အမေရိကန်ပြည်ထောင်စုတွင် မူကြိုကျောင်းသူ ချင်းသမီးငယ် ယာဉ်မတော်တဆဖြစ်ခြင်းကြောင့် သေဆုံး Chin World October 19, 2017 အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ Dekalb ဒေသတွင် နေထိုင်သော အသက် (၄) နှစ်အရွယ်ရှိ မူကြိုကျောင်းသူလေးဖြစ်သည့် Lun Nuam သည် အောက်တိုဘာလ ၁၈ ရက် နံနက် ၆း၄၅ ခန့်တွင် ယာဉ်တိုက်မှုဖြင့် ကွယ်လွန်ခဲ့သည်ဟု သိရသည်။ Fox5atlanta.com နှင့် အခြားဒေသခံ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ- အောက်တိုဘာလ ၁၈ ရက်နေ့တွင် သူမ မူကြိုတက်ရာ Indian Creek Elementary School ကျောင်းသို့အသွား လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်ခံခဲ့ရခြင်းဖြစ်သည်။ ဆေးရုံသို့ အလျှင်အမြန်ပို့ဆောင်ခဲ့သော်လည်း အသက်မကယ်နိုင်ခဲ့ကြဟု သိရသည်။ ကွယ်လွန်သူ သမီးငယ် Lun Nuam ၏ မိဘများမှာ- Pu Zam Go Tuang နှင့် Nu Cing San Niang တို့ဖြစ်ပြီး၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် Tung Zang ရွာမှ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေထိုင်လျက် ရှိကြသူများဖြစ်သည်။ ဖခင်ဖြစ်သူ Pu Zam Go Tuang မှ “သမီးက သီချင်းဆိုတာ အရမ်းဝါသနာပါတယ်။ မိသားစုထဲမှာလည်း သီချင်းအမြဲဆိုလေ့ရှိတယ်။ ကြီးလာရင် ဆရာဝန်လုပ်မယ်လို့လည်း ပြောလေ့ရှိတယ်” ဟုပြောသည်။ Christ Mission Church မှ သင်းထောက် Pu Pau Kap က “သူတို့မိသားစုက ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မိသာစု၊ နှစ်လိုဖွယ်ကောင်းတဲ့ မိသားစုပါ။ အခုလိုမျိုး ဖြစ်ရပ်မျိုး ကြုံရတာ အင်မတန်မှ စိတ်မကောင်းစရာပါ။ အထူးသဖြင့် သူ့မိခင်ဆိုရင် အတော်ခံစားနေရတယ်။ သူတို့ မိသားစုအတွက် သတိယဆုတောင်းပေးကြရမယ့် အချိန်ပါ” ဟုပြောသည်။ Lun အား တိုက်သည့်ကားသမားမှာ ထွက်ပြေးလျက်ရှိပြီး၊ လက်ရှိအချိန်အထိ ဖမ်းမိခြင်း မရှိသေးဟု သိရသည်။ Ref: Fox5, WSBTV

Home » Chin News » အမေရိကန်ပြည်ထောင်စုတွင် မူကြိုကျောင်းသူ ချင်းသမီးငယ် ယာဉ်မတော်တဆဖြစ်ခြင်းကြောင့် သေဆုံး Chin World October 19, 2017 အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ Dekalb ဒေသတွင် နေထိုင်သော အသက် (၄) နှစ်အရွယ်ရှိ မူကြိုကျောင်းသူလေးဖြစ်သည့် Lun Nuam သည် အောက်တိုဘာလ ၁၈ ရက် နံနက် ၆း၄၅ ခန့်တွင် ယာဉ်တိုက်မှုဖြင့် ကွယ်လွန်ခဲ့သည်ဟု သိရသည်။ Fox5atlanta.com နှင့် အခြားဒေသခံ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ- အောက်တိုဘာလ ၁၈ ရက်နေ့တွင် သူမ မူကြိုတက်ရာ Indian Creek Elementary School ကျောင်းသို့အသွား လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်ခံခဲ့ရခြင်းဖြစ်သည်။ ဆေးရုံသို့ အလျှင်အမြန်ပို့ဆောင်ခဲ့သော်လည်း အသက်မကယ်နိုင်ခဲ့ကြဟု သိရသည်။ ကွယ်လွန်သူ သမီးငယ် Lun Nuam ၏ မိဘများမှာ- Pu Zam Go Tuang နှင့် Nu Cing San Niang တို့ဖြစ်ပြီး၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် Tung Zang ရွာမှ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေထိုင်လျက် ရှိကြသူများဖြစ်သည်။ ဖခင်ဖြစ်သူ Pu Zam Go Tuang မှ “သမီးက သီချင်းဆိုတာ အရမ်းဝါသနာပါတယ်။ မိသားစုထဲမှာလည်း သီချင်းအမြဲဆိုလေ့ရှိတယ်။ ကြီးလာရင် ဆရာဝန်လုပ်မယ်လို့လည်း ပြောလေ့ရှိတယ်” ဟုပြောသည်။ Christ Mission Church မှ သင်းထောက် Pu Pau Kap က “သူတို့မိသားစုက ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မိသာစု၊ နှစ်လိုဖွယ်ကောင်းတဲ့ မိသားစုပါ။ အခုလိုမျိုး ဖြစ်ရပ်မျိုး ကြုံရတာ အင်မတန်မှ စိတ်မကောင်းစရာပါ။ အထူးသဖြင့် သူ့မိခင်ဆိုရင် အတော်ခံစားနေရတယ်။ သူတို့ မိသားစုအတွက် သတိယဆုတောင်းပေးကြရမယ့် အချိန်ပါ” ဟုပြောသည်။ Lun အား တိုက်သည့်ကားသမားမှာ ထွက်ပြေးလျက်ရှိပြီး၊ လက်ရှိအချိန်အထိ ဖမ်းမိခြင်း မရှိသေးဟု သိရသည်။ Ref: Fox5, WSBTV

By Admin on October 19, 2017. No Comments

အမေရိကန်ပြည်ထောင်စုတွင် မူကြိုကျောင်းသူ ချင်းသမီးငယ် ယာဉ်မတော်တဆဖြစ်ခြင်းကြောင့် သေဆုံး
Chin World
October 19, 2017
အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ Dekalb ဒေသတွင် နေထိုင်သော အသက် (၄) နှစ်အရွယ်ရှိ မူကြိုကျောင်းသူလေးဖြစ်သည့် Lun Nuam သည် အောက်တိုဘာလ ၁၈ ရက် နံနက် ၆း၄၅ ခန့်တွင် ယာဉ်တိုက်မှုဖြင့် ကွယ်လွန်ခဲ့သည်ဟု သိရသည်။
 
Fox5atlanta.com နှင့် အခြားဒေသခံ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ- အောက်တိုဘာလ ၁၈ ရက်နေ့တွင် သူမ မူကြိုတက်ရာ Indian Creek Elementary School ကျောင်းသို့အသွား လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်ခံခဲ့ရခြင်းဖြစ်သည်။ ဆေးရုံသို့ အလျှင်အမြန်ပို့ဆောင်ခဲ့သော်လည်း အသက်မကယ်နိုင်ခဲ့ကြဟု သိရသည်။
 
ကွယ်လွန်သူ သမီးငယ် Lun Nuam ၏ မိဘများမှာ- Pu Zam Go Tuang နှင့် Nu Cing San Niang တို့ဖြစ်ပြီး၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် Tung Zang ရွာမှ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေထိုင်လျက် ရှိကြသူများဖြစ်သည်။
 
ဖခင်ဖြစ်သူ Pu Zam Go Tuang မှ “သမီးက သီချင်းဆိုတာ အရမ်းဝါသနာပါတယ်။ မိသားစုထဲမှာလည်း သီချင်းအမြဲဆိုလေ့ရှိတယ်။ ကြီးလာရင် ဆရာဝန်လုပ်မယ်လို့လည်း ပြောလေ့ရှိတယ်” ဟုပြောသည်။
 
Christ Mission Church မှ သင်းထောက် Pu Pau Kap က “သူတို့မိသားစုက ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မိသာစု၊ နှစ်လိုဖွယ်ကောင်းတဲ့ မိသားစုပါ။ အခုလိုမျိုး ဖြစ်ရပ်မျိုး ကြုံရတာ အင်မတန်မှ စိတ်မကောင်းစရာပါ။ အထူးသဖြင့် သူ့မိခင်ဆိုရင် အတော်ခံစားနေရတယ်။ သူတို့ မိသားစုအတွက် သတိယဆုတောင်းပေးကြရမယ့် အချိန်ပါ” ဟုပြောသည်။
 
Lun အား တိုက်သည့်ကားသမားမှာ ထွက်ပြေးလျက်ရှိပြီး၊ လက်ရှိအချိန်အထိ ဖမ်းမိခြင်း မရှိသေးဟု သိရသည်။
 
Ref: Fox5, WSBTV, Cinpu Zomi

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *