Home » Archives by category » Chin News (Page 12)

ကနေဒီတောင်တန်းဒေသအား သဘာဝနယ်မြေများတွင် ထည့်သွင်းဆောင်ရွက်မည်

ကနေဒီတောင်တန်းဒေသအား သဘာဝနယ်မြေများတွင် ထည့်သွင်းဆောင်ရွက်မည်

တီးတိန်မြို့နယ်အတွင်းရှိ ကနေဒီတောင် (ခေါ်) လေသာတောင် တန်းဒေသအား ကွင်းဆင်းတိုင်းတာရေး ဆောင်ရွက်ပြီး သဘာဝနယ်မြေ ဖွဲ့စည်းနိုင်မည့် အလားအလာများအပေါ်သုံးသပ်၍ အဆိုပြုသတ်မှတ်ဖွဲ့စည်း မည့် သဘာဝ နယ်မြေများ အစီအစဉ်တွင် ထပ်မံထည့်သွင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ဖြေကြားသည်။ စက်တင်ဘာ ၁၉ ရက်နေ့တွင်ကျင်းပသော ဒုတယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) မှ ဦးကျင့်ခန့်ပေါင်၏ “ချင်းပြည်နယ် တီးတိန်မြို့နယ် လေသာတောင်တန်းကို သဘာဝဘေးမဲ့တောအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက…

တိုင်းရင်းသားဘာသာစကားသင်ကြားပေးနေသောဆရာ/မ များအတွက်ချီးမြှင့် ထောက်ပံ့ကြေးငွေ ၃သောင်း သာရရှိ။

တိုင်းရင်းသားဘာသာစကားသင်ကြားပေးနေသောဆရာ/မ များအတွက်ချီးမြှင့် ထောက်ပံ့ကြေးငွေ ၃သောင်း သာရရှိ။

ဆလိုင်းကျော်မိုး။ ၂၀၁၃/၁၄ ပညာသင်နှစ်မှစတင်ပြီးတိုင်းရင်းသားဘာသာသင်ကြားရေးကိုသက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိကျောင်းများတွင်  သင်ကြားပေးနေသော်လည်း ပြည့်စုံလုံလောက်ခြင်းမရှိပဲစာသင်ကျောင်းချိန် ပြင်ပများတွင်သာသင်ကြားမှုများရှိသည့်အတွက် စာပေသင်ကြားမှုများကိုစိတ်ဝင်စားမှုနဲပါးပြီးဆရာမများ ထောက်ပံ့ငွေမှာလည်းအလွန်နဲပါးကြောင်းသိရသည်။ “ပြည်ထောင်စုဝန်ကြီးက နှစ်ခါတောင်လွှတ်တော်မှာလာဖြေသွားပြီ ၊တိုင်းရင်းသားဘာသာစကား သင်ကြား မှုနဲ့ပတ်သတ်ပြီးပေါ့ ၀န်ကြီးပြောတာကတော့ ကျောင်းချိန်တွေမှာသင်ကြားပေးမယ်ဆိုရင် တခြားခလေး တွေပါအနေ ခက်ခဲမှာဆိုတော့ သီးသန့်သင်ခိုင်းတာဖြစ်တယ်ပေါ့။ ဒါပေမယ့် ကျောင်းချိန်ပြင်ပမှာ သင်ကြား ပေးတဲ့သူတွေအတွက် ချီးမြှင့်ထောက်ပံ့ငွေ သုံးသောင်းဆိုတာကနဲလွန်းပါတယ် ဘာလို့လဲဆိုတော့ သူတို့ရဲ့ ကိုယ်ပိုင်ချိန်တွေကိုပေးထားရတာဖြစ်တဲ့အတွက်ကြောင့်ဒီငွေပမာဏတော့နည်းလွန်းပါတယ် ဖြစ်နိုင်ရင် ၅သောင်းလောက်တော့ပေးသင့်ပါတယ်’’ဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလားလ်မင်းထန်ကပြော သည်။ ‘’ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးမှာမှာချင်း (၅)မျိုးလောက်ကွဲနေတယ်။ အရှိုချင်း၊ အုတ်ပိုးချင်း၊ ချိုးချင်း၊ဟားခါးချင်း၊ဇိုတုန် ချင်းစာပေဆိုပြီး ၅ မျိုးကိုအခု မြို့နယ်တိုင်းမှာ သင်ကြား နေကြပါပြီ။ စာပေသင်ကြားရေးကိုတော့အဓိကထားပြီးလုပ်ဆောင်နေပါတယ်။ဒီလို စာပေသင်ကြားရေးတွေလုပ်ဆောင် နေခြင်းဖြင့် တိုင်းရင်းသားတွေစည်းလုံးညီညွှတ်ပြီးသူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ဓလေ့ထုံစံတွေကိုဖော်ထုတ်…

မတူပီမြို့နယ်အတွင်းIp star ဖုန်းလိုင်းများဖြုတ်သိမ်းပြီး ပြန်လည်အစားထိုးပေးနိုင်ခြင်းမရှိသည့်အတွက် ဒေသခံများအခက်ကြုံနေဟုသိရ။

မတူပီမြို့နယ်အတွင်းIp star ဖုန်းလိုင်းများဖြုတ်သိမ်းပြီး ပြန်လည်အစားထိုးပေးနိုင်ခြင်းမရှိသည့်အတွက် ဒေသခံများအခက်ကြုံနေဟုသိရ။

ဆလိုင်းကျော်မိုး။ ဖုန်းလိုင်းမရသေးသော ဒေသအတွက် ပြည်သူများ ဆက်သွယ်ရေး အဆင်ပြေအောင် တပ်ဆင်ပေးတဲ့ IP Star ဖုန်းများကို  ၁၆ /၆/၁၆ နေ့စွဲဖြင့်နေပြည်တော်မှညွှန်ကြားချက်ဖြင့်ဖြုတ်သိမ်းထားပြီးယခုချိန်ထိ  ပြန်လည် အစားထိုးခြင်းမရှိတဲ့ အတွက် IP Star ဖုန်းရှိတဲ့ ဒေသခံ ပြည်သူများ ဒုက္ခရောက်ကြနေပြီးဆက်သွယ်ရေးခက်ခဲမှုများကြုံတွေ့နေရသည်ဟုသိရသည်။ ‘မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်IP STAR ဖုန်းလိုင်းတွေကိုဖြုတ်သိမ်းသွားပြီးဆက်သွယ်ရေးအခက် အခဲဖြစ်တဲ့ အပေါ်GSM/UMTS ဆက်သွယ်ရေးစခန်းများအစားထိုးဖို့အစီအစဉ်ရှိပါတယ်။ မိုဘိုင်းဆက်သွယ်ရေးစခန်း တည်ဆောက်ဖို့ မတူပီမြို့နယ် ၊ရေဇွာမြို့၊ထောင်လန်းကျေးရွာ၊အိုက္ကားကျေးရွာ တွေမှာ မြေနေရာတွေရှာဖွေနေပါတယ်။ပြီးရင် တာဝါတိုင်တည်ဆောက်ခြင်း၊စက်ပစ္စည်းများတပ်ဆင်ခြင်း၊အဝေးဆက်သွယ်မှုဆက်ကြောင်း(မိုက္ကရိုဝေ့ဗ်၊ဖိုကဘာ၊ဂြိုလ်တု)ချိတ်ဆက်ခြင်း၊ရာသီဥတုအခြေအနေ မြေပြင်အနေအထား၊လျှပ်စစ်ဓါတ်အားရရှိနိုင်မှုအခြေအနေ ပေါ်မူတည်ပြီးကွင်းဆင်းစစ်ဆေးပြီးမှသာဆောင်ရွက်နိုင်မည်’’ဟုပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒု  ၀န်ကြီး ဦးကျော်မျိုးမှ ဖြေကြားထားသည်။ လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း နှင့် ကြယ်ပွင့်မပြမေးခွန်း (၂ )မျိုးရှိပြီး ကြယ်ပွင့်မပြ မေးခွန်းမှာ…

၂၀၁၈ ခုနှစ်မှသာ မတူပီမြို့နယ်တွင် GSM ဖုန်းလိုင်းများ ရရှိမည်ဟု ပြည်ထောင်စုဒုဝန်ကြီးမှဖြေကြား။

၂၀၁၈ ခုနှစ်မှသာ မတူပီမြို့နယ်တွင် GSM ဖုန်းလိုင်းများ ရရှိမည်ဟု ပြည်ထောင်စုဒုဝန်ကြီးမှဖြေကြား။

ဆလိုင်းကျော်မိုး။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလားလ်မင်းထန်မှ ချင်းပြည်နယ် မတူပီမြို့နယ်တွင် GSMတာဝါတိုင်များတည်ဆောက်ရန် စီမံကိန်းများ ဆက်လက်လုပ် ဆောင်ပေးရန် အစီအစဉ် ရှိမရှိနှင့် လိုင်းလင်းပီမြို့အတွက်ပါ တာဝါတိုင်များတည်ဆောက်ရန် အစီအစဉ်ရှိ မရှိနဲ့ပတ်သတ်ပြီး မေးခွန်းမေးမြန်ရာ၂၀၁၈ ခုနှစ်မတ်လကုန်မှာသာဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင် မည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးဦးကျော်မျိုး ကပြန်လည်ဖြေကြားခဲ့သည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာဒုဝန်ကြီးမှ စာဖြင့်လာဖြေကြားရာတွင် ‘’တယ်လီနော်မြန်မာလီမိတက်အနေဖြင့် စန်ဘောင်ရပ်ကွက်၌တာဝါတိုင်တည်ဆောက်ခြင်းလုပ်ငန်းများပြီးစီးပြီဖြစ် သည်ထို့အတူ အော်ရီဒူးမြန်မာလီမိတက်အနေဖြင့်လည်းရေဇွာတိုက်နယ်၊ ၊စာလ်ထောင်ရွာအနီးတွင် စက်ပစ္စည်းများတပ်ဆင်ရန်နှင့် အဝေးဆက်သွယ်မှုဆက်ကြောင်း ချိတ်ဆက်နိုင်ရန်အတွက်စီစဉ် ဆောင်ရွက်မည်ဖြစ်ရာ ၂၀၁၈ ခုနှစ် မတ်လကုန်ခန့်တွင်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါသည်’’ဟုဆိုသည်။ ဆက်လက်ပြီးဖော်ပြရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းGSM/UMTSမိုဘိုင်းစခန်းများ တည် ဆောက်ခြင်း လုပ်ငန်း အတွက်မြေနေရာရှာဖွေခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မြေနေရာရှိပါက ဆက်လက် ဆောင်ရွက် သွားမည်ဟု’’ဖြေကြားထားသည်။…

ရာဇာဂြိုလ်အကျဉ်းထောင်တွင် Deirel (မိုးသောက်ကြယ်)စာကြည့်တိုက်မှ စာအုပ်လှူဒါန်းမည်

ရာဇာဂြိုလ်အကျဉ်းထောင်တွင် Deirel (မိုးသောက်ကြယ်)စာကြည့်တိုက်မှ စာအုပ်လှူဒါန်းမည်

ပုံ- Deirel(မိုးသောက်ကြယ်)စာကြည့်တိုက်ဦးစီးသူ၊ ချင်းဝတ္ထူစာရေးဆရာမ မိုင်ဆော့ခ်လှိုင်ပါရ်(Chinland Rose) ဆလိုင်းလာလ်နွန်အုပ် ကလေးမြို့ ရာဇာဂြိုလ်အမှတ် (၂)အကျဉ်းထောင်တွင် Deirel(မိုးသောက်ကြယ်)စာကြည့်တိုက်မှ နောက်ပတ်အတွင်း စာအုပ် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း ယင်းစာကြည့်တိုက်ဦးစီးသော ချင်းဝတ္ထူစာရေးဆရာမ မိုင်ဆော့ခ်လှိုင်ပါရ်(Chinland Rose)ထံမှသတင်းရရှိသည်။ စက်တင်ဘာ ၁၇ ရက်သို့မဟုတ် ၁၈ ရက်တွင်သောက်ရောက်လှူဒါန်းမည်ဖြစ်ပြီး ရာဇာဂြိုလ်အကျဉ်းထောင်တွင် အကျဉ်းသား ၂၀၀ ကျော်ရှိသည်။ “ဆလိုင်းဂျေစီကနေတဆင့် စာအုပ်လှူဖို့စိတ်ကူးရသွားတာပါ။ ထောင်ပိုင်က စာအုပ်ဖတ်ဖို့အားပေးတော့ ဆလိုင်းဂျေစီက စာအုပ်လှူဖို့ရှိရင်လှူလိုက်ပါလားလို့အရင်ကပြောတယ်။ ဒါပေမယ့် အောင်ရွာမှာ လှူထားတော့စာအုပ်ရှိတာ နည်းသွားတော့မလှူဖြစ်လိုက်ဘူး။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ လှူချင်နေတာ။ ခု အွန်လိုင်းမှာ အလှူလုပ်ချင်သူတွေလည်း ပါဝင်နိုင်တယ်လို့တင်လိုက်တယ်။ စာကြည့်တိုက်နဲ့ပတ်သက်ရင် ဒီလိုအကူအညီတောင်းတာလည်း ဒီတခါပဲရှိတယ်”ဟု Deirel(မိုးသောက်ကြယ်)စာကြည့်တိုက်ဦးစီးသူ၊ ချင်းဝတ္ထူစာရေးဆရာမ မိုင်ဆော့ခ်လှိုင်ပါရ်(Chinland Rose)ကပြောသည်။…

