myanmarphonecard myanmar phone card

 

Articles

 

Interviews

  • Interview with Writer Ko Nai (Chin Taung) Interview with Writer Ko Nai (Chin Taung)
  • Interview with U Kaung Kyaw Interview with U Kaung Kyaw
  • Interview with Dr. Sa Sa Interview with Dr. Sa Sa
  • Interview with Salai Kyaw Min Interview with Salai Kyaw Min
  • Interview with Salai Bawi Lian Mang (CHRO) Interview with Salai Bawi Lian Mang (CHRO)
  • With Pu Issac Khin With Pu Issac Khin
  • Interview with U Nyunt Lwin Interview with U Nyunt Lwin
  • Interview with Dr. Sui Khar (CNF) Interview with Dr. Sui Khar (CNF)
  • Interview with Milla Dawt Hniang Interview with Milla Dawt Hniang
  • Interview with Pu Hung Ngai (Chief Minister, Chin State) Interview with Pu Hung Ngai (Chief Minister, Chin State)
  • Interview with Rev. Ngun Thawng Mang (GS, ZBC) Interview with Rev. Ngun Thawng Mang (GS, ZBC)
  • On KIA & Tatmadaw War by Chin Politicians On KIA & Tatmadaw War by Chin Politicians
  • Pu No Than Kap on Intra Conflict of CNF, 1992 Pu No Than Kap on Intra Conflict of CNF, 1992
  • Pu Zing Cung on Intra Conflict of CNF, 1992 Pu Zing Cung on Intra Conflict of CNF, 1992
  • Guitarist Zante (Numberz 12 Band) Guitarist Zante (Numberz 12 Band)
  • Memories of Salai Ram Ling Hmung (By Dr. Lian H. Sakhong) Memories of Salai Ram Ling Hmung (By Dr. Lian H. Sakhong)
  • With Pu Zing Cung & Dr. Sui Khar (Chin National Front) With Pu Zing Cung & Dr. Sui Khar (Chin National Front)
  • Interview with Pu Nah Thang Interview with Pu Nah Thang
  • Interview with Mai Emily Hsu Pyae Phyo (Chin Youth Forum) Interview with Mai Emily Hsu Pyae Phyo (Chin Youth Forum)
  • Interview with Salai Za Ceu Lian Interview with Salai Za Ceu Lian သြဂုတ်လအတွင်းမှာ သမ္မတဦးသိန်းစိန်ရဲ့ စောင့်ကြည့်သူများစာရင်းမှ ပယ်ဖျက်ခြင်းတွင် ပါဝင်ပြီး၊ ယခုတွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု သိရသော အသက် (၃၃) နှစ်အရွယ် ချင်းလူငယ် Salai Za Ceu Lian ကို Chin World Media မှ အနည်းငယ် စကားပြောခွင့် ရရှိခဲ့ပါတယ်။
  • ချင်းပြည်နယ်မှ နွားနောက်များ လာဝယ်သည့် ကိစ္စနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခြင်း ချင်းပြည်နယ်မှ နွားနောက်များ လာဝယ်သည့် ကိစ္စနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခြင်း ချင်းပြည်နယ်အစိုးရနှင့် ရှမ်းပြည်နယ်အစိုးရတို့၏ သဘောတူခွင့်ပြုချက်ဖြင့် ချင်းပြည်နယ်၊ မင်းတပ်မြို့မှ နွားနောက် အကောင် (၅၀) အား ရှမ်းပြည်နယ်သို့ ၀ယ်ယူသယ်ဆောင်ခွင့် ရရှိသဖြင့် နိုဝင်ဘာလ (၂၀) ရက်၊ ၂၀၁၂ နေ့တွင် (၁၂) ဘီး ကား (၂) စီး၊ (၁၀) ဘီးကား (၁) စီး စုစုပေါင်း (၃) စီးဖြင့် ၀ယ်ယူသယ်ဆောင် သွား ကြောင်း သိရှိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဒေသခံပြည်သူများ မကျေမနပ်ဖြစ်နေကြကြောင်း သိရှိရ သဖြင့် ရှမ်းပြည်နယ်မှ လာရောက်ဝယ်ယူသူ ဦးအားကြို၊ မင်းတပ်မြို့ သားသတ်လိုင်စင်ရ ပူးရှယ်ခွီကီးနှင့် ချိုးလူငယ်အဖွဲ့မှ ဆလိုင်းရှယ်အောင်တို့အား အောက်ပါအတိုင်း မေးမြန်းခဲ့ပါသည်။
  • Interview with Singer L R Chan Interview with Singer L R Chan
  • Interview with Rev. Dr. Van Bik Interview with Rev. Dr. Van Bik
  • Interview with Singer Van Dawt Cin (Moe Moe) Interview with Singer Van Dawt Cin (Moe Moe)
  • Interview with Pu Salai Cin Lamh Mang Interview with Pu Salai Cin Lamh Mang
  • Interview with Salai Za Uk Ling Interview with Salai Za Uk Ling (Program Director, Chin Human Rights Organization)
  • Interview with Poet Mya Kabia Interview with Poet Mya Kabia
  • Upcoming Interviews by Chin World Upcoming Interviews by Chin World LR Chan, Mya Kabia, Van Dawt Cin, Salai Kyaw Min & Pu Cin Lamh Mang
  • Interview with Salai Za Lian (The Aces Band)- Part 2 Interview with Salai Za Lian (The Aces Band)- Part 2
  • သမ္မတထံ တိုင်ကြားစာ။	။ ချင်းအမျိုးသမီး Pi Ting Iang အသတ်ခံရမှုနှင့် စပ်လျဉ်း၍…………. သမ္မတထံ တိုင်ကြားစာ။ ။ ချင်းအမျိုးသမီး Pi Ting Iang အသတ်ခံရမှုနှင့် စပ်လျဉ်း၍………….
  • သမ္မတထံ တိုင်ကြားစာ။	။ ချင်းအမျိုးသမီး Pi Ting Iang အသတ်ခံရမှုနှင့် စပ်လျဉ်း၍…………. သမ္မတထံ တိုင်ကြားစာ။ ။ ချင်းအမျိုးသမီး Pi Ting Iang အသတ်ခံရမှုနှင့် စပ်လျဉ်း၍………….
  • ၂၀၁၁ ခုနှစ်အတွက် မြန်မာနိုင်ငံအကောင်းဆုံးအားကစားသမားဆု ချင်းအမျိုးသမီး မိုင်အောင်ငှိမ်းရရှိ ၂၀၁၁ ခုနှစ်အတွက် မြန်မာနိုင်ငံအကောင်းဆုံးအားကစားသမားဆု ချင်းအမျိုးသမီး မိုင်အောင်ငှိမ်းရရှိ

News

CNF ၏ (၂၅) နှစ်ပြည့် တော်လှန်ရေးငွေရတု အထူးထုတ်ဂျာနယ် မေလမကုန်ခင်ထွက်ရှိမည်

ချင်းအမျိုးသားတပ်ဦး၏ (၂၅)နှစ်ပြည့် တော်လှန်ရေးငွေရတု အထူးထုတ်ဂျာနယ် အား ယခု ပုံနှိပ်လျက် ရှိပြီး မေလမကုန်ခင်ထွက်ရှိမည် ဖြစ်ကြောင်း ဂျာနယ်၏ အယ်ဒီတာ ငိုင်းကြားထန်းထံမှသိရသည်။

Read More

ကလေးမြို့နယ် လက်ပံချောင်းတွင် လောင်ကစားသူအား ဖမ်းဆီး

လက်ပံချောင်းရဲကင်းမှူး ဒုရဲအုပ် သီဟ နှင့် အဖွဲ့သည် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းဖြစ် သတင်းအရ လက်ပံချောင်းကျေးရွာ (B)ရပ်ကွက်အတွင်း နေထိုင်သူ မလားဒင်မွိုင်း အသက်(၂၇) (ဘ) ဦးဆွေလွဲ၊ကျဘမ်းလုပ်ကိုင်သူနေအိမ်သို့ ကျေးရွာအုပ်ချူပ်ရေးအဖွဲ့ဝင် ဦးဗန်နေကုန်း၊ ကျေးရွာအုပ်ချူပ်ရေး စာရေး ဦးရာခမ်း တို့လိုက်ပါလျက် ၀င်ရောက်ရှာဖွေခဲ့ ကြောင်းသိရှိရသည်။

Read More

CYMA မီဇိုလူငယ်အစည်းအရုံးမှ မြန်မာပြည်သားများအား မောင်းထုတ်

မီဇိုရမ်ပြည်နယ် ဖွန်စောင်းနှင့် ရမ်ဗာမောလ်တွင် နေထိုင်လုပ်ကိုင်စားသောက်ကြတဲ့ မြန်မာပြည် သားများအား ၀ိုင်အဲမ်အေ -Central Young Mizo Association - CYMA က မေလ (၁၅)ရက် နောက်ဆုံးထားပြီး အဆိုရွာ များမှ ထွက်ခွါရမည်ဟု အမိန့်ထုတ်ထားကြောင်းသိရသည်။ ဖွန်စောင်း တွင်မိသားစု ၉၅ မိသားစု နှင့် ရမ်ဗာမောလ်တွင် ၃၅ မိသားစု ထွက်ခွါသွားကြပြီဖြစ်ပြီး

Read More

ဘင်္ဂလားဒေ့ခ်ျမှ ဒုက္ခသည်များ ပလက်ဝသို့ ပိုမိုဝင်လာဖွယ်ရှိ

ပလက်ဝ၊ မေလ ၁၆ — ဘင်္ဂလားဒေ့ခ်ျဘင်္ဂလီတို့၏ရန်ကို ကြောက်၍ ၂၀၁၃-ခုနှစ်၊ မေလ(၁၃) ရက်နေ့ တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ဘင်္ဂလားဒေ့ခ်ျမှ ၀င်ရောက်လာသော ရခိုင်လူမျိုး ၃၅ ဦး တို့အား ဘုန်းကြီးကျောင်းတွင် ထိန်းသိမ်းစောင့်ရှောက်ထားလျှက်ရှိကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။Read More

ပလက်ဝတွင် မဟာစင်အန္တာရာယ်မှ ကာကွယ်ရန် စက်လှေလှိုင်းများပြေးဆွဲခွင့်မပြု

ပလက်ဝ၊ မေလ ၁၆ — မဟာဆင် ဆိုင်ဂလုန်းမုန်တိုင်း သတိပေးချက်ကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်နမိတ်နှင့် ထိစပ်လျှက်ရှိသော ချင်းပြည်နယ်၊ ပလက်ဝမြို့တွင်လည်း အန္တာရာယ်မှ ကြိုတင်ပြင် ဆင် ကာကွယ်နိုင်ရန် နေ့စဉ်ပြေးဆွဲနေသော ခရီးသွားလှိုင်းစက်လှေများကို ယနေ့ ရပ်ဆိုင်းထား ကြောင့် သတင်းရရှိသည်။Read More

Chin World News Journal အမှတ် (၆) ထွက်ပြီ

တွေ့ဆုံမေးမြန်းခန်းများအဖြစ်- နိုင်ငံကျော် တေးရေး/ဆို ဆလိုင်းသွှအောင်နှင့် အင်တာဗျူး၊ ဒေါက်တာအောင်ထန်းပြောတဲ့ သွားကျန်းမာရေး၊ Global Zomi Alliance (GZA) ၏ အထွေထွေအတွင်းရေးမှူး Rev. Dr. Chin Do Kham နှင့် စကားပြော ခြင်း၊ လားရှိုးမြို့က ချင်းဆရာမရဲ့ ကယ်တင်သူဂေဟာ၊ ကျနော်ချစ်တဲ့ သူမှာ ချစ်သူရှိတယ်ဆိုတဲ့ JK စံ နှင့် ကျယ်ပြန့်သော ပြည်ထောင်စု ငြိမ်းချမ်းရေး နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် သဘောထားမူကြမ်းရှင်းလင်းပွဲနှင့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် စကားပြောခြင်း စသည်တို့ ပါဝင်သည်။ ချင်းတို့ရဲ့လားရာ ဟူသော..........

Read More

ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ရခိုင်လူမျိုး ၃၅ဦး မြန်မာပြည်သို့ ခိုဝင်

ပလက်ဝ၊ မေလ ၁၃ — ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် နေထိုင်သော ရခိုင်အိမ်ထောင်စု ၈-စုတို့သည် မငြိမ်းနိုင် သေးသော ကုလား-ရခိုင်ပြဿနကို ရေရှည်မရင်ဆိုင်နိုင်တော့၍ မြန်မာနိုင်ငံအတွင်းရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့အရှေ့ဘက်ကမ်းတွင် အခြေချသော ခ.လ.ရ ၂၈၉ သို့ ယနေ့ မေလ ၁၃ရက်နေ့၌ ခုံလုံခွင့် တောင်းလျှောက် ၀င်ရောက်လာကြောင်း ခိုင်မာသော သတင်း တစ်ခုရရှိသည်။Read More

KMTT Project၏ ပလက်ဝ Jetty ဆောက်လုပ်ရေး အလုပ်သမားခေါ်ယူခြင်း ပွင့်လင်းမြင်သာမှုမရှိ

ပြည်သူတို့အားအသိပေးခြင်းမရှိဘဲ ၂၀၀၈ခုနှစ်က အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရကြား သဘော တူ ဆောင်ရွက်သော ကုလားတန်ဘက်စုံစီမံကိန်း၏ အစိပ်အပိုင်းတစ်ခုဖြစ်သော ပလက်ဝမြို့ အရှေ့ ဘက် ကမ်း၊ ဆိပ်ခံတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပလက်ဝဒေသခံ ချင်းလူမျိုး များ လုပ်ကိုင်မှု မရှိဟု သိရှိရသည်။Read More

ပလက်ဝဆေးရုံပြုပြင်ခြင်း၊ ဆေးပေးခန်းများနှင့် ဆမီးမြို့ခွဲဖွင့်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် ကျင်းပမည်

နှစ်ရှည်လများကြာပြီဖြစ်၍ ဟောင်းနွမ်းပျက်စီးနေသော ပလက်ဝမြို့ပြည်သူ့ဆေးရုံခေါင်းမိုးများကို စတင် ပြုပြင်ဆောင်ရွက်လျက်ရှိပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဟုန်းငိုင်း၏ ဒုတိယအကြိမ် ပလက်ဝခရီး စဉ်တွင် ဖွင့်ပွဲအမီကျင်းပနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်သည်။Read More

ပလက်ဝတွင် စီးပွားရေးရုံးဖွင့်လစ်ရေး CNFကိုယ်စားလှယ် လူထုနှင့်တွေ့ဆုံ

ပလက်ဝ၊ မေ ၃ — ၂၀၁၃-ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့က ချင်းအမျိုးသားတပ်ဦးကိုယ်စားလှယ် ဗိုလ်ကြီး လှထွန်းနှင့် ပလက်ဝမြို့နယ်၊ ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီ ၀င်များ၊ မြို့မိ/ဖ ၁၅ ဦးတို့နှင့် ပလက်ဝ မြို့၊ ရိက္ခာရပ်ကွက်ရှိ ဦးကျော်ထွန်းနေအိမ်တွင် တွေ့ ဆုံ မှု ပြုလုပ်ခဲ့သည်။Read More

ပလက်ဝတွင်အလုပ်ခေါ်စာအနည်းငယ်အတွက် ပြည်သူများ တစ်ခဲနဲ့လျှောက်ထား

ပလက်ဝ၊ ဧပြီ ၂၆ —၂၀၁၃-ခုနှစ်၊ မတ်လမှစတင်ကာအလုပ်ခေါ်စာကြေငြာသော ပညာရေးဌာန အတွက် ကျောင်းဆရာ/မ၊ အထွေထွေဝန်ထမ်း၊ ယာဉ်မောင်း ရာထူးများ အလုပ်(၃)မျိုးစလုံး အတွက် အလုပ်လာလျှောက်သူ အယောက် ၇၀၀ကျော်ရှိကြောင်း ပညာရေးဝန်ထမ်း တစ်ဦး၏ ပြောပြချက်အရ သိရသည်။Read More

ချင်းအမျိုးသမီးတစ်ဦး၏ ၃၄ သိန်းခန့် ကျောက်တော်မြို့တည်းခိုခန်းတစ်ခုတွင် အခိုးခံရ

ကျောက်တော်၊ ဧပြီ ၂၅ — ပလက်ဝဒေသူ ချင်းအမျိုးသမီး ဆရာမ ပန်းဘုံ ဧပြီလ ၂၄ ရက်ည ကျောက်တော်ရှိ ကျော်တည်းခိုခန်းတွင် တည်းခိုရင်း ပိုက်ဆံ ၃ သိန်းခွဲနှင့် သိန်း ၃၀ တန် မြေဂရမ် စာရွက်စာတမ်းများ ပျော်က်ဆုံး၊အခိုးခံရကြောင်း သိရသည်။

Read More

ပလက်ဝတွင် သူနာပြုဆရာမများ၏ ဂရုမစိုက်မှုကြောင့် မွေးကင်းစ ကလေးမိခင်တစ်ဦး သွေးလွန်သေဆုံး

ဆမီး၊ ဧပြီ ၂၃ — ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြိုခွဲတွင် ကျန်းမာရေး သူနာပြုဆရာမများ၏ လစ်လျူရှု၊ပေါဆမှုကြောင့် ကလေးမိခင်တစ်ဦး ယခုနှစ်ဇွန်န၀ါရီ ၂ ရက်နေ့က အသက်ရှုံးဆုံးရခဲ့ကြောင်း သတင်းရရှိသည်။

Read More

Chin World Journal အမှတ် (၅) ထွက်ပြီ

အင်တာဗျူးအနေဖြင့်- နှစ်ပေါင်း (၂၅) နှစ်ကျော် အကြာမှ အိမ်ပြန်ရောက်သူ CNF Cabinet အဖွဲ့ဝင်ဟောင်း Salai Thawm Hlei Mang ၏ ပြည်တော်ပြန်စကားများ၊ Saya Sang Hre Lian ဦးဆောင် သော အရက် ကင်းစင် ထန်တလန်မြို့ဖြစ်ရေး အားထုတ်မှု ဆန္ဒဖော် ထုတ်ပွဲအကြောင်း၊ ကန်ပက်လက်မြို့မှ စာပေဆုများရှင် စာရေးဆရာ ကြီး ကိုနိုင်း (ချင်းတောင်) ခေါ် ပူးနိုင်းဘူးနှင့် တွေ့ဆုံခြင်း......

Read More

USA တွင် ကချင်ဒုက္ခသည်များ ရန်ပုံငွေအတွက် Milla Hniang မှ ဖျော်ဖြေ

သက္ကရာဇ် ၂၀၁၃ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ Iowa ပြည်နယ်၊ Des Moines တွင် ကချင်စစ်ပြေးဒုက္ခ သည်များအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ တစ်ခုအား ပြုလုပ်ခဲ့ပြီး၊ ချင်းအမျိုးသမီး Milla Dawt Hniang မှ အဓိကဖျော်ဖြေသူအဖြစ် ပါဝင်ခဲ့ သည်ဟု သိရသည်။

Read More

ပလက်ဝတောင်ပြိုရေလမ်း လုပ်ငန်းဆောင်ရွက်ခြင်းအပေါ် ပြည်သူများ အားရကျေနပ်ဖွယ်မရှိ

ပလက်ဝ၊ ဧပြီ ၆ - မတ်လ(၂၁) ရက်နေ့ မှစတင်ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၏ ကုလားတန် မြစ်ကြော တောင်ပြိုရေလမ်းကြောင်းကို ပြန်လည် ထုခွဲဖယ်ရှားနေပြီဖြစ်သော်လည်း ရေလမ်းလုပ် ဆောင် သူတို့၏ လုပ်ငန်းဆောင်ရွက်ခြင်းအပေါ် အများပြည်သူများ အားရကျေနပ်ဖွယ်မရှိကြောင်း သတင်းရရှိ သည်။

Read More

ဖလမ်းမြို့နယ်၊ ရမ်ထလိုရွာ၏ အုပ်ချုပ်ရေးမှူး ရွေးချယ်မှုအပေါ် မကျေနပ်၍ လူ (၂၀၀) ခန့် ဆန္ဒပြ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာတွင် မတ်လ ၂၇၊ ၂၀၁၃ နေ့ တွင်လူဦးရေ ၂၀၀ခန့်  က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်းသိရှိရ သည်။ ၎င်းနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်ခဲ့ရာ “ ကျွန်တော်တို့ က ကောင်းကောင်းလေးရွေးကောက်ပွဲကျင်းပခဲ့ပြီးပြီ၊ သဘောတူလားလို့  သုံးကြိမ်တိုင်တိုင်မေးပြီးမှ သဘော တူတယ်လို့ ထောက်ခံခဲ့ပြီ၊ အုပ်ချုပ်ရေးမှုးရွေးတုန်းကလည်း ကျွှန်တော်တို့ ရွာကနေ ဆယ်အိမ်မှုး (၁၅)ဦး၊ ဒေါက်ထောက်(Doktthek) ရွာမှ (၃) ဦး၊ တလာန်ရာ (tlangzar) မှ (၇)ဦး၊ အားလုံး (၂၅)ဦးရှိ တယ်။ သူတို့  ထဲမှ အုပ်ချုပ်ရေးမှုးပြန်ရွေးတော့

Read More

နွေရောက်တိုင်း ရေပြဿနာကြောင့် ပလက်ဝမြို့ပေါ်နေ ငွေကြေးမတတ်နိုင်သူများ ဒုက္ခမနည်းလှ

ပလက်ဝ၊ ဧပြီ ၂ — နွေရာသီပူပြင်းသည်နှင့်အမျှ မြစ်ရေ၊ ချောင်းရေများခမ်းခြောက်မှု ကြီးမားလာ ခဲ့သည်။ ယခုအခါ ချင်းပြည်နယ်တောင်ပိုင်းပလက်ဝမြို့တွင် ရေပေးဝေမှုအားနည်ခြင်းကြောင့် မြို့သူမြို့သား များ များစွာ ဒုက္ခရောက်နေရကြောင်း သတင်းရရှိသည်။Read More

ဆီးဂိမ်းစ်အကြို ပြည်ထောင်စုဖလားပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ Mai Nelly ရွှေတံဆိပ်ဆွတ်ခူးခဲ့

နေပြည်တော်တွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်မှ မတ်လ (၇) ရက်အထိ ကျင်းပခဲ့သော ဆီးဂိမ်းစ် အကြို ပြည်ထောင်စု အားကစားပွဲတော်တွင် ချင်းအမျိုးသမီး Mai Nelly မှ ရွှေတံဆိပ် ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း သိရသည်။ လက်ဝှေ့အားကစားရှင် Mai Nelly Bawi Nei Sin သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ဇာတိဖြစ်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအား ကိုယ်စားပြုကာ ယှဉ်ပြိုင် ရင်း ပထမဆုဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ Read More

Chin World News Journal အမှတ် (၄) ထွက်ပြီ

“ချင်းသတင်း….. အားလုံးသိဖို့ တာဝန်ယူမည်” ဟူသော ဆောင်ပုဒ်ဖြင့် ချင်းပြည်နယ်၏ ပထမဆုံး တရားဝင် စာစောင် ထုတ်ဝေခွင့်ပြုချက်ရရှိသော Chin World News Journal သည် ၂၀၁၃ နှစ်သစ်နှင့် အတူ စတင်ထွက်ရှိလာပြီ ခဲ့ပြီး Chin World Journal ၏ အတွဲ (၁)၊ အမှတ် (၄) အားလည်း စတင် ၀ယ်ယူဖတ်ရှု့ နိုင်ပြီ ဖြစ်သည်။ စာမျက်နှာ (၂၄) မျက်နှာဖြင့် (၁၅) ရက် တစ်ကြိမ် ထုတ်ဝေရန် ရည်ရွယ်ထားသော Chin World News Journal ၏ အတွဲ (၄) တွင် ပါဝင်သော အင်တာဗျူး၊ ဆောင်းပါးနှင့် သတင်းခေါင်း စီးများအား အကျဉ်းချုပ် ဖော်ပြရလျှင်-
Read More

တာဟန်း-လက်ပံချောင်း လမ်းမပေါ်တွင် မူးယစ်ဆေးဝါးများ ဖမ်းမိ

တာဟန်း နှင့် လက်ပံချောင်း လမ်းမပေါ်တွင် မောင်းနှင်သော ဆပ်ကားဖြူ(၃င/****) အတွင်း သိန်းပေါင်း (၂၃၄၀)ကျပ်တန်ဖိုးရှိ ဆူရိုအက်ဖီဒရင်းဆေးပြားများအား ၂၀၁၃ ခုနှစ်၊ မတ်လ(၄) ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် ကလေးမြို့ ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
Read More

ပလက်ဝမြို့နယ် ၁၀တန်းကလေးများ စာမေးပွဲနီးပြီဖြစ်၍ ဖရောင်းတိုင်အရောင်းပိုသွက်လာ

ပလက်ဝ၊ မတ် ၁၁ — ၂၀၁၃-ခုနှစ်၊ မတ်လ(၁၀)ရက်နေ့တွင် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ င/ရှားကျေးရွာတွင် ပလက်ဝ၊ မတ် ၁၂ — ၂၀၁၃-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန်အတွက် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် EPC မှ မတ်လ(၁၀) ရက်နေ့ညမှစတင်ကာ ခါတိုင်းပေးနေကျအချိန်ထက် (၃)နာရီ လျှပ်စစ်မီးအပိုပေးလျှက်ရှိသည်။
Read More

“The Tashon Democratic Council” by Salai Van Cung Lian

If we mention “Tashon”, some would say that’s a small village where the brave Pu Con Bik (Bo Son Pek) came from. The Tashon is a village 2 miles east of Falam, Chin State, Myanmar. Up until 1892, their village (now Tashon village) was called Falam and they were also called as Falam. Nowadays, many people have forgotten that they were once the most powerful tribe in the whole of Chin Hill during the 19th century. They had authority over the vast majority of their neighbours and their hierarchical superiority captivated the hearts and minds of people all across Chin Hill. Their authority stretched from Phau Va near the Hakha areas to the borders of Manipur.
Read More

အုပ်စုတွင်းနှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ ပလက်ဝမြို့နယ်၊ င/ရှားကျေးရွာအုပ်စုချမှတ်

ပလက်ဝ၊ မတ် ၁၁ — ၂၀၁၃-ခုနှစ်၊ မတ်လ(၁၀)ရက်နေ့တွင် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ မြို့နယ်၊ င/ရှားကျေးရွာတွင် င/ရှားကျေးရွာအုပ်စုနှင့် သက်ဆိုင်သော အထူးအစည်းအဝေးတစ်ရပ် ပြုလုပ်၍ မိမိတို့ အုပ်စုနှင့်ဆိုင်သာ နေရာဒေသများတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အဆိုပါအစည်းအဝေး တွင် ချမှတ်ခဲ့သည်ဟု သတင်းရရှိပါသည်။
Read More

အလုပ်အကိုင်အခွင့်အလမ်းမဲ့ပြဿနာကြောင့် ရွေးမယ့်လူမရှိဘဲ မလေးရှားသို့ တစ်နေ့တခြား ခိုဝင်လာသော ပလက်ဝဒေသခံများပိုများလာ

ရန်ကုန်၊ မတ်လ ၆ — ချင်းပြည်နယ်၊ ပလက်ဝနယ် ဒေသခံလူငယ်များသည် မိမိတို့ဒေသတွင်း အလုပ် အကိုင်အခွင့်အလမ်း လုံးဝမရှိခြင်းပြဿနာဖြေရှင်းရန် မလေးရှားနိုင်ငံသို့ တစ်နေ့တစ်ခြား ထွက်လာကြ ကြောင်း သတင်းရရှိသည်။
Read More

ပလက်ဝနယ်၊ တောင်ပြိုရေကြောင်းပိတ်ဆို့မှုအား ဂျပန်မှ သိန်း ၁၀၀ ကူညီမည်

ပလက်ဝ၊ မတ်လ ၄ — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဒေသခံများအတွက် ၁၉၉၇ မတိုင်မီနှစ်များက ပလက်ဝ- တရွန်အိုင် စက်လှေလှိုင်းတစ်ခုသာ ပလက်ဝမြို့အထက်ပိုင်းသို့ ပြေးဆွဲရသောကြောင့် ဒေသခံ များအတွက် များစွာလွယ်ကူသက်သာခဲ့သော်လည်း ၁၉၉၇-ခုနှစ် မိုးတွင်းက ပလက်ဝမြို့နယ်၏အသက် သွေးကြောဖြစ်သည့် ကုလားတန်မြစ်ကြောပေါ် မရိုင်းရွာနှင့် ကူဝရွာကြားတွင် တောင်ပြိုမှုဖြစ်ပွားခဲ့ခြင်း ကြောင့် ယခင်လို လမ်းပန်းဆက်သွယ်ရေးအဆင်မချောဘဲ ဒုက္ခမျိုးပေါင်းစုံကို ကြုံတွေ့ရလေသည်။
Read More

ပလက်ဝမြို့နယ်လူမှုရေးအသင်း နှစ်ပတ်လည်အစည်းအဝေး မတ်လ ၂ရက်နေ့ကျင်းပမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ — ပလက်ဝမြို့နယ် လူမှုရေးအသင်း(ရန်ကုန်)၏ အနှစ်(၂၀)မြောက် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေး၊ အမှုဆောင်သစ်ရွေးချယ်ခြင်းနှင့် ပညာရည်ချွန်ဆုချီး မြှင့်ခြင်းကို လာမည့် မတ်လ (၂)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ ယာယီအသင်း တိုက်တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Read More

ပခုက္ကူ ချင်းအမျိုးသားနေ့ ကျောင်းသား/သူ (၅၀၀) ကျော် ဖြင့် စည်ကားစွာ ကျင်းပ

ထိုအခမ်းအနားသို့ ဌာနဆိုင်ရာ လူကြီးများ မိန်းတက္ကသိုလ်မှ ပါမောက္ခချုပ်၊ နည်းပညာကောလိပ်မှ မော်ကွန်း ထိန်း၊ တက္ကသိုလ်အသီးသီးမှ ဌါနမှူး၊ ဆရာ/မ များ နှင့် ဒေသခံ ချင်း မြို့မိ၊ မြို့ဖများလည်း တက်ရောက်ခဲ့ သည်။ တက္ကသိုလ်အသီးသီးမှ ကျောင်းသား/သူ (၅၀၀) ကျော် တက်ရောက်ခဲ့သည်။
Read More

CNF နှင့်အစိုးရ၏ ငြိမ်းချမ်းရေး စောင့်ကြည့်ရေး ပလက်ဝအဖွဲ့ ဖွဲ့စည်းခြင်း ပွင်းလင်းမြင်သာမှု လုံးဝမရှိ

ပလက်ဝ၊ ဖေဖေါ်ဝါရီ ၂၃ — ချင်းပြည်နယ်၊ပလက်ဝမြို့တွင် ဖွဲ့စည်းခဲ့သော ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၇-၉ ရက်များအတွင်းရန်ကုန်၌ ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရအကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ်က သဘောတူညီခဲ့သော သဘောတူညီချက် စာချုပ်ပါအချက်အလက် များကို ချို့ဖောက်မှုရှိ မရှိ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် ပွင်းလင်းမြင်သာမှုလုံးဝလုံးဝ မရှိကြောင်း ဒေသခံများမှ ထွက်ဆိုလာပြီဖြစ်သည်။
Read More

CUFC မှ U-19 အသင်းအား အနိုင်ရ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသော Myanmar National League (MNL) ပြိုင်ပွဲ၏ ပထမတန်းပြိုင်ပွဲဖြစ်သော (MNL-2) ၏ ဒုတိယပွဲစဉ်အဖြစ် Chin United FC နှင့် အသက် (၁၉) နှစ်အောက် မြန်မာ့လက်ရွေးစင်အသင်းတို့ ယနေ့ ဖေဖော်ဝါရီလ (၂၂) ရက်၊ ၂၀၁၃ ခုနှစ် ညနေ (၃း၃၀) တွင် ယှဉ်ပြိုင် ကစားရာ CUFC မှ ၁-၀ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
Read More

Breaking News: ချင်းပြည်နယ် ဖလမ်းမြို့တွင် မီးလောင်

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ချယ်ရီလမ်းပေါ်ရှိ သမ၀ါယမဆိုင်ခန်းများသည် ဖေဖော်ဝါရီလ (၂၂) ရက်၊ မြန်မာစံတော်ချိန် နံနက် (၁) နာရီကျော်တွင် မီးလောင်ခဲ့ကြောင်း သိရသည်။ အခန်းအားလုံး ပေါင်းမှာ (၂၁) ခန်းရှိပြီး၊ ယင်းအနက် (၄) ခန်းအား ရုံးခန်းအတွက် အသုံးပြုပြီး၊ ကျန်သည့် (၁၇) မှာမူ ဆိုင်ခန်းများအဖြစ် အသုံးပြုလျက်ရှိခြင်းဖြစ်သည်။
Read More

၆၅နှစ်မြောက် ချင်းအမျိုးသားနေ့ဖွင့်ပွဲ အခမ်းအနား စည်ကားစွာဖွင့်လှစ်

ဖေဖော်ဝါရီလ ၂၀ နေ့တွင် ကျရောက်သော ချင်းလူမျိုးများ၏ အမျိုးသားနေ့ပွဲ တော်ကြီးကို ယနေ့ ၁၉ ရက်စွဲဖြင့် နံနက် ၉း၃၀ ချိန် တွင် ချင်းပြည်နယ် ဟားခါး မြို့တော် ဦးဝမသူးမောင် အားကစားကွင်း ဥယျာဉ် ဖွင့်ပွဲအခမ်းအနားကို စည်ကား စွာ ကျင်းပခဲ့သည်။
Read More

ဟားခါးမြို့ ချင်းအမျိုးသားနေ့ အခမ်းအနား ပြင်ဆင်မှုများ
Khuang Cawi မယ် Mai Ni Hlei Cuai နှင့် ခဏတာ

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၆၅) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်း အနားအား ချင်းပြည်နယ်၊ မြို့တော်ဟားခါးတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပမည်ဖြစ်ပြီး၊ အားကစား ပြိုင်ပွဲများအား မနက် ဖြန် ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် အစပြုမည်ဖြစ် သည်။
Read More

ဟားခါး၊ ချင်း အမျိုးသားနေ့ ပွဲတော် တွင် အရက် နှင့် ဘီယာများရောင်းချခြင်း ကို ချင်းအမျိုးသမီး အဖွဲ့အစည်းက ကန့်ကွက်

ချင်းလူမျိုးများ၏ အထွတ်အမြတ်ထားသော ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် (၆၅) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် ဟားခါးမြို့တော် ဦးဝမ်းသူးမောင်ကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။
Read More

Chin World News Journal အမှတ် (၃) ထွက်ပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက- ဦးတင်ဦး၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဌ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်များ ဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီးတို့၊ မွန်ဒီမိုကရေစီအဖွဲ့ ခေါင်း ဆောင် နိုင်ငွေသိမ်းနှင့် မွန်ဒီမိုကရေစီပါတီ မှ ဦးမင်းကျော်ဝင်း၊ ရခိုင်အမျိုးသားဒီမို ကရစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးသာဘန်း၊ ကချင်အနုပညာရှင် အားတန်၊ ဇိုမီးဒီမို ကရေစီအဖွဲ့ချုပ် မှ အထွေထွေအတွင်းရေးမှူး Pu Gin Kam Lian၊ ပလက်ဝမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးပိုက်လင်း နှင့် မတူပီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် Pu Paul Lian Luai တို့၏ (၆၅) နှစ်ပြည့် ချင်းအမျိုးသားနေ့နှင့် သူတို့၏ မှတ်ချက်စကားများပါဝင်သည်။ ထို့ပြင်………. ချင်းအနု ပညာရှင်များဖြစ်ကြသော ထွဏ်းခမ်၊ Van Dawt Chin နှင့် L R Chan တို့ ချင်းအမျိုးသားနေ့ကို ဘယ်မှာပါဝင်ကြမလဲ။
Read More

တီးတိန်၊ ဖလမ်း၊ ဟားခါးမြို့များသို့ သမ္မတဦးသိန်းစိန်လာမည်

သမ္မတဦးသိန်းစိန်နှင့် အဖွဲ့သည် ရဟတ်ယာဉ် (၃) စီးဖြင့် ရောက်ရှိလာမည် ဖြစ်ကာ အဖွဲ့ဝင် (၇၀) ဦးခန့် ပါဝင်မည်ဟုလည်း ချင်းပြည်နယ်အစိုးရရုံးမှ သိရသည်။သမ္မတကြီးသည် ကလေးမြို့မှတဆင့် တီးတိန်မြို့သို့ ပထမဦးစွာ သွား ရောက်မည်ဖြစ်ကာ၊ ယင်းနောက် ဖလမ်းမြို့သို့လည်းကောင်း၊ နောက်ဆုံး တွင် ဟားခါးမြို့သို့ သွားရောက်မည်ဖြစ်သည်။
Read More

The Great Khai Kam (Van Cung Lian)

The University of Kalay was once officially called “Khai Kam University”, the best sport centre in Chin State located in Hakha is also called “Khai Kam Sport Centre”. But do we really know who he was and why do we celebrate his name? Of all the Chin people who resisted the British, he rose on the very top. Khai Kam was the son of Sizang chief Khup Pau and Pi Cing Niang and born in 1864 at Khuasak.
Read More

စစ်တပ်၏သားများမှ ရိုက်နှက်မှုဒါဏ်ရာပြင်းထန်မှုကြောင့် ကျောင်းသားတစ်ဦး ဆေးရုံချက်ချင်းတက်ရ

ပလက်ဝ၊ ဖေဖေါ်ဝါရီ ၁၁ ---၂၀၁၃-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၅)ရက်ည ချင်းပြည်နယ်၊ ပလက်ဝမြို့ ၊ ပလက်ချောင်းဝ ကျောက်ပြင်တွင် စစ်တပ်ဇာတ်သဘင်ပွဲတစ်ခုကျင်းပလျက်ရှိရာ ည ၉း၀၀ နာရီ ခန့်၌ အရပ် သားတစ်ဦးအား အမှတ်(၂၈၉) စစ်မိသားစု၏ သားများတစ်စုက ပလက်စတစ်ထိုင်ခုံ၊ သံချောင်းတို့ဖြင့် ရိုက်နှက်ခြင်း အခင်းတစ်ရပ်ဖြစ်ဖွားခဲ့ကြောင်း သတင်းရရှိသည်။
Read More

ပြည်ထောင်စုနေ့အခမ်းအနားတွင် ကပြမည့် ချင်းပြည်နယ်အကအဖွဲ့ နေပြည်တော် ရောက်ရှိ

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် “ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကြီး” တွင် အကပဒေသာ အားဖြင့် ပါဝင်ကပြမည့် (၂၇) ဦးပါ ချင်းပြည်နယ်ကိုယ်စားပြု အကအဖွဲ့ နေပြည်တော်သို့ ရောက်ရှိ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
Read More

ဆလိုင်းမာန်၏ “မြန်မာပြည်ထောင်စုဝါဒ၊ မြန်မာ့နိုင်ငံရေး၏ နောက်ဆုံးအဖြေ” စာအုပ် ထွက်ပြီ

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ပထမအကြိမ်ဖြင့် ထုတ်ဝေခဲ့ပြီး၊ ယခု ဒုတိယအကြိမ်ပြန်လည် ပုံနှိပ်ထုတ်ဝေသော ချင်းလူငယ် ဆလိုင်းမာန် ရေးသားသော “မြန်မာပြည်ထောင်စုဝါဒ၊ မြန်မာ့နိုင်ငံရေး၏ နောက်ဆုံး အဖြေ” စာအုပ်အား နီးစပ်ရာ စာအုပ်ဆိုင်များတွင် ၀ယ်ယူနိုင်ပြီဖြစ်ဟု သိရသည်။
Read More

နိုင်ငံလုံးဆိုင်ရာ ခရိုင်အဆင့်လူရည်ချွန်ပြိုင်ပွဲနှင့် လေ့လာရေးအတွက် ယှဉ်ပြိုင်ပွဲလုပ်

၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် နိုင်ငံတော်အစိုးရမှ စီစဉ်သော နိုင်ငံလုံး ဆိုင်ရာ လူရည်ချွန်နှင့် လေ့လာရေး ခရီးစဉ်အတွက် ချင်းပြည်နယ်၊ ဖလမ်းခရိုင် အတွင်းရှိ အဌမတန်း၊ န၀မတန်းနှင့် ဒသမတန်း ကျောင်းသား/သူများအကြား ယှဉ်ပြိုင်မှုအား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၇) ရက်မှ (၉) ရက်အထိ အထက (၁) ဖလမ်းတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
Read More

ပလက်ဝတွင် CNF နှင့်အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူညီချက် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်း

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၇-၉ ရက်များအတွင်းရန်ကုန်၌ ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရအကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးစဉ်က သဘောတူညီခဲ့သော သဘောတူညီချက် စာချုပ်ပါ အချက် အလက်များကို ချို့ဖောက်မှုရှိမရှိ စောင့်ကြည့်ရေးအဖွဲ့ကို ၂၀၁၃-ခုနှစ်၊ ဖေဖေါ် ၀ါရီလ(၄)ရက်နေ့၊ နေ့လည်(၁၁း၃၀) မှ (၁၂း၃၀) အထိ ပလက်ဝမြို့၊ မြို့မရပ်ကွက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီရုံးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
Read More

ချင်းပြည်နယ်တွင် ဒေါက်တာလျန်ဆာခေါင်း ဒီမိုကရေစီကျင့်စဉ် တရားများ သင်တန်းလုပ်

Burma Center for Ethnic Studies Program (BCESP) မှ ဒါရိုက်တာ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းသည် “ဒီမိုကရေစီကျင့်စဉ်တရားများ” ဟူသော ခေါင်းစဉ်ဖြင့် ချင်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ လအတွင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တ လန်မြို့များတွင် ပြုလုပ်ခဲ့ပြီးနောက် တတိယမြောက်အဖြစ် ဖလမ်းမြို့တွင် လည်း ဇန်န၀ါရီလ (၂၄-၂၅) ရက်များတွင် FBA ခန်းမတွင်းကျင်းပပြုလုပ်ခဲ့ပြီး၊ လူမှု့အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများနှင့် စိတ်ဝင်စားသူ (၇၀) ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။
Read More

Chin World အမှတ် (၂) ထွက်ပြီ

“ချင်းသတင်း….. အားလုံးသိဖို့ တာဝန်ယူမည်” ဟူသော ဆောင်ပုဒ်ဖြင့် ချင်းပြည်နယ်၏ ပထမဆုံး တရားဝင် စာစောင်ထုတ်ဝေခွင့်ပြုချက်ရရှိသော Chin World Journal သည် ၂၀၁၃ နှစ်သစ်နှင့် အတူ စတင်ထွက်ရှိလာပြီ ခဲ့ပြီး Chin World Journal ၏ အတွဲ (၁)၊ အမှတ် (၂) အား စတင် ၀ယ်ယူဖတ်ရှု့နိုင်ပြီ ဖြစ်သည်။ (၁၅) ရက် တစ်ကြိမ်ထုတ်ဝေရန် ရည်ရွယ်ထားသော Chin World Journal အား ပထမအကြိမ်တွင် စောင်ရေ (၃၀၀၀) ထုတ်ဝေခဲ့ပြီး၊ စာဖတ်ပရိတ်သတ်များ၏ အားပေးမှုကြောင့် အမှတ် (၂) တွင် စောင်ရေ (၅၀၀၀) သို့ တိုးမြှင့် ထုတ်ဝေလိုက်သည်။
Read More

ပလက်ဝတွင် ငြိမ်းချမ်းရေးအကျိုးဆောင်ကော်မတီစတင်ဖွဲ့စည်း

ပလက်ဝ၊ ဖေဖေါ်ဝါရီ ၄ --- ၂၀၁၃ခုနှစ်-ဖေဖေါ်ဝါရီလ(၃)ရက်နေ့တွင် ချင်းငြိမ်းချမ်းရေး အကျိုး ဆောင် ကော်မတီ (ရန်ကုန်)မှ ဆရာတော်ပူးတလွန်ကျဲအို (Pu Tluang Ceu)သည် ကျောက်တော်- ပလက်ဝ လှိုင်းဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ရောက်ရှိလာပါသည်။
Read More

ချင်းဘာသာစကား (၃) မျိုးဖြင့် Android Apps များ အသုံးပြုနိုင်ပြီ

ဂျာမနီနိုင်ငံရှိ Applied Science University, Hamburg မှ Computer Science ဖြင့် သင်ကြားခဲ့ပြီး လက်ရှိ တွင် Software Engineer တစ်ဦးအဖြစ် အသက် မွေး လျက် ရှိသော Thomas Khaipi (aka) Tual Khan Khai မှ ဖလမ်း၊ ဟားခါး၊ တီးတိန် ဒေသစကားများဖြင့် Zo Dictionary Android Apps အား အခမဲ့ အသုံး ပြုနိုင်ရန် ပြုလုပ်လိုက်သည်ဟု သိရသည်။
Read More

အဂတိလိုက်စားမှုတိုင်တန်းချက် စစ်ဆေးရန် ခရိုင်ပညာရေးမှူး ပလက်ဝသို့ရောက်လာ

အထက်ပါ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ပညာရေးဌါနမှလုပ်ဖော်ကိုင်ဖက်များ၏ တိုင်တန်း ချက်များ ကြောင့် ချင်းပြည်နယ်၊ မင်းတပ် ခရိုင်ပညာရေးမှူး ဦးဇာနီသည် ဇန်န၀ါရီလ(၂၆) ရက်နေ့တွင် ပလက်ဝ သို့ ရောက်ရှိလာပါသည်။ တိုင်တန်းခံရသော အဆိုပါ ပညာရေးအကြီးကဲ တစ်ဦးသည် ကျောင်းဆရာ/မ အချို့၏ တာဝန်ပျက်ကွက်မှုများကို လစာငွေဖြတ်တောက် ယူခြင်း များ ရှိခဲ့ဖူးးကြောင်း သိရှိရပါသည်။
Read More

ကလေးမြို့ မြို့တော်ခန်းမ ဖွင့်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၏ မြို့တော်ခန်းမ ဖွင့်ပွဲအခမ်းအနားအား ဇန်န ၀ါရီလ (၃၀) ရက်၊ ၂၀၁၃ ခုနှစ် မွန်းလွဲ (၁း၃၀) တွင် ပြုလုပ်ခဲ့ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသာအေး နှင့် ချင်းရေးရာဝန်ကြီး ပူးနိုထန်ကပ်နှင့် အခြား ၀န်ကြီးများမှ ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။
Read More

ခူမီးလုပ်ငန်းရှင်များအသင်းမှ ဟားခါးသို့ ကြိုးမဲ့တယ်လီဖုန်းကိစ္စသွားရောက်ဆွေးနွေး

ပလက်ဝ၊ ဇန္န၀ါရီ ၂၉ — ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းဖွဲ့စည်းထားသော ခူမီးလုပ်ငန်းရှင် များ အသင်း၏ ကိုယ်စားလှယ်(၃)ဦး ယနေ့မနက် ပလက်ဝမှ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သို့ သွားရောက် ကြောင်း သတင်းရရှိသည်။
Read More

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (MBC) ၏ အထွေထွေအတွင်းရေးမှူး-
Rev. Dr. Yam Kho Pau ၏ ကချင်ပြည်နယ်ခရီးစဉ် အစီရင်ခံစာ

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် (MBC) ၏ အထွေထွေအတွင်းရေး မှူး Rev. Dr. Yam Kho Pau သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၁-၂၀) ရက်များအတွင်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား စစ်မက်ဖြစ်ပွားလျက်ရှိသော ကချင်ပြည်နယ်အား သွား ရောက်ခဲ့ပြီး၊ ခရီးစဉ်အစီ ရင်ခံစာအား အောက်ပါအတိုင်း ရေးသားခဲ့သည်။
Read More

ပလက်ဝတွင် နယ်ကလေးများ ပညာရေးခံယူချက် မမှန်ကန်ရခြင်း ဆရာမလုံလောက်မှုလည်းပါကြောင်း ဦးအောင်ကျော်ပြောကြား

ရန်ကုန်၊ဇန္န၀ါရီ ၂၅ - ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းတွင်ရှိသော ကျောင်းနေအရွယ် ကလေးများ ပညာရေးအပေါ်ထားရှိသော သဘောထားနှင့် ကျင့်စဉ်များ များစွာပြုပြင်ရန် လိုအပ်ကြောင်း ပလက်ဝမြို့ နယ်လူမူရေးအသင်း၏ နာယကအဖွဲ့ဝင် ဦးအောင်ကျော်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၉ရက်နေ့ ပလက်ဝ မြို့နယ်လူမူရေးအသင်း၏ လစဉ်အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။
Read More

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေကြီးတွင် ZCD ရုံးခွဲ (၃) ခု ဖွင့်လှစ်နိုင်ပြီး ဖြစ်

Zomi Congress for Democracy (ZCD) ပါတီ၏ ပါတီရုံးခွဲများ ဖွင့်ပွဲ အခမ်း အနားကို ၂၀၁၃၊ ဇန်န၀ါရီလ (၉)၊ (၁၁) နှင့် (၁၄) ရက်များတွင် တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ကလေးမြို့များတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရ သည်။
Read More

ကိုယ်ကျိုးအတွက် သစ်ခိုးထုတ်ပြီး ရခိုင်ပြည်နယ်သို့ ရောင်းချသူများ အခုထိ ရှိနေ

ပလက်ဝ၊ ဇန္န၀ါရီ ၂၄ ---- သစ်တောများထူထပ်၍ သစ်တောကြိုးဝိုင်း ဧကမြောက်မြားစွာရှိပြီး အခြား သစ်မာနှင့် သစ်အမျိုးမျိုးထွက်လျှက်ရှိသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှ သစ်များအား စီးပွား ရေးသမားများနှင့် ပူးပေါင်း၍ စစ်အရာရှိများလည်း လောဘကြောင့် တရားမ၀င်ခိုးထုတ်မှုများ ရှိနေ ကြောင်း သတင်းရရှိသည်။
Read More

Norway Idol ပြိုင်ပွဲ ချင်းလူငယ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့

၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ကျင်းပသော နော်ဝေးနိုင်ငံ၏ (၁၀) နှစ်မြောက် Norway Idol, 2012 ပြိုင်ပွဲ ချင်းလူငယ် Salai Sui Lian Than Kil ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယအဆင့်ပြိုင်ပွဲအထိ ၀င်ရောက်ယှဉ်ပြိုင် နိုင်ခဲ့သည်ဟု သိရသည်။
Read More

စစ်သားတွေက ဦးသိန်းစိန်ဆီတိုင်ချင်တိုင်ပါဟု ချိမ်းခြောက်ကာ ပြည်သူကိုစော်ကားပေါင်းမနည်းတော့ပါ

ပလက်ဝ၊ ဇန္န၀ါရီ ၁၉ — တပ်စခန်းတစ်ခုဖြစ်သော ခ.လ.ရ ၅၄၄မှ တပ်ရင်းမှူး ဦးသန်းထွန်း နှင့်၎င်း၏ ရဲဘော်များသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဥပဲရွာမှ ရွာသူရွာသားများအား လူသားမဆန် မိုက်ရိုင်း စော်ကားသော အပြုမူ အဖြစ်အပျက်များကို တစ်ကြိမ်တစ်ခါမက ပြုလုပ်ခဲ့ကြောင်း အောက်ပါအတိုင်း သတင်းပို့လာပါသည်။
Read More

အမဲလိုက်ရင်း အမှတ်မထင်မှားပစ်ခံရသူ ကျောင်းဆရာတစ်ဦး အချိန်မီသေကံလွဲခဲ့ရ

ပလက်ဝ၊ ဇန္န၀ါရီ ၁၈ — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခုံရွာတွင် အစိုးရ ပညာရေးဝန်ထမ်း တာဝန် ထမ်းဆောင်နေသော ဦးအောင်လင်းဝှေ့ ၊ အသက် (၄၀) ခန့်သည် ၂၀၁၃-ခုနှစ်၊ ဇန်န၀ါရီလ (၁၃)ရက် နေ့တွင် ရွာသားတစ်ချို့နှင့်အတူ အမဲလိုက်ထွက်သွားရင်း မိမိတို့လူစုများ၍ အမှတ်မထင် အချင်းချင်း ပစ်ခတ်မိသောအခင်းတစ်ရပ်ဖြစ်ပွားခဲ့ပြီး ဆရာအောင်လင်ဝှေ့အား အချိန်မီအသက်အန္တာရာယ်မှ ကယ်ဆယ်နိုင်ရေး အရေးပေါ်ပလက်ဝဆေးရုံသို့သုတ်ခြေတင် ပြေးပို့ခဲ့ရကြောင်းသတင်းရရှိသည်။
Read More

လိုင်ဘေးရီးယား ကစားသမား အသစ် (၃) ယောက်နဲ့ CUFC ဘောလုံးပွဲများ ဖေဖော်ဝါရီလတွင် စတင်တော့မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ ကျင်းပပြုလုပ်သော Myanmar National League-2 (MNL) ပြိုင်ပွဲ၊ ပထမတန်း အမှတ်ပေးပြိုင်ပွဲအား ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် အသင်း (၈) သင်းဖြင့် စတင်ယှဉ်ပြိုင်တော့မည် ဖြစ်သည်။
Read More

ချင်းမြားပစ်ကစားသမား အောင်ငှိမ်းမှ ရွှေ (၄) ခု၊ ငွေ (၁) ခု ဆွတ်ခူးပေး

နေပြည်တော်တွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၁-၁၃) ရက်အထိ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် အရှေ့ တောင်အာရှ တံခွန်စိုက်မြားပစ်ပြိုင်ပွဲနှင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ အကြို လက်ရည်စမ်း မြားပစ်ပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြု ချင်းအမျိုးသမီး မိုင်အောင်ငှိမ်းမှ ရွှေ တံဆိပ် (၄) ခု၊ ငွေ (၁) ခု ဆွတ်ခူးပေးနိုင်ခဲ့ ကြောင်း သိရသည်။
Read More

A Glimpse Into The History of Shwe Gyu Phyu’s Asylum in Chin Hills

The Chin World media and Global Chin News (GCN) recently published a short story about Shwe Gyu Phyu prince that he was given asylum in Chin Hills by Tlaisun chief Pu Con Bik. The media reported that the Burman prince was the very first foreigner to be granted asylum in Chin Hills. GCNs even claimed that he was a brother of King Thibaw. This idea of him being a Burman royal descendant was widely supported which can be found in several sources. When it was published, many people questioned its authenticity and ask for its references. This is an important historical fact; therefore, Chin World media had conducted research with more focus especially on Tlaisun and Sizang areas in Eastern Chin Hills. He raised a rebellion in Burma then fled to Chin Hills and took refuge in Tlaisun. His story would not be completed without including the British annexation of Chin Hills.
Read More

ချင်းကာတွန်းဆရာ၏ ကာတွန်းပြပွဲ ရန်ကုန်တွင် ပြုလုပ်

ချင်းအမျိုးသား ကာတွန်းဆရာ လိုင်လုဏ် (Salai Thawng Hlaing Lung) ၏ ကာတွန်းပြပွဲတစ်ခုအား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၂-၁၄) အတွင်း ရန်ကုန်မြို့ရှိ Myanmar Ink Galary တွင်း ကျင်းပလျက်ရှိ ကြောင်း သိရ သည်။ ကာတွန်းပြပွဲ၏ ခေါင်းစဉ်မှာ- “Not For Sale” ဖြစ် ပြီး၊ ယနေ့ စတင်ပြသသည့် ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် လာရောက် ကြည့်ရှု့သူပေါင်း (၂၀၀) ကျော် သည်ဟုလည်း သိရသည်။
Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ အလယ်တန်းအဆင့် အင်္ဂလိပ်စာပြိုင်ပွဲတွင် ချင်းပြည်နယ်မှ တတိယဆုရ

နေပြည်တော်တွင် ၂၀၁၂ ဒီဇင်ဘာလ နောက်ဆုံးအပတ်အတွင်း ကျင်းပခဲ့ သော အလယ်တန်းအဆင့် ဘာသာ ရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲတွင် ချင်းပြည် နယ်ကိုယ်စားပြုကာ ကျောင်းသား/သူ (၁၀) ဦး သွားရောက် ယှဉ်ပြိုင်ခဲ့ ပြီး၊ အင်္ဂလိပ်ထူးချွန်မှုပြိုင်ပွဲတွင် ချင်းပြည်နယ်မှ တတိယဆုဆွတ်ခူးနိုင်ခဲ့သည်ဟု သိရသည်။
Read More

အနောက်ပိုင်းစစ်ချုပ် လုံခြုံရေးအတွက် ပလက်ဝကိုရောက်လာ

ပလက်ဝ၊ ဇန္န၀ါရီ ၁၁ - ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးသည် ချင်းပြည်နယ်၊ ပလက်ဝမြို့အမှတ်(၂၈၉) ခြေလျင်တပ်ရင်းသို့ ဇန်န၀ါရီ(၉)ရက်နေ့ ညနေ(၄)နာရီတွင်ရောက်ရှိ ကြောင်း သတင်းရရှိသည်။ ထိုသို့လူကြီးရောက်လာမည်ဖြစ်၍ ပလက်ဝမြို့ကို လုံခြုံရေးအပြည့် ချထား လျှက်ရှိသည်။
Read More

တရုတ်ကုမ္ပဏီမှ ချင်းပြည်မြွေတောင်စီမံကိန်း အား
မကြာမီ စတင်ဖွယ်ရှိ

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ သံသတ္တုရိုင်းများထွက်ရှိသော မြွေတောင်တွင် တရုတ်ကုမ္ပဏီဖြစ်သော Asia Guiding Star Service Co., Ltd မှ မြွေတောင်ဒေသအား ထပ်ခါတလဲ လာ ရောက်လျက်ရှိကာ မကြာမီစတင်မည့် အကြောင်း မြွေတောင် အနီးမှ Zonuamzang ကျေးရွာမှရွာသား တစ်ဦးမှ Chin World Media သို့ပြောပြသည်။
Read More

ပလက်ဝမြို့နယ်၏ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် မိခင်နှင့် အမွှာကလေး အသက်ရှုံးဆုံး

ပလက်ဝ၊ ဇန္န၀ါရီ ၉ --- ယမန်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် ကလေးအမွာ ပူး မွေးဖွါးသူ မိခင်တစ်ဦးသေဆုံးပြီး (၃)နာရီအကွာတွင် ကလေးနှစ်ဦးပါ သေဆုံးခဲ့သော အခင်း တစ်ရပ်ဖြစ် ပွားခဲ့သည်။့
Read More

မြွေတောင် နှင့် ရင်မောဖွယ်နီကယ်သတ္ထုတွင်းစီမံကိန်း

ယခုတလော မြန်မာပြည် မုံရွာ၊လက်ပံတောင်းတောင် ကြေးနီ သတ္ထုတွင်း ကိစ္စအကြောင်းသတင်းများ မြင်ရ ကြားရသည်မှာ မသက်မသာ ရှိလှသည်..။ ရေကျောမြေကျောက ဆက်စပ်နေ သည်မို့ တဆက်တည်းမှာ ကိုယ်တွေ ဒေသမှ မြွေတောင်၊ဖား တောင် နီကယ်၊ခရိုမီယံ သတ္ထုတွင်းကိစ္စကို တွေးမိတာလေး တွေရှိ လာ သည်..။ ဤသတ္ထုတွင်းမှာ ကလေးမြို့နယ်၊လက်ပံချောင်းရွ့ာကြီး အနီးမှ နီကယ်သတ္ထု သိုက်...။ အမှန်မတော့ ဤကိစ္စသည် အသစ်တော့မဟုတ်။သတ္ထုရိုင်းအားတွေ့ရှိကာ တူးဖော်ရေးစီ မံကိန်းများ ချခဲ့သည်မှာ လမ်းစဉ် ဆိုရှယ်လစ်ပါတီလက်ထက်ကတည်းက..။
Read More

၁၂၊ ၁၂၊ ၁၂ တွင် ကွယ်လွန်ခဲ့သော ၉၀ ခုနှစ် NLD အမတ် Pu Sui Thang (L.L.B, B.Ed) ၏ ဘ၀ကောက်ကြောင်း

၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် မတူပီမြို့နယ်၏ လွှတ်တော်ကိုယ်စား လှယ်အဖြစ် ပြည်သူများမှ ရွေးချယ်ခြင်းခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) မှ Pu Sui Thang သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် ကျန်ရစ်သူ မိသားစု နှင့် အတူ ၀မ်းနည်းရပါကြောင်းဖော်ပြရင်း သူ၏ အတ္ထုပတ္တတိအကျဉ်းကို ဖော်ပြရပါသည်။ Pu Sui Thang သည် မတူပီမြို့နယ်၊ ရွာဗား (က) ကျေးရွာ နေ အဘ ပူးခီတုန်းနှင့် အမိ ပီးကွေးယဉ် တို့မှ မွေးဖွားသော သားသမီး ရတနာ (၁၂) ဦးအနက် ဒုတိယမြောက်သားဖြစ်ပြီး၊ ၁၉၄၇ ခုနှစ် သြဂုတ်လ (၄) ရက်နေ့တွင် ဖွားမြင်ခဲ့သည်။
Read More

အာဆီယံကျောင်းသားအစီအစဉ်သို့ မြန်မာနိုင်ငံမှ (၂၅) ဦးနှင့်အတူ ချင်းလူငယ် (၂) ဦးပါဝင်

အိန္ဒိယနိုင်ငံမှ စီစဉ်ကာ ပြုလုပ်သော အာဆီယံကျောင်းသားလူငယ်များ၏ လေ့လာရေးနှင့် ချစ်ကြည်ရေးခရီးစဉ်တွင် မြန်မာနိုင်ငံမှ ကျောင်းသား (၂၅) ဦးပါဝင်ခွင့် ရရှိခဲ့ပြီး၊ ယင်းအထဲတွင် ချင်းလူမျိုး (၂) ဦးပါဝင်သည်ဟု Chin World Media မှ သိရသည်။ ထိုမြန်မာနိုင်ငံမှ ရွေးချယ်စေလွှတ်ခြင်းခံရ သော ကျောင်းသား/သူ (၂၅) ဦးတွင် ချင်းလူမျိုး (၂) ဦးလည်း ရွေးချယ်စေ လွှတ်ခြင်း ခံရပြီး ယင်း (၂) ဦးမှာ Mai Sui Nuam Mawi နှင့် Salai San Win တို့ဖြစ်သည်။
Read More

ပလက်ဝတွင် ၀ဥဈေး အကန့်အသတ်မရှိကျဆင်းမှုကြောင့် စိုက်ပျိုးရေးသမားများ အခက်တွေ့

ပလက်ဝနယ်တွင် ယခင်က ၀ဥခြောက်ဈေးကောင်းကောင်းဖြင့် ပေးဝယ်သော်လည်း အခုတလော တွင် အရောင်းအ၀ယ် မလိုက်သောကြောင့် ၀ဥကိုမှီခိုအားထားစိုက်ပျိုးသူ ဒေသခံများအနေဖြင့် တွက်ချေမကိုက် ဖြစ်နေရသည်။ “အရင်လတုန်းက ၀ဥခြောက်တစ်ပိဿာမှာ ကျပ် (၅၀၀၀) ခန့်ရှိ ရာကနေ အခုဆိုရင် ကျောက်တော်မှာ တစ်ပိဿကို ကျပ် (၂၅၀၀) ၀န်းကျင်ပဲ ရှိတော့တယ်လို့ သိရပါတယ်” ဟု ၀ဥရောင်းသူ ဦး ထင်းရိုက်မှ ပြောသည်။
Read More

ပလက်ဝရှိ အားမာန်သစ် အင်တာနက်နှင့်ဖုန်းဆိုင်အကြောင်းမရှိ မီးလောင်မှုဖြစ်ပွား

၎င်းမီးလောင်ရာမှ ဘေးနားက ဆောက်လုပ်ရေးအဆောက်အဦးတစ်လုံးလည်း ဘေးအကာများ မီးလောင်သွားပါခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ဘေးတွင် ကပ်ရပ်ရှိသော ဧဒင်လက်ဖက်ရည် ဆိုင်သည် မီးလောင်မှုမှ ကင်းလွတ်ခဲ့သည်။ အဆောက်အဦးအတွင်းရှိ ကွန်ပြူတာနှင့် အခြားစက် ပစ္စည်းများ တစ်ခုမကျန် မီးလောင်ရာထဲပါသွားပြီး၍ ယခုအခါ ၄င်းမီးလောင်သည့် အဆောက်အဦး ကို အစအနမရှိအောင် ဖြိုဖျက်ပြီးဖြစ်သည်။
Read More

ချင်းပြည်နယ်တွင် ဘင်္ဂါလီများအား ဖမ်းမိ

ဒီဇင်ဘာလ (၂၆) ရက်၊ ၂၀၁၂ ခုနှစ် နံနက် (၁၀း၄၀) ခန့်တွင် ဖလမ်းမြို့နယ်ရှိ ရဲတပ်ဖွဲ့နှင့် အထူးတပ်ဖွဲ့ (Special Branch) မှ တာဝန်ရှိသူများမှ Zathlir ကျေးရွာတွင် ဖမ်းဆီးရရှိမိခဲ့ကြ ခြင်းဖြစ်ပြီး၊ သူတို့သည် ရခိုင် ပြည်နယ်မှ တစ်ဆင့် တော/တောင်ထဲမှတဆင့် ပလက်ဝ-မတူပီ-ထန်တလန် မြို့နယ်များကို ဖြတ်ကျော်ကာ ဖလမ်းမြို့နယ် Zathlir ရွာအနီးတွင် အစာရေစာ တောင်းခံရန် လာသည့်အချိန်တွင် အဖမ်းခံရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများမှ ပြောကြောင်း Lam Zin News တွင် ဖော်ပြထားသည်။
Read More

ချင်းပြည်နယ် လေယာဉ်ကွင်းတည်ဆောက်ရန်အတွက် ကွင်းဆင်းလေ့လာမှု ဓါတ်ပုံများ

ချင်းပြည်နယ်တွင် ပထမဆုံးလေယာဉ်ကွင်း တည်ဆောက်ရန်အတွက် မြန်မာ့ လေကြောင်းမှ ဦးတင်ထွန်းနှင့် အဖွဲ့ဝင်များ အားလုံး (၁၁) ဦးသည် လေယာဉ် ကွင်းတည်ဆောက်ရန် အကောင်းဆုံးတည်နေရာဟု သတ်မှတ် ထားသော ဖလမ်းမြို့အနီးရှိ Surbung တောင်တွင် စခန်းချနေထိုင်လျက်ရှိပြီး အသေး စိတ်လေ့လာသုံးသပ်မှု (Detail Survey) အား ဒီဇင်ဘာလ (၂၂) ရက်၊ ၂၀၁၂ မှ စတင်ကာ ပြုလုပ်လျက်ရှိသည်။
Read More

