Home » Archives by category » Interview (Page 2)

Interview with Professor Dr. Aye Aye Ngun (Hakha College)

Interview with Professor Dr. Aye Aye Ngun (Hakha College)

ဟားခါးကောလိပ် ပါမောက္ခချုပ် ဒေါက်တာအေးအေးငွန်နှင့် တွေ့ဆုံမေးမြန်းခြင်း Salai Shing Mang Chin World November 09, 2016 နိုင်ငံတော် ဒုသမ္မတရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း ဟားခါးကောလိပ်ဖွင့်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့မှာ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီချင်းပြည်နယ်ရဲ့ ပထမဆုံး Secular ကောလိပ်ဖြစ်လာတဲ့ ဟားခါးကောလိပ်ရဲ့ ပါမောက္ခချုပ်ဖြစ်တဲ့ ဒေါက်တာအေးအေးငွန်ကို တွေ့ဆုံပြီး အနည်းငယ်မေးမြန်းခဲ့ပါတယ်။ မေး- ဟားခါးကောလိပ်ကို ဘယ်နေ့မှာ စတင်ဖွင့်မလဲဆရာမ။ ဖြေ- အခုလာမယ့် ဒီဇင်ဘာလ (၈) ရက်နေ့မှာ စတင်ဖွင့်ပါမယ်။ မေး- ဘယ်ဘာသာရပ်တွေကို ဒီဟားခါးကောလိပ်မှာ သင်ယူနိုင်ပါမလဲ။ ဖြေ- စုစုပေါင်း မေဂျာ အဓိကဘာသာရပ် (၈) မျိုးကို ဒီဟားခါးကောလိပ်မှာ သင်ယူနိုင်မှာပါ။ အဲဒါတွေကတော့- ၀ိဇာဘာသာရပ်ပိုင်းမှာတော့ မြန်မာစာ၊ ပထ၀ီနဲ့ သမိုင်းဖြစ်မယ်။ သိပ္ပံမှာတော့- ရူပဗေဒ၊…

“ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် Miss International Queen 2016 သွားရောက်ယှဉ်ပြိုင်မည့် ထားထားနှင့် တွေ့ဆုံခန်း”

“ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် Miss International Queen 2016 သွားရောက်ယှဉ်ပြိုင်မည့် ထားထားနှင့် တွေ့ဆုံခန်း”

  ဆလိုင်းကျော်မိုး တွေ့ဆုံမေးမြန်းသည်။ ထိုင်းနိုင်ငံတွင် မကြာခင်ပြုလုပ်မည့် Miss International Queen 2016 တွင် မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်မည့်သူ နှစ်ဦးထဲမှ တဦးမှာ Jessica Tha Tha (ဂျက်ဆီကာထားထား) ပင်ဖြစ်သည်။ သူမသည် မိန်းခလေးအစစ် မဟုတ်ပဲ၊ သူမ၏ ဖြစ်ချင်သော စိတ်ဆန္ဒအရ လက်ရှိဘ၀အား ရွေးချယ်ရာတွင် မိသားစု၊ လူမှုအသိုင်းအ၀န်းနှင့် ထိပ်တိုက်ရင်ဆိုင်ရမှုများရှိခဲ့ရသည်။ သူမ၏ ဆောင်ပုဒ်တခုဖြစ်သော “လူငယ်တိုင်းမှာ အိပ်မက်တခုတော့ ရှိရမယ်၊ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ရမယ်” ဟူသော ဆောင်ပုဒ်နှင့်အညီ လက်ရှိဘ၀သို့ ရောက်ရှိရာတွင် ဖြတ်သန်းတွန်းလှန်ခဲ့ရမှုများ၊ သွားရောက် ယှဉ်ပြိုင်မည့် Miss International Queen 2016 အကြောင်းတို့ကို သွားရောက်တွေ့ဆုံ…

“ချင်းတောင်တန်းအလှကို ချယ်မှုန်းသူ ပန်းချီသန်းဌေးနဲ့ တွေ့ဆုံခြင်း”

