ပလက်ဝ စစ်ဘေးရှောင်များ လာမည့် မတ်လမတိုင်မီ နေရပ်ပြန်ရမည်

Home » Chin News » ပလက်ဝ စစ်ဘေးရှောင်များ လာမည့် မတ်လမတိုင်မီ နေရပ်ပြန်ရမည်

By Admin on December 14, 2016. No Comments

Mai Bawi Than Par
Chin World
December 15, 2016
11012736_951539671557316_7891022699572480083_nချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများသည် လာမည့် ဖေဖော်ဝါရီလနောက်ဆုံးထားကာ မိမိတို့နေရပ်ဒေသသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် မတ်လကုန်ပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သော ရခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်အကြားတိုက်ပွဲများကြောင့် ပြင်စိုရွာမှ အိမ်ထောင်စု ၆၅ စု၊ လူဦးရေအားဖြင့် ၃၅၀ ခန့်မှာ နေရပ်စွန့်ခွာကာ လောင်တိမ်ရွာဘက်တွင် စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပလက်ဝတာဝန်ခံဖြစ်သော ဆလိုင်းအိုက်ဇက်ခင်မှ “အခုသူတို့စစ်ဘေးရှောင်နေတဲ့ လောင်တိမ်ဆိုတဲ့ရွာက လူဦးရေ ၃၀၀ ကျော်ကို ကြည့်ရှု့စောင့်ရှောက်နိုင်တဲ့ မြေအနေအထားကော၊ စီးပွားရေး၊ စိုက်ပျိုးရေးထုတ်လုပ်မှုအပိုင်းကော မရှိဘူး။ သူတို့ရွာဖြစ်တဲ့ ပြင်စိုကိုလည်း ၀န်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီး သွားရောက်ခဲ့ပြီး၊ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အသိအမှတ်ပြု ကူညီတဲ့သဘောဖြစ်ပါတယ်။ အရင်အစိုးရလက်ထက်မှာ အသိအမှတ်ပြုမှု ရှိခဲ့လားတော့ မသိပါဘူး။ ဒီပြန်ဖို့ကိစ္စအတွက် အစီအစဉ်ကို ကော်မတီဘက်ကနေ ရေးဆွဲရတာဖြစ်တယ်။ ငါးလစီမံကိန်းအနေနဲ့ လာမယ့် ဖေဖော်ဝါရီလကို အပြီးဖြစ်ဖို့ ဦးတည်ထားကြပါတယ်” ဟု ပြောသည်။
11013236_951538428224107_7487520388724398672_nပလက်ဝဒေသ စစ်ဘေးရှောင်များ အကူအညီပေးအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ အိုက်စတီဗင်မှ “လုံခြုံရေးအခြေအနေကောင်းပါတယ်။ အတိုင်းအတာတခုအထိတော့ တိုက်ပွဲ မဖြစ်တော့ဘူးလို့ ပြောလို့ရပေမယ့် အဲဒီဒေသရဲ့ အခြေအနေအရ တကယ့်စိတ်ချရတဲ့ အခြေအနေမဖြစ်ဘူးဆိုတဲ့ပုံစံမျိုး သူတို့ခံစားစိုးရိမ်ချက်တော့ရှိတယ်။ အားလုံးက တောင်သူတွေဖြစ်တဲ့အတွက် တောတောင်ထဲမှာ သွားပြီး လုပ်ကိုင်စားသောက်ရမယ့်သူတွေလည်း ဖြစ်တော့ အဲဒီနေရာတွေမှာ မိုင်းတွေရှင်းလင်းနေမှပဲ သေချာလုံခြုံမယ့်သဘောပါ။ ဒီမှာကလည်း ဆက်နေရင် တရားမ၀င်နေထိုင်မှုဆိုလား အဲဒီလိုမျိုးလည်းရှိတယ်ဆိုတော့ ပြောင်းတော့ပြောင်းရမယ်။ ပြောင်းကြမယ်” ဟု ဆိုသည်။
တိုက်ပွဲအခြေအနေ တည်ငြိမ်စပြုနေသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အထက်ပီ၊ အောက်ပီရွာတို့တွင် ပြီးခဲ့သည့် ရက်အနည်းငယ်ဖြစ်သော ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများဖြစ်ခဲ့ပြီး၊ ရခိုင့်တပ်မတော်၏ ထုတ်ပြန်ချက်အရ ရွာသား ၂၀၀ ခန့်ထွက်ပြေးတိမ်းရှောင်ရသည်ဟု DVB သတင်းတွင် ဖော်ပြသည်။
11193352_947796851931598_3282729890901535439_nအိုက်စတီဗင်မှ “ဟိုကိုရောက်ရင် အဓိကစိုးရိမ်ရတာကတော့ စားဝတ်နေရးပဲ။ ဘ၀က အစကပြန်စရမယ့်သဘောဖြစ်နေတယ်။ တောင်ယာတွေပြန်လုပ်ရမယ်။ အဲဒီအသီးအပွင့်တွေ မရခင်စပ်ကြားမှာ အကူအညီတွေတော့ ဆက်လိုဦးမယ်။” ဟုပြောသည်။
ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကီမင်းမှ ” အဲဒီရွာတွေကို ဖွံ့ဖြိုးရေးစီမံကိန်းအနေနဲ့ အစိုးရက လမ်းတွေဖော်ပေးမယ်။ နယ်စယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ကလည်း လမ်းဖောက်ပေးမယ်။ ကျန်းမာရေးဌာနခွဲလည်း ဖွင့်ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကျောင်းဆောက်ဖို့အတွက်လည်း သိန်း ၁၁၆ သိန်းနဲ့ ပြင်စိုအတွက်ကို သတ်မှတ်ပေးပြီးပါပြီ။ ပြီးတော့ တအိမ်ထောင်ကို ကျပ် (၃၅) သိန်းနှုန်းနဲ့လည်း ပြည်နယ်အစိုးရဘက်ကနေ ကူညီမယ်လို့သိရပါတယ်” ဟုပြောသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *