မကြာခင်ထွက်ရှိတော့မယ့် “တောင်တန်းတွေရဲ့အလွန်” ဖန်တီးရှင် စာရေးဆရာမပုညခင်နဲ့ တွေ့ဆုံခြင်း

Home » Interview » မကြာခင်ထွက်ရှိတော့မယ့် “တောင်တန်းတွေရဲ့အလွန်” ဖန်တီးရှင် စာရေးဆရာမပုညခင်နဲ့ တွေ့ဆုံခြင်း

By Admin on January 31, 2017. No Comments

မကြာခင်ထွက်ရှိတော့မယ့် “တောင်တန်းတွေရဲ့အလွန်” ဖန်တီးရှင် စာရေးဆရာမပုညခင်နဲ့ တွေ့ဆုံခြင်း

Mai Bawi Than Par

Chin World Media

February 01, 2017

“ကျမက နှင်းဆီပါမောင်” နှင့် “အထက်တန်းစားရေ” ကဲ့သို့သော ပရိတ်သတ်များသိကျွမ်းသည့် ၀တ္ထုစာအုပ်များကို ရေးသားခဲ့သူ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့ဇာတိဖြစ်သော စာရေးဆရာမ ပုညခင်ကို ဖေဖော်ဝါရီလလယ်ခန့်တွင် ထုတ်ဝေတော့မည့် “တောင်တန်းတွေရဲ့အလွန်” ၀တ္ထုနှင့် ပတ်သက်၍ တွေ့ဆုံစကားပြောခွင့်ရရှိခဲ့ပါသည်။

စာရေးဆရာမပုညခင်သည် စာရေးဆရာမအဖြစ် မရပ်တည်ခင်က ကျောင်းဆရာမ၊ ဂျာနယ်လစ်၊ အယ်ဒီတာ၊ ကုမ္ပဏီဝန်ထမ်းအစရှိသောဘ၀တို့တွင်လည်း ကျင်လည်ခဲ့သူလည်းဖြစ်သည်။ နှစ်ပေါင်း (၂၀) အတွင်းတွင် ၀တ္ထုစာအုပ်ပေါင်း (၁၂၅) အုပ်ထုတ်ဝေပြီးဖြစ်သည်ဟုလည်း သိရသည်။

မေး။ ဆရာမနဲ့ ချင်းတောင်တန်းတွေနဲ့ စတင်ဆုံဖက်ပုံတွေနဲ့ တောင်တန်းတွေရဲ့အလွန် မွေးဖွားလာတာကို ပြောပြပေးနိုင်မလား။

ဖြေ။ ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ပညာရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ စီစဉ်မှုနဲ့ စာဖတ်ချိန်မြှင့်တင်ရေးအစီအစဉ်အတွက် ဖလမ်းမြို့နယ်က လူငယ်တွေနဲ့ တွေ့ဆုံပွဲ၊ ဆွေးနွေးပွဲတွေလုပ်ဖို့ သွားခဲ့ရပါတယ်။ ဖလမ်းကသူနာပြုတက္ကသိုလ်က ကျောင်းသူတွေအပါအ၀င်၊ အထက (၁) ဖလမ်းနဲ့ ဖလမ်းမြို့နယ်က လူငယ်တွေကို စာဖတ်အောင်၊ စာဖတ်အားတိုးမြှင့်အောင် စိတ်ခွန်းအားပေးတာမျိုး၊ ဆွေးနွေးတာမျိုးတွေလုပ်ဖြစ်ခဲ့တယ်။ အဲဒီနောက် နာမည်ကျော် ရိဒ်ရေကန်ကို သွားလည်ပြီး၊ အပြန်မှာ တီးတိန်ဘက်ကနေပြန်လာပြီး၊ တောင်တန်းတွေကို ဖြတ်သန်းပြီးသွားလာတဲ့အခါမှာ ဒီတောင်တန်းတွေရဲ့လှပမှု၊ ချင်းတိုင်းရင်းသားတွေရဲ့ ဘ၀ဖြတ်သနသ်းမှု၊ သူတို့ရဲ့ဝေဒနာ၊ သူတို့ရဲ့ မျှော်လင့်ချက်စတာတွေက ကျမရဲ့ ရင်ဘတ်မှာ၊ နှလုံးသားမှာ လာငြိတွယ်ပါတယ်။ လေထန်ကုန်းတ၀ိုက်မှာ တောင်ဇလပ်ပန်းတွေနဲ့ လှပတဲ့ရှု့ခင်း၊ စိတ်ထဲမှာ ဓါတ်ပုံအလားမှားရတဲ့ ရှု့ခင်းတွေကို ခံစားရင်း၊ ထိုင်းရင်းစဉ်းစားရင်းနဲ့ ဒီချင်းတောင်တန်းကြီးကို နောက်ခံထားပြီး ရေးမယ်ဆိုတဲ့ စိတ်ကူးစတင်ဖြစ်ပေါ်လာခဲ့တာပါ။

မေး။ ။ ဆရာမအနေနဲ့ ၀တ္တု နာမည်ကို ဘာဖြစ်လို့ “တောင်တန်းတွေရဲ့ အလွန်” ဆိုပြီး ပေးဖြစ်တာလဲ။

ဖြေ။ ။ ဆရာမအနေနဲ့ တောင်တန်းဒေသတွေ အများကြီးရောက်ဖူးပါတယ်။ ဒါပေမဲ့ ဆရာမတွေ့ဖူးတဲ့ တောင်တန်းတွေထဲမှာ ချင်းတောင်တန်းတွေက ပိုပြီးတော့ ခက်ခဲတဲ့ တောင်တန်းတွေလို့ ထင်တယ်။ တစ်ခြားတောင်တန်းတွေက ချင်းတောင်တန်းတွေလောက် အစစအရာရာ မခက်ခဲဘူး။ ဒီဒေသမှာ နေတဲ့လူတွေ ဒီတောင်တန်းတွေကို ဖြတ်ကျော်ဖို့ လမ်းပန်းခရီးတွေအစ တစ်ခြားတွေက ဒီတောင်တန်းတွေလောက် မခက်ခဲဘူးလို့ ဆရာမထင်တယ်။ ချင်းတောင်တန်းတွေရဲ့ လှပမှုတွေလည်း ဆရာမအနေနဲ့ ပိုပြီးတော့ နှစ်သက်တယ်။ ဒီတောင်တန်းတွေနဲ့ ပတ်သက်တဲ့ ခံစားချက်၊ ဆရာမကိုယ်တိုင်ရဲ့ ခံစားချက် နောက်ပြီးတော့ ဒီတောင်တန်းတွေမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ ခံစာချက် ဒီတောင်တန်းတွေရဲ့ အလီန်မှာ ဘာတွေ ရှိမလဲပေါ့ မျှော်လင့်ချက်တွေကိုလည်း ကူးစက်ခံစားမိတဲ့အတွက်ကြောင့်မို့လို့ ဒီဝတ္တုကို “တောင်တန်းတွေရဲ့ အလွန်” ဆိုပြီး နာမည်ပေးဖြစ်တာပါ။

မေး။ ။ ဒီတောင်တန်းတွေရဲ့ အလွန်ဝတ္ထုကို အကြိုအနေနဲ့ အမြည်းနည်းနည်းလောက်ပြောပြပေးနိုင်မလား။

ဖြေ။ ။ တောင်တန်းတွေရဲ့ အလွန် ၀တ္တုအကျဉ်းချုပ်ကို ပြောပြချင်ပါတယ်။ ကျွန်မအနေနဲ့ အကျဉ်းချုပ်ပြောပြရမှာ အရမ်းခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၀တ္တုရဲ့ စာမျက်နှာအဖြစ်လည်း ၄၀၀ ကျော်ပေါ့။ စာအုပ်ကလည်း အရမ်းထူးကဲပါတယ်။ အကြောင်းအရာပေါင်းစုံပါတယ်၊ ချင်းပြည်နယ်ရဲ့ မျှော်လင့်ချက်တွေပါတယ်။ ချင်းပြည်နယ်ရဲ့ ဝေဒနာတွေ ပါတယ်။ ချင်းတိုင်းရင်းသားတွေရဲ့ ဘ၀ပေးပုံစံတွေ ပါတယ်။ ချင်းတိုင်းရင်းသားတွေရဲ့ အချစ်ပါတယ်။ ချင်းတိုင်းရင်းသားတွေ လူနေမှုဘ၀တွေ၊ ပုစံတွေ၊ ယဉ်ကျေးမှုတွေ၊ အများကြီးထည့်ထားပါတဲ့အတွက် အကျဉ်းချုပ် ပြောပြရမှာ နည်းနည်းခက်ခဲပါတယ်။ ဒီဟာက ချင်းပြည်နယ်တင်မဟုတ်ဘူး၊ မိန်းကလေးတွေနဲ့ပတ်သက်ပြီးတော့ ရိုးရာယဉ်ကျေးမှု၊ ရှေ့ရိုးစဉ်လာကြားမှာ ပိတ်မိနေတဲ့ မိန်းကလေးတစ်ယောက်၊ ကျွန်မတို့နိုင်ငံက မိန်းကလေးတစ်ယောက်ရဲ့ ဝေဒနာလည်း ပါပါတယ်။ နောက်တစ်ခု ချင်းတိုင်းရင်းသားနဲ့ ပတ်သက်တဲ့ ခံစားချက်တော်တော်များများကိုလည်း ကူးစက်ခံစားပြီးတော့ ရေးထားတဲ့အတွက်ကြောင့်မို့လို့ ဇာတ်လမ်းက အရမ်းရှည်လျာတဲ့အတွက် ပြန်ပြောပြဖို့ နည်းနည်းတော့ ခက်ခဲပါတယ်။ ချင်းဒေသရဲ့ အလှအပတွေ၊   ယဉ်ကျေးမှု ထုံစံတွေလည်း ပါတယ်။ လူနေမှုဘ၀တွေလည်း ပါနိုင်တယ်။ ဒေသကို စွန့်ခွာသွားပြီးတော့ နိုင်ငံရပ်ခြားကို ရောက်ရှိသွားပြီးတော့ နိုင်ငံခြားမှာ အခက်ခဲတွေနဲ့ ရုန်းကန်နေရတဲ့ နိုင်ငံရပ်ခြားက ဘ၀ပေါ့။ လူငယ်တွေရဲ့ ဘ၀လည်းပါပါတယ်။ ဘာတွေကို မျှော်လင့်ရှင်သန်ပြီး နေထိုင်နေကြတဲ့ လူငယ်တွေရဲ့ အကြောင်းတွေ ဒါတွေကိုလည်း ထည့်ပြီးတော့ ရေးထားပါတယ်။

မေး။ ။ ဒီဝတ္ထုကို ရုပ်ရှင်ရိုက်မယ်လို့လည်း သိရတယ်။ အဲဒါလေးလည်း ပြောပြပါဦး။

ဖြေ။ ။ ၀တ္တုကို ရုပ်ရှင်ရိုက်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်တွေကိုတော့ ရွေးချယ်နေတုန်းပဲပေါနော်။ အဲဒီထဲမှာ ချင်းလူငယ်တွေကော၊ ဗမာသရုပ်ဆောင်တွေကောပါမယ်။ အဓိကကတော့ ချင်းပြည်နယ် မြောက်ပိုင်းကို အခြေခံထားတယ်။ ချင်းပြည်နယ် တောင်ပိုင်းလည်း နည်းနည်းပါတယ်။ အခုလောလောဆယ်ကတော့ စဉ်းစားရွေးချယ်နေတုန်းပါ။ ဘယ်သူတွေက ကိုယ်စားပြုနိုင်မလဲဆိုတာ အတည်မပြုနိုင်သေးပါဘူး။ အချိန်ယူပြီးတော့ သေသေချာချာ ရိုက်မယ်ဆိုလည်း လာမယ့် ဆောင်းတွင်းလောက်မှာပဲ အချိန်ယူပြီးတော့ စဉ်းစားရွေးချယ်တိုင်ပင်နေတုန်းပါ။

မေး။ ။ဒီဝတ္တုရေးဖို့အတွက် ဆရာမရဲ့ ပြင်ဆင်မှု၊ ကြိုးပမ်းမှုတွေကိုလည်း ဝေမျှပေးပါဦး။

ဖြေ။ ။ ဒီဝတ္တုရေးဖို့ ဒေသတွေကို သွားခဲ့တယ်ဆိုပေမဲ့ ဒေသမှာ အကြားကြီးနေခဲ့တာ မဟုတ်တဲ့အတွက် တစ်ခေါက်သွားရုံနဲ့တော့ သိပ်အများကြီးပြည့်ပြည့်စုံစုံတော့ မရနိုင်ဘူးလို့ ထင်ပါတယ်။ ရန်ကုန်မြို့ရောက်မှာပဲ ကျွန်မ ချင်းလူမျိုးတွေ ချင်းတိုင်းရင်းသားတွေ တော်တော်များများနဲ့ ရှာဖွေပြီးတော့ တွေ့ဆုံရပါတယ်။ အရွယ်အမျိုးမျိုးလည်းပါပါတယ်။ ချင်းလူမျိုးနဲ့ ပတ်သက်ပြီး သုတေသနာလုပ်နေတဲ့သူတွေ လူကြီး၊ ဟိုတယ်လုပ်ငန်းလုပ်ငန်းလုပ်တွေတဲ့ လူကြီးတွေလည်း ပါပါတယ်။ ချင်းလူငယ်တွေ ပါသလိုလူမျိုး၊ မလေးရှားကို သွားပြီးတော့ ဟိုမှာ ခါးသီးတဲ့ အတွေ့အကြုံတွေ ရပြီးတော့ ပြန်လာတဲ့သူတွေနဲ့ ကျွန်မတွ့ရပါတယ်။ ဒီဝတ္တုရေးဖို့ရန်အတွက် အကြောင်းအချက်တွေ အားလုံးပေးခဲ့တဲ့ သူတွေကိုကော ခံစားချက်တွေ ပေးခဲ့တဲ့သူတွေကိုကော အ၇မ်းလှပတဲ့ တောင်တန်းတွေကိုကော ဒီတောင်တန်းတွေကိုမှ ကျင်လည်ခဲ့တဲ့ ချင်းတိုင်းရင်းသူတွေကော ကျွန်မ ဒီကနေပြီးတော့ ကျေးဇူးတင်လို့ပြောချင်ပါတယ်။

မေး။ ။ဒီ ချင်းပြည်နယ်ကို ရောက်သွားခဲ့တဲ့အတောအတွင်းမှာ  ချင်းလူမျိုးတွေကို ဘယ်လိုမြင်လဲ၊ ချင်းလူမှု့အသိုင်းဝိုင်းပေါ်ဆရာမရဲ့ သုံးသပ်ချက်ကိုလည်း သိလိုပါတယ်။

ဖြေ။ ။ ချင်းတိုင်းရင်းသားတွေ ကျွန်မကြည့်ရတာ အမျိုးအမယ်စုံလင်တာကို ပိုပြီးတော့ နှစ်သက်ပုံရပါတယ်။ ၀တ်စုံတွေလည်း ကြည့်လိုက်လို့ဆိုရင် အရောင်မျိုးစုံတယ် အဆင်မျိုးစုံတယ်။ ၀တ်စုံတွေမှာလည်း သူ့ဒေသနဲ့သူ၊ တီးတိန်ချင်းရဲ့ ၀တ်စုံက တစ်မျိုး၊ ဖလမ်းဝတ်စုံဒီဇိုင်းက တစ်မျိုး၊ မီဇိုချင်းက တစ်မျိုးဆိုပြီးတော့ အရောင်အမျိုးစုံတာပေါ့။ အသီးအနှံတွေ စိုက်ရင်လည်း စုံနေအောင် စိုက်တယ်။ ဘာသာစကားလည်း မျိုးစုံတယ်၊ သီးနှံတွေလည်း မျိုးစုံအောင် စိုက်တယ်။ အ၀တ်အစားဒီဇိုင်းတွေလည်း မျီုးစုံနေအောင်စိုက်တယ်။ ချင်းတိုင်းရင်းသားတွေက အမျိုးအမယ်စုံတာတွေကို နှစ်သက်ပုံရတယ်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *