လာမည့် MNL ဘောလုံးရာသီတွင် ချင်းယူနိုက်တက်အသင်း မှကျပ်သိန်း၄၀၀၀အသုံးပြုမည်။

Home » Sport » လာမည့် MNL ဘောလုံးရာသီတွင် ချင်းယူနိုက်တက်အသင်း မှကျပ်သိန်း၄၀၀၀အသုံးပြုမည်။

By Chin World on September 20, 2016. No Comments

cufc

ဆလိုင်းကျော်မိုး

မြန်မာနေရှင်နယ်လိဒ်တွင်ကစားနေသော ချင်းယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှု များရရှိအောင် လာမည့်ရာသီသစ်တွင် ပြည်တွင်း ပြည်ပ ကစားသမားများ ကို ခေါ်ယူပြီးအသင်းအသုံးစရိတ်အဖြစ် ကျပ်သိန်း၄၀၀၀ အသုံးပြုမည်ဟု အသင်းပိုင်ရှင်မှပြောသည်။

ပြီးခဲ့တဲ့နှစ်ကလည်း ကျွန်တော်တို့အသင်းက သိန်း၄၀၀၀ နီးပါးအသုံးပြုခဲ့တယ်။ အခုလာမယ့်ရာသီသစ် မှာလည်း လက်ရှိထက်မလျော့တဲ့ သိန်း၄၀၀၀နီးပါး ကိုအသုံးပြုသွားမည်’’ဟု ချင်းယူနိုက်တက်အသင်းပိုင်ရှင် ဒေါက်တာဂျိမ်းလျှန်ဆိုင်းမှ ပြောသည်။

လက်ရှိတွင် ချင်းယူနိုက်တက်အသင်းသည် ကွင်းလယ်အတွက် နိုင်ငံခြားသားတစ်ဦးကို ခေါ်ယူစာချုပ်ချုပ်ထားပြီး Line Up တန်းကစားနိုင်မယ့် ပြည်တွင်းကစား သမား ၅ဦးကိုလည်းခေါ်ယူပြီးဖြစ်သည်ဟုသိရသည်။နောက်ထပ်ပြည်တွင်းကစားသမား၅ဦးကို ထပ်မံခေါ်ယူ မည်ဖြစ်ပြီးပြီး အသင်း တွင် ရှိသော ချင်းကစားသမား များနှင့်တွဲဖက်ကစားစေမည်ဟုသိရသည်။

ထို့အပြင် ရှမ်းယူနိုက်တက်အသင်းက ချစ်စုမိုးနှင့် ဆွန်လမန်းတို့ကို ခေါ်ယူရန်ကမ်းလှမ်းထားပြီး ချင်းယူနိုက်တက်အသင်းအနေဖြင့် တိုက်စစ်မှူး ချစ်စုမိုး ကို  သိန်း၂၀၀ပေးရင်ခွင့်ပြုပေးမည်ဖြစ်ပြီး    တိုက်စစ်မှုးဆွန်လမန်းကိုတော့အသင်းမှထွက်ခွာစေမည်မဟုတ်ဟုဆိုသည်။

ချင်းယူနိုက်တက်အသင်းမှမြန်မာလက်ရွေးစဉ်ကစားများအဖြစ် ချစ်စုမိုး၊ဖြိုးကိုကိုသိန်း၊တလုံဟုတ်နှင့် ဆွန်လမန် တို့ကိုမွေးထုတ်ပေးခဲ့ပြီး လက်ရှိ တွင် ဖြိုးကိုကိုသိန်းနှင့် ဆွန်လမန် တို့ သည်မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်မည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရှိအောင်   ဂျာမဏီနိုင်ငံတွင် သွားရောက်လေ့ကျင့်လျက်ရှိသည်။

 

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *