Home » Archives by category » Health

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်သော အစားအသောက်များ

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်သော အစားအသောက်များ

အရသာလည်းရှိပြီး နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်သင့်ပါတယ်။ ကိုလက်စထရောနှင့် သွေးခုန်နှုန်းတွေအတွက်ပါ ကောင်းမွန်စေတဲ့ အစေ့အဆန်၊ ပဲအမျိုးမျိုး၊ အသီးအရွက်နဲ့ ပြည့်ဝဆီစတာတွေကို ဘယ်လိုစားသုံးရမယ်ဆိုတာကို လေ့လာထားဖို့လိုအပ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ ဟင်းအမျိုးအစားတွေကတော့ နှလုံးရောဂါဖြစ်ပွားစေနိုင်မှုတွေကို လျှော့ချပေးနိုင်မယ့် အစားအစာတွေပဲဖြစ်ပါတယ်။ အမဲသားဂေါ်ဖီ ချိုချဉ်စွတ်ပြုတ် ဒီဟင်းလျာလေးကတော့ ချိုချဉ်အရသာဖြစ်ပြီး အမဲသားနဲ့ ဂေါ်ဖီ တွဲဖက်ချက်ထားတဲ့ ဂျာမန်ဟင်းလျာအမျိုးအစား ဖြစ်ပါတယ်။ ပိုပြီးအရသာရှိစေမယ့် စွတ်ပြုတ်ဖြစ်စေဖို့ဆိုရင် အာလူးပြုတ်ကို လေးထောင့်တုံးလေးတွေ တုံးပြီးထည့်နိုင်ပါတယ်။ ကြက်သားနဲ့ ခရမ်းချဉ်သီးခြောက်ဟင်း နေရောင်အောက်မှာ အခြောက်လှန်းထားတဲ့ ခရမ်းချဉ်သီးကို ချိစ်နဲ့တွဲဖက်ပြီး ကြက်သားဟင်းကို အီတလီစတိုင်ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ဒီဟင်းလျာကိုတော့ ပေါင်းခံထားတဲ့ ဘရိုကိုလီလို့ခေါ်တဲ့ ပန်းပွင့်စိမ်းနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ ကြက်သားနဲ့ အသီးအရွက်စုံ မြေပဲခေါက်ဆွဲ ခေါက်ဆွဲပြုတ်ထဲကို…

ကျန်းမာရေးအတွက်ချင်းခေါင်ရည်သောက်ကြစို့

ကျန်းမာရေးအတွက်ချင်းခေါင်ရည်သောက်ကြစို့

Salai Aung Lian(ဇလပ်မြေ) ချင်းခေါင်ရည်သည် ကမ္ဘာ့အရက်၊ဘီယာ ယာမကများနည်းတူမဟုတ်ဘဲ ချင်းအဖိုးကြီး ဆေးပညာပါရဂူဘွဲ့ရရှိတဲ့ ဦးယူးက တီထွင်ထားတာဖြစ်သည်။ ဦးယူးသည် ဘီစီ ၃၀က ချင်းခေါင်ရည် လုပ်နည်းလုပ်ပုံကို တောထဲတွင် (၇)ရက်တိတိထမင်းမစားဘဲ သွားရောက်စမ်းသပ်ပြီးသဘာဝ သစ်မြစ်နွယ်များမှ ဆေးများကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဲလ်ကိုဟောများဓာတုဆေးများလုံးဝပါဝင်ရောစပ်ထားခြင်းမဟုတ်ဘဲ အချိန်အားကြာမြင့်စွာ ထားရှိမှ သောက်သုံးသူများအတွက်လည်း ကိုယ်ခန္ဓာ ထွားကြိုင်းသည်မက အားပြည့်စေသည်။ ရှေးခေတ် ချင်းအဖိုးအဖွားများသည် တောင်ယာကအိမ်အပြန် ခေါင်ရည် ကို 200mml လောက်သာသောက်နေရပြီး သူတို့အတွက်ဆေးသုံးစွဲမှုမှာ ကျန်းမာရေးပိုမိုကောင်းမွန်စေသည်။ ချင်းအဖိုးအဖွားမျာသည် ယခင် အရပ် ၇ပေနဲ့ ပေါင် ၄၇၈ထိရှိခဲ့ကြသည်။ ကျားအရှင်လတ်လတ်ကိုတွေ့ ရင်တောင်တစ်ယောက်ချင်းဖိုက်နေကြသည်ဟုပြောဆိုကြသည်။ သွေးတိုး၊နှလုံး၊ကင်ဆာအမျိုးမျိုးကိုကာကွယ်စေသည်။ ယခုခေတ်လူငယ်များက ခေါင်ရည်ကို တစ်ည ၁၀ဂါလံလောက်အလွန် အကျွံသောက်ပြီး…

ပန်းဂေါ်ဖီစိမ်းစားခြင်းဖြင့် အသည်းပျက်စီးမှု လျှော့ချနိုင်ပြီး အသည်းကင်ဆာကို ကာကွယ်ပေးနိုင်

ပန်းဂေါ်ဖီစိမ်းစားခြင်းဖြင့် အသည်းပျက်စီးမှု လျှော့ချနိုင်ပြီး အသည်းကင်ဆာကို ကာကွယ်ပေးနိုင်

သီတင်းတစ်ပတ်လျှင် ပန်းဂေါ်ဖီစိမ်းကို (၃) ကြိမ်မှ (၅) ကြိမ်အထိ စားပေးခြင်းသည် ကင်ဆာအန္တရာယ်ကို တိုးစေသော အသည်းပျက်စီးမှုကို လျှော့ချပေးသည့်အပြင် အသည်းကင်ဆာအန္တရာယ်ကိုလည်း လျှော့ချပေးနိုင်သည်ဟု အမေရိကန်သုတေသနအသစ် တစ်ခုက ဖော်ပြသည်။ အသည်းကင်ဆာအန္တရာယ်ကို တိုးစေပြီး အသည်းချို့ယွင်းမှုကို ဖြစ်စေသော အသည်းအဆီဖုံးမှုကို သီတင်းတစ်ပတ်လျှင် ပန်းဂေါ်ဖီစိမ်းအကြိမ်အချို့စားပေးခြင်းဖြင့် ချေဖျက်နိုင်သည်ဟု အမေရိကန်နိုင်ငံ အီလီနွိုက်တက္ကသိုလ်သုတေသနပညာရှင်များက ပြောသည်။ ပန်းဂေါ်ဖီစိမ်းသည် ရင်သားကင်ဆာ၊ သုက်ရည်ဂလင်း ကင်ဆာနှင့် အူမကင်ဆာအပါအဝင် ကင်ဆာရောဂါအန္တရာယ်များကို လျှော့ချပေးသည့်အပြင် အသည်းပျက်စီးမှုကိုလည်း လျှော့ချပေးသည်။ သုတေသနပညာရှင်များသည်  ကြွက်များကို အသုံးပြု၍ လေ့လာခဲ့ကြသည်။ သုတေသနပညာရှင်များသည် ပန်းဂေါ်ဖီစိမ်းပါသော ထိန်းချုပ်ထားသည့် စားသောက်မှုပုံစံ၊ ပန်းဂေါ်ဖီစိမ်းမပါသော ထိန်းချုပ်ထားသည့် စားသောက်မှုပုံစံ၊ ပန်းဂေါ်ဖီစိမ်းပါသော အဆီနှင့် အချိုများသည့်…

ပျော်ရွှင်မှုကြောင့် တစ်ခါတစ်ရံတွင် နှလုံးကို အန္တရာယ်ဖြစ်စေနိုင်

ပျော်ရွှင်မှုကြောင့် တစ်ခါတစ်ရံတွင် နှလုံးကို အန္တရာယ်ဖြစ်စေနိုင်

ကြုံတောင့်ကြုံခဲအခြေအနေများတွင် အလွန်စိတ်ပျော်ရွှင်ရသည့် ဖြစ်ရပ်ကြောင့် နှလုံးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း လေ့လာမှုအ သစ်တစ်ခုက ဖော်ပြသည်။ ဝမ်းနည်းပူဆွေးခြင်း၊ ဒေါသထွက်ခြင်းနှင့် စိုးရိမ်ကြောက်ရွံ့ ခြင်းတို့ကဲ့သို့ အလွန်အမင်း စိတ်လှုပ်ရှားမှုများကြောင့် ရင်ဘတ်နာ ကျင်ခြင်း၊ အသက်ရှူမရဖြစ်ခြင်း၊ နှလုံးရောဂါထခြင်း၊ နှလုံးလုပ် ဆောင်ချက်ရပ်တန့်ခြင်းနှင့် သေဆုံးခြင်းပင် ဖြစ်နိုင်ကြောင်း ယခင် လေ့လာမှုတစ်ခုအရ တွေ့ရှိခဲ့သည်။ ယင်းအခြေအနေမှာ ကြုံတောင့်ကြုံခဲကိစ္စတစ်ခုဖြစ်ပြီး ပညာရှင်များက အသည်းကွဲရောဂါ (သို့မဟုတ်)Takotsubo ရောဂါအဖြစ် ခေါ်ဝေါ်ကြသည်။ ယင်းရောဂါသည် နှလုံးကြွက်သားများ ရုတ်တရက် ခေတ္တအား နည်းသွားခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ ကြွက်သားများ ရုတ်တရက်အားနည်းသောကြောင့် နှလုံး၏ အဓိက သွေးလွှတ်ခန်းဖြစ်သည့် ဘယ်ဘက်သွေးလွှတ်ခန်း၏ အောက်ခြေ ဖောင်းကားထွက်လာကာ သွေးများ ကောင်းစွာမထုတ်လွှတ် တော့ပေ။ ယခုလေ့လာမှုအသစ်တွင်…

ရာသီအပြောင်းအလဲတွင် အအေးမိသူများကို ကုသရန်နည်းလမ်းများ

ရာသီအပြောင်းအလဲတွင် အအေးမိသူများကို ကုသရန်နည်းလမ်းများ

ရာသီအပြောင်းအလဲကာလများတွင် အအေးမိခြင်းနှင့် ချောင်းဆိုး  ခြင်းကို လူအများကြုံတွေ့ရသဖြင့် ယင်းအခြေအနေများအတွက် မိမိနေအိမ်၌ပင် ကုသပျောက်ကင်းနိုင်မည့် နည်းလမ်းအနည်းငယ်ကို ကျန်းမာရေးပညာရှင်များက ဖော်ပြထားသည်။ ရာသီဥတု ပူလိုက်အေးလိုက်ဖြစ်တတ်သည့် ရာသီအပြောင်း အလဲကာလများတွင် ချောင်းဆိုးခြင်း၊ အအေးမိခြင်းတို့ကဲ့သို့ ကျန်း မာရေးပြဿနာများ အမြဲကြုံတွေ့ရတတ်သည်။ ထို့အပြင် ယင်းအခြေအနေများကြုံတိုင်း ဆေးဝါးများအပေါ်ချည်းသာ အားမကိုးဘဲယင်းဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများကို လျစ်လျူမရှုသင့်ပေ။ ယင်းဆေးဝါးများအစား ဘေးထွက်ဆိုးကျိုးများမရှိသည့် ကောင်းမွန်မြန်ဆန်စွာ ရောဂါကုသနည်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။ ရေနွေးတစ်ခွက်ထဲ ဆားအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေး ခြင်းဖြင့် လည်ချောင်းနာကျင်မှုကို ကုသရာတွင် အထောက်အကူ ဖြစ်စေနိုင်သည်။ ကော်ဖီနှင့် လက်ဖက်ရည်(သို့မဟုတ်)ရေနွေးရိုးရိုးကို မကြာ မကြာသောက်သုံးပေးခြင်းဖြင့်လည်း ရောဂါသက်သာစေနိုင်သည်။ ရေနွေးထဲတွင် နနွင်းမှုန့်၊ ချင်းမှုန့်နှင့် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး သောက်ပေးခြင်းဖြင့် ချောင်းဆိုးခြင်းကိုသာ သက်…