ပလက်ဝမြို့နယ်၊ စစ်ဘေးရှောင်ဒုက္ခသည်များအား ထောက်ပံ့ပေးနိုင်ရေးခက်ခဲဆဲဖြစ်

Home » Chin News » ပလက်ဝမြို့နယ်၊ စစ်ဘေးရှောင်ဒုက္ခသည်များအား ထောက်ပံ့ပေးနိုင်ရေးခက်ခဲဆဲဖြစ်

By Salai Gei on November 21, 2017. No Comments

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း၌ ရက္ခိုင့်တပ်မတော်(AA) နှင့် မြန်မာ့တပ်မတော်တို့ စစ်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များအား လိုအပ်သည့်အထောက်အပံ့ပေးရန် ယနေ့ထိ အခက်ရှိနေကြောင်း လူမှုအဖွဲ့အစည်းများထံမှသိရသည်။

အဆိုပါ စစ်ဘေးဒုက္ခသည် များအတွက် လိုအပ်ချက်များ ထောက်ပံ့ပေးနိုင်ရန် ဒေသခံပြည်သူများနှင့် လူမှုကူညီရေး အသင်းဖွဲ့စည်းခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖောက်နိုင် မှုအားနည်းနေသေးခြင်းဖြစ်သည်။ 

“ဆန်ကိုတော့ ကျွန်တော်တို့ပို့နိုင်တယ်။ ဒါပေမဲ့ အုပ်ချုပ်မှုးက ကုလားတန်မြစ်ဖြတ်ပြီး စက်လှေတစ်စီးမှာ ဆန် ၁၀ အိတ်အထက်မတင်ခိုင်းဘူး” ဟုစစ်ဘေးရှောင်ဒုက္ခသည်များအား သွားရောက်ထောက်ပံ့ပေးရန် စီစဉ်နေသည့် အမည်မဖော်လိုသူ ပရဟိတလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။

သူက“ကျွန်တော်တို့ ထောက်ပံ့မှု ပေးလိုက်ရင် ကုလားတန်မြစ်ကို ဖြတ်ရတယ်၊ အဲဖက်မှာ အပစ်ခတ်ခံရပြီး တစ်ဦးသေခဲ့တယ်။  လှေစီးလိုက်ရင် နှစ်ဘက်စလုံးက တစ်ဖက်ဖွဲ့က ဖြစ်နေကြမှာဆိုတော့ အန္တရယ်တော့ များတယ်။ ကျတော်တို့ ဒုက္ခသည်တွေ ထောက်ပံ့ပေးဖို့ရှိတယ်၊ ကျတော်တို့ ပြည်သူတွေ လိုချင်တာကတော့ နှစ်ဖက်စလုံးက ဒုက္ခမပေးဖို့တော့အရေးကြီးတယ်” ဆက်ဆိုသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဒုက္ခသည်များအား သွားရောက်ထောက်ပံ့မှုဆောက်ရွက်ခဲ့ပြီး“ လတ်တလောသုံးသပ်ချက်အရ တိုက်ပွဲရှောင်ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ နေရပ်ကို ချက်ချင်းပြန်သွားနိုင်ဖို့ အခက်အခဲရှိသေးတာကြောင့် လနှင့်ချီ ယာယီရွှေ့ပြောင်း နေထိုင်ရနိုင်ခြေရှိတာဖြစ်လို့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ် နေဆဲပါ” ဟုချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်က သူ၏အင်တာနက်စာမျက်နှာတွင်ရေးသားထားသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *