Interview with Salai Lian Luai (Chief Minister, Chin State)

Home » Chin News » Interview with Salai Lian Luai (Chief Minister, Chin State)

By Admin on December 4, 2016. No Comments

ချင်းပြည်နယ် ၀န်ကြီးချုပ်ဆလိုင်းလျန်လွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း
Mai Bawi Than Par
Chin World
December 05, 2016

lianluai2ချင်းပြည်နယ်၊ ပလက်ဝမြို့ နှစ် (၁၄၀) ပြည့်အခမ်းအနားနှင့် ချင်း(ခူမီး) နှစ်သစ်ကူးပွဲတော်တို့အား ပလက်ဝမြို့၌ နိုဝင်ဘာလ (၃၀) ရက်နေ့နှင့် ဒီဇင်ဘာလ (၁) ရက်နေ့တို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့မှလည်း တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ထိုပွဲတော်ကြီးသို့ ချင်းပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင်တက်ရောက်လာသော ချင်းပြည်နယ် ၀န်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် အနည်းငယ် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး- ဟိုတလောက အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် မြေနေရာတွေလေ့လာမှုတွေရှိခဲ့တဲ့အကြောင်း သိရတော့ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပြပေးနိုင်မလား..။
ဖြေ- ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကို ဖြတ်ပြီး အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းအတွက်သွားကြည့်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စက ဗဟိုအစိုးရအချင်းချင်းဆွေးနွေးအတည်ပြုခဲ့ကြတာဖြစ်ပါတယ်။ ဒီလမ်းကြောင်းပေါ်မှာရှိတဲ့ ထန်တလန်မြို့နယ်ထဲမှာ လမ်းတွေဖောက်ဖို့၊ တံတားတွေဆောက်ဖို့တွေအတွက် နေရာတွေကြည့်၊ သတ်မှတ်ကြဖို့ပါ။ တံတားဆောက်လုပ်မှုအပိုင်းတွေကိုလည်း ဟိုဘက်ကနေ လုပ်ပေးမယ်။ မြန်မာနိုင်ငံဘက်ကနေ ထန်တလန်မြို့နယ်ထဲက (၆၈) မိုင်ကို လမ်းအကျယ်ကြီး ဖောက်လုပ်ကြဖို့ရှိပါတယ်။ အဲဒီအတွက် သွားတာပါ။

မေး- ချင်းပြည်နယ်အစိုးရအနေနဲ့ကော အခုမိုးရာသီပြီးဆုံးပြီး၊ ပွင့်လင်းရာသီပိုင်းလည်း ရောက်လာပြီဆိုတော့ ဘာတွေများလုပ်ဆောင်ကြဖို့ အစီအစဉ်ဆွဲနေကြသလဲ။
ဖြေ- မိုးတွင်းပြီးဖို့ကို စောင့်နေတော့..အခုဆို ပွင့်လင်းရာသီရောက်လာပြီ။ လမ်းတွေလုပ်ဖို့၊ တံတားတွေပြုပြင်ဆောက်လုပ်ဖို့တွေ အများကြီးရှိတယ်။ ကျေးရွာချင်းဆက်လမ်းတွေ၊ လမ်းတံတားတွေ အခုစနေကြပါပြီ။ တင်ဒါတွေခေါ်ပြီး၊ တင်ဒါကုမ္ပဏီတွေက လုပ်နေကြပြီ။ ပြီးတော့ နတလလမ်းလို့ခေါ်တဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးအပိုင်းကလည်း လုပ်ကြမယ်။ မတ်လမှာလမ်းတွေပြီးစီးဖို့လိုတဲ့အတွက် ပြည်နယ်အစိုးရအပိုင်းကနေလည်း တင်ဒါအောင်တဲ့ကုမ္ပဏီတွေကို ကြီးကြပ်သွားမှာဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ ကလေးမြို့-ဖလမ်း-ဟားခါး-ဂန့်ဂေါကို ကတ္တရာလမ်းခင်းမယ်။ ပြီးတော့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကနေလည်း အကူအညီရတယ်။ ဒါကိုလည်း လမ်းအတွက် အဓိကသုံးသွားမယ်။ လာမယ့် (၃) နှစ်အတွင်းမှာဆိုရင်တော့ ချင်းပြည်နယ်လမ်းတွေက လက်ရှိထက် အများကြီးတိုးတက်ကောင်းမွန်မယ်။ ဒီလမ်းကိစ္စက အဓိကအရေးကြီးဆုံးပါ။ ဒါနဲ့အတူ ဟိုက်ဒရိုပါဝါလျှပ်စစ်တွေ၊ အသေးစားစက်မှုလုပ်ငန်းတွေကိုလည်း တွဲလုပ်သွားကြမှာ ဖြစ်ပါတယ်။

lianluaiမေး- ချင်းပြည်နယ် လေယာဉ်ကွင်းဖြစ်တဲ့ ဖလမ်းလေယာဉ်ကွင်းကိစ္စကကော အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ- ဒီလေယာဉ်ကွင်းက ပြည်ထောင်စုအစိုးရရဲ့ ဘတ်ဂျက်နဲ့လုပ်ရတာပါ။ အထူးသဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ကနေ လုပ်တာဖြစ်ပါတယ်။ ပြည်နယ်ဘတ်ဂျက်အနေနဲ့မဟုတ်ပါဘူး။ ဒီ ၂၀၁၅-၁၆ ဘတ်ဂျက်အတွက်က သန်း (၁၀၀၀) ခွင့်ပြုချက်ရတာကနေ လုပ်နေကြတုန်းပါ။ အရှည်ပေ (၆၀၀၀)၊ အကျယ် ပေ (၂၀၀) လေယာဉ်ကွင်းဖြစ်မယ်။ ဒီလေယာဉ်ကွင်းအတွက်ကို ကျနော်တို့ ချင်းပြည်နယ်အစိုးရတင်မကပဲ၊ ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီယူတို့ကလည်း ဟိုဘက်ကနေ ကြိုးစားနေကြတယ်။ ဒီအတွက်လည်း ကျနော်တို့တတွေ ပို့ဆောင်ရေးဝန်ကြီးနဲ့ကော၊ စီးပွါး/ဘဏ္ဍာဝန်ကြီးနဲ့လည်း တွေ့ခဲ့ပါတယ်။ သူတို့ကလည်း ဘတ်ဂျက်များများရအောင် စာရင်းမှာထည့်ပေးဖို့ ပြောထားပါတယ်။ ဘတ်ဂျက်လျာထားပေးမယ်လို့ပြောပါတယ်။ အဲဒီလျာထားချက်စာရင်းက အခုရေးဆွဲနေတုန်းတော့ဖြစ်တယ်။ ဒီချင်းပြည်နယ် လေယာဉ်ကွင်းစီမံကိန်းက ဆက်လက်လုပ်ဆောင်နေမှာတော့ ဖြစ်ပါတယ်။ ဘယ်နှစ်နှစ်မှာ ပြီးမလဲဆိုတာကတော့ ဗဟိုအစိုးရက ဘတ်ဂျက်ဘယ်လောက် ကျနော်တို့ကို ပေးနိုင်မလဲ။ တနှစ်တနှစ်ကို များများချပေးနိုင်ရင် မြန်မြန်ပြီးသွားမယ်။ ချက်ခြင်းများများကြီးချပေးတာမျိုးလည်း အခက်အခဲဖြစ်နိုင်တဲ့ အနေအထားမျိုးလည်း ဖြစ်ပြန်တော့ စိတ်ရှည်ဖို့တော့ လိုမယ်။

မေး- ချင်းပြည်နယ်အစိုးရရဲ့ ဘတ်ဂျက်အခြေအနေပိုင်းကကော ဘယ်လိုရှိပါသလဲ။
ဖြေ- ဘတ်ဂျက်က ငါးနှစ်စီမံကိန်းဆိုပြီး ဆွဲပြီးတော့ တင်ရတာဖြစ်တယ်။ အများကြီးတော့ တောင်းထားပေမယ့် ဘယ်လောက်ရမလဲဆိုတာ မသိသေးဘူး။ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈.. စသည်ဖြင့်ပေါ့ အဲဒီလိုရေးဆွဲပြီး တင်ရတာဖြစ်တယ်။ ပြည်ထောင်စု အစိုးရဘက်ကနေ အတိအကျမသိရသေးပါဘူး။ ဒီဘတ်ဂျက်အပိုင်းထုတ်ပြန်တဲ့အချိန်မဟုတ်သေးတဲ့သဘောပေါ့။ လက်ရှိက အရင်အစိုးရခေတ်က တင်ခဲ့တဲ့ ဘတ်ဂျက်က ရှိနေတုန်းသဘောပေါ့။ အဲဒါတွေနဲ့ လှုပ်ရှားနေရတာဖြစ်တယ်။ ကျနော်တို့ကတော့ လာမယ့်နှစ် ဘတ်ဂျက်ကနေ စတင်ပြီး တင်သွင်းရတာဖြစ်ပါတယ်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *