ထန်တလန်မြို့နယ်တွင် ဘင်္ဂလီ၎ ဦးကို ချင်းအမျိုးသားတပ်ဦး(CNF)မှ ဖမ်းမိ

Home » Chin News » ထန်တလန်မြို့နယ်တွင် ဘင်္ဂလီ၎ ဦးကို ချင်းအမျိုးသားတပ်ဦး(CNF)မှ ဖမ်းမိ

By Salai CLian on February 14, 2018. No Comments

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ၀င်လာသည့် ဘင်္ဂလီ ၄ ဦးတို့ကို ဖေဖော်ဝါရီလ (၆) ရက်နေ့  ချင်းအမျိုးသားတပ်ဦးဌာနချုပ် Victoria Camp တွင် ဖမ်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဘင်္ဂလီ ၄ တို့သည် မီဇိုရမ်ပြည်နယ် နှင့် ချင်းပြည်နယ် နယ်စပ်တံတားဖြတ်နေစဉ် ချင်းအမျိုးသားတပ်ဦးတို့မှ ဖမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထန်တလန်မြို့အခြေစိုက်သည့် ချင်းအမျိုးသားတပ်ဦး၏ ဆက်ဆံရေးတာဝန်ခံ Pu Ral Hnin က “ဘင်္ဂလီတွေက ဖေဖော်ဝါရီလ (၆) နေ့က ချင်းပြည်ဘက်ကို ၀င်ဖို့ ချင်းအမျိုးသားတပ်ဦး ဌာနချုပ်အနီး တံတားကို ဖြတ်နေစဉ် ချင်းအမျိုးသားတပ်ဦးတွေက ဖမ်းထားတယ်၊ သူတို့ကို ခေတ္တထိန်းသိမ်းထားတာပေါ့၊ မနေ့က ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ ထန်ထလန်မြို့ ရဲစခန်းကို လွဲပေးလိုက်တယ်” ဟု ပြောသည်။

ဆက်ပြီး သူက “သူတို့က ဗမာစကားလည်း မပြောတတ်ဘူးဆိုတော့ ဘယ်ကနေလာမှန်းလည်း မသိဘူး၊ သူတို့ဘာကို ရည်ရွယ်ပြီးလာတယ် ဆိုတာကလည်း မသိဘူး” ပြောသည်။

ယင်းဖမ်းစီးရသည့် ဘင်္ဂလီ ၄ တို့သည် အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၂ ဦးဖြစ်ပြီး၊ အသက် ၂၀ ခန့်ရှိသည့် လူငယ်များဖြစ်ကြသည်။

ထန်တလန်မြို့ လ.၀.က ရုံးမှ ဦး ထွန်းထွန်းက “သူတို့ကို ချင်းအမျိုးသားတပ်ဦးက ဖမ်းထားခဲ့တာ၊ ပြီးတော့ထန်တလန် ရဲစခန်းကို လာအပ်သွားတယ်၊ အခုသူတို့ကို ထန်တလန်မြို့ရဲစခန်းမှာ ထိန်းသိမ်းထားတယ်၊ သူတို့ကို အခုအမှု စစ်ဆေးနေတယ်” ဟု ပြောသည်။

ဘင်ဂါလီ လူမျိုးများမှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးပြသနာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း လူပေါင်းများစွာ ထွက်ပြေးခဲ့ကြသည်။ ချင်းပြည်နယ်တွင် ယခင်အစိုးရခေတ်ကလည်း ဖလမ်းခရိုင်တွင် ခိုးဝင်ဘင်ဂါလီ (၆) ဦးဖမ်းစီးပြီး၊ ဇန်န၀ါရီလ (၃၁) နေ့တွင် ၄ ဦးဖမ်းစီးခဲ့ကြောင်း သိရသည်။

Photo : Salai Pa Hmun

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *