ချင်းပြည်နယ်ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို ချင်းယူနိုက်တက်အသင်း မှ ဦးစီးကျင်းပမည်။

Home » Sport » ချင်းပြည်နယ်ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို ချင်းယူနိုက်တက်အသင်း မှ ဦးစီးကျင်းပမည်။

By Chin World on October 13, 2016. No Comments

13077076_511956345656872_2053806953112453695_n

ဆလိုင်းကျော်မိုး

မြန်မာနေရှင်နယ်လိဒ်တွင်ယှဉ်ပြိုင် ကစားနေသော ချင်းယူနိုက်တက်အသင်းက အဓိကကူညီထောက်ပံ့ ပေးပြီး ချင်းပြည်နယ်ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို လာမည့်နိုဝင်ဘာလအတွင်းချင်းပြည်နယ် ဟားခါးမြို့နယ် တွင်ကျင်းပမည်ဟုသိရသည်။

‘ကျွန်တော်တို့အခုကျင်းပမည့် ချင်းပြည်နယ်ဝန်ကြီးချုပ်ဖလားပြိုင်ပွဲကနေ ပြည်နယ်အတွင်းအလားအလာရှိတဲ့ လူငယ်တွေကို ရွေးခြယ်ခေါ်ယူသွားမယ်၊ပြီးတော့လူငယ်ခြေစွမ်းခြေစရှိတဲ့ သူတွေကိုလည်းမွေးထုတ်ပေး ဖို့ရည်ရွယ်ပြီး ကမကထပြုလုပ်ပြီးကျင်းပမှာဖြစ်တယ်”ဟု ချင်းယူနိုက်တက်အသင်းဒုဥက္ကဌ Do Khan Khupကပြောသည်။

ပြိုင်ပွဲကိုချင်းပြည်နယ်ရှိ မြို့နယ်ပေါင်းစုံ(၉) မြို့နယ်အပါအ၀င်၊ကလေးမြို့နယ်၊တမူးမြို့နယ်၊ ချင်းယူနိုက် တက်လူငယ် အသင်းတို့ပါဝင်ကစားမည်ဖြစ်သည်။ ချင်းယူနိုက်တက်လူငယ်အသင်း တွင်ပါဝင်သောကစား သမားများမှာ အနိုင်အရှုံးထက် ချင်းလူငယ်ကစားသမားများကိုသာထည့်သွင်းယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။

ချင်းယူနိုက်တက်အသင်းသည် မြန်မာလက်ရွေးစဉ်ကစားများအဖြစ် ချစ်စုမိုး၊ဖြိုးကိုကိုသိန်း၊ တလုံဟုတ်နှင့် ဆွန်လမန် တို့ကိုမွေးထုတ်ပေးခဲ့ပြီလက်ရှိတွင် ဖြိုးကိုကိုသိန်းနှင့် ဆွန်လမန်တို့ သည်မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်မည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရှိအောင်   ဂျာမဏီနိုင်ငံတွင် သွားရောက်လေ့ကျင့်လျက်ရှိသည်။

ချင်းယူနိုက်တက်အသင်းမှအောင်မြင်မှုများရရှိအောင် ပြည်တွင်း ပြည်ကပကစားသမားများကို ခေါ်ယူပြီးအသင်းအသုံးစရိတ်အဖြစ် ယခုနှစ်တွင် ကျပ်သိန်း၄၀၀၀ အသုံးပြုရန်လျာထားကြောင်းသိရသည်။

 

 

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *