လက်ရှိအချိန်သည် အခွန်ငွေ တိုးမြှင့်ကောက်ခံရန် အချိန်အခါကောင်းဖြစ်ပြီဟု ချင်းစည်ပင်ညွှန်မှုးဆို

Home » Sport » လက်ရှိအချိန်သည် အခွန်ငွေ တိုးမြှင့်ကောက်ခံရန် အချိန်အခါကောင်းဖြစ်ပြီဟု ချင်းစည်ပင်ညွှန်မှုးဆို

By Salai Gei on January 3, 2018. No Comments

ချင်းပြည်နယ် စည်ပင်ဌာနအနေဖြင့် အခွန်ဖြင့်မရပ်တည်နိုင်သေးခြင်းမှာ အခွန်ပေးဆောင်သူမှာ ၁၀ ဦးလျှင် ၆ ဦးခန့်သာရှိနေသေးခြင်းကြောင့်ဖြစ်ပြီး ယခုခေတ်ခါသည်အခွန်ငွေ တိုးမြှင့်ကောက်ခံရန် အချိန်အခါ ကောင်း ဖြစ်သည် ဟု ပြည်နယ်စည်ပင်ညွှန်ကြားရေးမှုး ဦးထလာဟရဲကပြောသည်။

ဦးထလာဟရဲက “ ချင်းတောင်မှာက လူ ၁၀ ယောက်မှာ ၆ ယောက်ပဲ အခွန်ပေးတယ်။ လေးယောက်လောက်ကမပေးဘူး။ မပေးတာက မသိလို့လည်းဖြစ်တယ်။ သိသိကြီးနဲ့မပေးတာလည်းရှိတယ်။ အခွန်ရှောင်တာပေါ့။ အခွန်ကိုတော့ ပိုပြီးပေးသင့်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က အခွန်ကို ဥပမာ ရေခွန်ကို တစ်သောင်း၊ နှစ်သောင်းလို့သတ်မှတ်လို့မရဘူး။ အဆင့်ဆင့်လုပ်ပြီး ပြည်နယ်အစိုးရက အတည်ပြုပေးမှပဲ ကျွန်တော်တို့သတ်မှတ်တဲ့အတိုင်းကောက်လို့ရမှာ။ ဒါကြောင့် အခွန်လည်း ပမာဏပိုများဖို့လိုတယ်။ အခုက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် လောက်ကပမာဏနဲ့ကောက်တာဖြစ်တယ်။ နိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်လို့လည်းဖြစ်မှာပေါ့။ အခုကတော့ အခွန်ငွေတိုးမြှင့်ဖို့ အခြေအနေ အချိန်ခါကောင်းဖြစ်နေပြီ။ နိုင်ငံခြားမှာဆိုရင် တစ်သိန်းရရင် သုံးဆယ်ရာခိုင်နှုန်းလောက် အခွန်မှာသွားတယ်။ ကျွန်တော်တို့မှာက တစ်သိန်းလောက်ရရင် ငါးကျပ်တောင်မသွားဘူး” ဟုပြောသည်။

နိုင်ငံခြားများတွင်အခွန်ကို ရုံးသို့ ကိုယ်တိုင်သွားရောက်ပေးသွင်းကြသော်လည်း ချင်းပြည်နယ်တွင်မူ အိမ်တိုင်ရာရောက်လိုက်ကောက်ရသည့်အတွက် ၀န်ထမ်းအင်အားလုံလောက်မှုမရှိကြောင်းဆက်ပြောသည်။

ဦးထလာဟရဲက “အခွန်မပေးတဲ့သူတွေကို မပေးမချင်းတောင်းရမယ်လို့ဥပဒေမှာပြဌာန်းထားတယ်။ ဒါပေမယ့်မယ့် ဆင်းရဲတဲ့သူတွေအနေနဲ့တော့ မြို့နယ်စည်ပင်ကော်မတီ၊ ကျွန်တော်တို့ပြည်နယ်စည်ပင်ကနေ ပြည်နယ် အစိုးရဆီ တစ်ဆင့်တင်ပြီး ခွင့်ပြုမယ်ဆိုရင်တော့ ကင်းလွတ်ခွင့်ရတယ်။ အဲလိုမဟုတ်ရင်တော့ အားလုံးကို လိုက်ကောက်ရတာပဲ။ နိုင်ငံခြားမှာဆိုရင် အခွန်ကို ရုံးမှာလာပေးကြတယ်။ အွန်လိုင်း တွေကနေပေးကြတယ်။ ဒီမှာတော့ အိမ်တိုင်ရာရောက်သွားကောက်ရတဲ့အတွက် ၀န်ထမ်းလည်း မလုံ လောက်ဘူး။ ဟားခါးမှာဆိုရင် လေးယောက်ပဲရှိတယ်။ ဆယ်ကြိမ်လောက် သွားကောက်လည်း မပေးကြဘူး။ အမြဲသွားဖို့လည်း ဒီဖက်ကနေ အချိန်မပေးနိုင်တော့ဘူး” ဟုပြောသည်။

ဥပဒေတွင် အခွန်ဆောင်သူများအား ဥပဒေအရ တရားစွဲဆိုခြင်း၊ ထောင်ချအရေးယူခြင်းမျိုးအတွက် လုပ်ဆောင်၍မရပဲ မပေးမချင်းကောက်ရမည်ဟု ဖော်ပြထားသဖြင့် ဥပဒေကိုလည်း ပြန်လည်သုံးသပ်ရန်လို အပ်ကြောင်း၊ စည်ပင်ဌာနအနေဖြင့် ယခုချိန်ထိ ပြည်ထောင်စုဘတ်ဂျက်နှင့် ပြည်နယ်ဘတ်ဂျက် အထောက်အပံ့ကိုသာယူနေရဆဲဖြစ်ကြောင်း  ဦးထလာဟရဲကပြောသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *