သက်မွန်မြင့် ဒုတိယမြောက် အကယ်ဒမီဆု ဆွတ်ခူးလေမလား

Home » Chin News » သက်မွန်မြင့် ဒုတိယမြောက် အကယ်ဒမီဆု ဆွတ်ခူးလေမလား

By Admin on March 7, 2017. No Comments

သက်မွန်မြင့် ဒုတိယမြောက် အကယ်ဒမီဆု ဆွတ်ခူးလေမလား
Chin World
March 08, 2017
၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲအခမ်းအနားအား မတ်လ (၁၈) ရက်နေ့၊ စနေနေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး၊ အမျိုးသမီးသရုပ်ဆောင်ဆုအတွက် ချင်းအမျိုးသမီးသရုပ်ဆောင် အကယ်ဒမီသက်မွန်မြင့် (Mai Zung Cer Mawi) လည်း ထင်ကြေးပေး ပြောဆိုမှုများ ရှိသည်ဟု သိရသည်။

အကယ်ဒမီ သက်မွန်မြင့်သည် ၂၀၁၆ ခုနှစ်အတွင်း၌ ရုံတင်ဇတ်ကားကြီး (၄) ကားတွင် ပါဝင်သရုပ်ဆောင်ထားပြီး၊ ယင်းတို့မှာ “ချစ်လှစွာသော အမုန်း”၊ “အုတ်ကြားမြက်ပေါက်”၊ “ပြန်ခေါ်သက်သေ” နှင့် “လူးရတနာသိုက်” တို့ ဖြစ်ကြသည်။
ယင်းဇတ်ကားများထဲမှ စာရေးဆရာမ ပုညခင်၏ ၀တ္ထုဖြစ်သော “ချစ်လှစွာသော အမုန်း” ဇတ်ကားဖြင့် အမျိုးသမီးဇတ်ဆောင်ဆုရရှိနိုင်သည်ဟု ထင်ကြေးပေးပြောဆိုမှုများ ရှိနေကြခြင်းဖြစ်သည်။ ယင်းဇတ်ကားတွင် အောင်ရဲလင်း၊ ၀တ်မှုန်ရွှေရည်တို့ ဖြင့် သရုပ်ဆောင်ထားခြင်းဖြစ်သည်။
ယခုနှစ်အတွက် အမျိုးသမီးဇတ်ဆောင်ဆုအတွက် သက်မွန်မြင့်နှင့်အတူ အေးမြတ်သူ၊ အိန္ဒြာကျော်ဇင်တို့ အမည်ထွက်ပေါ်နေမှုများရှိပြီး၊ အမျိုးသားဇတ်ဆောင်ဆုအတွက် မင်းသားနေတိုးနှင့် မြင့်မြတ်တို့၏ အမည်များလည်း ရေပန်းစားလျက်ရှိသည်။ ၂၀၁၆ ခုနှစ်အတွင်းတွင် ရုပ်ရှင်ဇတ်ကားကြီး (၂၃) ကား ရုံတင်ပြသနိုင်ခဲ့သည်ဟု သိရသည်။
သက်မွန်မြင့်သည် ၂၀၁၀ ခုနှစ်တွင် “အာဒံရယ်၊ ဒသရယ်၊ ဧ၀ရယ်” ဇတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇတ်ဆောင်ဆုအား ရရှိနိုင်ခဲ့သူဖြစ်သည်။
Mai Zung Cer Mawi (aka) အကယ်ဒမီသက်မွန်မြင့်သည် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဖွားမြင် ကြီးပြင်းပြီး၊ ငယ်ရွယ်စဉ်ကလည်း ချင်းပြည်နယ်အား ကိုယ်စားပြုကာ ဂျပန်နိုင်ငံ၌ ပညာတော်သင်အဖြစ် စေလွှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။
ထို့အပြင် ဟားခါးမြို့၌ ကျင်းပခဲ့သော ကျောင်းသားအားကစားပွဲတော်၌လည်း လှယဉ်ကျေးမယ်နှင့် ရိုးရာဝတ်စားဆင်ယင်မှုပြပွဲတို့တွင် ချင်းပြည်နယ်အတွက် ကိုယ်စားပြု ဆုတံဆိပ်များဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ ၂၀၁၇ ဖေဖော်ဝါရီလ (၂၀-၂၂) တွင် ကျင်းပခဲ့သော ဖလမ်းမြို့ နှစ် (၁၂၅) ပြည့် အခမ်းအနားတွင် အထူးဂုဏ်ပြုဆုအား လူပုဂိုလ်(၃) ဦးအား ချီးမြှင့်ရာတွင် သက်မွန်မြင့်သည် တဦးအပါအ၀င် ဖြစ်ခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ကိုစစ်နိုင်နှင့် အိမ်ထောင်ပြုပြီး၊ သားသမီးနှစ်ဦးတို့၏ မိခင်ဖြစ်သည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *