ပိုင်းတို့တွင်တပ်မတော်နှင့်ဒေသခံတိုင်းရင်းသားလက်နက်ကိုင်များအကြားတိုက်ပွဲများပြင်းထန်လာမူနှင့်ပတ်သက်ပြီးဟားခါးမြို့တော်နှင့်ထန်တလန်မြို့များတွင်လူထုထောင်ချီပါဝင်ဆန္ဒပြခဲ့ကြပါသည်။ညီနောင်ကချင်ရှမ်းညီအကိုများထိုးစစ်ဆင်ခံနေရမူအပေါ်ရပ်တန့်ပေးရန်နှင့်၂၁ရာစုပင်လုံညီလာခံအောင်မြင်ရေး၊တိုင်းရင်းသားများသည်တပ်မတော်၏ရန်သူမဟုတ်ပါဆိုသောချင်းပြည်သူတို့မှကြွေးကြော်ခဲ့ကြပါသည်။တိုက်ပွဲများအတွင်းဘယ်ဖက်ကသေဆုံးသည်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံသားများသေဆုံးခြင်းသာဖြစ်ပါသည်။ပြည်တွင်းစစ်သည် ပြည်ထောင်စုကိုများစွာဆုတ်ယုတ်စေခဲ့ပါသည်။ လတ်တလော ကချင်နှင့်ရှမ်းပြည်တွင်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့်NCA(တနိုင်ငံလုံးအပစ်ရပ်စာချုပ်)ထိုးထားသောအဖွဲ့ ၈ ဖွဲ့ကလွဲပြီးမထိုးရသေးသောတိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်နောက်တကြိမ်ပြုလုပ်မည့်၂၁ရာစုပင်လုံညီလာခံကိုတက်မည်မ တက်မည်မသေချာတော့ပါ။တပ်မတော်အနေဖြင့်ငြိမ်းချမ်းရေးကိုအမှန်တကယ်ဖော်ဆောင်လိုပါကတိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ပွဲဖြစ်ပွားမူကိုလျော့ချရန်လိုအပ်ပြီးနိုင်ငံရေးဆွေးနွေးမှသာဖြစ်နိုင်မည်ဖြစ်ပါသည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထက်အင်အားအဆများစွာကြီးသောမြန်မာ့တပ်မတော်အနေဖြင့်နှစ်ပေါင်း၇၀နီးပါးဖြစ်ပွားခဲ့သောပြည်တွင်းစစ်ကိုရပ်ဆိုင်းရန်ထာဝရငြိမ်းချမ်းရေးရယူရန်အတွက်တဖက်သတ်အပစ်ရပ်ပေးစေလိုပါကြောင်း၊သို့မှသာငြိမ်းချမ်းရေးဆွေးနွေးပွဲများဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ချင်းဝေါလ်မီဒီယာမှရေးသားအပ်ပါသည်။…

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခွင့်ကာလ နှစ်လ သတ်မှတ်

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခွင့်ကာလ နှစ်လ သတ်မှတ်

  ဆလိုင်းလာလ်နွန်အုပ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဦးဆောင်ကျင်းပမည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခွင့်ကာလကို ဇန်နဝါရီ ၃၀ ရက်မှ မတ်လ ၃၀ ရက်နေ့အထိ သတ်မှတ်ထားကြောင်းထုတ်ပြန်ကြေညာသည်။ အဆိုပါကြေညာချက်ကို အောက်တိုဘာလ ၁၈ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် လစ်လပ်နေရာတစ်နေရာရှိပြီး ယင်းနေရာတွင် ချင်းအမျိုးသားဒီမိုကရေတစ်ပါတီမှလည်းကောင်း၊ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ကလည်းကောင်း၊ ကြံခိုင်ရေးပါတီကလည်းကောင်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့ပြင် ပြည်ပရောက် သက်ဆိုင်ရာမြို့နယ် မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅)ကို သက်ဆိုင်ရာ သံရုံးများသို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၅ မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ပေးပို့နိုင်မည်ဖြစ်သည်။…

Infrastructuresအဆင့်အတွေးကိုကျော်လွန်စေချင်(ချင်းပြည်နယ်အစိုးရ ရက် ပေါင်း ၂၀၀ သုံးသပ်ချက်)

Infrastructuresအဆင့်အတွေးကိုကျော်လွန်စေချင်(ချင်းပြည်နယ်အစိုးရ ရက် ပေါင်း ၂၀၀ သုံးသပ်ချက်)

ဆလိုင်းကျဲအိုဘိခ်ထောင် (CNDP) အစိုးရရက်ပေါင်း ၁၀၀ စီမံကိန်း (100 Days Honeymoon) နှင့် ပတ်သက်၍ ထိုစဉ်ကကျွန်တော် သုံးသပ်ချက် သိပ်ပြီးမပြုလိုခဲ့ပေ။ အကြောင်းမှာရာစုနှစ်ထက်ဝက်ကျော် ပျက်စီးယိုယွင်းလာခဲ့သည့် တိုင်းပြည်အတွင် ရက်ပေါင်း ၁၀၀ သည် မပြောပလောက်သလို logic လည်းမကျဟု ယူဆခဲ့သောကြောင့်ဖြစ်သည့်။ သို့သော် အခုဆိုရက်ပေါင်း ၂၀၀ (အစိုးရသက်တမ်း ၅နှစ်၏ ၁၀ပုံ ၁ပုံ)ပြည့်ပြီးဖြစ်သည်ကတကြောင်း၊ Mizzima TV Dialogue မှာချင်းပြည်နယ်အစိုးရကိစ္စ ကျွန်တော် ဆွေးနွေးခဲ့သည့်အချက်များ တ၀က်တပျက် ဖြစ်နေသည်ကတစ်ကြောင်း၊ ထို့ကြောင့်အခုလို ဆောင်းပါးဖြင့် ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ သုံးသပ်အကြံပြုခြင်းဟုယူဆစေလိုပါသည်။ ချင်းပြည်နယ်အစိုးရ၏ အားသာချက် ထင်သာမြင်သာရှိသောသူတို့ လုပ်ဆောင်ချက်တစ်ချို့ကိုဖော်ပြကြည့်လျှင် – (က) ကျီခါးမြို့ကလွဲလို့ ၀န်ကြီးချုပ်ကိုယ်တိုင်…

NLD နဲ့ စစ်အာဏာရှင် ပြန်လည်သင့်မြတ်ရေးလား

NLD နဲ့ စစ်အာဏာရှင် ပြန်လည်သင့်မြတ်ရေးလား

  စိုင်းထွန်းအောင်လွင်   ၂၁ ပင်လုံက ပန်ဒိုရာဘောက်စ ( ပြဿနာ သေတ္တာ ) ကိုဖွင့်လိုက်တာလို့ ဆိုကြပါတယ်။  ကျွန်တော်ကတော့ အနာစိမ်း အထဲမှာ ပြည်တည်နေတဲ့ အနာကို ဖွင့်လိုက်တာလို့ ဆိုချင်ပါတယ်။ အနာစိမ်းက ဖွင့်လိုက်ပြီးရင် အထဲက ပြည်ပုပ်တွေကုန်အောင် ခွဲထုတ်တာ ၊ ညှစ်ထုတ်တာတွေ လုပ် ပိုးမ၀င်အောင် ဆေးမြန်မြန်ထည့် ဆေးထိုး ဆေးသောက်တာတွေ လုပ်ရတယ် မဟုတ်ပါလား။ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးဖြစ်စဉ်အရဆိုရင် အပစ်ရပ်လက်မှတ်ထိုး ၊ နိုင်ငံရေးဆွေးနွေးပွဲကျင်းပ ၊ သဘောတူညီမှုတွေကို အခြေခံပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေးတွေ လုပ်ဆိုတာ သွားရမှာဖြစ်ပါတယ်။ အခု ဖြစ်နေတာက ပြည်ထောင်စု ငြိမ်းချမ်းရေး…

ကျိုင်းတုံမြို့နယ်ကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖြစ်သတ်မှတ်ပေးပါက နယ်စပ်ဒေသလုံခြုံရေးကာကွယ်ရေးတာဝန်ယူမည်ဟု “ဝ”ပါတီတောင်းဆို

ကျိုင်းတုံမြို့နယ်ကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖြစ်သတ်မှတ်ပေးပါက နယ်စပ်ဒေသလုံခြုံရေးကာကွယ်ရေးတာဝန်ယူမည်ဟု “ဝ”ပါတီတောင်းဆို

ကျိုင်းတုံမြို့နယ်ကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖြစ်သတ်မှတ်ပေးပါက နယ်စပ်ဒေသလုံခြုံရေးကာကွယ်ရေးတာဝန်ယူမည်ဟု ဝအမျိုးသားစည်းလုံးညီညွှတ်ရေးပါတီက စက်တင်ဘာ ၂ တွင်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ တတိယနေ့ အစည်းအဝေးတွင် တောင်းဆိုခဲ့သည်။ ” “၀”တိုင်းရင်းသားလူမျိုးစု သည် တိုင်းရင်းသားစစ်စစ် လူမျိုးဖြစ်သကဲ့သို့ သမိုင်း အစဉ်အလာရှိသော လူမျိုးစုဖြစ်ပြီး ပြည်ထောင်စုဝင်ပြည်နယ်ဖြစ်ရန် လိုအပ်သော အရည် အချင်း(၇)ချက်နှင့်လည်း ပြည့်မီသည့်အတွက် လက်ရှိ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း(၆)မြို့နယ်နှင့် “၀”ဘုရင် ခေါင်းဆောင်များ ခေါင်းချခဲ့သည့် ကျိုင်းတုံ နယ် မြေဒေသ(၁၀)မြို့နယ်ကို ပြည်ထောင်စုဝင် “၀”ပြည်နယ် အဖြစ် ပြန်လည် အသိအမှတ် ပြုပေးနိုင်ပါရန်နှင့် ကျိုင်းတုံ မြို့ပြနိုင်ငံ ရှေးဟောင်းပစ္စည်းများ ဆက်လက်မပျောက် မပျက်ဘဲ ထိန်းသိမ်းထား နိုင်ရန်နှင့် နိုင်ငံတော်၏ အမွေအနှစ်အဖြစ် သတ်မှတ်ပေးပါရန်…

ပြန်လည်သင့်မြတ်ရေးတွင်ပါဝင်သူအားလုံး မိမိတို့ ရည်မှန်းချက်အလုံးစုံရရှိမည်မဟုတ်ကြောင်းနားလည်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း

ပြန်လည်သင့်မြတ်ရေးတွင်ပါဝင်သူအားလုံး မိမိတို့ ရည်မှန်းချက်အလုံးစုံရရှိမည်မဟုတ်ကြောင်းနားလည်ရန်  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း

ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင်ပါဝင်သူအားလုံး မည်သူည့်အဖွဲ့အစည်းကိုမဆို မိမိတို့ရည်မှန်းချက်အလုံးစုံကို ရရှိနိုင်မည်မဟုတ်ဆိုသည်ကို နားလည်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စက်တင်ဘာ ၂ ရက်နေ့တွင်ကျင်းပသည့် (၂၁) ရာစုပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင်ပြောကြားခဲ့သည်။ “ဒီပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင်ပါဝင်သော မည်သည့်အဖွဲ့အစည်းကိုမဆို မိမိတို့၏ ရည်မှန်း ချက်အလုံးစုံကို ရရှိနိုင်မည်မဟုတ်ဆိုသည်ကို နားလည် ပါရန် ကျွန်တော့်အနေဖြင့် တိုက်တွန်းပါတယ်။ တစ်ဖန် ပါဝင်သူများအားလုံးသည် မိမိတို့အနေဖြင့် တစ်စုံတစ်ခုကို အောင်မြင်မှုရသည်ဟု သတ်မှတ်နိုင်ပါမှသာ ဤငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာ အောင်မြင်မည်ဖြစ်ပါတယ်”ဟု မစ္စတာ ဘန်ကီမွန်းကပြောသည်။ ဆက်လက်၍ “အကူးအပြောင်းတိုင်းတွင် စွန့်စားမှု(သို့)အန္တရာယ် များ ပါဝင်စမြဲဖြစ်ပါတယ်။ ဒါပေမယ့် အကူးအပြောင်းပြုလုပ်ရန် ငြင်းပယ်ခြင်းဟာ အကြီးမားဆုံးသောအန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။  အပြောင်းအလဲပြုလုပ်ရန် ငြင်းပယ်မှုကြောင့် ဖြစ်ပေါ်လာရ…

ကလေး၊တမူးအပါအဝင် ခရိုင် ရှစ်ခုပေါင်း၍ ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန်တောင်းဆို

ကလေး၊တမူးအပါအဝင် ခရိုင် ရှစ်ခုပေါင်း၍ ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန်တောင်းဆို

ကလေး၊ တမူးအပါအဝင် ခရိုင်ရှစ်ခုပေါင်း၍ တိုင်းလိုင်(ရှမ်းနီ) ပြည်နယ်သတ်မှတ်ပေးရန် စက်တင်ဘာ ၂ ရက်နေ့တွင်ကျင်းပသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ တတိယနေ့တွင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကတောင်းဆိုခဲ့သည်။ “သမိုင်း အစဉ်အဆက်က ဓားမဦးချ နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးများသည် မိမိကြမ္မာ မိမိ ဖန်တီးရန်အတွက် ၁၉၇၂ ခုနှစ်တွင် မြေလတ် ရှမ်းပြည်နယ် (ခေါ်) ရှမ်းနီ ပြည်နယ် ရရှိရန် တောင်းဆိုခဲ့ပါကြောင်း၊ ယခုလည်း ရှမ်းနီလူမျိုးများ နေထိုင်ရာ ဒေသများဖြစ် သည့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စသည့် ခရိုင်များကို စုပေါင်းပြီး ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန် တင်ပြလိုပါတယ်။…