ကျန်းမာရေးအတွက်ချင်းခေါင်ရည်သောက်ကြစို့

Home » Health » ကျန်းမာရေးအတွက်ချင်းခေါင်ရည်သောက်ကြစို့

By Admin on March 8, 2016. No Comments

Salai Aung Lian(ဇလပ်မြေ)

ချင်းခေါင်ရည်သည် ကမ္ဘာ့အရက်၊ဘီယာ ယာမကများနည်းတူမဟုတ်ဘဲ ချင်းအဖိုးကြီး ဆေးပညာပါရဂူဘွဲ့ရရှိတဲ့ ဦးယူးက တီထွင်ထားတာဖြစ်သည်။ ဦးယူးသည် ဘီစီ ၃၀က ချင်းခေါင်ရည် လုပ်နည်းလုပ်ပုံကို တောထဲတွင် (၇)ရက်တိတိထမင်းမစားဘဲ သွားရောက်စမ်းသပ်ပြီးသဘာဝ သစ်မြစ်နွယ်များမှ ဆေးများကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဲလ်ကိုဟောများဓာတုဆေးများလုံးဝပါဝင်ရောစပ်ထားခြင်းမဟုတ်ဘဲ အချိန်အားကြာမြင့်စွာ ထားရှိမှ သောက်သုံးသူများအတွက်လည်း ကိုယ်ခန္ဓာ ထွားကြိုင်းသည်မက အားပြည့်စေသည်။ ရှေးခေတ် ချင်းအဖိုးအဖွားများသည် တောင်ယာကအိမ်အပြန် ခေါင်ရည် ကို 200mml လောက်သာသောက်နေရပြီး သူတို့အတွက်ဆေးသုံးစွဲမှုမှာ ကျန်းမာရေးပိုမိုကောင်းမွန်စေသည်။ ချင်းအဖိုးအဖွားမျာသည် ယခင် အရပ် ၇ပေနဲ့ ပေါင် ၄၇၈ထိရှိခဲ့ကြသည်။ ကျားအရှင်လတ်လတ်ကိုတွေ့ ရင်တောင်တစ်ယောက်ချင်းဖိုက်နေကြသည်ဟုပြောဆိုကြသည်။ သွေးတိုး၊နှလုံး၊ကင်ဆာအမျိုးမျိုးကိုကာကွယ်စေသည်။

ယခုခေတ်လူငယ်များက ခေါင်ရည်ကို တစ်ည ၁၀ဂါလံလောက်အလွန် အကျွံသောက်ပြီး နောက်နေ့ကျ မထနိုင်မသွားနိုင်ဖြစ်ခဲ့ကြသည်။

ခေါင်ရည် တအိုးသည် ထုတ်လုပ်ရာတွင် အနည်းဆုံး တနှစ်အချိန်ပေးကြာသည်နှင့်အမျှ ပိုမိုအရသာထူးကဲကောင်း မွန်စေသည်။ရေပါဝင်မှု ၁၀ရာခိုင်နှူန်း(PH 7) ကျုံပါဝင်မှု ၅၀ရာခိုင်နှူန်း(ဒေသထွက်)၊ ဆား ၂% သစ်မြစ်နွယ်ဆေး၂% တို့ဖြစ်သည်။ရှေးခေတ်တွင် သုံးနှစ်ကြာပြုလုပ်ခဲ့ကြသည်။ ခေါင်ရည်တအိုး 20လီတာ ဆန့် ခေါင်အိုးသည် ဦးရေ ကိုရေ ၁၀၀ လီတာထိရောစပ်ပြီ သောက်သုံးနိုင်သည်။

အမျိုးသမီးများ တနေ့ခေါင်ရည် ၂၀၀မီလီတာလောက်ပုံမှန်သောက်သုံးပါက ကျန်းမာရေးပိုကောင်းစေပြီ ခန္ဓာကိုယ်ဖွဲ့စည်းပုံလည်းလှ ပပြီးကြည့်မ၀ ၊ရှုမ၀စေသည့်အထိဆွဲဆောင်မှုဖြစ်ပေါ်စေသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *