Home » Archives by category » World News

Froland မြို့မှ အောင်ဆန်းစုကြည်ပန်းခြံ ကို ပန်းခြံဖြစ်မြောက်ရေး ကော်မတီ သို့ လာမည့် မေလ ၁၄ရက်နေ့တွင် တရားဝင်လွှဲပြောင်းအပ်နှံတော့မည်

Froland မြို့မှ အောင်ဆန်းစုကြည်ပန်းခြံ ကို ပန်းခြံဖြစ်မြောက်ရေး ကော်မတီ သို့ လာမည့် မေလ ၁၄ရက်နေ့တွင် တရားဝင်လွှဲပြောင်းအပ်နှံတော့မည်

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် လူထုခေါင်းဆောင် အောင်ဆန်းစုကြည် ၏ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီ အရေး အတွက် ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုများအား ဂုဏ်ပြုသောအားဖြင့် အောင်ဆန်းစုကြည် ပန်းခြံ ဖွင့်လှစ် ထားရှိနိုင်ရန် Froland မြို့နေ မြန်မာပြည်သားများ၏ လှုံ့ဆော်မှုမှတဆင့် Froland ဒေသအာဏာပိုင်များ၏ တရားဝင် ခွင့်ပြုချက်ကိုရရှိနိုင်ခဲ့ပြီး ၊အောင်ဆန်းစုကြည် ပန်းခြံအတွက် သတ်မှတ် ထားသော မြေနေ ရာအား မေလ၊ ၁၄ ရက်၊ ၂၀၁၆ စနေနေ့ မွန်းလွဲ ၁၅း၀၀ နာရီတွင် Froland မြို့တော်ဝန် Ove Gundersen ကိုယ်တိုင်တက်ရောက် အပ်နှံမည်ဖြစ် ကြောင်းသိရသည်။ “ပန်းခြံဆိုတာ ၂ မျိုးရှိပါတယ်။မြေကြီးပေါ်စိုက်တဲ့ ပန်းခြံနဲ့ စိတ်နှလုံးမှာ စိုက်တဲ့…

လာဟိုးမြို့ ဗုံးကွဲလို့ အနည်းဆုံး လူ ၆၅ယောက် သေဆုံး

လာဟိုးမြို့ ဗုံးကွဲလို့ အနည်းဆုံး လူ ၆၅ယောက် သေဆုံး

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း၊ Lahore မြို့က လူစည်ကားတဲ့ ပန်းခြံတခုအတွင်း တနင်္ဂနွေနေ့က အသေခံဗုံးခွဲ တိုက်ခိုက်မှု တခု ဖြစ်သွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၆၅ ဦးသေဆုံးပြီး ၃၀၀ လောက် ထိခိုက် ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူတွေထဲ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ Punjab ပြည်နယ်အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ အကြံပေး Salman Rafiq က ပြောပါတယ်။ ဒေသခံဆေးရုံကို ခေါ်ဆောင်သွားသူတွေထဲ ဒဏ်ရာပြင်းထန်တဲ့သူတွေလည်းပါတယ်လို့ သူက ပြောပါတယ်။ Gulshan Iqbal ပန်းခြံအတွင်း ပေါက်ကွဲမှုဖြစ်ပွားတဲ့အချိန်က ခရစ်တော်ထမြောက်ခြင်းအထိမ်းအမှတ်ဖြစ်တဲ့ Easter ပွဲတော် ကျင်းပနေတဲ့ ခရစ်ယာန် မိသားစုဝင် အများအပြားလည်း ရှိနေတယ်လို့ မျက်မြင်…

ဆီးရီးယားတွင် အမေရိကန်က လေတပ်စခန်းနှစ်ခု ဆောက်လုပ်နေ

ဆီးရီးယားတွင် အမေရိကန်က လေတပ်စခန်းနှစ်ခု ဆောက်လုပ်နေ

ဆီးရီးယားက ကာ့ဒ်တွေ သိမ်းပိုက်ထားရာ နိုင်ငံမြောက်ပိုင်းမှာ အမေရိကန်ရဲ့ ဒုတိယမြောက် လေတပ်စခန်းတစ်ခု ဆောက်လုပ်နေမှုဟာ ပြီးလုပြီးခင် ဖြစ်နေပြီလို့ သိရပါတယ်။ အဲဒီ ဒုတိယမြောက်လေတပ်စခန်းဟာ စစ်ဖက်ရော အရပ်ဖက်မှာပါ အသုံးပြုသွားမှာ ဖြစ်တယ်လို့ အာရ်ဘီးလ်မြို့အခြေစိုက် သတင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ BasNews ရဲ့ ဖော်ပြမှုကို ကိုးကားကာ Reuters သတင်းဌာနက ထပ်ဆင့် ဖော်ပြခဲ့ပေမယ့် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်အနေနဲ့ ဆီးရီးယားမှာ မည်သည့်လေယာဉ်ကွင်းကိုမှ ထိန်းချုပ်ထားတာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီလေတပ်စခန်းဟာ ဟာဆာကာပြည်နယ် ရာမီလန်မြို့မှာ တည်ရှိတာဖြစ်ပြီး ပြေးလမ်းဖောက်လုပ်တဲ့ လုပ်ငန်းအများစုဟာ ပြီးစီးသွားကာ၊ တူရကီနဲ့ကပ်နေတဲ့ ကိုဘာနီမြို့မှာလည်း အမေရိကန်က လေတပ်စခန်းတစ်ခုကို ဆောက်လုပ်နေတယ်လို့ အမည်မဖော်ပြတဲ့ စစ်တပ်သတင်းရင်းမြစ်ကို…

တရုတ်တွင် အမျိုးသမီးတစ်ဦး ဓာတ်လှေကားအတွင်း တစ်လကြာ ပိတ်မိသေဆုံး

တရုတ်တွင် အမျိုးသမီးတစ်ဦး ဓာတ်လှေကားအတွင်း တစ်လကြာ ပိတ်မိသေဆုံး

တရုတ်နှစ်သစ်ကူးအတွက် တစ်လတာ ပိတ်ရက်ယူခဲ့ပြီးနောက် လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်လာတဲ့ ဓာတ်လှေကား ထိန်းသိမ်းပြုပြင်သူတွေဟာ ပျက်နေတဲ့ ဓာတ်လှေကားအခန်းငယ်အတွင်းမှာ အမျိုးသမီးတစ်ယောက် သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ နိုင်ငံအလယ်ပိုင်း ရှန်ဇီပြည်နယ် ရှီအန်မြို့က လူနေအဆောက်အဦးတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအမျိုးသမီးဟာ ဇန်န၀ါရီလကတည်းက ဓာတ်လှေကားမှာ ပိတ်မိနေကာ အစာငတ်ပြီး သေဆုံးခဲ့တာပါ။ ဒါဟာ ဓာတ်လှေကား ပြုပြင်ထိန်းသိမ်းရေး ကုမ္ပဏီနဲ့ အဆောက်အဦး စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ဂရုမစိုက်မှုကြောင့် ဖြစ်ပွားတာဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ယင်းအဆောက်အအုံရဲ့ မန်နေဂျာဖြစ်သူက ဓာတ်လှေကား ပျက်သွားပြီးတဲ့နောက် ပထမထပ်သို့ ပြန်ရွှေ့ထားခဲ့ပြီး အလုပ်သမားတွေက ဓာတ်လှေကားထဲမှာ ဘယ်သူမှမရှိကြောင်း အတည်ပြုပြီးမှ ၀န်ဆောင်မှုရပ်ဆိုင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုတွေရတော့ အလုပ်သမားတွေက အထဲမှာ ဘယ်သူ…