ချင်းလူငယ် ကာတွန်းဆရာ လိုင်လုဏ်နှင့် တွေ့ဆုံ မေးမြန်းခြင်း

Home » Interview » ချင်းလူငယ် ကာတွန်းဆရာ လိုင်လုဏ်နှင့် တွေ့ဆုံ မေးမြန်းခြင်း

By Admin on April 12, 2017. No Comments

ချင်းလူငယ် ကာတွန်းဆရာ လိုင်လုဏ်နှင့် တွေ့ဆုံ မေးမြန်းခြင်း

Mai Ling Hung Leng

Chin World

April 13, 2017

မေး။    ။ အကို့ရဲ့ နာမည်အရင်းလေးရယ်၊ နောက်ခံအကြောင်း အနည်းငယ်ပြောပြပေးနိုင်မလား။

ဖြေ။    ။ဟုတ်ကဲ့ပါ။ ကျတော့နာမည် အရင်းကတော့  Salai Thaung Hlaing Lung ဖြစ်ပြီး၊ ကာတွန်းရေးတဲ့ နာမည်ကတော့ လိုင်လုဏ် ဖြစ်ပါတယ်။ အဖေကတော့ တီးတိန်မြို့နယ်၊ စီးယင်းနယ်၊ ထုတ်လိုင်ရွာကဖြစ်ပါတယ်။ အမေကတော့ အရှိုချင်းအမျိုးသမီးဖြစ်ပါတယ်။

မေး။    ။ဟုတ်၊ အကိုက ကာတွန်းကို ဘယ်အချိန် ကတည်းက ဝါသနာပါပြီး ရေးဆွဲခဲ့တာလဲ။

ဖြေ။    ။ ငယ်ငယ်ကတည်းကပဲ။ Sunday School တက်ကတည်းပါ၊ လူတိုင်းကတော့ ငယ်ငယ်ကတည်းကပုံလေးတွေဆွဲကြတာပေါ့။  ကျတော်လည်း ကာတွန်းဆက်ဆွဲ ဖြစ်သွားတော့ ကာတွန်းဆရာ   ဖြစ်သွားတာပါ။ ဆက်မဆွဲ ဖြစ်တဲ့လူကတော့ ကာတွန်းဆရာ မဖြစ်ဘူးပေါ့။

မေး။   ။ ကာတွန်းဆွဲတာ ကောစုစုပေါင်း ဘယ်နှပုံလောက် ရှိပြီလဲ။

ဖြေ။    ။ အခုလက်ရှိထိ ကျတော် ကာတွန်းဆွဲတာ ပုံ (၅၀၀)လောက်တော့ ရှိပါပြီ၊ နိုင်ငံရေး၊ လူမှုရေးနဲ့ပါတ်သက်တဲ့ အကြောင်းလေးတွေလည်း ဆွဲပါတယ်၊ အဓိကတော့ သဘာဝ သယံဇာတနဲ့ ပါတ်သက်တဲ့ အကြောင်းတွေကို ပိုပြီး ဆွဲဖြစ်ပါတယ်။

မေး။    ။အနုပညာ နယ်ပယ်အသီးသီး ရှိတဲ့ အထဲက ဘာကြောင့် ကာတွန်းကို ရွေးချယ်ခဲ့တာလဲ။

ဖြေ။    ။ ဘာကြောင့် ဒီကာတွန်းကို ရွေးချယ်ခဲ့ရတာလဲ ဆိုတော့ ကျတော့ ဦးလေး အရင်းကလည်း ကာတွန်းဆရာ တစ်ဦးပါ။ ကာတွန်းဇိုဇမ်ပေါ့။ ပြီးတော့ ကျတော်တို့ ချင်းလူမျိုး အသိုင်းအဝိုင်းထဲမှာ အနုပညာနဲ့ ပါတ်သက်ပြီး ဂီတာတီးမယ်၊  သီချင်းဆိုမယ်၊ ဒါတွေလောက်ပဲ လမ်းကြောင်းကရှိနေတာလေ၊ ဒါလည်း ဘာသာရေး ကြောင့်လည်း အများ ကြီးပါတာပေါ့။ ဒါကြောင့် ကာတွန်း ဆရာတစ်ယောက် ဆိုတော့လူတွေ စိတ်ဝင်စားလာကြတယ်။ ဈေးကွက်စီးပွားရေး သဘောမျိုးလည်း ပါတာပေါ့။ သူများ လုပ်တဲ့အလုပ် မလုပ်ပဲ သူများသိပ် မလုပ်တဲ့ အလုပ်ဆိုတော့ ဘယ်လိုပြောရမလဲ ရှာပါးတဲ့ ထုတ်ကုန် တစ်ခုလို့ပဲဆိုရမလား။ အရင်ကတော့ ဂီတာတီး ဖြစ်တယ်၊ BASS ဂီတာကိုတီးတယ်။ ဒါပေမဲ့ တီးဝိုင်း တစ်ခုထဲနဲ့ အနုပညာ ဖြစ်တဲ့ တီးဝိုင်းတစ်ခု ကို ဖန်တီးလို့မရဘူး၊ ဥပမာ- တီးဝိုင်းတစ်ခု ဖြစ်ဖို့ဆိုရင်           တီးတဲ့သူတွေ အစုံလိုမယ်၊ အဆိုတော်လို ဦးမယ်၊ တစ်ယောက်ထဲနဲ့ အနုပညာ ဖန်တီးလို့မရဘူး၊ဒါကြောင့် ကာတွန်းကို ရွေးချယ်လိုက်တာလဲ ပါတယ်။

မေး။    ။အနုပညာ အပေါ်မှာ အကို့ရဲ့ ခံစားချက် အမြင်ကိုလည်း သိချင်ပါတယ်။

ဖြေ။    ။ကျတော် အရမ်းကြိုက်တဲ့ နာမည်ကြီး ပန်ချီဆရာ တစ်ယောက်ဖြစ်တဲ့ ဗင်ဂိုးပြောသွားတဲ့ စကားရှိပါတယ်။           အနုပညာ ဆိုတာ လိမ်လည်မှု တစ်ခုပါပဲတဲ့၊ သရုပ်တွေ ဆောင်နေရတာပါတဲ့၊နောက်ပြီးတော့ လွန်ခဲ့တဲ့ နှစ်     (၁၀၀) ကျော်လောက်က နာမည်ကြီးခဲ့တဲ့ ကာတွန်းဆရာ ရွှေတလေး ပြောခဲ့တဲ့ ကာတွန်းဆိုတာ ဓါတ်မှန်ရိုက်တာနဲ့ တူတယ်တဲ့၊ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ရှိတဲ့ ရောဂါတွေ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊      ကိုယ့်အဖွဲ့အစည်းထဲမှာ ဘယ်လိုမျိုး ရောဂါတွေရှိနေသလဲ ဆိုတာကို ဓါတ်မှန်ရိုက်ပြတာ နဲ့      အတူတူပါပဲ။ ကာတွန်းဆွဲလိုက်လို့တော့ နိုင်ငံရေးပြောင်းလဲ သွားမယ်လို့ မဆိုလိုပါဘူး၊ ဒါပေမယ့် ဘာတွေပြောင်းလဲ ဖို့လိုအပ်မလဲ။ ပြီးတော့ အဖွဲ့အစည်းထဲမှာကော ဘာတွေက သဟဇာတ   ဖြစ်မနေဘူးလဲဆို တာကို ဓါတ်မှန်ရိုက်နေရသလိုပါပဲ။

မေး။    ။ကာတွန်းလောကမှာ အားကျလေးစားတဲ့သူတွေကော ဘယ်သူတွေ ဖြစ်မလဲ။ ဘာကြောင့်လဲ ဆိုတာ ပြောပြပေးပါဦး။

ဖြေ။    ။ကာတွန်းလောကမှာတော့ အများကြီးကို လေးစားပါတယ်။ အထူးသဖြင့် ကိုယ်မလုပ်နိုင်တာကို     လုပ်နိုင်တဲ့ အကုန်လုံးကိုလေးစား အားကျတယ်။ ပြီးတော့ ကျတော်တို့ ချင်းလူမျိုးထဲက ကိုယ်ပိုင်ဟန်တစ်ခုကို တည်ဆောက် ဖန်တီးနိုင်ခဲ့တဲ့ ဆလိုင်းလူရှေတောင်တန်းမိုးရင်သဲရာကို      အားကျပါတယ်။သူကဆိုင်းမထိုးရပဲနဲ့ သူ့ရဲ့ အနုပညာကို သူများတွေသိအောင် ဖန်တီးနိုင်တယ်။ တခြား မြန်မာနိုင်ငံမှာ ရှိတဲ့ နာမည် ကြီးအနုပညာ သမားတွေကလည်း သူ့ကိုသိကြတယ် ဆိုတော့  သူ့ကိုလည်း အားကျပါတယ်။ပြီးတော့ ကိုယ့်ဦးလေးမို့လို့ ပြောတာတော့ မဟုတ်ပါဘူး၊ ကာတွန်းဆရာ         ဇိုဇမ် ဆိုတာ ရှိသေးတယ်။ သူက အခုတော့ နိုင်ငံရေးလောကထဲကို ဝင်နေပါပြီ။ ခုလည်း  ဆွဲတော့ဆွဲနေပါသေးတယ်၊ အရင်က အေဒီ ဆိုတဲ့ ဇာတ်ကောင် တစ်ခုကို ရွှေသွေးတို့ မှာ မွေးဖွား ဖန်တီး နိုင်ခဲ့တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကယ်ရီကိန်းချား ဆိုတဲ့ ရုပ်ပြောင် ဇာတ်ကောင်ကို ပုံတူကာတွန်း ဆွဲတဲ့ နည်းပညာ ရပ်တွေကို စတင်မိတ်ဆက်တဲ့ သူတွေထဲမှာ လည်း တစ်ယောက် အပါအဝင် ဖြစ်ခဲ့ တယ်။ ဒါကြောင့် ချင်းတိုင်းရင်းသားတွေထဲမှာတော့ ဒီလူတွေကို လေးစားရပါတယ်။

မေး။    ။လက်ရှိမှာကော ဘာတွေလုပ်နေလဲ။

 

ဖြေ။    ။အခုလက်ရှိမှာတော့ SPETRUM ဆိုတဲ့ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပါတ်သက်တဲ့           အဖွဲ့စည်းတစ်ခုမှာ  PROGRAMM OFFICER တာဝန်ယူထားပါတယ်။အဓိကတော့           ကာတွန်းစာအုပ်တွေ ဆွဲရပါတယ်။ ပြီးတော(IEC) လို့ခေါ်တဲ့ INFORMATION, COMUNICATION        AND EDUCATION တာဝန်ကို ယူထား ရပါတယ်။ ဒါကတော့ ကျတော့ စားဝတ်နေရေး အတွက်ပေါ့။       နောက်တစ်ဖက် အနေနဲ့ ကျတော် ဝါသနာပါတဲ့ အနုပညာ အပိုင်းကို လုပ်နေပါတယ်။ မြန်မာ နိုင်ငံ     အခြေအနေနဲ့ ဒီကာတွန်းနဲ့က ဝမ်းစာ အတွက် အဆင်မပြေနိုင်တဲ့ အတွက် တဖက်က ဝင်ငွေအတွက်         နောက်တစ်ဖက်က ဝါသနာ အတွက် လုပ်နေရပါတယ်။

မေး။    ။ဒီခေတ် နည်းပညာ အကူအညီ အထောက်အပံ့ က အရမ်းမြင့်လာတော့ ကာတွန်းလောကမှာကော အကောင်း အဆိုး ဘယ်လို အကျိုးသက်ရောက် ရှိလဲ။

ဖြေ။    ။ဟုတ်ကဲ့ နည်းပညာတွေကလည်း အရမ်းတိုး တက်လာတော့ အကောင်းတွေ ရှိသလို အဆိုးတွေလည်း  ရှိပါတယ်။ အရင်က ချင်းဘိုးဘွာတွေရဲ့ ယဉ်ကျေးမှု သမိုင်းတွေကို အုပ်ပြားပေါ်၊ သစ်ပြားပေါ်တွေမှာ သူတို့ရဲ့ ဘဝတွေကို မှတ်တမ်းတင် ခဲ့ကြတော့ သမိုင်းအဖြစ်ကျန်ခဲ့တာပေါ့။ နောက်ပိုင်းမှာ စာရွက်တွေ       ပေါ်လာတယ်။ ကွန်ပြူတာတွေ ပေါ်လာတော့ သူတို့ရဲ့ ဘဝ မှတ်တမ်းတွေက ထင်ထင်ရှားရှား           မပေါ်လွင်တော့တဲ့ အတွက် အဆိုတစ်ခုလို့တော့ ထင်မြင်မိတယ်။ဒါပေမဲ့ စာရွက်စာတမ်းတွေနဲ့တော့         ပြန်ကြည့်လို့ ရတယ်။ ဒီလိုပဲ အဆိုးနဲ့ အကောင်းလေးတွေတော့ တွံတွဲနေတာပဲ။   ကောင်းတဲ့ဖက်မှာလည်း အများကြီးရှိလာပါတယ်။ အဓိကတော့ အချိန်ပေါ့။ ကာတွန်းတစ်ပုဒ်ကို        ဘယ်လောက်ပဲ ဆွဲတတ်ဆွဲတတ် ကာတွန်းတစ်ပုဒ်ကို တစ်ရက်ဆွဲတဲ့လူနဲ့ တစ်နှစ်ဆွဲတဲ့ ဟာက      အရမ်းကိုကွာသွားပြီလေ၊ နည်းပညာတွေ အရမ်းတိုးတက် လာတဲ့အတွက် မိတ္တူကူးစက်တွေ၊          ကာလာအရောင် ထည့်တဲ့ ဟာတွေ ပေါ်လာတယ်၊ ဒါကြောင့် ကာတွန်းဆရာတွေကို အလုပ်ကို မြန်မြန်   ပြီးစေတယ်။အချိန်က ကာတွန်းဆရာ တွေအတွက် အနုပညာ လမ်းကြောင်း အပေါ် အဓိက     အထောက် အပံ့ ရစေပါတယ်။

မေး။    ။တစ်ကိုယ်တော်ပွဲ စုစုပေါင်း ဘယ်နှခု လုပ်ဖူးလဲ။

ဖြေ။    ။ ဟုတ်ကဲ့၊ လွန်ခဲ့တဲ့ (၄)နှစ်လောက်ကတော့ တစ်ကိုယ်တော်ပွဲ အနေနဲ့ “Not For Sale” ဆိုပြီး ကာတွန်းပြပွဲ လုပ်ခဲ့ ဖူးပါတယ်။ဒါကတော့ တစ်ယောက်ထဲ လုပ်ရတဲ့ အတွက် ပျင်းစရာ ကောင်းပါတယ်။

မေး။    ။ အခု ဒီနှစ်ထဲမှာကော ကာတွန်းပြပွဲတွေ လုပ်တာရှိလား။

ဖြေ။    ။ဟုတ်ကဲ့ ရှိပါတယ်။ မတ်လ ၃၁ရက် ၂၀၁၆ မှာပဲ၊ SPETRUM သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး    အဖွဲ့ အစည်းကနေ ဦးစီးပြီး ကျင်းပခဲ့တဲ့ RIVER AYEYAWADDY GALLERY  မှာ ကာတွန်းဆရာ   အယောက် (၄၀)ကျော်ကနေပြီ ” သယံဇာတနှင့် သဟဇာတ” ခေါင်းစဉ်နဲ့ ကာတွန်းဆရာ တစ်ဦးကနေ  ကာတွန်း တစ်ခုစီ(၃)ရက် ပြသခဲ့ ကြပါတယ်။

မေး။    ။ကာတွန်းသမားဖြစ်လိုတဲ့ မျိုးဆက်သစ်တွေကိုလည်း ဘာတွေပြောချင်သေးလဲ။

ဖြေ။    ။ဘုရားသခင်က လူတွေအားလုံးကို အရည်ချင်းတစ်ခုစီ အတူအောင် ပေးထား ပြီးသားဆိုတော့ `ကာတွန်းဆရာလုပ်ပါ၊ အဆိုတော်လုပ်ပါ ဆိုတာမျိုးတော့ အတိုက်တွန်းချင်ဘူး၊ အဓိကတော့ ကိုယ်ဘာတတ်လဲ၊ ကိုယ့်မှာ ဘယ်လိုအရင်းချင်းမျိုးရှိလဲ ဆိုတာ အရင်သိဖို့လိုမယ်။ သူများနဲ့ မတူတဲ့ အရည်ချင်းကိုယ့်မှာ ပါရှိလဲဆိုတာ သိရမယ်၊ ခုချိန်မှာ အဆိုတော်တွေ ခေတ်စားလာတယ်၊ ဒါပေမဲ့ ခေတ်စား တာကိုပဲ မလိုက်ပဲ ကိုယ်နဲ့ ကိုက်ညီမဲ့ လိုင်းတစ်ခုထဲကို လုပ်မယ်ဆိုရင် အောင်မြင်မှာပါလို့ ပြောချင်ပါတယ်။ ကာတွန်းဆရာကောင်း တစ်ယောက်ဖြစ်ချင်တယ် ဆိုရင်တော့ အရင်ဆုံးကိုယ့်ခေါင်းထဲမှာ ရှုပ်နေတဲ့ အရာတစ်ခုကို ရှင်းလင်အောင်လုပ်ပြီး ပရိတ်သတ်ကို    ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဖော်ပြနိုင်တဲ့ အရည်အချင်း ရှိအောင်ကြိုးစားဖို့ လိုမယ်၊ ဒါကတော့ Idea ပိုင်းပေါ့။ လက်ရာ ပိုင်းမှာ ဆိုရင်တော့ ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့ ကာတွန်းဆရာတွေထက် တခြားနိုင်ငံမှာ ရှိနေတဲ့ နာမည်ကြီး ကာတွန်းဆရာတွေရဲ့ လက်ရာတွေကို တုပြီး လေ့ကျင့်ဆွဲနိုင်ရင် ပိုကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ လက်ရာကို မမှီရင်တောင် ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့သူတွေထက်တော့ နဲနဲ သာလိမ့်မယ်၊ ပြီးတော့ ကိုအားကျတဲ့ လက်ရာတွေကို တုပြီးဆွဲ ရမယ်၊   ကျတော်တို့လည်း အရင်က ကိုယ်အားကျတဲ့ တခြားနိုင်ငံက နာမည်ကြီး ဆရာတွေရဲ့လက်ရာတွေကို     မှင်ခံ ကူးပြီး လေ့ကျင့်ခဲ့ရတာ။ ပြီးမှ ကိုယ်ပိုင် ဟန်နဲ့ ပြန်ပြီး ပုံဖော်ရတာ။ ဒီလို လေ့ကျင့်ခဲ့ရတယ်။ ဆရာမတစ်ယောက်က ရေးတာကို ကိုယ်ပိုင် ဟန်နဲ့ ပုံဖော်ပြီး ရေးလိုက်ပေမဲ့ အချင်းချင်း အဓိပ္ပါယ်ကတော့ တူနေရမယ် ဆိုတဲ့ သဘောပါ။ ဒီလို ကျင့်ကြံပြီး နှစ်ခု ပေါင်းလိုက်မယ် ဆိုရင်တော့ အခု ကျတော့ လက်ရှိ အခြေအနေ အတွေ့အကြုံ အရ တိုက်တွန်း ချင်ပါတယ်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *