တောင်ပိုင်းဒေသသို့ မလာရောက်သဖြင့် ဒုတိယ၏ ချင်းပြည်နယ် ခရီးစဉ်အပေါ် ချင်းပြည်နယ်တောင်ပိုင်းဒေသခံများမှ ၀မ်းနည်း

Home » Chin News » တောင်ပိုင်းဒေသသို့ မလာရောက်သဖြင့် ဒုတိယ၏ ချင်းပြည်နယ် ခရီးစဉ်အပေါ် ချင်းပြည်နယ်တောင်ပိုင်းဒေသခံများမှ ၀မ်းနည်း

By Admin on February 9, 2017. 1 Comment

တောင်ပိုင်းဒေသသို့ မလာရောက်သဖြင့် ဒုတိယ၏ ချင်းပြည်နယ် ခရီးစဉ်အပေါ် ချင်းပြည်နယ်တောင်ပိုင်းဒေသခံများမှ ၀မ်းနည်း
Mai Ling Hung Leng
Chin World
February 09, 2017
နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ (Pu Henry Van Thio) သည် ချင်းပြည်နယ်ခရီးစဉ်အား ဖေဖော်ဝါရီ ပထမပတ်တွင် ပြုလုပ်ခဲ့ရာ၊ ချင်းပြည်နယ်တောင်ပိုင်းမှ ဒေသခံများမှ ချင်းပြည်နယ်တောင်ပိုင်းသို့ မလာရောက်သဖြင့် ၀မ်းနည်းကြောင်း ပြောကြသည်။
ဒုသမ္မတသည် ချင်းပြည်နယ်ခရီးစဉ်အတွင်းတွင် မြောက်ပိုင်းရှိ မြို့ (၅) မြို့ဖြစ်သော တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါးနှင့် ထန်တလန်မြို့များသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

“ဒုသမ္မတ တောင်ပိုင်းဖက်ကို မလာနိုင်တာ အခြေအနေ အများကြီး နဲ့ အခက်အခဲတွေ အများကြီးရှိနေမှာပါ၊ ဘယ်လူကြီးခရီးစဉ်ဖြစ်ဖြစ် ချင်းပြည်နယ်ဆိုရင် မြောက်ပိုင်းမြို့ တခု၊ နှစ်ခုနဲ့ ပြီးသွားလေ့ရှိရှိနေတယ်။ ဒါ ၀မ်းနည်းစရာပါ။ ဒါပေမဲ့ ချင်းတိုင်းရင်းသားတွေမှာ မြောက်ပိုင်းချင်းနဲ့ တောင်ပိုင်းချင်း ဆိုပြီး ပြောပြောနေကြတဲ့ အချိန်မှာ  တောင်ပိုင်းမြို့တွေမှာ မလာဖြစ်တော့ တောင်ပိုင်းမြောက်ပိုင်းနဲ့ တောင်ပိုင်းကို အလိုလိုခွဲခြားသလို ဖြစ်နေတယ်” ဟု မင်းတပ်အရပ်ဖက် လူမှုအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကဆိုသည်။
“မြောက်ပိုင်းဖက်မှာတော့ သွားပြီး၊ တောင်ပိုင်းဖက်မှာ မလာတာကတော့ လုံးဝမဖြစ်သင့်ဘူး၊ အမှန်ဆိုရင်တောင်ပိုင်းဖက်ကို ဦးစားပေးပြီးလာသင့်တယ်၊မြောက်ပိုင်းက တောင်ပိုင်းထက် ဖွံဖြိုးရေးပိုင်းမှာ အများကြီးသာပြီးသားပါ။ချင်လူကြီးတွေမှာ ခုထိ တောင်ပိုင်း၊ မြောက်ပိုင်းခွဲခြားမှုရှိနေဆဲပါ၊ လာချင်ရင်ဘယ်လောက်မှ မကြာပါဘူး၊ ဘာအခက်အခဲမှလည်း မရှိပါဘူး၊ ကျတော်ကတော့ ဒီလိုပဲမြင်ပါတယ်” ဟု မြန်မာနိုင်ငံလုံဆိုင်ရာ ချင်းကျောင်းသားသမ္မဂ အထွေထွေ အတွင်းရေးမှူး ဆလိုင်းထန်းလွန်းမှ သူ၏ အမြင်ကို ပြောသည်။
ကန်ပက်လက်အရပ်ဖက်လူမှုကွန်ယက်တာဝန်ခံ ဆလိုင်းမင်းညိုမှလည်း  ” ကျတော်တို့ ကန်ပက်လက်မှာလည်း ဒုသမ္မတလာမယ်ဆိုတော့ ဒေသခံတွေအားလုံးပျော်ကြတယ်လေ၊ ပြီးတော့ ရိုးရာဝတ်စုံအပြည့်နဲ့ အားလုံးကကြိုဆိုကြတယ်၊ဒါပေမဲ့ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မလာဖြစ်တော့ မတတ်နိုင်ဘူးပေါ့ ၊ ကျနော့ အနေနဲ့ ဒီကိစ္စကို ပြောဖို့ အချိန်စောပါသေးတယ်၊ အချိန်ကျလာရင်တော့ ပြောသင့်တာပြောရမှာပေါ့” ဟု သူ၏ အမြင်ကို ပြောသည်။
“NLD အစိုးရတက်ပြီးကတည်းက မင်းတပ်ကို မေ့နေကြတာပါ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် ဒီချင်းပြည်နယ်တောင်ပိုင်းကို မလာဖြစ်တော့တဲ့ အတွက် ဒုသမ္မတ မလာဖြစ်တာတော့ ဘယ်လိုမှ မထင်တော့ပါဘူး၊ အကြောင်းမရှိလို့မလာဖြစ်တာလား၊ ဘာကြောင့်လဲဆိုတာမသိပါဘူး၊ အခုမင်းတပ်မှာ မဟာဓါတ်အားလိုင်းရတယ်ဆိုတာကလည်း မလာတစ်ချက်လာတစ်ချက်ပဲ၊ ဒါတောင် အရင်အစိုးရရဲ့ စီမံချက်ကို ပြန်လည် မွမ်းမံတဲ့ သဘောလို့ပဲ ကျနော်မြင်ပါတယ်”ဟု ချင်းလူငယ်အဖွဲ့ (CYO) Chin Youth Organization မှ အတွင်းရေးမှူး ဆလိုင်းကီးဟုန်းမှလည်း ပြောသည်။

Latest Post

One Response to တောင်ပိုင်းဒေသသို့ မလာရောက်သဖြင့် ဒုတိယ၏ ချင်းပြည်နယ် ခရီးစဉ်အပေါ် ချင်းပြည်နယ်တောင်ပိုင်းဒေသခံများမှ ၀မ်းနည်း

  1. rhohkah   February 10, 2017 at 5:04 am

    မလာ တာ လည်း တောင် ပိုင်း ပြည် သူ အတွက် ဘာ ဆန်း လို့ လည်း … မဆန်း ဘာဘူး

    Reply

Leave a Reply

Your email address will not be published. Required fields are marked *