Home » Archives by category » Article (Page 2)

ဆက်သွယ်ရေးကွန်ယက်အပြင်ဘက်ရောက်မြို့(သို့)မတူပီမြို့လေး။

ဆက်သွယ်ရေးကွန်ယက်အပြင်ဘက်ရောက်မြို့(သို့)မတူပီမြို့လေး။

ဆလိုင်းကျော်မိုး လူကြီးမင်းခေါ်ဆိုသော ဖုန်းသည်ဆက်သွယ်ရေးအပြင်သို့ ရောက်ရှိနေပါတယ်။ လူကြီးမင်းခေါ်ဆိုသော ဖုန်းသည်စက်ပိတ်ထားပါတယ်။ လူကြီးမင်းခေါ်ဆိုသော ဖုန်းသည် တပ်ဆင်ထားခြင်းမရှိပါ။ချိုသာလှတဲ့ အော်ပရေတာအသံချိုချိုလေးကိုစတင်ကြားလိုက်ရပါတယ်။ ဒီအသံဟာ ကျွန်တော်တို့ မတူပီမြို့ဒေသခံတွေအတွက်တော့ မချိုမြနိုင်ပါဘူး။၁၉၄၉ခုနှစ် မတ်လ ၂၂ မှစတင်ကာ မြို့ဖြစ်လာတဲ့ မတူပီမြို့နယ်ဟာ အခုဆိုရင် ၆၇ နှစ်ပြည့် မြောက်ခဲ့ပါပြီ။ မတူပီမြို့နယ်ဟာ အခြားသောမြို့တွေထက် စာရင်တိုးတက်မှုတွေနှောင့်နှေး၊ဖွံ့ဖြိုးမှုတွေနှေးကွေးရတာကလည်းအမှန်ပါ။ ဒီနေရာမှာ မတူပီမြို့နယ်အကြောင်းအနည်းငယ်တော့ပြောပြချင်ပါတယ်။ ။မတူပီမြို့နယ်ဟာ မင်းတပ်ကနေမိုင်ပေါင်း ၁၀၂ မိုင် အကွာ  ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၅၆၀ အထက်မှာတည်ရှိပါတယ်။ ဗျူဟာမှူးရုံးအခြေစိုက်ရာမြို့ဖြစ်ပြီးရေဇွာမြို့၊လိုင်လင်းပီမြို့တွေဟာမတူပီမြို့နယ်ထဲမှာပါဝင် ပါတယ်။လက်ရှိမှာတော့  မတူပီမြို့နယ်နဲ့ – ပလက်ဝမြို့နယ် ကိုဆက်စပ်ပေးထားတဲ့ မြေသားကားလမ်းပေါက်သွားပြီဖြစ် တဲ့အတွက် ကုန်းလမ်းဆက်သွယ်ရေး အပိုင်းမှာဆိုရင် အရင်လို ခက်ခက်ခဲခဲသွားလာရတာမျိုးမရှိတော့ပါဘူး။ အခုဒီမတူပီမြို့နယ်မှာ လက်ရှိရှိနေတဲ့ကုတင်…

ကျောင်းဆရာများနှင့် စကားပြောခြင်း

ကျောင်းဆရာများနှင့် စကားပြောခြင်း

ဆလိုင်းမျိုးချစ် (ကန်ပက်လက်) ချင်းပြည်နယ်သို့ အိမ်ပြန်သည့် အခိုက်အတန့်တွင် မထင်မှတ်ဘဲ ကျောင်းဆရာများနဲ့အတူတကွ စားပွဲတစ်ဝိုင်း ထဲလက်လက်ရည်သောက် စကားပြောကြရင်း ချင်းပြည်နယ်၏ ပညာရေးအခြေနေနှင့် ချင်းပြည်နယ်ရှိ ကျောင်း ဆရာများ၏အခက်အခဲများကို ပါထည့်သွင်းပြောလာကြသည်။ ချင်းပြည်နယ်၏ နှစ်တိုင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ရာခိုင်နှုန်းအနည်းဆုံးဖြစ်နေခြင်းများမှသည် ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်သည့် ပြည်နယ်အဖြစ် တည်ရှိနေခြင်းအထိ ချင်းပြည်နယ်၏ လူမှုဘဝစီးပွားရေးအားလုံးခြုံငုံကြလျက် စကားပြောဖြစ်ခဲ့ကြသည်။ ထိုမှ ကျောင်းဆရာဖြစ်ခြင်းနှင့်ထိုသူများ၏အခက်အခဲ ဘဝဖြစ်ရပ်များကိုပင်ပိုမိုနားထောင်ရင်းနားလည်ရတော့သည်။ ကျောင်းဆရာများ၏ရေကြည်ရာမြက်နုရာသို့ တာဝန်ထမ်းဆောင်လိုခြင်း ကျောင်းဆရာများသည် သာမန်လူသားများ သာဖြစ်ကြပီး စိတ်ဓာတ်မြင့်မြတ်သည့် လူသားများအဖြစ်မျှသာ ထူခြားကြသည်ဖြစ်၍ သဘာဝလူသားများကြုံတွေ့ ဖြေရှင်းကြရသည့် လောက၏အဆိုးအကောင်းအကျိုးအ ကြောင်းများ၏ထုထည်ကြီးကိုမူ မလွဲမသွေရင်ဆိုင်နေ ကြသည့်အတွက် ကျောင်းဆရာအချို့သည် ဆင်းရဲ ခက်ခဲစွာ ဘဝနှင့်မိသားစုများကို ဦးဆောင်ရုန်းကန်နေကြရသည့် ကျောင်းဆ…

ချင်းပြည်နယ်ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ် ဖြေရှင်းရမည့်ဦးစားပေးပုစ္ဆာများ

ချင်းပြည်နယ်ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ် ဖြေရှင်းရမည့်ဦးစားပေးပုစ္ဆာများ

“ ကျွန်တော်တို့ကိုယ်တိုင် ပိုက်ဆံကိုသုံးနိုင်မယ်ဆိုရင်၊ ကျွန်တော်တို့ကိုယ်တိုင် လုပ်ပိုင်ခွင့်အာဏာပိုရ မယ်ဆိုရင် သိသိသာသာတိုးတက်သွားမှာပါ” အဆိုပါပြောစကားမှာ လက်ရှိချင်းပြည်နယ်ဝန်ကြီးချုပ်၏ ပြောစကားဖြစ်သော်လည်း ယခင် အစိုးရလက်ထက် ချင်းပြည်နယ် ၀န်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဟုန်းငိုင်းကိုယ်တိုင်လည်း သူ၏သက်တမ်းအတွင်း Chin World Media သို့ပြောကြားခဲ့သည့်စကားလည်းဖြစ်သည်။ ပြည်နယ်၏ လုပ်ပိုင်ခွင့်အရ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ရာတွင် လုပ်ပိုင်ခွင့်အတော်များများကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ကန့်သတ်ဆဲဖြစ်ခြင်းက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်နေသည်။ လုပ်ငန်းလည်ပတ်မှု များအတွက် အခက်အခဲတစ်ခု အနေအဖြင့် ယခင်ပြည်နယ်အစိုးရသာမက လက်ရှိပြည်နယ်အစိုးရမှ အရင်ဆုံးကြုံတွေ့ရသည့်ပြသနာမှာ လုပ်ပိုင်ခွင့်ပြသနာဖြစ်သည်။ လက်ရှိဝန်ကြီးချုပ်၏ စကားအရဆိုလျှင် လုပ်ပိုင်ခွင့်အာဏာ ပိုရမည်ဆိုလျှင် သိသိသာသာတိုးတက်သွားမည်ဟုဆိုသော်လည်း လက်ရှိတွင် လုပ်ပိုင်ခွင့်အကန့် အသတ်များရှိနေသေးခြင်းကြောင့် ငါးနှစ်သက်တမ်းအတွင်း…

အာရှအာဏာရှင်နှစ်ဦး၏ လူမှု့ပြဿနာများသိမ်မွေ့စွာဖြေရှင်းခဲ့ပုံအားချယ်မှုန်းခြင်း”

အာရှအာဏာရှင်နှစ်ဦး၏ လူမှု့ပြဿနာများသိမ်မွေ့စွာဖြေရှင်းခဲ့ပုံအားချယ်မှုန်းခြင်း”

