အိန္ဒိယဆရာဝန်များက တမူးမြို့၌ အခမဲ့ဖြစ် ရောဂါဆယ်မျိုးဆေးကုသနိုင်ရန်လာရောက်ညိုနှိုင်း

Home » Burma News » အိန္ဒိယဆရာဝန်များက တမူးမြို့၌ အခမဲ့ဖြစ် ရောဂါဆယ်မျိုးဆေးကုသနိုင်ရန်လာရောက်ညိုနှိုင်း

By Lal Nun Uk on September 1, 2016. No Comments

ဆလိုင်းလာလ်နွန်အုပ်

အိန္ဒိယနိုင်ငံ အင်ဖားမြို့ရှိ Shija ဆေးရုံမှဆရာဝန်များက တမူးမြို့တွင်အခမဲ့ဆေးကုသပေးရန် သြဂုတ် လ ၂၈ ရက်နေ့တွင် တမူးမြို့ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ညိုနှိုင်းခဲ့ကြောင်းသတင်းရရှိသည်။

အဆိုပါ အခမဲ့ဆေးကုသမှုကို လာမည့်အောက်တိုဘာလအတွင်းကုသနိုင်ရန်သဘောတူထားပြီး၊ နှစ်ရက် သို့မဟုတ် သုံးရက်ကြာ ဆေးကုသသွားမည်ဖြစ်ပြီး နှုတ်ခမ်းကွဲရောဂါအပါအဝင် ရောဂါဆယ်မျိုးကုသပေးသွားမည်ဟုသိရသည်။

“ဆေးရုံအုပ်က တမူးဘက်မှာလာပြီးမှ အခမဲ့ဆေးကုသပေးမယ်လို့ကမ်းလှမ်းတယ်။ ကျွန်တော်တို့လည်း ဆေးကောင်စီဆီမှာခွင့်ပြုချက်တင်ပြီး ခွင့်ပြုချက်ရမှအခမဲ့ဆေးကုသနိုင်မယ်။ သူတို့ကတော့နှစ်ရက်လို့ပြောထားပေမယ့် ကျွန်တော်တို့က သုံးရက်ထိကုပေးဖို့တောင်းဆိုတယ်။  ဘယ်ဒေသကပဲ လာလာအခမဲ့ကုသပေးမယ်။ ဒုတိယအကြိမ်ထပ်တွေ့တဲ့ချိန်မှပဲ အသေးစိပ်ထပ်ဆွေးနွေးမယ်”ဟု တမူးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးကပြောသည်။

ယခုကဲ့သို့ အိန္ဒိယနိုင်ငံဘက်ခြမ်းမှ တမူးမြို့သို့ အခမဲ့ဆေးကုသခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခင်တွင် အဆိုပါဆေးရုံက မုံရွာ၊ မန္တလေးစသည့်မြို့များတွင် အခမဲ့ဆေးကုသခဲ့ဖူြးေtamu India si thuamhlawm diကာင်းသိရသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *