Hakha View Point ၌ ရန်ဖြစ်ခဲ့သူများအနက် (၆) ဦးဖမ်းစီးရမိပြီဖြစ်

Home » Sport » Hakha View Point ၌ ရန်ဖြစ်ခဲ့သူများအနက် (၆) ဦးဖမ်းစီးရမိပြီဖြစ်

By Salai Gei on November 28, 2017. No Comments

ဟားခါးမြို့တော်ရှုခင်းသာ ( Hakha View Point) ၌ အစုလိုက်ရန်ဖြစ်ခဲ့သည့် လူငယ်များကို တာဝန်ရှိသူများမှ ဖမ်းစီးခဲ့ရာ ယနေ့အထိ (၆) ဦးဖမ်းစီးရမိပြီဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ညွှန်ကြား ရေးမှုး ကပြောသည်။

အဆိုပါရှုခင်းသာမှာ ဟားခါးမြို့သို့လာရောက်လည်ပတ်သည့် ဧည့်သည်များ၊ ခရီးသွားများ၊ ဒေသခံများ သွားရောက်အပန်းဖြေပြီး ဟားခါးမြို့၏ ရှုခင်းအလှကိုကြည့်ရှုနိုင်ရန်ရည်ရွယ်လျက် စည်ပင်သာယာရေး၏ ရန်ပုံငွေဖြင့်မွမ်းမံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၆.၁၁.၁၇ ရက်နေ့၊ တနင်္ဂနွေညနေပိုင်းက လူငယ်များဝိုင်းဖွဲ့ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်စည်ပင်သာယာရေးညွှန်ကြားရေးမှုး ဦးထလာဟရဲက “ အဲဒီမှာရန်ဖြစ်တဲ့သူတွေထဲက နေတာဝန်ရှိသူတွေက (၆) ယောက်ဖမ်းမိထားပြီ။ နောက်ထပ်လည်း စုံစမ်းနေတယ်။ စုစုပေါင်း (၁၅) ယောက်လောက်ရှိတယ်။ သူတို့တွေကို ဥပဒေအရ ထိထိရောက်ရောက်ကို အရေးယူသွားမှာဖြစ်တယ်” ဟုပြောသည်။

လူငယ်အစုလိုက်ဖြင့် လူနှစ်ဦးအား ၀ိုင်းဝန်းထိုးနှက်သည့်ဗီဒီယိုဖိုင်အား ဟားခါးပို့(စ်) အယ်ဒီတာချုပ်မှ တနင်္ဂနွေနေ့တွင် အင်တာနက်စာမျက်နှာသို့ တင်ခဲ့ခြင်းဖြစ်ပြီး ခနအတွင်းပင် အဆိုပါဗီဒီယိုဖိုင် ကြည့်ရှုသူ၊ ပြန်လည်ဝေမျှသူနှင့် မှတ်ချက်ပေးသူများစွာရှိခဲ့သည်။

ဟားခါးမြို့အထက်ရှိရှုခင်းသာ ( Hakha View Point) နေရာသည် ဒေသခံများအနေဖြင့်လည်းကောင်း၊ ဟားခါးမြို့သို့ရောက်ရှိလာသည့်ဧည့်သည်များအနေဖြင့်လည်းကောင်း နေ့စဉ်အမျှသွားရောက်လည်ပတ်ကာ ဟားခါးမြို့၏ မြင်ကွင်းရှုခင်းကြည့်ရင်း အပန်းဖြေကြသည့်နေရာဖြစ်သည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *