Home » Archives by category » Business

ကုန်းတွင်းပိတ်ဒေသဖြစ်သော ချင်းပြည်နယ်အတွက် ကုလားတန်စီမံကိန်းသည် အရေးကြီးဟု ချင်းဝန်ကြီးပြော

ကုန်းတွင်းပိတ်ဒေသဖြစ်သော ချင်းပြည်နယ်အတွက် ကုလားတန်စီမံကိန်းသည် အရေးကြီးဟု ချင်းဝန်ကြီးပြော

Mai Bawi Than Par Chin World Media December 12, 2016 အိန္ဒိယနိုင်ငံအစိုးရမှ လုပ်ဆောင်လျက်ရှိသော ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း (Kaladan Multimodal Transit Transport Project) ၏ ပလက်ဝမြို့ဆိပ်ကမ်းသည် ကုန်းတွင်းပိတ်ဒေသဖြစ်သော ချင်းပြည်နယ်အတွက် အရေးကြီးဟု ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောခွင့်ရပုဂိုလ် ဆလိုင်းအိုက်ဇက်ခင်မှ ဆိုသည်။ ဤကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်စီပွားရေးမူဝါဒအရ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်း၊ ယင်းမှတဆင့် ချင်းပြည်နယ် ပလက်ဝဆိပ်ကမ်းနှင့် ယင်းမှတဆင့် အဝေးပြေးကားလမ်းဖြင့် အိန္ဒိယအရှေ့မြောက်အရပ်များဖြစ်သော မီဇိုရမ်ဒေသနှင့် အရှေ့မြောက်ဒေသများသို့ ကုန်စည်စီဆင်းမှုများ ပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်သော အစီအစဉ်လည်း ဖြစ်သည်။ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး…

စိုက်ပျိုးစရိတ်အတွက် တောင်သူများကို နိုင်ငံခြားဘဏ်မှ ငွေချေးခွင့်ပေးသင့်ဟုဆို

စိုက်ပျိုးစရိတ်အတွက် တောင်သူများကို နိုင်ငံခြားဘဏ်မှ ငွေချေးခွင့်ပေးသင့်ဟုဆို

Photo: Gin Kim Mang ဆလိုင်းလာလ်နွန်အုပ် တောင်သူလယ်သမားများ ပိုမိုအဆင်ပြေလာနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ကို နိုင်ငံခြားဘဏ်မှ ငွေချေးခွင့်ပေးသင့်ဟု မြန်မာနိုင်ငံ လယ်သမားအသင်း ဥက္ကဌဦးစိုးထွန်းကပြောသည်။ လက်ရှိအချိန် ပြည်တွင်းတွင် နိုင်ငံခြားသားပိုင် ၁၂ ဘဏ်လာရောက်ဖွင့်ခွင့်ပေးထားသော်လည်း လက္ကားဘဏ်လုပ်ငန်းသာခွင့်ပြုပြီး လက်လီဘဏ်လုပ်ငန်းကိုမူလုပ်ပိုင်ခွင့်မပေးခြင်းကြောင့် ပြည်ပဘဏ်များအနေဖြင့် နိုင်ငံသားများထံငွေမချေးနိုင်ခဲ့ခြင်းဖြစ်သည်။ ယခင်အစိုးရလက်ထက်တွင် ပြည်တွင်းဘဏ်လုပ်ငန်းများထိခိုက်မည်ဟုဆိုကာ နိုင်ငံခြားဘဏ်များကို ငွေချေးခွင့်မပေးခဲ့ပဲ လက်ရှိအစိုးရလက်ထက်တွင်လည်းလယ်ယာကဏ္ဍအတွက် ထောက်ပံ့ရန် ငွေကြေးအလုံအလောက်မရှိကြောင်း မြန်မာနိုင်ငံလယ် သမားအသင်းဥက္ကဌလည်းဖြစ်သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။ “အစိုးရသစ်တက်လာတော့ ငါတို့မှာပိုက်ဆံမရှိဘူးလို့ပဲပြောတယ်။ ပိုက်ဆံရှိဖို့မလိုဘူး။ နိုင်ငံခြားဘဏ်တွေ ခွင့်ပြုပေးဖို့ပဲလိုတယ်။ ဒါကိုဘာလို့ခွင့်မပြုတာလဲ”ဟု ဒေါက်တာစိုးထွန်းက ပြောသည်။ လက်ရှိအချိန်တွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးမှုကုန်ကျစရိတ်သည် တစ်ဧကလျှင် ကျပ် နှစ်သိန်းကျော်ရှိသော်လည်း တစ်ဧက…

ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကာလတူ ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄ သန်းကျော် တိုးလာ

ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကာလတူ ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄ သန်းကျော် တိုးလာ

ဆလိုင်းလာလ်နွန်အုပ် ချင်းပြည်နယ် ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကာလတူ ယခင်နှစ်ထက် အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်း ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက်လာကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက်နေ့တွင်ထုတ်ပြန်သည်။ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ အောက်တိုဘာ ၇ ရက်ထိ နယ်စပ်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာသန်း ၁၅ ဒသမ ၁၈၀ ဖြစ်ပြီး ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၁၀ ဒသမ ၄၃၀၊ သွင်းကုန်ပမာဏမှာ ဒေါ်လာ သန်း ၁၅ ဒသမ ၁၈၀ ဖြစ်သည်။ ထို့ပြင် ၂၀၁၅ ခုနှစ် ဧပြီလ ၁…

အစိုးရသစ်လက်ထက်တွင် ဒေါ်လာ ၈၈၅ သန်း ကူညီရန် ဂျပန်က စီစဉ်နေ

အစိုးရသစ်လက်ထက်တွင် ဒေါ်လာ ၈၈၅ သန်း ကူညီရန် ဂျပန်က စီစဉ်နေ

လာမည့် အစိုးရသစ် လက်ထက်တွင် အစိုးရသစ်၏ တောင်းဆိုမှုအရ အထောက်အပံ့နှင့် ချေးငွေ အမေရိကန် ဒေါ်လာ ၈၈၅ သန်း ပေးအပ်သွားရန် ဂျပန်အစိုးရက ပြင်ဆင်နေကြောင်း ဂျပန်တိုင်း(မ်)သတင်းစာက ရေးသားထားသည်။ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့ပေးရေး အစီအစဉ် အသေးစိတ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက ဧပြီလတွင် အာဏာရယူပြီးနောက် မကြာမီ ယခုနှစ်လယ်ခန့်တွင် ရေးဆွဲသွားနိုင်ရန် ဂျပန်အစိုးရက မျှော်လင့်ထားသည်ဟု အစိုးရ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး မတ် ၇ ရက်နေ့တွင် အဆိုပါ သတင်းစာက ရေးသားထားသည်။ အဆိုပါ အထောက်အပံ့များဖြင့် ရန်ကုန်ပတ်ဝန်းကျင်ဒေသများတွင် လျှပ်စစ်ဓာတ်အားပေးရေးနှင့် လမ်းပန်းဆက်သွယ်ရေး တိုးတက်လာစေရေး ဆောင်ရွက်ရန် မေ…

ဂျာမန်လက်လီလုပ်ငန်းစုက မြန်မာနိုင်ငံသို့ လုပ်ငန်းတိုးချဲ့ရန် စဉ်းစားနေ

ဂျာမန်လက်လီလုပ်ငန်းစုက မြန်မာနိုင်ငံသို့ လုပ်ငန်းတိုးချဲ့ရန် စဉ်းစားနေ

ဂျာမနီနိုင်ငံမှ လက်လီနှင့် ကုန်စည်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကြီးဖြစ်သည့် Metro က မြန်မာနှင့် အီရန်နိုင်ငံတို့တွင် လုပ်ငန်းများ တိုးချဲ့ရန် ယခုနှစ်ကုန်ပိုင်း၌ ဆုံးဖြတ်မည်ဟု အမှုဆောင်အရာရှိချုပ်က မဂ္ဂဇင်းအင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်။ “နိုင်ငံရေးအရ ပွင့်လန်းလာမှုကနေ မြန်မာနိုင်ငံက အကျိုးကျေးဇူးတွေ ရရှိလာပြီဖြစ်ပြီး တိုးတက်ဖို့ အလားအလာတွေ အများကြီးရှိပါတယ်” ဟု အမှုဆောင်အရာရှိချုပ် Olaf Koch က WirtschaftsWoche အပတ်စဉ်ထုတ်မဂ္ဂဇင်းကို မတ် ၃ ရက်နေ့က ပြောကြားသည်။ “အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပြီးတဲ့နောက် အီရန်က အခွင့်အလမ်းတွေကိုလည်း ကျွန်တော်တို့ လေ့လာနေပါတယ်” ဟု ၎င်းက ပြောသည်။ ၎င်းတို့၏ လုပ်ငန်းများအားလုံးကို တိုးချဲ့ရန် ပြင်ဆင်မှုများကို ဆောင်ရွက်နေပြီဖြစ်သည်။ “ကျွန်တော်တို့ ဆက်သွားကြမလား၊ မသွားဘူးလားဆိုတာကို…

မြန်မာနိုင်ငံ၏ အချမ်းသာဆုံး သူဌေးများ အကြောင်း

မြန်မာနိုင်ငံ၏ အချမ်းသာဆုံး သူဌေးများ အကြောင်း

M 1. ဦးဇော်ဇော် အသက် – ၄၈ အဓိက လုပ်ငန်း – မက်စ်မြန်မာ ဂရု(ပ်) Max Myanmar Group အဓိက လုပ်ငန်းအမျိုးအစားများ – ဘဏ်၊ ဟိုတယ်၊ ဆောက်လုပ်ရေး၊ လောင်စာဆီ၊ ကျောက်သံပတ္တမြားနှင့် ရာဘာလုပ်ငန်းများ ဦးဇော်ဇော်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခဲ့ပြီး ဂျပန်ဘတ်စ်ကားများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် ဂျင်နရေတာမီးစက်များ တင်သွင်းရန် မြန်မာနိုင်ငံကို ၁၉၉၃ ခုနှစ်က ပြန်ရောက်ခဲ့ပါတယ်။ လုပ်ငန်းအမျိုးအစားတွေက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး နေပြည်တော်မှာ ဘောလုံးကွင်း ဆောက်လုပ်ပေးခဲ့ခြင်းအပါအဝင် စစ်အစိုးရနဲ့ နီးစပ်ခဲ့တဲ့အတွက် ဦးဇော်ဇော်ကို အမေရိကန်က နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ဦးဇော်ဇော်ဟာ ကလေးဆေးရုံများ…