မင်းတပ်မြို့ ဧဝံဂေလိ အသင်းတော် ရုံးခန်းအတွင်း ဖျက်ဆီးခိုးယူမှု တစ်ခု ဖြစ်ပွားပြီး ကျပ်ငွေ ၄၅သိန်းကျော် ပျောက်ဆုံး

Home » Chin News » မင်းတပ်မြို့ ဧဝံဂေလိ အသင်းတော် ရုံးခန်းအတွင်း ဖျက်ဆီးခိုးယူမှု တစ်ခု ဖြစ်ပွားပြီး ကျပ်ငွေ ၄၅သိန်းကျော် ပျောက်ဆုံး

By Admin on July 13, 2017. No Comments

မင်းတပ်မြို့ ဧဝံဂေလိ အသင်းတော် ရုံးခန်းအတွင်း ဖျက်ဆီးခိုးယူမှု တစ်ခု ဖြစ်ပွားပြီး ကျပ်ငွေ ၄၅သိန်းကျော် ပျောက်ဆုံး
Mai Ling Hung Leng
Chin World
13.7.2017
ချင်းပြည်နယ် မင်းတပ်မြို့၊ အနောက်ရပ်ကွက်ရှိ AG( ဧဝံဂေလိ အသင်းတော် )ဘုရားကျောင်းရုံးခန်းတွင် ဇူလိုင်လ ၁၂ရက် ညပိုင်း၌ ဖောက်ထွင်းမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ငွေသား ကျပ်၄၅သိန်း၊၆သောင်း၊ ၇ထောင်နှင့် ၃၆၀ကျပ် တိတိ ပျောက်ဆုံးခဲ့ သည်ဟု ထိုဘုရားကျောင်းမှ အသင်းအုပ်ဆရာတော် ဦးကီးထန်းထံမှ သိရသည်။
“ဒီနေ့ မနက် ၆နာရီလောက်မှာ အသင်းတော်က ဆရာမတစ်ယောက်က ရုံးခန်းတံခါး ပုံပျက်ပြီး ပွင့်နေတာ တွေ့တယ် ဆိုပြီး လာပြောတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားလိုက်တယ်၊ ပြီးတော့ သူက ရဲစခန်းကို အကြောင်းကြားပေးပြီး အားလုံး အတူဝင်ပြီး စစ်ဆေးကြတယ်၊ အဲဒီအချိန်မှ အသင်းတော်ရဲ့ ငွေတွေပျောက်သွားပြီး တခြားပစ္စည်းတွေကတော့ ဒီအတိုင်းပဲ ရှိနေတယ်”ဟု အသင်းအုပ်ဆရာတော် မှ ပြောသည်။
ယင်းကိစ္စနှင့် ပါတ်သက်၍ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးအား မေးမြန်းကြည့်ရာတွင် ဇူလိုင်လ ၁၃၇က်နေ့ နံနက် ၆နာရီ မိနစ် ၄၀ခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဖုန်းဖြင့် အကြောင်းကြားလာခဲ့ရာ အခင်းဖြစ်ပွားရာ နေရာသို့ မင်းတပ်မြို့မ ရဲစခန်းမှ စခန်းမှူးနှင့်တကွ ရဲအရာရှိ သုံးဦး၊ အသင်းတော်မှ တာဝန်ရှိသူများနှင့် အတူ ဝင်ရောက်စစ်ဆေး ခဲ့ကြကြောင်း၊ ဝရံတာ တံခါး ရိုက်ချိုးဖျက်ဆီးခြင်းခံရပြီး ဖောက်ထွင်းသူများမှ တံခါးမကြီး ဘတ်ဒါအား ဖြုတ်ခဲ့ကြပြီး ရုံးခန်းအတွင်းမှ စားပွဲ အံဆွဲ (၅)ခု ဖျက်ဆီး ခဲ့ကြကြောင်း၊၊ ဥက္ကဌ ထိုင်ခုံရှိ စားပွဲ၌ အံဆွဲ(၂)ခုမှ ၅သိန်း ၉သောင်းကျပ်၊ အမျိုးသမီး ဥက္ကဌ အံဆွဲ(၁)ခုမှ ၇သိန်း ၇သောင်း ၉ထောင် ၁၆၀ကျပ်နှင့် ဘဏ္ဏာထိန်း အံဆွဲ(၂)ခုမှ ၃၁သိန်း ၉သောင်း ၈ထောင် ၂၀၀ကျပ် ပျောက်ဆုံးခဲ့ ကြောင်း တာဝန်ရှိသူများ၏ ပြောပြချက်အရ သိခဲ့ရသည်ဟု သူက ပြောသည်။
” ကျတော်တို့ ရုံးခန်းထဲ ဝင်ပြီး စစ်ဆေးလိုက်ကြတော့ အသင်းတော် တာဝန်ရှိသူတွေက သူတို့ အံဆွဲ အသီးသီးက ပျောက်ဆုံးသွားခဲ့တဲ့ စုစုပေါင်း ငွေသားကို ရဲအရာရှိတွေကို ပြောပါတယ် “ဟု စာရေး ဦးကီးဟာက ပြောသည်။
ယခု အမှုနှင့် ပါတ်သက်၍ မင်းတပ်မြို့မ ရဲစခန်းမှ (ပ)၁၆၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀ဖြင့် လက်ခံ ရေးဖွင့်ထားပြီး အမှုမှ တရားခံကို အမြန် ဖမ်းဆီးရမိရေးနှင့် သက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိရေးရေးအတွက် အမြန်ဆုံး ဆောင်ရွင်လျက် ရှိကြောင်း၊ ထိုပစ်ဒါဏ်သည် ထောင်ဒါဏ် (၇)နှစ် နှင့် ငွေဒါဏ်ထိ ကျခံနိုင်သည် ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အိမ်တွင်း ဝင်ရောက် ခိုးယူမှုမှာ ၂၀၁၇ခုနှစ်တွင် မင်းတပ်မြို့၌ (၂)မှုရှိပြီ ဖြစ်ကြောင်း အမှုစစ်အရာရှိ ရဲအုပ် ဦးအောင်လှိုင်ဝင်း ကပြောသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *