CNDJC မှ ချင်းနိုင်ငံရေးပါတီများ နှုတ်ထွက်

Home » Chin News » CNDJC မှ ချင်းနိုင်ငံရေးပါတီများ နှုတ်ထွက်

By Salai CLian on January 17, 2018. No Comments

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဦးဆောင်ကော်မတီ UPDJC  မှ အနိုင်မရသည့်ပါတီများဦးဆောင်ခွင့်နှင့် ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ခွင့်မရှိဟု ကန့်သတ်ထားသောကြောင့် ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ (CNDJC) မှ နှုတ်ထွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

“ ဒီကိစ္စက ချင်းအမျိုးသားတပ်ဦးနဲ့မဆိုင်ဘူး။ UPDJC က အနိုင်မရတဲ့ပါတီကို ပါဝင်ဦးဆောင်ခွင့် မပေးတဲ့အပေါ် မမှန်ဘူးလို့ ယူဆလို့ ကျွန်တော်တို့ CNDJC ကနေနှုတ်ထွက်တာ ဖြစ်တယ်၊ CNDJC နာမည်နဲ့လည်း  ပင်လုံညီလာခံကိုလည်း တတ်မှာ မဟုတ်ဘူး” ဟု ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီအတွင်းရေးမှုး ဆလိုင်းငယ်ပီး ကပြောသည်။

ချင်းနိုင်ငံရေးပါတီများ ဖြစ်ကြသော ACNP, ENDP, KNP, CLD, CPP, ZNRDP နှင့် CNDP တို့သည် ဇန်န၀ါရီ ယခုလ ၁၃ ရက်နေ့တွင် ချင်းအေဂျင်စီရုံးတွင် တွေ့ဆုံခဲ့ကြပြီး ယခုကဲ့သို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

CNDJC ၏ Co-Ordinator Pu Sanag Hlei Mang က “ UPDJC / EAOs နဲ့  အနိုင်ရပါတီက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဦးဆောင်ဖို့ သူတို့မူရှိတယ်။  ကျွန်တော်တို့ သွားတက်ရင်လည်း စောင့်ကြည့်လေ့လာသူအနေနဲ့ပဲ ပါဝင်ခွင့်ရတယ်၊ ဒါကြောင့် ကျွန်တော်တို့ ချင်းပါတီတွေက နှုတ်ထွက်တော့မယ် ဆိုပြီး အခုလို CNDJC ကနေနှုတ်ထွက်တာ ဖြစ်တယ်” ဟု ပြောသည်။

ချင်းနိုင်ငံရေးပါတီများသည် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွင် ဦးဆောင်သူအနေဖြင့် ပါဝင်ခွင့်မရှိသော်လည်း စောင့်ကြည့်သူအနေဖြင့် ပါဝင်ခွင့်ကို ပိတ်ပြင်ထားခြင်း မရှိကြောင်း သိရသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *