CNF ၏ ဦးဆောင်မှုပုံစံကြောင့် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် မပါဝင်နိုင်ဟု ZCD ပြော

Home » Chin News » CNF ၏ ဦးဆောင်မှုပုံစံကြောင့် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် မပါဝင်နိုင်ဟု ZCD ပြော

By Admin on February 25, 2017. No Comments

CNF ၏ ဦးဆောင်မှုပုံစံကြောင့် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် မပါဝင်နိုင်ဟု ZCD ပြော
Mai Bawi Than Par
Chin World
February 25, 2017
လာမည့်အပတ် ဖေဖေ၀ါရီလ ၂၇ မှ မတ်လ (၁) ရက်အထိ သုံးရက်တိုင် ချင်းပြည်နယ်၊ ထန်တလန်မြို့၌ စတင်ကျင်းပမည့် ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် တက်ရောက်မည်ဟု မဟုတ်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) မှ ဆိုသည်။
Zomi Congress for Democracy (ZCD) ၏ အထွေထွေအတွင်းရေးမှူးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သော Pu Gin Kam Lian မှ “ဒီပွဲကို ကျနော်တို့ ZCD  ပါတီက တက်မှာ မဟုတ်ပါဘူး။ CNF က အဓိကခေါင်းသလိုဖြစ်နေတာကြောင့်ပါ။ သူတို့ဦးဆောင်မှုနဲ့ ဆိုတော့ ကျနော်တို့အနေနဲ့ ဘ၀မကျဘူး။ အနိုင်ရပါတီရယ်၊ ငြိမ်းချမ်းရေးရယ်၊ အစိုးရရယ် ပါဝင်ရမှာကို သူတို့ ဦးဆောင်တဲ့ပုံစံနဲ့လုပ်နေတယ်။ ကျနော်တို့နဲ့ ဟပ်စပ်မှု မရှိပါဘူး” ဟုပြောသည်။
ချင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသည် အဖွဲ့အစည်းသုံးမျိုးဖြစ်သော CNF၊ ချင်းနိုင်ငံရေးပါတီ၊ ချင်းအရပ်ဘက်အဖွဲ့အစည်းတို့နှင့် ပူးပါင်းဖွဲ့စည်းထားပြီး  ဖိတ်ကြားရေးအပိုင်းမှ အစ CNF အယောက် ၁၅၀၊ ချင်းနိုင်ငံရေးပါတီ အယောက် ၁၅၀၊ ချင်းအရပ်ဖက်အဖွဲ့အစည်း အယောက် ၁၅၀ ညီတူညီမျှ တန်တူညီတူ လုပ်ဆောင်ပြီး  ဖိတ်ကြားထားခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်သော ပူးရမ်ကုလ်ကျုံးမှပြောသည်။
Pu Ramkulh Cung မှ “CNF၊ ချင်းနိုင်ငံရေးပါတီတွေရယ်၊ ချင်း CSO တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ၇ ဦးစီး နဲ့ ၂၁ ဦး ပါဝင်တာဖြစ်တယ်။ CNF က ဦးဆောင်တယ်ဆိုတာ မမှန်ဘူး ထင်တယ်။ သူတို့အမြင်မှားတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ နိုဝင်ဘာလက စတင်တာ  အစည်းအဝေးကို စတင်လာကတည်း ZCD ကို အမြဲဖိတ်ခေါ်တယ်။ သူတို့ကတော့ အကြောင်းအမျိုးမျိုးပြပြီးတော့ အစည်းအဝေးမလာနိုင်ဘူး။ ဒီပွဲမှာလည်း သူတို့တွက် နေရာချန်ထားပါတယ်။ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သူတို့အပိုင်းပဲ” ဟု ပြောသည်။
ZCD အနေဖြင့် ရွေးကောက်ပွဲအနိုင်ရ ပါတီအနေဖြင့် လာမည့်ကာလတွင် တီးတိန်မြို့၌ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတရပ်အား ပြုလုပ်သွားမည်ဟုလည်း ပါတီအထွေထွေအတွင်းရေးမှူး ဦးဂင်ကမ်လျန်မှ ပြောသည်။
Pu Ramkulh Cung မှ “မြို့နယ်အားလုံး လွမ်းခြုံဖို့လုပ်ထားတယ်။ ချင်းပြည်နယ် ၉ မြို့နယ်ရယ်၊ ပြည်နယ် ပြည်ပ ၂၀ ကျော်လောက်ရှိတယ်ဆိုတော့ မြို့နယ် ၃၀ လောက်ကို လွမ်းခြုံအောင် ကျွန်တော်တို့ အခြေခံထားတယ်လေ။ အမျိုးသမီး ၃၀ % ရာခိုင်နှုန်းပါဝင်ရေး၊ နိုင်ငံရေးပါတီအားလုံးပါတယ်၊ ချင်းပါတီ (၈) ပါတီထဲမှာ (၇) ပါတီလောက်ပါတယ်။ USDP ချင်းပြည်နယ်၊ NLD ချင်းပြည်နယ်၊ NUP ချင်းပြည်နယ် အားလုံးပါတယ်”ဟု ပြောသည်။
လာမည့်တနင်္လာနေ့တွင် စတင်မည့် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား တက်ရောက်သူ ၅၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားကြသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *