အမေရိကန်ပြည်ထောင်စုတွင် အလိုမတူပဲ မိန်းမခိုးယူမှုနှင့် အဓမ္မပြုရန် ကြံစည်မှုဖြင့် ချင်းလူငယ်တဦး တရားရင်ဆိုင်ရလျက်ရှိ

Home » Chin News » အမေရိကန်ပြည်ထောင်စုတွင် အလိုမတူပဲ မိန်းမခိုးယူမှုနှင့် အဓမ္မပြုရန် ကြံစည်မှုဖြင့် ချင်းလူငယ်တဦး တရားရင်ဆိုင်ရလျက်ရှိ

By Admin on April 3, 2017. No Comments

အမေရိကန်ပြည်ထောင်စုတွင် အလိုမတူပဲ မိန်းမခိုးယူမှုနှင့် အဓမ္မပြုရန် ကြံစည်မှုဖြင့် ချင်းလူငယ်တဦး တရားရင်ဆိုင်ရလျက်ရှိ
Chin World
April 03, 2017

အမေရိကန်ပြည်ထောင်စုတွင် အသက် (၁၉) နှစ်အရွယ် ချင်းလူငယ်တဦးမှ မိန်းမခိုးရန် ကြိုးစားမှုနှင့် အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်မှုဖြင့် တရားရင်ဆိုင်လျက်ရှိသည်။

ဖလော်ရီဒါပြည်နယ်မှ ကောလိပ်ကျောင်းသား အသက် (၁၉) နှစ်အရွယ်ရှိသော Kung Bik Cem သည် ချင်းအမျိုးသမီးငယ်တဦးနှင့် အင်တာနက်စာမျက်နှာတွင် တွေ့ဆုံသိကျွမ်းခဲ့ပြီး၊ တဦးနှင့်တဦးစိတ်ဝင်စားမှုများရှိခဲ့သည်။ သို့သော်လည်း အမျိုးသမီးမှ အခင်းဖြစ်ပွားသည့် မတ်လ (၂၅) ရက် မတိုင်မှီ တပတ်အလိုခန့်ကပင် စိတ်ဝင်စားမှု ရှိသည့်အတွက် သူတို့နှစ်ဦး၏ ဇတ်လမ်းအား ရပ်နားရန် ပြောဆိုခဲ့သည်။

မတ်လ (၂၅) ရက်နေ့တွင် ချင်းလူမျိုးများအများဆုံးနေထိုင်လျက်ရှိသော အင်ဒီယားနားမြို့၌ ဆွေမျိုးတော်စပ်သူ၏ မင်္ဂလာဆောင်အခမ်းအနားသို့ အမျိုးသမီးငယ်လာရောက်တက်ရောက်တွင် တရားခံဖြစ်သော Kung Bik Cem သည်လည်း သွားရောက်ခဲ့သည်။ မင်္ဂလာဆောင်အခမ်းအနားအတွင်း၌ အမျိုးသမီးငယ်၏ တယ်လီဖုန်းအား ခိုးယူကာ၊ အမျိုးသမီးငယ်မှ ပြန်လည်တောင်းခံသည့်အခါတွင် ကားထဲ၌ လိုက်ယူရန်နှင့် ဆွေးနွေးရန် ရှိသည်ဟု ပြောကြားခဲ့သည်။

အမျိုးသမီးငယ်မှ ကားထဲ၌ လိုက်ယူသည့်အခါ ကားအားမောင်းပြေးကာ သူမအား ခိုးယူသည်ဟု ပြောဆိုခဲ့သည်။ အမျိုးသမီးငယ်မှ ငြင်းဆိုခဲ့ပြီး ကားစတီယာတိုင်အား လှည့်ခြင်းနှင့် အခြားတတ်နိုင်သည့်ဘက်မှ ကားမောင်းအဆင်မပြေရန်အတွက် ပြုလုပ်သည့်အတွက် တရားခံသည် ကားအား ရပ်နားခဲ့သည်။

ယင်းနောက် တရားခံမှ အမျိုးသမီးငယ်အား ကားနောက်ခန်းသို့ တွန်းပို့ကာ “င့ါကို မချစ်ရင်လည်း မင်းကိုငါ အတင်းပေါင်းသင်းယူမယ်။ ကိုယ်ဝန်လွယ်စေမယ်။ ဒါမှ ငါ့ကို ပြန်မငြင်းတောမှာ” ဟုဆိုကာ သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားခဲ့သည်။

အဲဒီလိုကြိုးစားစဉ်မှာ- ထိုလမ်းမကြီးပေါ်တွင် တာဝန်ဖြင့်မောင်းနှင်လာသော မော်တော်ပီကယ်မှ ကောင်မလေး၏ အော်ဟစ်သံအား ကြားသိရမိသည့်အတွက် ချဉ်းကပ်ကာ၊ အမျိုးသမီးငယ်အား ကယ်တင်နိုင်ခဲ့သည်။

တရားခံဖြစ်သော Kung Bik Cem မှ ယခုကဲ့သို့ မိန်းမခိုးခြင်းမျိုးသည် မြန်မာနိုင်ငံတွင် လက်ခံသော လူမှု့ယဉ်ကျေးမှုတခု (Customary) ဖြစ်သည်ဟု ရဲဌာနတွင် ခုခံလျှောက်လွှဲချက် ပေးခဲ့သည်။

လက်ရှိတွင် တရားခံဖြစ်သော Kung Bik Cem (အသက် ၁၉ နှစ်) မှာ ခိုးမှု၊ အဓမ္မပြုကျင့်ရန် ကြံစည်မှုတို့ဖြင့် တရားရင်ဆိုင်လျက်ရှိပြီး၊ အာမခံငွေ ၁၉၀၀၀ ဒေါ်လာပေးဆောင်ကာ မတ်လ (၃၀) ရက်နေ့တွင် Johnson County အကျဉ်းထောင်မှ လွတ်မြောက်သည်။ သူ၏ အမှုအား ဧပြီလ (၁၁) ရက်နေ့တွင် ကြားနာမည် ဖြစ်သည်။

(Ref: Fox59, Therepublic, Theindychannel, indystar)

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *