Home » Archives by category » Article (Page 3)

“ခရိုင်မျှော်လင့်ချက်နဲ့ပလက်ဝမြို့”

“ခရိုင်မျှော်လင့်ချက်နဲ့ပလက်ဝမြို့”

ဆလိုင်းပီတာလွယ်လူး ၂၀၁၆ခုနှစ်၊ မတ်လ ၂၁ရက်နေ့..။ အသိတစ်ယောက်ဆီက ဖုန်းဝင်လာလို့ ကိုင်လိုက်မိတယ်။ ပလက်ဝမြို့နယ်မှာအခုဆန္ဒပြနေကြပြီ.. .. တဲ့။ ဘာအတွက်လဲမေးကြည့်တော့..။ ခရိုင်ကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြကြတာပါ။ အစက လူထောင်ချီပြီး ပြကြဖို့ ခွင့်တောင်းပေမယ့် ခွင့်ပြုချက်အရ အယောက် ၂၀၀ လောက်ပဲပြဖြစ်ခဲ့ကြတယ်လို့ သူပြောမှ ကိုယ်လည်း သိခဲ့ရပါတယ်။ ဆန္ဒပြတယ်ဆိုတာတစ်ခါမှမကြားခဲ့ဖူးတဲ့ ပလက်ဝမြို့မှာဆန္ဒပြတယ်ဆိုတာ ကြားမိတော့ အရမ်းကို အံ့သြမိတယ်။ဒီလောက် လူတွေအများကြီး ခရိုင်အတွက် ဘာကြောင့် ဆန္ဒပြချင်နေကြတာလဲ..။ လေးလေး နက်နက် ပိုပြီးအတွေးချဲ့နေမိတယ်။ ခူမီးအမျိုးသားပါတီတည်ထောင်ပြီး သူတို့ရဲ့ရည်ရွယ်ချက်တွေထဲကမှ တစ်ခုဖြစ်တဲ့ ခရိုင်ရရှိရေး ဆိုတာလည်း ပါနေတာကို တွေ့ရပါတယ်။ ခရိုင်ဘာလို့ ဒီလောက်တောင် တောင့်တနေကြတာလဲ..။ ပလက်ဝမြို့နယ် တိုးတက်ဖို့ ခရိုင်ရရှိရေး ဟာတကယ့်ကို…

ချင်းပြည်နယ်ကိုအလည်တစ်ခေါက် ရောက်ခဲ့တဲ့ မြန်မာအလှမယ် မိုးစက်ဝိုင်

ချင်းပြည်နယ်ကိုအလည်တစ်ခေါက် ရောက်ခဲ့တဲ့ မြန်မာအလှမယ် မိုးစက်ဝိုင်

အမေရိကန်ပြည်ထောင်စု California Lutheran University ကနေ Business Administration in Marketingနဲ့ဘွဲ့ရရှိခဲ့ပြီး Miss Myanmar Universe 2013 အလှမယ် မိုးစက်ဝိုင် က သဘာဝအလှတရား တွေနဲ့ပြည့်စုံနေတဲ့ ချင်းတောင်တန်းကို ၂၀၁၆ ဧပြီလ ကုန်ပိုင်းမှာသွားရောက်လည်ပတ် ခဲ့ပါတယ်။ သူမရဲ့ခရီးစဉ်အတွေ့အကြုံတွေကို Chin World Media အဖွဲ့က ရန်ကုန်ကန်တော်ကြီး ပန်းခြံမှာတွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့တာကိုဖော်ပြလိုက်ပါတယ်။ မေး။   ။မြန်မာပြည်မှာလည်ပတ်စရာတွေအများကြီးရှိတဲ့အထဲက မှဘာကြောင့် ချင်းပြည်နည်ကိုသွား ရောက်လည်ပတ်ဖြစ်တာလဲ။ ဖြေ။   ။မိုးစက်ပထမဆုံးအနေဖြင့် ချင်းပြည်နယ်ကိုသွားဖြစ်တာ က တော့မေမေ့ရဲ့မိတ်ဆွေဖြစ်တဲ့ အမျိုးသားလွှတ်တော်အမတ် အန်တီ ဒေါ်ကျိမ်ငိုင်းမာန် ကဖိတ်ခေါ်လို့သွားရောက်ဖြစ်တာပါ။ မိုးစက်ကိုယ် တိုင်ကလည်းမြန်မာပြည်အနှံ့သွားရောက်လည်ပတ်ဖူးချင်ပါတယ်။ အဲဒီ အခါမှာ ချင်းပြည်နယ်…

တိုင်းရင်းသားတွေမှာဘာပေးဆပ်စရာကျန်နေသေးလို့လဲဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ

တိုင်းရင်းသားတွေမှာဘာပေးဆပ်စရာကျန်နေသေးလို့လဲဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ

စိုင်းထွန်းအောင်လွင် တိုင်းရင်းသားများမှာ ပေးစရာတွေရှိပါတယ်။ ဒုက္ခသည်များ မြေမြှပ်မိုင်းများ နေရပ်စွန့်ခွာတိုင်းရင်းသားများ အကြမ်းဖက်ခံခဲ့ရသော အမျိုးသမီးများ စစ်စခန်းတည်ဆောက်မှုနှင့် သယံဇာတထုတ်ယူမှုကြောင့် ဆုံးရှုံးခဲ့သော မြေယာမဲ့ လူတန်းစားများ စစ်ပွဲကြောင့် ပျက်စီးခဲ့ရတဲ့ ကျေးရွာများ ပျောက်ဆုံးသွားသော စာပေ၊ ယဉ်ကျေးမှုများ စသဖြင့်ပါပဲ ဆိုတဲ့ ကျွန်တော့်မိတ်ဆွေတဦးက သူ့ရဲ့ ဖေ့ဘုပ်လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားတာတွေ့ရပါတယ်။   ၂၁ ရာစုပင်လုံညီလာခံကို ၂ လအတွင်းပြုလုပ်ကျင်းပလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ပြီး ခပ်မြန်မြန်လုပ်ဖို့ တွန်းနေသော်လည်းအားလုံးပါဝင်ခွင့်ရမလား ဆိုတာကလည်းမသေချာမရေရာသေးပါဘူး။ တပ်ကတော့ တချှိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလက်နက်စွန့်ခိုင်းနေတာတွေ့ရပါတယ်။ တိုက်ပွဲတွေကလည်း ရှိနေဆဲဖြစ်တဲ့ အပြင် သူမလက်ကိုင်ထားပြောနေတဲ့ စကားတစ်ခွန်းကိုထပ်ခါထပ်ခါ ပြောနေတာတွေ့ရပြ၊ီးအဲဒီစကားကိုစာရေးသူအနေနဲ့လည်း ဘ၀င်မကျဖြစ်ရ သလိုကျန်တဲ့  နိုင်ငံရေးလေ့လာသူအချို့လည်း ဘ၀င်မကျကြပါဘူး။ အဲဒါကတော့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်…

ချင်းပြ ည်နယ်တွင် အချိန်မီထိန်းသိမ်းရတော့မည့်သဘာဝအလှတရားများ

ချင်းပြ ည်နယ်တွင် အချိန်မီထိန်းသိမ်းရတော့မည့်သဘာဝအလှတရားများ

ချင်းပြည်နယ် မတူပီမြို့နယ်တွင်တည်ရှိသောဘုံတလာရေတံခွန်ကိုလှပစွာတွေ့မြင်ရစဉ်။(ဓာတ်ပုံ − ဆလိုင်းကျော်မိုး) ဆလိုင်းကျော်မိုး အဝေးပြေးကားပေါ်တွင်သာယာငြိမ့်ညောင်းစွာနှင့်ထွက်ပေါ်လာတဲ့ “အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင်xxx xxxသွားပြီသွားပြီxx xxx အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင်xx ဝေးပြီဝေးပြီတစ်သက်လုံးဝေးနိုင်တယ် xxx ”မျိုးကြီးသီချင်းကကျွန်တော်နှလုံးသားကိုလာရိုက်ခတ်ခဲ့တယ်။ တစ်ဆက်ထဲမှာပဲအရှိန်အဟုန်တဟုန်းဟုန်းနဲ့စီးဆင်းပြီးကျောက်တောင်၊ကျောက်နံရံတွေကြားထဲကနေလှပစွာထိုးထွက်လာတဲ့ရေစီးရေလုံးများနှင့်တဝေါဝေါကျဆင်းနေတဲ့ လှပတဲ့ရေတံခွန်ကြီးကိုမြင်ယောင်မိတယ်။ဒီလိုအလှတရားများစွာပိုင်ဆိုင်ထားတဲ့ ရေတံခွန်အနီးအနားမှာတငွေ့ငွေ့လောင်ကျွမ်းပြီးမငြိမ်းတငြိမ်းမီးကျွင်းမီးကျန်တွေ၊ပွစာကျဲနေတဲ့ထင်းခြောက်တွေ၊ဘီယာပုလင်းခွံအကွဲအစတွေ၊အရက်ပုလင်းအပြားအခွံတွေနဲ့စားကြွင်းစားကျန်အမှိုက်တွေကလမ်းတစ်လျောက်မြင်မကောင်းအောင်တည်ရှိလို့နေပါတယ်။ တစ်ချိန်ကလမ်းပမ်းဆက်သွယ်ရေးသွားလာရခက်ခဲသောကြောင့် မြို့ခံများသာသွားရောက်လေ့ရှိတဲ့ ဘုံတလာရေတံခွန်သည်ချင်းပြည်နယ် တောင်ပိုင်းမတူပီမြို့နယ်၊ဖနိုင်အုပ်စုထီစောင်းရွာနားတွင်တည်ရှိပြီးပေပေါင်း (၄၂၀၀)ကျော်  ရှိသည့်အောသရောတောင်စွန်းအောက်တွင်စတင်ချောင်းဖျားခံပြီးစီးဆင်းလာရာမတ်စောက်နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီးကိုဖြတ်သန်းစီးဆင်းလာသဖြင့်အလွန်လှပသည့်ရေတံခွန်ဖြစ်လာသည်။ယခုအခါ သွားလာရလွယ်ကူပြီးဆိုင်ကယ်၊ကားများဖြင့်သွားနိင်ပြီဖြစ် သည်။ထိုသို့လွယ်လင့်တကူသွားလာနိုင်ခြင်းက သဘာဝအလှတရားကိုခြိမ်းခြောက်နိုင်ခဲ့သည်။ ယခင်ကဘုံတလာရေတံခွန်ကအရမ်းသာယာလှပတာပဲဆိုသည့်စကားသံနေရာမှာအရမ်းကိုစည်းကမ်းမဲ့အမှိုက်တွေစွန့်ပစ်ထားတယ်ဟုရေတံခွန်ရောက်သူတိုင်းကပြောဆိုလာကြပြီဖြစ်သည်။ အစိုးရပြောင်းလဲခြင်းနှင့်အတူမြန်မာနိုင်ငံအတွင်းမှာလည်းခရီးသွားခြင်းဓလေ့ကတဖြေးဖြေးတွင်ကျယ်လာခဲ့ ပြီဖြစ်သည်။အရင်ကငွေကြေးတက်နိုင်သူလူတန်းစားတစ်ရပ်သာခရီးသွားခြင်းအလေ့အထရှိခဲ့ပေမယ့်ယခုအခါမှာတော့သာမာန်လက်လုပ်လက်စားများ၊၀န်ထမ်းများ မွန်းကျပ်မှုတွေပြည့်နှပ်နေတဲ့မြို့ပြ တွေမှာခဏ တာပြေးထွက်ခြင်တဲ့သူတွေကအစုအဖွဲ့တွေစုစပ်ပြီးခရီးသွားအေဂျင်စီတွေကနေတဆင့် သဘာဝအလှတရားတွေမှုလအတိုင်းရှိသည့်ဒေသတွေကိုခရီးသွားလာကြတယ်။ ခရီးသွားအေဂျင်စီတွေ ကလည်းဒါကိုပစ်မှတ်ထားလာကြတယ်။ ဒါပေမယ့်၊ဒေသခံတွေဘက်ကအဆင်သင့်မဖြစ်သေးမှီမှာပင်ခရီးသွားတွေအစုလိုက်အပြုံလိုက်လာရောက်ခြင်းကကောင်းကျိုးထက်ဆိုးကျိုးဖြစ်ပွားမှုတွေပေါ်ပေါက်လာနေပြီဖြစ်သည်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစတင်ပြီး သဘာဝကိုအခြေခံတဲ့၊ ခရီးသွားလုပ်ငန်းတွေချင်းပြည်နယ် အတွင်းမှာတော်တော်လေးဖွံ့ဖြိုးခဲ့သည်။ အသည်းနှလုံးရေကန်လို့လူသိများတဲ့ ဖလမ်းမြို့နယ်ထဲကရိဒ်ရေကန်၊ကန်ပက်လက်မြို့နယ်ထဲကနတ်မတောင်(ခ)ခေါ်နုးသုန်တောင်၊ တီးတိန်မြို့နယ် ထဲကရှာလ်းလုမ်းခံတပ်၊ရှေးရိုးရာယဉ်ကျေးမှုတွေကိုယနေ့တိုင်ထိမ်းသိမ်းထားနိုင်တဲ့မင်းတပ်မြို့နယ်အတွင်းက ပါးရဲထိုးသောအမျိုးသမီးကြီးများ၊ နှာခေါင်းဖြင့်ပုလွေမှုတ်ပြီးဂီတဖန်တီးသောသူများ၊ ကျောက်ပလ္လင်များစသောလေ့လာစရာအများအပြားကို စိတ်ဝင်တစားပြည်တွင်းကခရီးသွားများ က လာရောက်ကြ…

CNFကလက်နက်ကိုင်အဖွဲ့အစည်းမဟုတ်ပါဘူးလို့ပြောသော ကာကွယ်ရေးဦးစီးချုပ်မှတ်ချက်စကားရဲ့နောက်ဆက်တွဲဂယက်များ

CNFကလက်နက်ကိုင်အဖွဲ့အစည်းမဟုတ်ပါဘူးလို့ပြောသော ကာကွယ်ရေးဦးစီးချုပ်မှတ်ချက်စကားရဲ့နောက်ဆက်တွဲဂယက်များ

Salai Lal Nun Uk နိုင်ငံတော်ကာကွယ်ရေးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမီဒီယာများနှင့်တွေ့ဆုံစဉ်CNF ဟာလုံးဝလက်နက်ကိုင်အဖွဲ့အစည်းမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ ယခုကဲ့သို့ ပြောမယ်ဆိုလည်းပြောသာပါတယ်။ လက်ရှိချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်စိုက်ရာထန်တလန်-အိန္ဒိယနယ်စပ်တွင်ရှိတဲ့ ဝိတိုရိယာစခန်းဟာ ၂၀၁၂ ခုနှစ် အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးအကြားသဘောတူညီချက်အရအစိုးရကပေးထားသောနေရာဖြစ်သလိုဝိတိုရိယစခန်းအိမ်ရာများတည်ဆောက်ဖို့ အစိုးရကပြည်ထောင်စု ဘတ်ဂျက်ဖြစ် သိန်း (၇၅၀)ပံ့ပို့ခဲ့တယ်။ “ချင်းအမျိုးသားတပ်ဦးသူလည်းဘာမှပြဿနာမရှိပါဘူး။ CNF က လုံးဝလက်နက်ကိုင်အဖွဲ့အစည်းမဟုတ်ပါဘူး။ နောက်ကျမှ ဦးအောင်မင်းကနေဒါလေးကဆွေးနွေး တဲ့အဖွဲ့ထဲတရားဝင်အဖွဲ့မှာပါတဲ့အတွက်ကြောင့်ထည့်သွင်းပေးပါဆိုတဲ့တွက် တပ်မတော်ကလက်ခံလိုက်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်”ဟုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောတယ်။ ဒီအကြောင်းနှင့်ပတ်သက်ပြီးတော့ လူမူကွန်ရက်စာမျက်နှာပေါ်မှာတချို့က ‘CNF ကိုအထင်သေးတာလား’ဟုမေးခွန်းပြန်ထုတ်သူများ ရှိသလိုကာချုပ်ပြောတဲ့အပေါ်ထောက်ခံ သူများလည်းရှိတယ်။ ချင်းအမျိုးသားတပ်ဦးစတင်တည်ထောင်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကစပြီးဒီနေ့ထိအစိုးရတပ်နဲ့ ချင်းအမျိုးသားတပ်ဦးအကြားတစ်ခါမှ တိုက်ခိုက်မူမဖြစ်ခဲ့သေးပေ။ ဒါဟာချင်းအမျိုးသား တပ်ဦးရဲ့ စစ်ရေးအင်အားအားနည်းချက်များကြောင့်လည်းဖြစ်နိုင်သလိုချင်းပြည်နယ်ဟာကချင်ပြည်နယ်လိုအစိုးရရဲ့ မက်မောလောက်တဲ့ အကျိုးစီးပွားဆုံးရှုံးစရာမရှိတဲ့ တွက်ကြောင့် လည်းဖြစ်နိုင်ပါတယ်။ သို့သော်လည်းချင်းပြည်နယ်လူထုသည် နှစ်ဖက်လက်နက်ကိုင်များရဲ့ မတရားညှင်းပန်းနှိပ်စက်မူနှင့်ခိုင်းစေမူများခါးစည်းခံခဲ့ကြတယ်။ ချင်းအမျိုးသားတပ်ဦးအထွေထွေအတွင်းရေးမှူး ဒေါက်တာရွှေခါးက…

ချင်းအမျိုးသားခေါင်းဆောင် ဗိုလ်ကြွန်ဘိခ် (၀ါ) ဗိုလ်စွန်ပက်၏ ဗြိတိသျှနယ်ချဲ့တော်လှန်ရေးသမိုင်း (အပိုင်း ၁)

ချင်းအမျိုးသားခေါင်းဆောင် ဗိုလ်ကြွန်ဘိခ် (၀ါ) ဗိုလ်စွန်ပက်၏ ဗြိတိသျှနယ်ချဲ့တော်လှန်ရေးသမိုင်း (အပိုင်း ၁)

Salai Van Cung Lian (UK) ဗမာ့သမိုင်းတွင် ဗြိတိသျှနယ်ချဲ့တော်လှန်ရေးခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားလျက်ရှိသော ချင်းအမျိုးသား ဗိုလ်ကြွန်ဘိခ် (၀ါ) ဗိုလ်စွန်ပက်သည် ချင်းလူမျိုးတို့၏ လေးစားဂုဏ်ယူရသည့် ပုဂိုလ်တစ်ဦးအဖြစ် ရာဇတွင်တွင်ခဲ့သူဖြစ်သည်။ ရန်ကုန်မြို့လယ်ခေါင်ရှိ ဗိုလ်စွန်ပက်လမ်းသည်လည်း ပြည်ထောင်စုဗမာနိုင်ငံတော်အစိုးရမှ သူ့အားဂုဏ်ပြုသည့်အနေဖြင့် မှတ်သားခေါ်ဆိုရခြင်းဖြစ်သည်။ သူ့ခေတ်၊ သူအချိန်ခါတွင် ဗိုလ်ကြွန်ဘိခ်၏ သြဇာအာဏာသည် ချင်းတောင်တစ်ဝှမ်းလုံးသာမက ကလေး-ကဘော်ဒေသအထိ လွှမ်းမိုးနိုင်ခဲ့သည်။ သူ၏ခေါင်းဆောင်မှုအောက်တွင် တာရွှန်း (ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ မျိုးနွယ်စုတစ်ခု) ဆိုတဲ့သူ့မျိုးနွယ်စုနာမည်ဟာ လည်းကမ္ဘာသိအောင် ကျော်ကြားခဲ့သည်အထိ စွမ်းဆောင်နိုင်သည့် အရည်ချင်းရှိသူတစ်ဦးဖြစ်သည်။ ဗိုလ်ကြွန်ဘိခ်သည် ၁၈၃၄ ခုနှစ်တွင် တာရွှန်းရွာ (ယခင်တာရွှန်းတို့ရဲ့ရွာမ ဖလမ်း) တွင် အဖဦးကိပ်ဘိခ် မှ မွေးဖွားခဲ့ပါသည်။ ဖခင်ဦးကိပ်ဘိခ် သည်ထိုအချိန်က…

ရာဇဝင်တွင်တဲ့ရှာလ်လုမ်းခံတပ်

ရာဇဝင်တွင်တဲ့ရှာလ်လုမ်းခံတပ်

မြန်မာနိုင်ငံတွင် ယနေ့ခေတ်တိုင်တွေ့မြင်နိုင်သည့် နယ်ချဲ့ဗြိတိသျှတော်လှန်ရေး ခံတပ်များဆိုလို့ ချင်းပြည်နယ်ရှိ ရှာလ်လုမ်းခံတပ်၊ မင်းလှမြို့ရှိ မင်းလှခံတပ် နှင့် အင်းဝရှိ သပြေတန်းခံတပ် တို့လောက်ဘဲကျန်တော့တယ်။ ရှာလ်လုမ်းခံတပ်သည်နယ်ချဲ့ဗြိတိသျှစစ်တပ်နှင့် စီးယင်းမျိုးနွယ်စုမှ ချင်းစစ်သည်တော်များပြင်းပြင်းထန်ထန် တိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ခံတပ်ဖြစ်ပါတယ်။ ဤတိုက်ပွဲတွင် ချင်းသူရဲကောင်းစစ်သည် ၂၇ ဦး တို့သည် ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ခဲ့သည့် မြေကိုကာကွယ်ရင်း အသက်ပေးလှူခဲ့ကြရသည်။ ဗြိတိသျှစစ်တပ်မှလည်း အရာရှိတစ်ဦး နှင့် စစ်သား ၃ ဦး ကျရှုံးခဲ့ရသည်။ ဤတိုက်ပွဲတွင် ပါဝင်ခဲ့ဆင်နွှဲခဲ့သော ဗြိတိသျှအရာရှိ Surgeon Captain Ferdinand Le Quesne သည် လည်းကမ္ဘာ့စစ်ဘက်သူရသတ္တိဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်များတွင် အမြင့်မားဆုံးဖြစ်သော Victoria Cross (V.C) တံဆိပ်ဖြင့်ဂုဏ်ပြုခြင်းခံရသည်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သမိုင်းဝင်…

ပြည်ထောင်စုရဲ့သူရဲကောင်း သီဟသူရ ဒုဗိုလ် Ca Thuan (ဆာသွန်)

ပြည်ထောင်စုရဲ့သူရဲကောင်း သီဟသူရ ဒုဗိုလ် Ca Thuan (ဆာသွန်)

Salai Van Cung Lian (UK) သီဟသူရ ဒုဗိုလ် Ca Thuan (ကိုယ်ပိုင်အမှတ်၊ ကြည်း ၅၄၅၅) သည်ချင်းလူမျိုးများထဲမှ ပထမဦးဆုံး သီဟသူရဘွဲ့တံဆိပ်ဖြင့် ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူဖြစ်သည်။ ဗမာ့တပ်မတော်သမိုင်းတစ်လျှောက်တွင် သူရသတ္တိဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်များထဲ၌ ဒုတိယ အမြင့်မားဆုံးတံဆိပ်ဖြစ်သည့် သီဟသူရ ဘွဲ့တံဆိပ်ဖြင့် ဂုဏ်ပြု၊ ချီးမြှင့်ခြင်းခံရသူ ၄၆ ဦးရှိခဲ့သည်။ ဒုဗိုလ် Ca Thuan သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် လိုင်ဇို (Laizo) မျိုးနွယ်စုမှဖြစ်ပြီး Pu San Tin Lian ၏အကြီးဆုံးသား ဖစ်သည်။ ဗိုလ်မှူးကြီးစည်သူ ဟရန်ထီးယိုး၏ ညီမဖြစ်သူ Pi Hrang Tlem နှင့်လက်ထပ်ခဲ့ပြီး သားနှစ်ဦးထွန်းကားခဲ့သည်။…

ပြည်ထောင်စုရဲ့ သူရဲကောင်း သီဟသူရ ဒုတပ်ကြပ် Za Kaia

ပြည်ထောင်စုရဲ့ သူရဲကောင်း သီဟသူရ ဒုတပ်ကြပ် Za Kaia

Salai Van Cung Lian (UK) ဗမာ့တပ်မတော်သမိုင်းတစ်လျှောက်တွင် သူရသတ္တိဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်များထဲ၌ ဒုတိယ အမြင့်မားဆုံးတံဆိပ်ဖြစ်သည့် သီဟသူရ ဘွဲ့တံဆိပ်ဖြင့် ဂုဏ်ပြု၊ ချီးမြှင့်ခြင်းခံရသူ ၄၆ ဦးထဲတွင် ချင်းအမျိုးသား မျိုးချစ်သူရဲကောင်း ဒုတပ်ကြပ် Za Kaia (ကိုယ်ပိုင်အမှတ် ၅၀၉၉၆) သည်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ ခြင်္သေ့ကဲ့သို့ ရဲရင်ခြင်းဂုဏ်ပုဒ်ဆောင် သီဟသူရဘွဲ့သည် မိမိအသက်အန္တရယ် ကိုမငဲ့ကွက်ပဲ၊ ကျရောက်သည့်တာဝန်ကို အထူးကျေပွန်စွာ ထမ်းဆောင်သော တပ်မတော်သားများ နှင့် အရပ်သူအရပ်သားများအား ချီးမြှင့်ခြင်းဖြစ်သည်။ Za Kaia သည်ဟွာလ်းငိုးမျိုးနွယ်စုမှဖြစ်ပြီး Pu Ngaih Thula နှင့် Pi Thang Ngovi တို့၏သားဖြစ်သည်။ ၁၉၂၆ ခုနှစ်တွင်…

ဗိုလ်ချုပ်အောင်ဆန်း နှင့် ချင်းတောင်တပ်ရင်း (Chin Hills Battalion) သမိုင်း

ဗိုလ်ချုပ်အောင်ဆန်း နှင့် ချင်းတောင်တပ်ရင်း (Chin Hills Battalion) သမိုင်း

Salai Van Cung Lian (UK) ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလတွင် ဗမာနိုင်ငံတော်အလုပ်အမှုဆောင်ကောင်စီသို့ ဒု-ဥက္ကဌအဖြစ်ခန်အပ်ခြင်းခံရပြီး ကာကွယ်ရေးနှင့်နိုင်ငံခြားရေးဌာန (Defence and External Affairs) အားတာဝန်ယူဆောင်ရွက်ခဲ့ရာမှ ထိုအချိန် ဗမာ့တပ်မတော်တွင် သက်တမ်းအရင့်ဆုံး နှင့် အတွေ့အကြုံအရှိဆုံးတပ်ရင်းဖြစ်သော ချင်းတောင်တပ်ရင်းအား တပ်ရင်းစိုက်ရာ မိတ္ထီလာမြို့သို့ သွားရောက် လည်ပတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ၁၉၄၅ ခုနှစ် ကန်ဒီသဘောတူစာချုပ်အရ ဗမာ့အမျိုးသားတပ်မတော် (Burma National Army) နှင့် ဗြိတိသျှတို့လက်အောက်တွင် အမှုထမ်းခဲ့သော တိုင်းရင်းသားစစ်တပ်များအား ပူးပေါင်းပြီး ခေတ်သစ်ဗမာ့တပ်မတော် ဖွဲ့စည်းခဲ့ကြသည်။ ခေတ်သစ်ဗမာ့တပ်မတော်တွင် အရာရှိ ၂၀၀၀နှင့် အခြား စစ်သည် ၅၂၀၀ ပါဝင်သော သေနတ်ကိုင်တပ်ရင်း (၁၅)…