နိုင်ငံတကာအဆင့် LCCI Level-3 ပြိုင်ပွဲတွင် ကလေးမြို့မှ ချင်းအမျိုးသမီးတစ်ဦး ပထမဆုရ

Home » Chin News » နိုင်ငံတကာအဆင့် LCCI Level-3 ပြိုင်ပွဲတွင် ကလေးမြို့မှ ချင်းအမျိုးသမီးတစ်ဦး ပထမဆုရ

By Lal Nun Uk on September 6, 2016. No Comments

LCCI 1

Photo: Luan Dim Lcci facebook

မိုင်ဘွဲ့ထန်ပါရ်

၂၀၁၆ ခုနှစ် နိုင်ငံတကာအဆင့် LCCI Level -3 ပြိုင်ပွဲတွင် ကလေးမြို့မှ Luan Dim LCCI သင်တန်းသူ လားမှားချွန်နီး(Lalhmachhuani)က ပထမဆုရရှိခဲ့သည်။

အဆိုပါ ဆုပေးပွဲကို မန္တလေးမြို့ Hotel Marvel တွင် စက်တင်ဘာ ၄ ရက်နေ့တွင်ကျင်းပခဲ့သည်။

“ကျွန်တော်တို့ Luan Dim LCCI Level-3 မှာ ကျွန်တော်တို့သင်ကြားပေးတာ ၅ ဘာသာရှိတယ်။ တစ်ဘာသာချင်းစီအလိုက်ဆုပေးတာ ဆုရတဲ့ သူက နိုင်ငံတကာမှာရော မြန်မာပြည်မှာလည်း ပထမဆုရတာပေါ့”ဟု Luan Dim LCCI သင်တန်းကျောင်းဦးဆောင်သူ ဆရာမင်းထက်(ခ)ဆရာဆင်ပီးကပြောသည်။

LCCI 4

Photo: Luan Dim Lcci facebook

“စာသင်တဲ့ချိန်မှာတော့ အတတ်နိုင်ဆုံးသင်ယူခဲ့တယ်။ဆရာကလည်းသင်ကြားရေးအရမ်းကောင်းတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် စာသွားမေးရင် ကောင်းကောင်းရှင်းပြတယ်။ ကျွန်မကအတန်းမှာလည်းအတော်ဆုံးတော့မဟုတ်ဘူး။ အတတ်နိုင်ဆုံးကြိုးစားခဲ့တာပေါ့။ ရှေ့ဆက်ပြီးတော့ ကျောင်းတက်ရင်းနဲ့ မြန်မာနိုင်ငံမှာအမြင့်ဆုံးစာရင်းကိုင် B.B.A ကိုအချိန်ပိုင်းတက်ချင်တယ်”ဟု လားမှားချွန်နီးကပြောသည်။

Luan Dim LCCI သင်တန်းကျောင်းသည် ၂၀၀၆ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ၄င်းသင်တန်းကျောင်းမှ ၂၀၀၈ ခုနှစ်တွင် Level-2 ကိုနိုင်ငံတကာအဆင့်တွင် ဒုတိယဆု တစ်ဦး၊ ၂၀၁၄ ခုနှစ်တွင် Level-3 အဆင့်တွင် မြန်မာပြည်တွင် ပထမဆုပြီး Level-2 အဆင့်တွင် မြန်မာပြည် ဒုတိယဆု အသီးသီးရရှိခဲ့သည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *