မင်းတပ်မြို့နယ်တွင် ခူးယူရောင်းချခွင့် ပိတ်ထားသော သစ်ခွပန်း ဈေးကွက် ပြန်လည်ခေတ်စားလာ

Home » Chin News » မင်းတပ်မြို့နယ်တွင် ခူးယူရောင်းချခွင့် ပိတ်ထားသော သစ်ခွပန်း ဈေးကွက် ပြန်လည်ခေတ်စားလာ

By Admin on November 24, 2016. No Comments

မင်းတပ်မြို့နယ်တွင် ခူးယူရောင်းချခွင့် ပိတ်ထားသော သစ်ခွပန်း ဈေးကွက် ပြန်လည်ခေတ်စားလာ
========================
Mai Ling Hung Leng
Chin World
November 24, 2016

ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ်အကြားတွင် ဆေးဖက်ဝင် သစ်ခွပန်းများကို တရားမ၀င် ရောင်းသူ/၀ယ်သူများ အများအပြားရှိနေသည်ဟု သိရသည်။

14915564_1222683971126310_5993070977427879564_nသစ်ခွပန်းခူးယူခြင်းများအား သစ်တောဌာနမှ တရားဝင် တားမြစ်ထားပြီးဖြစ်သော်လည်း ဒေသခံများ၏ စားဝတ်နေရး မပြေလည်မှုနှင့် ၀ယ်ယူလိုသူများကြောင့် ၂၀၁၆ နိုဝင်ဘာလဆန်းများမှ စတင်ကာ မှောင်ခိုစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြန်လည်ခေတ်စားလာခြင်းဖြစ်သည်ဟုလည်း သိရသည်။

မင်းတပ်ဒေသခံတဦးမှ “အရင်က သစ်ခွပန်းခူးတာတွေ၊ အပင်ခုတ်တာတွေ အရမ်းဆိုးခဲ့လို့ သစ်ခွပန်းခူးတာတွေကို တရားဝင်တားမြစ်တာတော့ ကြာပါပြီ။ ဒါပေမယ့် တလုံးဥတွေကို သစ်တောက မျောစာ (ခွင့်ပြုစာ)နဲ့ လုပ်ခွင့်ပေးတာမျိုးရှိတဲ့အတွက် အဲဒီတလုံးဥကို အကြောင်းပြပြီး သစ်ခွတွေကို ခူးကြတာပေါ့။ လာဝယ်တဲ့သူတွေက မန္တလေးက တရုတ်သူဌေးတွေပါ။ မင်းတပ်မြို့ အနောက်ရပ်ကွက်မှ သူတို့နဲ့ ဆက်စပ်တဲ့ သူဌေးတွေ ၃-၄ ယောက်ရှိတယ်။ ပြီးတော့ အနောက်ဘက်လမ်း (မင်းတပ်နှင့်မတူပီအကြား) မှာလည်း ဒိုင်ခံပြီး ၀ယ်တဲ့သူ နှစ်ယောက်ရှိပါတယ်” ဟု ပြောသည်။

သစ်ခွပန်းများခူးယူခြင်း တရားဝင်မတားမြစ်ခင်က စီးပွားအဖြစ်လုပ်ကိုင်ခဲ့ဖူးသူတဦးမှလည်း “အရင်က ကျမလည်း တရားဝန်မတားမြစ်ခင်တုန်းက သစ်ခွပန်းတွေကို နယ်တွေမှာ သွားပြီး အရောင်းအဝယ် လုပ်ဖူးတယ်၊ ရတဲ့ဝင်ငွေနဲ့ မိသားစု တစ်ခုလုံး ကိုအချိန်ကာလတစ်ခု အထိတော့ ထောက်ပံ့နိုင်ခဲ့တယ်၊နောက်ကြာတော့ အနောက်လမ်းဘက်မှာပဲ ကားနဲ့မတော်တဆ အတိုက်ခံရတော့ ဆေးရုံကို လနဲ့ချီပြီးတက်ရတယ်၊ပြီး၊ အမှုဖွင့်တော့လည်း ရတဲ့ငွေတွေအားလုံးကုန်တယ်၊ဒါကြောင့် ဒီသစ်ခွပန်း လုပ်ငန်းတွေ မလုပ်တော့ဘူး၊ဒါပေမဲ့ ခုတားမြစ်ထားပြီးမှ တရားမဝန်ပြန်လုပ်နေကြတော့ သစ်တောတွေလည်း ပြုန်းတီးစပြုလာပြီ၊ သစ်ခွကပန်းတွေ ခူးပြီဆိုရင် ကျွမ်းကျင်တဲ့ လူတွေက အပင်ပေါ်ကို တက်ခူးနိုင်ပေမဲ့၊ မကျွမ်းကျင်တဲ့လူတွေက သစ်ခွပေါက်နေတဲ့ တောင်ဇလပ်ပင်အပါအ၀င် အပင်တွေကို ခုတ်ထစ်ရတဲ့ အခြေအနေဖြစ်နေတယ်၊ ခုဆိုရင် ပွင့်နေကြအချိန်မဟုတ်ပဲ ပွင့်တယ်၊ကြွေတယ်၊ ထိထိရောက်ရောက် သတိပေးမှုတစ်ခုတော သက်ဆိုင်ရာက လုပ်ရင် ကောင်းမယ်၊ဒေသခံ အချင်းချင်းတွေ ဖြစ်တယ်ဆိုတော့ တိုင်ချက်ဖွင့် တာတွေမလုပ်ချင်ပါဘူး “ဟုသူမ၏ အတွေ့အကြုံနှင့် စိုးရိမ်မှု ကိုပြောသည်။

“ကျတော်ကတော့ အဓိက မကွီအိမ်နူးကျေးရွာနဲ့ ဝေးလောင်းကျေးရွာ တာဝန်ခံ တောအုပ်ဖြစ်ပါတယ်၊ တလုံးဥတွေကတော့ တရားဝန် အခွန်ဆောင်ပြီး လုပ်ပိုင်ခွင့် ရှိပါတယ်၊တားမြစ်ထားတဲ့ သစ်ခွတွေကို ခူးနေကြတဲ့ သတင်းနဲနဲတော့ ကြားထားတယ်၊သေချာမသိရသေးဘူး၊၅၆မိုင်ဘက်ကို နောက်လေးငါးရက်ကြာရင် သွားပြိး သေချာစုံစမ်းမယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင်မယ်၊ပြီးတော့ သစ်ခွပန်းခူးတဲ့ ရောင်းသူဝယ်သူများ ကိုထိထိရောက်ရောက် အရေးယူမယ် “ဟု မင်းတပ်မြို့နယ်၊ အနောက်ဘက် ကျေးရွာများတွင် တာဝန်ခံ ဖြစ်သူ တောအုပ် ဦးဟာကီးမှ ပြောသည်။

မင်းတပ်မြို့နယ်အတွင်းရှိ သစ်ခွပန်းအမျိုးအစားအမည်အချို့မှာ နီလုံး၊ ပုဇွန်၊ ကြွက်မြှီး၊ 2K, 3K စသည်တို့ဖြစ်သည်။ သစ်ခွပန်းများအား တပိသာလျှင် ကျပ် (၃၀,၀၀၀) နှင့် (၄၀,၀၀၀) အကြား ပေးဝယ်လေ့ရှိပြီး၊ နီလုံးအမျိုးအစားသစ်ခွပန်းမှာမူ တစ်သိန်းကျပ် ၀န်းကျင်အထိ ရရှိသည်ဟုလည်း သိရသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *