ဟားခါးမြို့ ရေပေးဝေမှု အားနည်းချက်များရှိနေသေး

Home » Chin News » ဟားခါးမြို့ ရေပေးဝေမှု အားနည်းချက်များရှိနေသေး

By Salai CLian on January 30, 2018. No Comments

ဟားခါးမြို့တွင်း သီမြစ်ချောင်းမှ ရေပေးဝေမှုတွင် အားနည်းချက်များရှိနေသေးကြောင်း  ချင်းပြည်နယ်စည်ပင် သာယာ ရေးညွှန်ကြားရေးမှုး ဦးထလာဟရဲ ကပြောသည်။

ဦး ထလာဟဲက “အချို့နေရာကတော့ အားနည်းချက်ရှိတာပေါ့၊ ရေလှောင်ကန် ၁၇ ကန်လုံးပြည့်အောင် ရေတင်ဖို့က ၃ ရက်လောက် ကျွှန်တော်တို့ အချိန်ကြာတယ်၊ ပြီးတော့ မြို့တွင်းအကုန်လုံး လျှပ်စစ် မီးသုံးလိုက်ရင် မီးအားကမနိုင်တော့ ရေတင်လို့မရဘူး၊ မီးသိပ်မသုံးတဲ့ချိန် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီကြားလောက်မှာပဲ မော်တာလည်နိုင်တယ်၊ ပြီးတော့ ရေမှာပါလာတဲ့ နူန်းရေကတော့ ကျွှန်တော်တို့ ပုံမှန်ရေတင်နိုင်ရင်တော့ သက်သာသွားမယ်” ဟု ပြောသည်။

ဟားခါးမြို့တွင်းသို့ သီမြစ်ချောင်းရေမှ ရေတင်ရာတွင် မြို့သို့အရောက် အဆင့်သုံးဆင့်ဖြင့် ရေတင်ခြင်းဖြစ်သည်။

ဟားခါးမြို့တွင်း ရေပေးဝေမှုအတွက် မြို့တွင်း၌ ရေလှောင်ကန် ၁၇ နေရာ တည်ဆောက်ထားပြီး၊ တစ်ချို့ကန်များမှ ရေများမှာ နူန်းရေ နှင့် သံချေးတက်သည့် ရေများ တစ်ခါတစ်ရံ ပါလာတတ်ကြောင်း ဟားခါးဒေသခံများကပြောသည်။

ဟားခါးဒေသခံ ဒေါ်မောနီကားက “ ဘာပဲဖြစ်ဖြစ် ဒီရေရလာတော့ အများကြီး သက်သာတာပေါ့။ အရင်က ဆိုရင် ရေကို ၀ယ်ပြီး သုံးနေရတယ်။ ရေက တစ်ခါတစ်ခါကျရင် နုန်းရေ နဲ့ သံချေးတက်တဲ့ရေတွေ ပါပါလာတတ်တယ်” ဟုပြောသည်။

ဟားခါးမြို့တွင်း ရေပေးဝေမှု စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ရေပေးဝေမှုကို မီတာစနစ်ဖြင့် ပေးဝေသွားမည်ဖြစ်သည့်အတွက် ယခု တပ်ဆင်လျက်ရှိကြောင်းသိရသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *