ချင်းပြည်နယ်မြောက်ဖက်ပိုင်း တီးတိန်မြို့နယ် တွင် ခိုးဝင်ဘင်ဂါလီ ၄ ဦးဖမ်းမိ

Home » Chin News » ချင်းပြည်နယ်မြောက်ဖက်ပိုင်း တီးတိန်မြို့နယ် တွင် ခိုးဝင်ဘင်ဂါလီ ၄ ဦးဖမ်းမိ

By Salai CLian on January 31, 2018. No Comments

ချင်းပြည်နယ်မြောက်ဖက်ပိုင်း၊ အိန္ဒိယနယ်စပ် တီးတိန်မြို့နယ်အတွင်း Mualbem ကျေးရွာ နှင့် Leidawh ကျေးရွာကြားတွင်  ဇန်န၀ါရီ ၂၉ ရက်နေ့၌ ခိုးဝင်ဘင်ဂါလီ ၄ ဦးဖမ်းမိခဲ့ကြောင်း ဖလမ်းခရိုင် ရဲစခန်းမှ ရဲအုပ် ၀င်းနိုင်ကပြောသည်။

ရဲအုပ် ၀င်းနိုင်က “ကျွန်တော်တို့က အမှုစစ်ရင်တောင် ဘူးသီးတောင်ဘက်က ဗမာစကားနဲ့ ဘင်ဂါလီ စကားရတဲ့သူကို ဖုန်းနဲ့လိုက်မေးနေရတယ်။ ဒါကဒီလိုပါ ဘင်ဂါလီ လူမျိုးတွေက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ကနေ အိန္ဒိယနိုင်ငံဘက်ကို သွားတာပေါ့၊ ဒီဖက်ကို တောလမ်းကနေ ခြေလျှင်နဲ့ဝင်ပြီး ရန်ကုန်ဖက်ကို အလုပ်လုပ်ဖို့ပါပဲ၊ အဲဒါလည်း စားဝတ်နေရေးကြောင့် ဖြစ်တာပေါ့၊ သူတို့ကလည်း ရိုးရိုးသားသားပါ စားဝတ်နေရေး မပြေလည်လို့ပါ၊ အခုသူတို့ကို လ၀က ကအမှုစစ်ဆေးနေတယ်၊ သူတို့စစ်ဆေးပြီးရင်တော့ တရားစွဲမယ်” ဟု ပြောသည်။

အဖမ်းခံရသည့် ဘင်ဂါလီ ၄ ဦးမှာ အသက် ၂၀ ကျော် အမျိုးသား တစ် ဦး နှင့် အမျိုးသမီး လေး ဦးဖြစ်ကြောင်းရဲအုပ် ၀င်းနိုင်ကအတည်ပြုပြောသည်။

ရဲအုပ် ၀င်းနိုင်က “ဘင်ဂါလီ လူမျိုးတွေက တစ်နေရာနဲ့ တစ်နေရာ မသွားရဘူးလေ၊ အဲလိုကန့်သက်ချက်ရှိလို့ အခုလိုမျိုးဖမ်းတာ၊ သူတို့ကို ကျွန်တော်တို့ ထောင်ချမယ်၊ သူတို့လွတ်လာလို့ရှိရင် သူတို့နေတဲ့ အရပ်ကို ပြန်ပို့ရမယ်၊ ပြည်သူတွေအနေနဲ့တော့ ကျွှန်တော်တို့ကို သတင်းပေးရမယ်၊ သတင်းပို့ရမယ်၊ ဒါမျိုးပူးပေါင်းပြီး ကျွန်တော်တို့ကို အကူအညီပေးဖို့လိုအပ်ပါတယ်”ဟု ပြောသည်။

ဘင်ဂါလီ လူမျိုးများမှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးပြသနာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း လူပေါင်းများစွာ ထွက်ပြေးခဲ့ကြသည်။ ချင်းပြည်နယ်တွင် ယခင်အစိုးရခေတ်ကလည်း ဖလမ်းခရိုင်တွင် ခိုးဝင်ဘင်ဂါလီ (၆) ဦးဖမ်းစီးခံခဲ့ရသည်။

Photo : Nhge Pi

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *