Froland မြို့မှ အောင်ဆန်းစုကြည်ပန်းခြံ ကို ပန်းခြံဖြစ်မြောက်ရေး ကော်မတီ သို့ လာမည့် မေလ ၁၄ရက်နေ့တွင် တရားဝင်လွှဲပြောင်းအပ်နှံတော့မည်

Home » World News » Froland မြို့မှ အောင်ဆန်းစုကြည်ပန်းခြံ ကို ပန်းခြံဖြစ်မြောက်ရေး ကော်မတီ သို့ လာမည့် မေလ ၁၄ရက်နေ့တွင် တရားဝင်လွှဲပြောင်းအပ်နှံတော့မည်

By Admin on May 12, 2016. No Comments

Aung San Suu Kyi park

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် လူထုခေါင်းဆောင် အောင်ဆန်းစုကြည် ၏ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီ အရေး အတွက် ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုများအား ဂုဏ်ပြုသောအားဖြင့် အောင်ဆန်းစုကြည် ပန်းခြံ ဖွင့်လှစ် ထားရှိနိုင်ရန် Froland မြို့နေ မြန်မာပြည်သားများ၏ လှုံ့ဆော်မှုမှတဆင့် Froland ဒေသအာဏာပိုင်များ၏ တရားဝင် ခွင့်ပြုချက်ကိုရရှိနိုင်ခဲ့ပြီး ၊အောင်ဆန်းစုကြည် ပန်းခြံအတွက် သတ်မှတ် ထားသော မြေနေ ရာအား မေလ၊ ၁၄ ရက်၊ ၂၀၁၆ စနေနေ့ မွန်းလွဲ ၁၅း၀၀ နာရီတွင် Froland မြို့တော်ဝန် Ove Gundersen ကိုယ်တိုင်တက်ရောက် အပ်နှံမည်ဖြစ် ကြောင်းသိရသည်။

“ပန်းခြံဆိုတာ ၂ မျိုးရှိပါတယ်။မြေကြီးပေါ်စိုက်တဲ့ ပန်းခြံနဲ့ စိတ်နှလုံးမှာ စိုက်တဲ့ ပန်းခြံပါ။မြေမှာ စိုက် တဲ့ ပန်းခြံလည်း လှပ ဘို့ အမှိုက် သရိုက်ကင်းစင်ဘို့လိုသလို စိတ်နှလုံးလည်း အဲဒီအတိုင်းပဲ.။ပန်းခြံဆိုတာ ပန်းတမျိုးထဲ မစိုက်ပါဘူး။ ရောင်စုံပန်းတွေရှိမှ ပိုလှပါတယ်။
ပြီးတော့ ပန်းတပွင့်ဖြစ်ဖြစ်၊ သစ်တပင်ဖြစ်ဖြစ် သူအမြဲရှင်သန်ဘို့ နေရာ ရှိရသလို ရှင်ရမယ့် အခွင့်အရေးလည်း ရှိရပါ့မယ်။” ဟုပန်းခြံ ဖြစ်မြောက်ရေးအတွက် အဓိက ဆော်သြ လှုပ်ရှားသူ ဆလိုင်းဂျွန်မန်း ကပြောပါတယ်။ ဆက်လက်ပြီး
“ ကျနော်တို့ မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ရှင်သန်နေထိုင်မှုနဲ့ အခွင့်အရေးပြည့်ဝဘို့၊ လှပ၊ သန့်ရှင်းဘို့ဝိုင်းဝန်းဖန်တီးကြရမှာဖြစ်တယ်။” ဟုဆိုသည်။

ဆက်လက်ပြီးနော်ဝေနိုင်ငံတွင်နေထိုင်ပြီးပြည်တွင်းဂျာနယ်မျိုးစုံတို့တွင်ဆောင်းပါးများရေးသားပေးပို့နေသော ကိုညို(အော်စလို)မှ “ဒီပန်းခြံဖြစ်လာတာ နော်ဝေးပြည်သူတွေက မြန်မာပြည်သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လောက် လေးစားချစ်ခင်ပြီး စေတ နာထား တယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်။ဒေါ်အောင်ဆန်း စုကြည်ပြောလေ့ ရှိ တဲ့ အစိုးရချင်းဆက်ဆံရေးထက်သာလွန်အနှစ်သာရရှိတဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေးကို ရှေ့ရှုတဲ့ ခြေလှမ်းအစလည်းဖြစ်တယ်။”ဟုဆိုသည်။

နော်ဝေးနိုင်ငံတောင်ပိုင်း၊ဖရိုလန်း(န်)မြို့လည်၌တည်ရှိပြီး ဖရိုလန်း(န်) မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ထိန်းသိမ်းထားသည့် ယခင် ဖရိုလန်းဗာတ်ခ်(FrolandVerk)ပန်းခြံကို အောင်ဆန်းစုကြည်ပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်ရန် လွန်ခဲ့သည့် သီတင်းနှစ်ပတ်ကျော်ခန့် က မြို့တော်ဝန် နှင့်တကွ့ ဖရိုလန်း(န်) မြို့နယ် အုပ်ချုပ်ရေးတာဝန်ခံများ၊ ပန်းခြံဆိုင်ရာ ကျွမ်းကျင်သည့်ပုဂ္ဂိုလ်တို့က ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လာမည့်မေလ ၁၄(စနေနေ့)တွင် နော်ဝေးနိုင်ငံအပါအ၀င် အခြားအိမ်နီးချင်းနိုင်ငံများမှ မြန်မာများတွေ့ဆုံပြီး ပန်းခြံဖြစ်မြောက်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး၊ လုပ်ငန်းစဉ်များ အကောင်အတည်ဖော်ရေး ဆိုင်ရာ ကော်မတီတရပ်ကို ဖွဲ့စည်းရန်ဆွေးနွေးကြမည်ဟုလည်း သိရသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *