Home » Archives by category » Politics (Page 2)

မြန်မာနှင့်ဗမာသည်လူမျိုးတစ်မျိုးနာမည်ဖြစ်သဖြင့် တိုင်းရင်းသားအားလုံးကိုယ်စားပြုမည့် အမည်သစ်တစ်ခုသတ်မှတ်သင့်ဟုဆို

မြန်မာနှင့်ဗမာသည်လူမျိုးတစ်မျိုးနာမည်ဖြစ်သဖြင့် တိုင်းရင်းသားအားလုံးကိုယ်စားပြုမည့် အမည်သစ်တစ်ခုသတ်မှတ်သင့်ဟုဆို

ဆလိုင်းလာလ်နွန်အုပ် မြန်မာနိုင်ငံ၊ ဗမာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများအနက် လူမျိုးတစ်မျိုးဖြစ်သည့် ဗမာအမျိုးသားများသာရည်ညွှန်ားသဖြင့် တိုင်းရင်းသားလူမျိုးများအားကိုယ်စားပြုနိုင်မည့် အမည်နာမသစ်တစ်ခုကိုဆွေးနွေးသတ်မှတ်သင့်ကြောင်းမွန်ပြည်သစ်ပါတီမှ နိုင်ဟံသာကစက်တင်ဘာ ၂ ရက်တွင်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံတတိယနေ့တွင်ဆွေးနွေးခဲ့သည်။ “ဖက်ဒရယ်ပြည်ထောင်စု၏အမည်ကိုဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံဧုခေါ်ဆိုရာတွင် မြန်မာနိုင်ငံ၊ ဗမာနိုင်ငံ၊ အင်္ဂလိပ်ဘာသာစကားဖြင့် ဘားမား(သို့မဟုတ်)မြန်မာဟူ၍ ခေါ်ဆိုခြင်းသည် ပြည်ထောင်စုနိုင်ငံအတါင်းနေထိုင်လာခဲ့ကြသည့် တိုင်းရင်းသားလူမျိုးများအနက် လူမျိုးတစ်မျိုးဖြစ်သည့် ဗမာအမျိုးသားများကိုသာရည်ညွှန်းနေတယ်။ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိတိုင်းရင်းသားလူမျိုးများ၏ တန်းတူညီမျှမှုကိုဖော်ဆောင်နိုင်ရန် တိုင်းရင်းသားလူမျိုးများအားကိုယ်စားပြုနိုင်မည့် အမည်နာမအသစ်တစ်ခုကိုသတ်မှတ်သင့်တယ်”ဟုပြောသည်။ ရခိုင်အမျိုးသားပါတီဥက္ကဌဒေါက်တာအေးမောင်က “ကျွန်တော်တို့သွားတာကလူမျိုးကိုအခြေခံတဲ့စနစ်။ မြန်မာနိုင်ငံမှာလူမျိုးနွယ်စုကြီးရှစ်ခုရှိတာပါ။ အဲဒီရှစ်မျိုးနွယ်စုမှာဗမာကအကြီးမားဆုံးမျိုးနွယ်စုဖြစ်ပါတယ်။ သူကတိုင်းဒေသကြီးခုနစ်ခုယူစားတယ်။ ဗမာတွေလည်းတခြားတိုင်းရင်းသားတွေလိုတစ်ခုတည်းသော ပြည်နယ်ကိုယူသင့်တယ်။ လူမျိုးစုကြီးတွေမှာစာပေ၊ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုရှိမယ်။ ပြည်နယ်အသစ်တွေလည်းပေါ်ထွန်းလာမယ်။ အဲဒါကြောင့် ကျွန်တော်ကပုံသေရှစ်ပြည်နယ်ဆိုတာကိုတရားသေမကိုင်းထားဘူး။ အဓိကကတော့ အမျိုးသားပြည်နယ်တွေနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စုကိုတည်ဆောက်မယ်။ မွန်သည်လည်းကောင်း၊ ရခိုင်သည်လည်းကောင်းသီးသန့်ပြည်နယ်ယူနိုင်တယ်။ ဗမာသည်လည်း ပြည်နယ်ဆိုရင်…

ချင်းပြည်နယ်စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဆလိုင်းအိုက်ဇက်ခင်နှင့် တွေဆုံခြင်း

ချင်းပြည်နယ်စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဆလိုင်းအိုက်ဇက်ခင်နှင့် တွေဆုံခြင်း

““ ဒီ (၅) နှစ်အတွင်းမှာ ချင်းပြည်နယ်အတွင်းရဲ့ မြို့ကြီးတွေရဲ့ဖွံ့ဖြိုးမှု ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မတူပီ၊မင်းတပ်၊ ပလက်ဝ အဲဒီမြို့ကြီးတွေရဲ့ ဖွံ့ဖြိုးမှုတွေကို ကျွန်တော်တို့ပိုမိုဖွံ့ဖြိုးမှုဖြစ်အောင်လုပ်သွားဖို့ရှိသလို့ တစ်ခြားမြို့တွေရဲ့ ထန်တလန်၊ တွန်းဇံ၊ ကန်ပလက်တွေလည်း ကျွန်တော်တို့ မြို့ဒေသနဲ့ကိုက်ညီအောင် မြို့ပြဖွံ့ဖြိုးမှုဖြစ်အောင် ကျွန်တော်တို့ကြိုးစားသွားမှာပါ။ ”” ချင်းပြည်နယ်စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဆလိုင်းအိုက်ဇက်ခင်နှင့် တွေဆုံခြင်း မေး။   ။ဝန်ကြီးရွေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် လွှတ်တော်မှာ အငြင်းအခုန်လေးတွေဖြစ်ခဲ့ကြတယ် လို့သိရပါ တယ်။ ဒါနဲ့ပတ်သက်ပြီးဆရာ့အနေနဲ့ဘာများပြောချင်ပါသလဲ။ ဖြေ။    ။တကယ်တော့ သူတို့အနေနဲ့ သူတို့ပြောချင်တာတာက လည်းနည်းလမ်းကျပါတယ်။ ဘာဖြစ်လို့ လည်းဆိုရင် အစိုးရအဖွဲ့ဖွဲ့ ကြ တာကရွေးကောက်ခံပုဂ်္ဂိုလ်တွေနဲ့ စုဖွဲ့တာ အကောင်းဆုံးဖြစ်တယ်ပေါ့ လေ။ သို့သော်လည်းပဲ  မြန်မာနိုင်ငံရဲ့…

ပါတီမူအရ ချင်းပြည်နယ်ဝန်ကြီးချုပ်ကို NLD ကိုယ်စားလှယ်များထဲမှသာရွေးချယ်မည်ဟု လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့ကဆို

ပါတီမူအရ ချင်းပြည်နယ်ဝန်ကြီးချုပ်ကို NLD ကိုယ်စားလှယ်များထဲမှသာရွေးချယ်မည်ဟု လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့ကဆို

Salai Lal Nun Uk အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မူဝါဒအရ ချင်းပြည်နယ် ဝန်ကြီးချုပ်ကို NLD ကိုယ်စားလှယ်များမှသာ ရွေးချယ်မည်ဟု ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဥက္ကဌသစ် ဦးဇိုဘွဲ့ကဆိုသည်။ ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် NLD ပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးတို့အား ပြည်သူများခန့်မှန်းထားသော်လည်း ယနေ့တွင် ကျင်းပသည် ဒုတိယအကြိမ် ပထမနေ့ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ် NLD ပါတီဥက္ကဌ ဦဇိုဘွဲ့အား ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ်လည်းကောင်း၊ NLD ပါတီအတွင်းရေးမှူး ဦးအောင်သန်းအား ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌအဖြစ်လည်းကောင်းအတည်ပြုခဲ့ကြသည်။ “ဝန်ကြီးချုပ်ရာထူးကို NLD ကဘဲယူသွားမယ်။ ဒါကပါတီရဲ့မူလည်းဖြစ်တယ်။ တခြားပါတီက ကိုယ်စားလှယ်တွေတော့မဖြစ်နိုင်ဘူး”ဟု ချင်းပြည်နယ် NLD ပါတီဥက္ကဌနှင့် ဗဟိုကော်မတီအဖွဲ့ဝင်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့က Chin…