“ချင်းတောင်တန်းအလှကို ချယ်မှုန်းသူ ပန်းချီသန်းဌေးနဲ့ တွေ့ဆုံခြင်း”

ရန်ကုန်မြို့တွင် ၁၉၅၈ ခုနှစ်၌ ဖွားမြင်ခဲ့သော ပန်းချီသန်းဌေးသည် လာမယ့်ကာလများတွင်လည်း ချင်းကလေးသူငယ်တွေအတွက် ကာတွန်းစာအုပ်တွေကို ပြုလုပ်ရန် မြို့ခံများနဲ့ အတူတကွ ပြင်ဆင်လျက်ရှိသည်ဟုလည်းသိရသည်။     Salai Kyaw Moe  တွေ့ဆုံမေးမြန်းသည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ်အနုပညာပြခန်း၌ ချင်းတောင်တန်းအလှအပများအား တင်ပြထားသည့် ပန်းချီသန်းဌေး၏ Picturesque ပန်းချီပြပွဲကို သွားရောက်လည်ပတ်ပြီး၊ သူ့၏ အတွေးအမြင်၊ ချင်းပြည်နယ်အတွေ့အကြုံများအား Chin World စာဖတ်သူများအတွက် အောက်ပါအတိုင်း မေးမြန်းပြောဆိုဖြစ်ခဲ့ကြပါသည်။ မေး။ ။ ဆရာ့အကြောင်းကြားသိရတဲ့အထဲမှာ ဂျပန်နိုင်ငံကိုလည်း သွားဖူးတယ်။ အဲဒီမှာလည်း ပန်းချီပြပွဲတွေလုပ်ဖူးတယ်ကြားတော့ အဲဒီအကြောင်းတွေ ပြောပြပေးပါဦး။ ဖြေ။ ။ ၁၉၈၆ မှာ သူငယ်ချင်းကခေါ်တော့ ဂျပန်မှာ…

ကျွန်တော်ရိုးရာလက်ဝှေ့သမားဖြစ်လာတာကတော့ ငါတို့ချင်းလူမျိုးတွေမညံ့ဘူးဆိုတာ အားလုံးကိုသိစေချင်တာ လဲပါပါတယ်။

ကျွန်တော်ရိုးရာလက်ဝှေ့သမားဖြစ်လာတာကတော့ ငါတို့ချင်းလူမျိုးတွေမညံ့ဘူးဆိုတာ အားလုံးကိုသိစေချင်တာ လဲပါပါတယ်။

  ဆလိုင်းကျော်မိုး တွေ့ဆုံမေးမြန်းသည်။ ပြီးခဲ့သည့်တိုင်းဒေသကြီးနဲ့ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ရန်ကုန်တိုင်းကိုယ်စားပြုပြီး လူသစ်၆၀ ကီလိုတန်း တွင်ရွေတံဆိပ်ဆုရရှိသွားသူသည် ချင်းလူမျိုးတစ်ယောက်ဖြစ်သည် ကိုသိရှိရသောအခါ အလွန်စိတ် ၀င်စားသွားခဲ့သည်။ ထပ်မံပြီး မျိုးဆက်သစ်ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် လည်းအနိုင်ရရှိသွားပြန်သည်ဟုသိရပြန် သည်။ လက်ဝှေ့လောကတွင် ပြည်နယ်အဆင့်တွင်သာမကလက်ရွေးစဉ်အဆင့်ထိအောင် ချင်းလူမျိုး အမျိုးသား/ အမျိုးသမီးတွေခရီးပေါက်ခဲ့ပြီး ချင်းပြည်နယ်ဂုဏ် ၊နိုင်ငံဂုဏ် ကိုဆောင်ခဲ့နိုင်သည်။သို့သော် ရိုးရာလက်ဝှေ့ကစားနည်းတွင် ချင်းလူမျိုးတစ်ယောက်ထွန်းပေါက်ခဲ့သည်ကအလွန်ရှားပါးသည်။ ဒီလိုရိုးရာ လက်ဝှေ့ကစားနည်း ချင်းလူမျိုး အသိုင်းဝိုင်းမှာမရှိသလောက် ရှားပါးနေချိန်တွင် “အရှိုချင်းရပ်ဝန်း” က ပေါ်ထွက်လာသည့် ရိုးရာလက်ဝှေ့သမား ဆလိုင်းချမ်းမြေ့ကို နှင့်တွေ့ဆုံမေးမြန်းပြီးသူ့ရဲ့ဖြတ်သန်း ခဲ့ပုံလေးတွေကိုတင်ပြ လိုက်ရပါသည်။   မေး။ပထမဦးဆုံးညီလေးအကြောင်းကိုမိတ်ဆက်ပေးပါအုံး။                 ဖြေ။ ကျွန်တော် နာမည်ကဆလိုင်းချမ်းမြေ့ကိုလို့ခေါ်ပါတယ်။ မိဘတွေကတော့ တောင်သူလုပ်ငန်း လုပ်ကိုင်ကျပြီးဦးရွှေ၊ဒေါ် နွဲ့ဖြစ်ပါတယ်။ မောင်နှမ (၇)ယောက်ရှိတဲ့အထဲမှာ…

ဆလိုင်းအိုက်ဇက်ခင်နှင့်တွေ့ဆုံခြင်း။

ဆလိုင်းအိုက်ဇက်ခင်နှင့်တွေ့ဆုံခြင်း။

မေး – ၀န်ကြီးတို့ရွေးကောက်ပွဲ ပြုလုပ်မယ့်ရက်ကအောက်တိုဘာ ၈ ရက်ဆိုတော့ ပြင်ဆင်ချိန်ရှိပါ့မလား၊အဲဒီအပေါ်မှာနဲနဲရှင်းပြပေးပါခင်ဗျာ။ ဖြေ – မြို့တွေအားလုံးနီးပါးမှာစည်ပင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ ဇူလိုင်/သြဂုတ်လောက် ကတည်းကစပြီးရှင်းလင်းတင်ပြတာတွေကိုဆောင်ရွက်နေပြီဖြစ်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာလည်းသက်ဆိုင်ရာ မြို့အသီးသီးမှာအများပြည်သူသိရှိနိုင်ဖို့ လက်ကမ်းစာစောင်တွေဖြန့်ဝေပေးတာ၊ ဗွီနိုင်းစာတမ်းကပ်တာ၊ အော်လံတွေနဲ့ လှည့်လည်အသိပေးနိုးဆော်တာတွေကိုထပ်မံပြုလုပ်အုံးမှာ ဖြစ် ပါတယ်။ မြို့အိမ်ခြေတွေကလည်းအများကြီးမဟုတ်တဲ့အတွက် လူထုပါဝင်မှု ရရှိရေးကိုသတ်မှတ် ထားတဲ့အချိန်ကာလအတွင်းမှာ နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက် အစိုးရဌာနဆိုင်ရာများသာမကအရပ်ဘက်အဖွဲ့အစည်းတွေ…၊ ဘာသာရေးအဖွဲ့အစည်းတွေ…၊ မြို့မိမြို့ဖတွေ … စသည်ဖြင့် ကဏ္ဍစုံကပူးပေါင်းဆောင်ရွက်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်။ မေး – အသက် ၆၅ နှစ်အထက်တွေ ၀င်ပြိုင်လို့ မရဘူးဆိုတာဟုတ်ပါသလား။ ဖြေ – မဟုတ်ပါ။ ကော်မတီဝင်လောင်းရဲ့ အသက်ကို ၂၅ နှစ်အထိလျှော့ထားပါတယ်။ အရင်ကတော့ ၃၀…

ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် နဲ့တွေ့ဆုံခြင်း

ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် နဲ့တွေ့ဆုံခြင်း

ဆလိုင်းကျေ်မိုး တွေ့ဆုံမေးမြန်းသည်။ သမိုင်းဝင်တဲ့၂၁ရာစုပင်လုံ ညီလာခံကြီးကိုနေပြည်တော်MICC2မှာစည်းကား စွာကျင်းပခဲ့ပါတယ်။ ဒီညီလာခံကြီးကို အစိုးရအဖွဲ့ကိုယ်စားပြုအဖြစ် ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် လည်းတက်ရောက် ခဲ့ပါတယ်။ ညီလာခံတက်ရောက်လာတဲ့ဝန်ကြီးချုပ်ကို ငြိမ်းချမ်းရေးညီလာခံ၊ဖက်ဒရယ် ခွဲဝေရေးအကြောင်းနှင်ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့စိန်ခေါ်မှုတွေ၊ပြည်နယ်အစိုးရ(၅)နှစ်အတွင်းလုပ်ဆောင်မယ့်အရာတွေကိုခဏတာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ ပါတယ်။ မေး။ပင်လုံညီလာခံကြီးကနေ၀န်ကြီးချုပ်ဘာတွေမျော်လင့်ထားလဲပေါ့။ဘာတွေဖြစ်စေခြင်တဲ့ဆန္ဒတွေရှိပါသလဲ။ ဖြေ။ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အတွက် အခွင့်အရေးကာကွယ်မယ့် ဥပဒေတွေလည်ထွက်ရှိလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်ဆင်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့ချင်းလူမျိုးတွေကလည်း ငြိမ်းချမ်းရေးညီ လာခံကို ထောက်ခံကြ တယ်။ ဘုရားကျောင်း တွေမှာလည်း ဆုတောင်းပေးကြတယ်။ ပြည်နယ်အစိုးရ အနေနဲ့လည်း ခရစ်ယာန်ဂိုဏ်းပေါင်းစုံ နဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့ ထောက်ခံ ဆုတောင်း ပေးကြတယ်။ ဒီညီလာခံကြီး အောင်မြင်ပါစေ။ ငြိမ်း ချမ်းပါစေ။ ပြည်တွင်းစစ်တွေ ငြိမ်သက်ပါစေ။ တိုင်းရင်းသား တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပဋိပခတွေ မရှိပါစေနဲ့တော့။…

”ကျွန်တော်တို့ နတလကျောင်းရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ လူတွေကပြောကြတယ်။ဘာသာရေးအရ စည်းရုံးချင်လို့ဖွင့်တယ်ဆိုပြီး ပြောကြတယ်။ ဒါက လုံးဝမှားပါတယ်။”နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးဂေလိန်းမောင်းနှင့်တွေ့ဆုံခြင်း

”ကျွန်တော်တို့ နတလကျောင်းရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ လူတွေကပြောကြတယ်။ဘာသာရေးအရ စည်းရုံးချင်လို့ဖွင့်တယ်ဆိုပြီး ပြောကြတယ်။ ဒါက လုံးဝမှားပါတယ်။”နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးဂေလိန်းမောင်းနှင့်တွေ့ဆုံခြင်း

ဆလိုင်းကျော်မိုးတွေ့ဆုံမေးမြန်းသည်။   မေး။    ။ ဆရာကြီးနာမည်နဲ့ ဆရာကြီးတာဝန်ထမ်းဆောင်နေတဲ့ လက်ရှိရာထူးကို ပြောပြပေးပါ။ ဖြေ။     ကျွန်တော်နာမည်ကဆလိုင်းဂေလိန်းမောင်းပါ။ရာထူးကတော့လက်ထောက်ညွှန်ကြားရေးမှူးဖြစ်တယ်။  ကျွန်တော်တို့ သင်တန်းကျောင်းကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနအောက်မှာရှိတဲ့ပညာရေးနဲ့  လေ့ကျင့်ရေး တွဲထားတဲ့ သင်တန်းကျောင်းဖြစ်ပါတယ်။ သင်တန်းကျောင်းနာမည်အပြည့်အစုံပြောရမယ်ဆိုရင် ”နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း”လို့ ခေါ်ပါ တယ်။ မေး။    ။ ဒီသင်တန်းကျောင်းနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်တွေကို ရှင်းပြပေးပါ။ ဖြေ။     ။ ကျွန်တော်တို့နယ်စပ်ရေးရာဝန်ကြီးဌာနအောက်မှာ အခုလက်ရှိ ဌာနနှစ်ခုရှိတယ်။ (န တ လ) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနဲ့ လေ့ကျင့်ရေး ဦးစီးဌာနနှစ်ခုရှိတယ်။ ကျွန်တော်တို့ သင်တန်းကျောင်းအနေနဲ့ လူငယ်သင်တန်းကျောင်း၊ အိမ်တွင်းမှုကျောင်းနဲ့ လေ့ကျင့်ရေးကျောင်းတွေရှိပါတယ်။  ဒီကနေ့ထိ ကျွန်တော်တို့ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်မှာ  ရပ်တည်ပြီးတော့မှ ကျွန်တော်တို့…

ချင်းပြည်နယ်ရဲ့ မိုးရာသီစားနပ်ရိက္ခာဖူလုံရေး စိန်ခေါ်သံ

ချင်းပြည်နယ်ရဲ့ မိုးရာသီစားနပ်ရိက္ခာဖူလုံရေး စိန်ခေါ်သံ

ဆလိုင်းလာလ်နွန်အုပ် “တောင်ပေါ်လမ်းမကြီးမဖြောင့်ဖြူးပါ။ စွံတွေနဲ့ပြည့်နှံနေ၊ တခြားလမ်းမရှိပါ ချင်းတောင်ကားလမ်း”ဟု နိုင်ငံကျော် တေးရေး၊တေးဆို ဆလိုင်းဆွန်ကျဲအိုက ၁၉၈၀ ခုနှစ်ခန့်က ချင်းတောင်လမ်းမများအကြောင်းကို ချင်း(ဖလမ်း)လို သီဆိုခဲ့သည်။ နှစ်ပေါင်း သုံးဆယ်ကျော်ကြာပြီဖြစ်သော်လည်း ၄င်းသီချင်းဟာ ယနေ့ထိ မှန်နေဆဲ။ လူ့သက်တမ်းနှင့်ဆိုလျှင်မျိုးဆက်တစ်ဆက်ကြာပြီဖြစ်ပေမယ့် ယခုချိန်ထိ သမိုင်းမဟုတ်သေးတကယ့်လက်တွေ့။ ၄င်းသီချင်းသည် ချင်းပြည်သူများရဲ့လက်ရှိဘဝဖြစ်သကဲ့သို့ လူမူဘဝတိုးတက်ရန် အဓိကစိန်ခေါ်မူတစ်ရပ်လည်းဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးပျက်တောက်မူရဲ့နောက်ဆက်တွဲ ၂၀၁၆ ခုနှစ် မေလ ၂၁မှ ၂၃ ရက်ထိတိုက်ခတ်ခဲ့သော ရွန်နူ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ချင်းပြည်နယ်တွင် မိုးများရွာသွန်းပြီး ကလေး-ဟားခါးကားလမ်း၊ ဟားခါး-ထန်တလန်ကားလမ်း၊ ဟားခါး-ဂန့်ဂေါကားလမ်း၊ မတူပီ-မင်းတပ်ကားလမ်းတို့တွင် မြေပြိုမူဖြစ်ပွားခဲ့သဖြင့် နာရီနဲ့ချီလမ်းမပေါ်တွင် ခရီးသွားပြည်သူများပိတ်မိခဲ့သည်။ “အစိုးရကလက်ရှိ လမ်းပိတ်တက်တဲ့နေရာတွေမှာ စက်တွေထားပေးနိုင်ရင်ကောင်းမယ်။ ကားတွေဘွတ်ကျွံရင်လည်း အနားကဘတ်ဖိုးစက်ကဒီတိုင်ရပ်နေတယ်။ အဲဒီစက်ကြီးက…