အသစ်ခန့်အပ်မည်နေ့စားလပေးဝန်ထမ်း ၄၀၀ ကျော်ကို အ.မ.က (ခွဲ)ကျောင်းများတွင် အဓိက အလုပ်ခန့်မည်

အသစ်ခန့်အပ်မည်နေ့စားလပေးဝန်ထမ်း ၄၀၀ ကျော်ကို အ.မ.က (ခွဲ)ကျောင်းများတွင် အဓိက အလုပ်ခန့်မည်

ပုံ- မင်းတပ်မြို့တွင် အသက် (၃၃)နှစ်နှင့်အောက်နေ့စားလပေးဆရာ၊မလျှောက်ထားသူများအားတွေ့ရစဉ်။(ဓာတ်ပုံ-Van Salai facebook) ဆလိုင်းလာလ်နွန်အုပ် အသက် ၃၃ နှစ်နဲ့အောက်နေ့စားလပေး ဆရာ၊မအတွက်အလုပ်လျှောက်ထားသူ ၁၇၄၆ ရှိသည့်အနက် ၄၄၄ ဦးအားအလုပ်ခန့်အပ်မည်ဖြစ်ပြီး ယင်းဆရာ၊မများကို အ.မ.က(ခွဲ)ကျောင်းများတွင် အဓိကခန့်အပ်သွားမည်ဟု ချင်းပြည်နယ် ပညာရေးဦးစီးမှူးရုံးမှသိရသည်။ လျှောက်လွှာတင်ထားသူသည် ၁၇၄၆ ဦးရှိသော်လည်း နှုတ်ဖြေ ဖြေဆိုသူသည် ၁၄၈၃ သာရှိသည်။ ထို့ပြင် ဆရာ၊မခန့်ထားရေးအတွက်ခွဲတမ်းရရှိသော လက်ကျန် ၃၇၄ ရှိပြီး ယခင်ဝန်ထမ်းခေါ်ဆိုစဉ် အလုပ်ခန့်အပ်ပြီး အလုပ်မဝင်သည့်ဝန်ထမ်းများလည်းရှိသဖြင့် ယင်းလစ်လပ်နေရာအတွက်ပါ ထပ်မံခန့်အပ်မည်ဖြစ်သောကြောင့် ၄၄၄ နေရာတွင်ခန့်အပ်ရခြင်းဖြစ်သည်။ “အခုဝန်ထမ်းအသစ်တွေကို ဒီနှစ်မှ အ.မ.က(ခွဲ)အဆင့်တိုးမြှင့်ပေးတဲ့ကျောင်းအားလုံးမှာ နှစ်ယောက်စီခန့်ထားမယ်။ အ.မ.က (ခွဲ)တွေက ဆရာတစ်ယောက်မှမရှိဘူးလေ။ နောက်ပြီးတော့ ကျောင်းသားများပြီးတော့ ဆရာနည်းတဲ့ကျောင်းတွေကို ကျောင်းသားနဲ့ဆရာအချိုးညီအောင်ထည့်မယ်။…

လိုင်စင်မဲ့အရက်ရောင်းချသူများထံ ထွေအုပ်ရုံးမှလစဉ်ကြေးကောက်ခံ၍ ဆက်လက်ရောင်းချ

လိုင်စင်မဲ့အရက်ရောင်းချသူများထံ ထွေအုပ်ရုံးမှလစဉ်ကြေးကောက်ခံ၍ ဆက်လက်ရောင်းချ

ပုံ- စမီးမြို့ အိမ်အတွင်းယာမကာရောင်းချနေသည်ကို ဇွန်လအတွင်းတွေ့ရစဉ်။(ဓာတ်ပုံ- ဆလိုင်းလာလ်နွန်အုပ်) ဆလိုင်းလာလ်နွန်အုပ် စမီးမြို့တွင် လိုင်စင်မဲ့အရက်ရောင်းချသူများထံ ထွေအုပ်ရုံးမှ လစဉ်ကြေးကောက်ခံ၍ အရက်ကိုဆက်လက်ရောင်းချနေရကြောင်းသတင်းရရှိသည်။ “ရဲက လိုင်စင်တစ်ခုဆိုတစ်ယောက်ဘဲရောင်းဆိုလို့ ကျန်တဲ့သူတွေကို ဇူလိုင်လမှာ ရဲကဖမ်းတယ်။ ပြီးတော့ ပလက်ဝတရားရုံးကိုပို့တယ်။ ဒဏ်ခတ်တဲ့အနေနဲ့ တရားရုံးမှာ တစ်ယောက်ကို တစ်သိန်းတစ်သောင်းသွင်းရတယ်။ လိုင်စင်မရဘဲရောင်းတာ (၁၉)နှစ်ကြာရောင်းချနေပြီ။ အရင်နှစ်တွေမှာ တစ်လ ခုနစ်ထောင်နဲ့ ရဲကကောက်တယ်။ ဘာမှပြဿနာမရှိဘူး။ ဒီနှစ် ထွေအုပ်ရုံးက လိုင်စင်ချရောင်းတယ်။ လိုင်စင်ကြေးလည်းသွင်းရတော့ ဒီမှာလည်းပေးဒီမှာလည်းပေးဆိုတာမျိုးကို မကျေနပ်ဘူး။ ခုလည်းပြန်ရောင်းတယ်။ ရဲကလည်းထပ်ဖမ်းဖို့သတိပေးထားတယ်။ ဒါပေမယ့် ကျွန်မတို့က ဆက်ရောင်းမှာပဲ။ ဘာလို့လဲဆိုတော့ ထွေအုပ်ရုံးမှာ တစ်နှစ်လိုင်စင်ခံထားလို့ပဲ”ဟု စမီးမြို့ အမှတ်(၁)ရပ်ကွက်တွင် လိုင်စင်မဲ့အရက်ရောင်းချနေသူ ဒေါ်လှလှယဉ်ကပြောသည်။ စမီးမြို့နှင့်အနီးတဝိုက်တွင် အရက်လိုင်စင်မရှိသော်လည်း အိမ်…

နိုင်ငံတကာအဆင့် LCCI Level-3 ပြိုင်ပွဲတွင် ကလေးမြို့မှ ချင်းအမျိုးသမီးတစ်ဦး ပထမဆုရ

နိုင်ငံတကာအဆင့် LCCI Level-3 ပြိုင်ပွဲတွင် ကလေးမြို့မှ ချင်းအမျိုးသမီးတစ်ဦး ပထမဆုရ

Photo: Luan Dim Lcci facebook မိုင်ဘွဲ့ထန်ပါရ် ၂၀၁၆ ခုနှစ် နိုင်ငံတကာအဆင့် LCCI Level -3 ပြိုင်ပွဲတွင် ကလေးမြို့မှ Luan Dim LCCI သင်တန်းသူ လားမှားချွန်နီး(Lalhmachhuani)က ပထမဆုရရှိခဲ့သည်။ အဆိုပါ ဆုပေးပွဲကို မန္တလေးမြို့ Hotel Marvel တွင် စက်တင်ဘာ ၄ ရက်နေ့တွင်ကျင်းပခဲ့သည်။ “ကျွန်တော်တို့ Luan Dim LCCI Level-3 မှာ ကျွန်တော်တို့သင်ကြားပေးတာ ၅ ဘာသာရှိတယ်။ တစ်ဘာသာချင်းစီအလိုက်ဆုပေးတာ ဆုရတဲ့ သူက နိုင်ငံတကာမှာရော မြန်မာပြည်မှာလည်း ပထမဆုရတာပေါ့”ဟု Luan Dim LCCI သင်တန်းကျောင်းဦးဆောင်သူ ဆရာမင်းထက်(ခ)ဆရာဆင်ပီးကပြောသည်။ Photo:…

ဇောလ်ပီးကျေးရွာရေဘေးဒုက္ခသည်များ အကူအညီများလိုအပ် လျက်ရှိ

ဇောလ်ပီးကျေးရွာရေဘေးဒုက္ခသည်များ အကူအညီများလိုအပ် လျက်ရှိ

ပုံ-ဇောလ်ပီးကျေးရွာ ရေဘေးဒုက္ခသည်စခန်းတွင် စက်တင်ဘာ ၂ ရက်နေ့၌ ကလေးငယ်များစာသင်ကြားနေကြစဉ်။ (Photo: Zo Len) ဆလိုင်းလာလ်နွန်အုပ် ဖလမ်းမြို့နယ် ကမွန်းချောင်းကျေးရွာအနီးတွင် ချင်းပြည်နယ်အစိုးရက နေရာချပေးသော ဇောလ်ပီးကျေးရွာ ရေဘေးဒုက္ခသည်များသည် လတ်တလောတွင်အကူအညီများလိုအပ်လျက်ရှိကြောင်းဒေသခံများထံမှသတင်းရရှိသည်။ “ရေကတော့ တဲနဲ့နည်းနည်းဝေးတဲ့နေရာမှာ သွားခတ်တယ်။ ဆန်ကိုတော့ အစိုးရကသုံးလအတွက်ပေးတယ်၊ ဒါလေးပဲစားနေရတယ်။ ဆီ၊ ဆား၊ ပဲ မပေးထားဘူး။ ဟင်းတွေဝယ်ဖို့ပိုက်ဆံလည်းမရှိတော့ ဒီလိုပဲ ငါးပိရည်နဲ့တုပြီးတော့ထမင်းစားတယ်။ နေ့စားလုပ်ဖို့လည်းမရှိဘူး။ တောင်ယာလည်းမခုတ်နိုင်ဘူး။ ယောင်္ကျားတွေကတော့ အိမ်ဆောက်ဖို့ တောထဲမှာတိုင်တွေလိုက်ရှာနေကြတယ်။ လိုအပ်တာများလွန်းလို့ အဓိကဘာလိုအပ်လဲဆိုတာပြောဖို့မလွယ်ဘူး”ဟု ဇောလ်ပီးကျေးရွာ ရေဘေးဒုက္ခသည်စခန်းတွင်နေထိုင်သူ ဒေါ်ထန်နယ်ကပြောသည်။ ဇောလ်ပီးရေဘေးဒုက္ခသည်စခန်းသည် ချင်းပြည်နယ်အစိုးရမှ စက်ယန္တရားများဖြစ် ဝင်ရောက်ဖျက်ဆီးခဲ့သော ဘွာလ်ပီးကွင်းနှင့် နှစ်မိုင်အကွာတွင်တည်ရှိသည်။ ပုံ- ဇောလ်ပီးကျေးရွာ ရေဘေးဒုက္ခသည်စခန်းအား စက်တင်ဘာ…

နာဂဒေသတွင် ကူးစက်ရောဂါကြောင့် ကလေးငယ် သုံးဦးထပ်မံသေဆုံး၊ စုစုပေါင်းသေဆုံးသူ ၈၅ ဦးရှိပြီ

နာဂဒေသတွင် ကူးစက်ရောဂါကြောင့် ကလေးငယ် သုံးဦးထပ်မံသေဆုံး၊ စုစုပေါင်းသေဆုံးသူ ၈၅ ဦးရှိပြီ

ဆလိုင်းလာလ်နွန်အုပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကူးစက်ရောဂါကြောင့် ငါးနှစ်အောက် ကလေးငယ် သုံးဦးထပ်မံသေဆုံးသဖြင့် သေဆုံးသူစုစုပေါင်း ၈၅ ဦးရှိလာပြီဖြစ်ကြောင်း Emergency Response Team to Naga Region လူမှုကွန်ရက်စာမျက်နှာမှသတင်းရရှိသည်။ ၂၀၁၆ ခုနှစ် မေလ မှ သြဂုတ်လ ၂၅ ရက်နေ့ထိ သေဆုံးသူ စုစုပေါင်း ၈၂ ဦးရှိပြီး သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်ထိ နန်းယွန်းမြို့နယ်တွင် ငါးနှစ်အောက် ကလေးငယ် သုံးဦးထပ်မံသေဆုံးခဲ့သည်။ “နာဂဒေသမှာ ကလေးတွေရဲ့ကျန်းမာရေးအခြေအနေတိုးတက်မှုအနည်းငယ်ရှိလာပြီလို့သိရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေလည်း အချို့ရွာတွေမှာရောက်နေပြီလို့သိရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်ပတ်မှာ ကလေး (၃) ယောက် သေပါတယ်”ဟု Emergency Response…

1 10 11 12 13 14 16