B A Thang စင်္ကာပူနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဟုဆိုလိုက်လျှင် နိုင်ငံရေးလွတ်လပ်မှုမရှိသော နိုင်ငံများဟုအများ က သုံးသပ်ကြပေမည်။ ထိုနည်းတူစွာထိုနိုင်ငံ နှစ်ခုနှင့်အတူခွဲခြား၍ မရသည့် အထင်ကရခေါင်းဆောင်ကြီး နှစ်ဦးဖြစ်သည့် လီကွမ်ယူး နှင့် မော်စီတုန်းတို့ကိုလည်းစာဖတ်သူများ မြင်ယောင်မိမှာသေချာပါသည်။ ထိုခေါင်းဆောင် နှစ်ဦးမှာသူတို့၏ အာဏာများအားထိပါးလျင်၊ သူတို့အားခြေရာတိုင်းလာလျင် ပေါ့ပေါ့တန်တန် သဘောထားလေ့မရှိ၊ ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ဖြေရှင်းလေ့ရှိသူများ ဖြစ်သည်။ စင်္ကာပူနိုင်ငံတွင် လက်ရှိအချိန်အထိလီကွမ်ယူးမိသားစုမှ နိုင်ငံ့အာဏာအား ချုပ်ကိုင်ထားဆဲ ဖြစ်သလို၊ မော်စီတုန်းအချိန်အတော်ကြာဦးဆောင်ခဲ့သည့် တရုတ်ပြည်ကွန်မြူနစ်ပါတီကလည်းလက်ရှိအချိန်အထိတိုင်းပြည်၏ အာဏာကိုရယူထားဆဲဖြစ်ပါသည်။ သို့ဖြစ်လင့်ကစားသူတို့နှစ်ဦး ၏ တိုင်းပြည်တွင်းလူမှု ပြဿနာ (social ills) များကိုလူသားဆန်ဆန် ညှင်သာစွာဖြှေရှင်းခဲ့ကြသည့် သာဓကအချို့ကိုမီးမောင်းထိုးပြလိုပါသည်။ ယနေ့ ဒီမိုကရေစီလူ့ဘောင်တရပ် ကိုစတင် ထူထောင်နေသော ကျွန်ပ်တို့ ပြည်ထောင်စု မြန်မာ…

NLD အစိုးရနဲ့ လွှတ်တော် အခြေခံဥပဒေ ချိုးဖောက်မှုတွေလုပ်နေသလား

NLD အစိုးရနဲ့ လွှတ်တော် အခြေခံဥပဒေ ချိုးဖောက်မှုတွေလုပ်နေသလား

စိုင်းထွန်းအောင်လွင် ဒီဆောင်းပါးရေးရတာတစ်ချို့ကိစ္စတွေမှာ မြင်မကောင်းရှူမကောင်းဖြစ်နေလို့ ရေးလိုက်ရတာဖြစ်ပါတယ်။ အခြေခံဥပဒေကိုကာကွယ်ရမယ်ဆိုတဲ့ တပ်မတော်နဲ့ ပြေပြေလည်လည်ထိန်းထိန်းသိမ်းသိမ်းလုပ်ပြီးတော့မှ ယုံကြည်မှု တိုးတက်လာတဲ့ တစ်နေ့ အခြေခံဥပဒေ ပြင်ဆင်မှုတွေ ပြုလုပ်ရမဲ့ အခြေနေမှာပါတီ ထိပ်တန်းတာဝန်ရှိသူတွေ ၊ အစိုးရအဖွဲ့နဲ့ လွှတ်တော် ထိပ်တန်းခေါင်းဆောင်တစ်ချို့ လုပ်ဆောင်ပုံတွေကအခြေခံဥပဒေနဲ့ မညီတဲ့ သဘောဆောင်နေတာကြောင့် သတိပြုစေလိုတဲ့ ဆန္ဒနဲ့ ရေးသားရခြင်းဖြစ်ပါတယ်။ လတ်တလော ပြည်သူတွေအကြား စိတ်ဝင်စားစရာ သတင်းတွေထဲမှာရှမ်းပြည်နယ်က အန်အယ်လ်ဒီပါတီရဲ့ ထိပ်တန်းခေါင်းဆောင် ၆ ဦးကိုရာထူးကထုတ်ပယ်တဲ့ သတင်းကလည်း အပါဝင်ဖြစ်ပါတယ်။ ပြည်နယ်အတွင်းအန်အယ်လ်ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေအကြား အားပြိုင်မှုတွေ ရှိရာကစခဲ့တဲ့ ပြဿနာလို့ ယျေဘုယျ ကောက်ချက်ချနိုင်ပါတယ်။ ရှမ်းပြည်နယ်က အန်အယ်လ်ဒီပါတီဝင်တွေအကြား တော်တော်လေးဂယက်ရိုက်ခဲ့တဲ့ ပြဿနာလို့လည်းဆိုကြပါတယ်။ ဒါကလည်းမဆန်းပါဘူး ။ အထုတ်ခံရသူတွေ အားလုံးက…

လူမျိုးစုံချစ်ကြည်ရင်းနှီးနိုင်ငံ တည်ဆောက်ခြင်း State – Nation နဲ့ ဗိုလ်ချုပ်ရဲ့ ပင်လုံမူ

လူမျိုးစုံချစ်ကြည်ရင်းနှီးနိုင်ငံ တည်ဆောက်ခြင်း State – Nation နဲ့ ဗိုလ်ချုပ်ရဲ့  ပင်လုံမူ

စိုင်းထွန်းအောင်လွင် အသွင်မတူတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ အသွင်မတူတဲ့ မျိုးနွယ်စုတွေအမြောက်မြားနေထိုင်တဲ့ နိုင်ငံတွေအဖို့ စတိတ်နေးရှင်း သဘော ( လူမျိုးစုံ ချစ်ကြည်နိုင်ငံ ) ပုံစံနဲ့ နိုင်ငံတည်ဆောက်ဖို့ ကျယ်ကျယ်ပြန့်ပြန့်အကြံပြုတင်ပြသူတွေအထဲမှာ အဲဖရက်စတီဖင်ပါဝင်ပါတယ်။ သူဟာဖက်ဒရယ်နဲ့ ပတ်သက်တဲ့ စာတမ်းတွေကိုလည်း ပြုစုခဲ့ဖူးတဲ့ ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ ယေးလ်းတက္ကသိုလ်က ဟွမ်လင့် ၊ အိန္ဒိယနိုင်ငံက ယာဒက်ဖ်တို့ပူးပေါင်းပြီး Crafting State Nation ; India and Multinational Democracies ဆိုတဲ့ စာအုပ်ကို ရေးသားထားပါတယ်။ ခေတ်ဟောင်းနိုင်ငံရေးအတွေးအခေါ်တွေမှာ နိုင်ငံတစ်ခုရဲ့ နယ်နိမိတ်ပိုင်နက်နဲ့ ယဉ်ကျေးမှု နယ်နမိတ်မျဉ်းတွေက တထပ်တည်းကျနေရမယ်လို့ ဆိုကြပါတယ်။ အဲဒီလို အနေထားကြောင့် နိုင်ငံတစ်ခုအတွင်းမှာ လူမျိုးတစ်မျိုးတည်းပဲ…

တောင်ပေါ်မြေက အညတရသူရဲကောင်းဆုရှင် (သို့)အန်ထော်နီကပ်ခန့်ခွါလ်

တောင်ပေါ်မြေက အညတရသူရဲကောင်းဆုရှင် (သို့)အန်ထော်နီကပ်ခန့်ခွါလ်

  ဆလိုင်းကျော်မိုး ရန်ကုန်မြို့လယ်ခေါင်၊ တိုက်ခန်းတွေရဲ့ထုံးစံအတိုင်း မှောင်မိုက်နေတဲ့  တိုက်ခန်းတွေလှေကားထစ်ကို ဝိုးတဝါးနင်းစမ်းရင် ကျွန်တော်ရောက်ရှိသွားခဲ့တယ်။ ပိတ်ထားတဲ့ အခန်းတံခါးခေါက် သံနှင့် မျက်မှန်တပ်ထားပြီး ဆံပင်တိုတိုနဲ့   ပိန်ပိန်ပါးပါး လူလတ်တစ်ဦးအခန်း တံခါးကိုလာဖွင့်ပေးခဲ့သည်။ သူကတော့ နာမည်ကြီး နိုင်ငံရေးသမားလည်းမဟုတ်၊အနုပညာရှင်လည်း မဟုတ်၊ စာပေပညာရှင်လည်းမဟုတ်(ဒါပေမယ့်)   ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ လူပင်လယ်လူထုလှိုင်းတွေနဲ့အတူ   ပေါ်ထွက်လာခဲ့ပြီး လေးနှစ်ကျော်ကြာစစ်အာဏာရှင် တို့ ဖမ်းဆီးထောင်ချခံဘဝက နေ ယနေ့မြန်မာပြည်နိုင်ငံရေး အချိုးအ ကွေ့ မှာ အကျဉ်းစံဘဝကနေ ပြန်လွှတ်မြောက်လာတဲ့  ဇီုမီး(ချင်း)လူငယ်  အန်ထော်နီကပ်ခန့်ခွါလ်ဖြစ်သည်။ သမ္မတ  ဦးသိန်းစိန် အစိုးရလက်ထက်တတိယအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်နံရံတံခါးများပွင့်ထွက်ပြီးနာမည်ကြီး နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာကြသည်။ ထိုအထဲတွင်ချင်းလူငယ်နိုင်ငံရေးအကျဉ်းသား နှစ်ဦးလည်းလွတ်မြောက်လာခဲ့သည်။ တစ်ဦးမှာ ဇိုမီးပါတီဥက္ကဋ္ဌ ပူးကျင်ရှန်ထန်ရဲ့သားဖြစ်သူ Pa Kam Lam…

ချင်းအမျိုးသားခေါင်းဆောင် ဗိုလ်ကြွန်ဘိခ် (၀ါ) ဗိုလ်စွန်ပက်၏ ဗြိတိသျှနယ်ချဲ့တော်လှန်ရေးသမိုင်း (ဇာတ်သိမ်းပိုင်း)

ချင်းအမျိုးသားခေါင်းဆောင် ဗိုလ်ကြွန်ဘိခ် (၀ါ) ဗိုလ်စွန်ပက်၏ ဗြိတိသျှနယ်ချဲ့တော်လှန်ရေးသမိုင်း (ဇာတ်သိမ်းပိုင်း)

Salai Van Cung Lian (UK) အပိုင်း (၂) မှအဆက် ဗြိတိသျှတို့၏ ချင်းတောင်စစ်ဆင်ရေး (၁၈၈၉-၁၈၉၀) +++++++++++++++++++++++++++++++++++ ဗြိတိသျှတွေဟာ စီးယင်းတွေကို အနိုင်ရရှိခဲ့ ပေမယ့် သူတို့နေထိုင်တဲ့ရွာတွေကိုသာ သိမ်းပိုက်နိုင်ခဲ့ပြီး စီးယင်းစစ်တပ်ကိုမူ မချေမှုန်းနိုင်ခဲ့ပေ။ စီးယင်းစစ်သည်တော်တွေဟာ အရှုံးမပေးပဲ နီးရာတောထဲတွင် ခိုလှုံရင်း ဗြိတိသျှစစ်တပ်ကို အခွင့်အခါကြုံတိုင်း ခြုံခိုတိုက်ခိုက်ခဲ့ကြသည်။ တာရွှန်းတို့ကလည်း စော်ဘွားဟောင်း နှင့် အပေါင်းအပါများ ရွှေဂျိုးဖြူမင်းသားနဲ့ အပေါင်းအပါတွေကို ဆက်လက်ပြီးအကာအကွယ်ပေးခဲ့တယ်။ ဇိုခွား နဲ့ဟားခါး နယ်မှလည်း မြေပြန့်ဒေသတွေကို သွားတိုက်ခဲ့ကြပါတယ်။ ဒီိလိုနဲ့ပဲ ဗြိတိသျှအစိုးရဟာ ချင်းတောင်တစ်ခွင်လုံး သိမ်းပိုက်ရန် စစ်ဆင်ရေးစတင်ခဲ့ရတော့သည်။ ၁၈၈၉-၉၀ ဆောင်းရာသီတွင် ဗြိတိသျှစစ်တပ်သည် Chin-Lushai Expedition ခေါ်စစ်ကြောင်း…

၂၁ ပင်လုံမှာ တိုင်းရင်းသားအသံတွေ လျော့နည်းသွားနိုင်သလား

၂၁ ပင်လုံမှာ တိုင်းရင်းသားအသံတွေ လျော့နည်းသွားနိုင်သလား

စိုင်းထွန်းအောင်လွင် အနည်းဆုံးလွှတ်တော်တရပ်ရပ်မှာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူတွေရှိမှသာ ငြိမ်းချမ်းရေးညီလာခံမှာ ထည့်သွင်းမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါပြီ။ ဆိုတော့ နိုင်ငံရေးပါတီ ၉၀ ကျော်ရှိတဲ့အထဲက အနည်းဆုံး ရွေးကောက်ပွဲမှာ လွှတ်တော် နေရာ (၁) နေရာနဲ့ အထက်အနိုင်ရရှိသူတွေသာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ခွင့်ရှိတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရရှိမှုတွေကို ပြန်ကြည့်မယ်ဆိုရင် တိုင်းရင်းသားပါတီတွေအနိုင်ရရှိမှုမြင့်မားတဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်ကတိုင်းရင်းသားပါတီတွေကလွဲလို့ကျန်ပြည်နယ်တွေက အမျိုးသား (သို့မဟုတ် ) တိုင်းရင်းသား ပါတီတွေအနေနဲ့ တင်ပြခွင့်နည်းတာ ၊ တင်ပြခွင့်လုံးဝ မရနိုင်တဲ့ အခြေနေရောက်လာပြီ လို့ဆိုနိုင်ပါတယ်။ ဒါဟာ လူထုကိုယ်စားပြုမှုနဲ့ကြည့်ရင်တော့ လုံးဝ မတရားဘူးလို့တော့လည်း ဆိုလို့ မရနိုင်ပါဘူး။ ကိုယ်စားပြုမှုကို တိုင်းတာတဲ့ အရာမှာ…

ကလေးမြို့လယ်ခေါင်ကလေယာဉ်ကွင်းနဲ့ ပြည်သူ့ကျန်းမာရေး

ကလေးမြို့လယ်ခေါင်ကလေယာဉ်ကွင်းနဲ့ ပြည်သူ့ကျန်းမာရေး

အောင်ထွန်းလင်း (အောက်ချင်းသစ္စာသတင်းအေဂျင်စီ) နေရာကစစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့။ ကလေးမြို့ရဲ့ အဓိကကျတဲ့ မိန်းလမ်းမကြီးကဗိုလ်ချုပ်လမ်း။အဝေး ချင်းတောင်တန်းပေါ်က ကြည့်ရင် ဗိုလ်ချုပ်လမ်းနဲ့အပြိုင် မြင်ရတာကကလေးမြို့ လေယာဉ်ကွင်း။မြန်မာပြည်ကလေယာဉ်ကွင်းရှိတဲ့ မြို့တွေထဲမှာထူးထူးခြားခြား မြို့လယ်ခေါင်မှာနေရာယူထားတဲ့ ကလေးမြို့ လေယာဉ်ကွင်း။ “ကလေးမြို့ လေယာဉ်ကွင်းကြီးဟာ မြို့လယ်ခေါင်တည့်တည့်မှာရောက်သွားပြီ။ အရင်တုန်းကတော့ မြန်မာ့ လေကြောင်းတစ်ခုတည်းပဲဆင်းတယ်။ အခုကျတော့ ပုဂ္ဂလိကလေယာဉ်တွေ၊ Air Kanbawza၊ Air Win စသဖြင့် လေယာဉ်တွေဟာနေ့စဉ်နဲ့အမျှ ဆင်းသက်နေတာ ဖြစ်တဲ့အတွက် မတော်တဆများ ဖြစ်ခဲ့သည်ရှိသော် ကလေးမြို့ရဲ့ ကံကြမ္မာကအင်မတန် ကြောက်စရာကောင်းတဲ့အတွက် လေယာဉ် ကွင်းကို ကျွန်တော်တို့ အစိုးရလက်ထက်မှာပြောင်းနိုင်တယ်ဆိုရင်တော့၊ မြို့ပြင်ကိုထုတ်နိုင်တယ် ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်” လို့ ပြောလိုက်သူကစစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်…