အယ်ဒီတာသို့ ပေးစာ။ ။ လူမျိုးရေးခွဲခြားမှုကြောင့် ချင်းကျောင်းသားများနှင့် ပြသနာ ဖြစ်ပွားခဲ့သော ပခုက္ကူတက္ကသိုလ်မှ ဆရာမ ပြောင်းပြီ

ပခုက္ကူတက္ကသိုလ်၏ ရုက္ခဗေဒဌာနမှ ဌာနမှုးနှင့် ပါမောက္ခဖြစ်သော ဒေါက်တာ ခင်ဝင်းမူသည် ၂၀၁၂ ဖေဖော်ဝါရီလ အတွင်းတွင် စာသင်ခန်းအတွင်း၌ ချင်းလူမျိုးများအား နှိမ့်ချစော်ကားခဲ့ သူဖြစ်ပြီး မန္တလေးအဝေးသင်တက္ကသိုလ်သို့ နိုဝင် ဘာလ (၃၀) ရက်နေ့ ၂၀၁၂ တွင် ပါမောက္ခ (ဌာနမှုးမဟုတ်ပဲ) ပြောင်းသွားခဲ့သည်။
Read More

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ရုံးခွဲများ ဖွင့်တော့မည်

၂၀၁၃ နှစ်သစ်နှင့်အတူ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဇိုမီးကွန် ကရက်ပါတီ ဖြစ်ခဲ့သော လက်ရှိ ဇိုမီးဒီမို ကရေစီအဖွဲ့ချုပ် (ZCD) ၏ ရုံးခွဲများ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။ ရုံးခွဲအား ကလေး၊ တီးတိန်၊ တွန်းဇံ၊ တမူး၊ ကျီခါး (၅) မြို့နယ်၌ ဖွင့်လှစ်တော့မည် ဖြစ်သည်။
Read More

Chin World Journal ထွက်ပြီ

“ချင်းသတင်း… အားလုံးသိဖို့ တာဝန်ယူမည်” ဟူသော ဆောင်ပုဒ်ဖြင့် ချင်းပြည်နယ်၏ ပထမဆုံး တရားဝင် စာစောင်ထုတ်ဝေခွင့်ပြုချက်ရရှိ သော Chin World Journal သည် ၂၀၁၃ နှစ်သစ်နှင့်အတူ စတင်ထွက်ရှိလာပြီ ဖြစ်သည်။ (၁၅) ရက် တစ်ကြိမ်ထုတ်ဝေရန် ရည် ရွယ်ထားသော Chin World Journal သည် စာမျက်နှာ (၂၄) မျက်နှာ ပါဝင်ကာ တစ်စောင်လျှင် (၅၀၀) ကျပ်နှုန်းဖြင့် ဖြန့်ချီသွားမည် ဖြစ်ပါသည်။
Read More

ပြည်တွင်း လက်ဝှေ့ပြိုင်ပွဲတစ်ခုတွင် Mai Nelly ပထမဆုဆွတ်ခူး

Chin World Media မှ သွားရောက်ကာ သတင်းတက်ရောက် ရယူခဲ့ သော အဆိုပါပြိုင်ပွဲမှာ- မြန်မာ နိုင်ငံ အမျိုးသားအားကစားကော်မတီ ဥက္ကဌဖလား၊ အမျိုးသား (National) တံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ ဖြစ် ပြီး၊ Mai Nelly Bawi Nei Sin မှာ (၅၄) ကီလိုတန်းတွင် ၀င်ရောက် ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
Read More

EITI Commission တွင် Dr. Ngun Cung Lian ပါဝင်သော CESD အား Coordinator တာဝန်ပေးအပ်ခံရ

သမ္မတဦးသိန်းစိန်အစိုးရမှ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့ တွင် ထုတ်ပြန်သော ၉၉/၂၀၁၂ ထုတ်ပြန်ကြော်ငြာစာ ဖြင့် ဖွဲ့စည်း သော တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ရေးစက်မှုလုပ်ငန်း များ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ (Extractive Industry Transparency Initiative Leading Authority) ကိုဖွဲ့စည်းရန် ထုတ်ပြန်ပြီး ယင်းကော်မရှင်၏ Coordinator တာဝန်အား ချင်းအမျိုး သား Dr. Salai Ngun Cung Lian အကြီးတန်းသုသေတီအဖြစ် ပါဝင်လျက်ရှိသည့် Myanmar Development Resource Institute လက်အောက်ရှိ Center for Economic and Social Development (CESD) အားတာဝန်ပေးအပ်သည်ဟု သမ္မတရုံးမှ သတင်းထုတ်ပြန်ပါသည်။
Read More

ယခုနှစ်တွင်လည်း အကယ်ဒမီဆုဆွတ်ခူးရန် သက်မွန်မြင့် ရေပန်းစား

၂၀၁၁ ခုနှစ်အတွက် မြန်မာ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အား ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့ တွင် ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံတွင် ကျင်းပမည်ဖြစ်ပြီး၊ ယခုနှစ်တွင် လည်း အကယ်ဒမီဆုရ ရှိရန် ချင်းအမျိုးသမီး သက်မွန်မြင့် (ခ) Mai Zung Cer Mawi ရေပန်းစားလျက်ရှိသည်ဟု သိရသည်။
Read More

ချင်းပြည်လေယာဉ်ကွင်းအတွက် တာဝန်ရှိသူများ ထပ်မံလာရောက်မည်

ချင်းပြည်နယ်တွင် ပထမဆုံးလေယာဉ်ကွင်းအတွက် ကုန်လွန်ခဲ့သော ၂၀၁၂ ခုနှစ်အောက်တိုဘာလ (၂၄-၂၆) ရက်အတွင်း ချင်းပြည်နယ်၊ ဖလမ်းမြို့အနားသို့ လာရောက်ကြည့်ရှု့ခဲ့ကြပြီး၊ မနက်ဖြန် ဒီဇင်ဘာ လ (၂၀) ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံရောက်ရှိလာမည်ဟု Chin World Media မှ သိရသည်။
Read More

ချင်းပြည်မှ နိုင်ငံရေးပါတီ (၃) ခု ၂၀၁၅ ရွေးကောက်ပွဲအတွက် တွေ့ဆုံ

ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ရန်ကုန်မြို့ရှိ SS Cafe ၌ နံနက် (၁၁း၀၀) မှ မွန်းလွဲ (၁း၃၀) အတွင်း တွေ့ဆုံခဲ့မှု တွင် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်မှ (၉) ဦး၊ ချင်းတိုးတက်ရေးပါတီမှ (၃) ဦးနှင့် တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးရေး ပါတီ (ENDP) မှ (၁) ဦးတို့ တက်ရောက်ခဲ့ကြ ပြီး၊ ဗဟိုအလုပ်အမှုဆောင်အဆင့် အစည်းအဝေးတရပ်ဖြစ်သည် ဟု ZCD မှ ဗဟိုအလုပ်အမှုဆောင် Pu Anthony Kap Khan Khual မှ Chin World သို့ပြောသည်။
Read More

နတ်မတောင်အား မူရင်းအမည် ခေါ်နူးစုမ် (Khonumsung) ဟု သတ်မှတ်ရန် CNP တောင်းဆိုမည်

လာမည့် ဒီဇင်ဘာလ (၁၇) ရက်၊ ၂၀၁၂ ခုနှစ်တွင် စတင်ကျင်းပမည့် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး တွင် ကန်ပက်လက်မြို့နယ်ရှိ ၀ိတိုရိယတောင် (ခေါ်) နတ်မတောင်အား မူလအမည်ရင်းအတိုင်း ပြန်လည်သတ် မှတ်ရန် အဆိုတရပ် တင်သွင်းသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားပါတီထံမှ သိရသည်။
Read More

မတူပီတွင် ဆိုင်ကယ်မှောက်၊ ဆရာမ (၁) ဦး သေ

ယမန်နေ့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊ နေ့လည် ၃ နာရီလောက်တွင် မတူပီမြို့နယ်၊ ပါမိုင်းရွာ (Pamai Khua) မှ ကလေး (၃) ဦး၏ မိခင် မူလတန်းပြ ဆရာမ Pi Ngoneiသည် ဈေးဝယ် ထွက်လာရင်း ဆိုင်ကယ်တိမ်းမှောက်ကာ သေဆုံးသွားကြောင်းသိရ သည်။
Read More

MYF အစည်းအဝေးတက်ရောက်မည့် ချင်းလူငယ် (၁၀) ဦးအား ရွေးချယ်

၂၀၁၂၊ ဒီဇင်ဘာလ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပပြု လုပ်မည့် Myanmar Youth Forum (MYF) အစည်းအဝေးတက် ရောက်မည့် ချင်းလူငယ် (၁၀) ဦး အမည်အား ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း CYF မှ Chin World သို့ ပြောသည်။
Read More

ပထမအကြိမ်မြောက် Global Mara Seminar & Mara Concert ကျင်းပပြီးစီး

ပထမကြိမ်မြောက် Global Mara Seminar & Mara Concert ကို ဒီဇင်ဘာ ၃ရက်မှ ၅ရက် အထိ မလေးရှားနိုင်ငံ၊ ကွာလာ လမ်ပူမြို့၊ 5668-4-5 complex Mutiria 3 ½ Miles, jalan Ipoh,52100 Kl တွင် ကျင်းပခဲ့ခြင်းဖြစ်ရာ ပြည်တွင်းပြည်ပရှိ ဖိတ်ကြားထားသူ အယောက် ၅၀၀ ကျော် တက်ရောက် ကြောင်း သိရသည်။ Read More

ပဋိပက္ခဂရုပြု သတင်းစာပညာသင်တန်း ရန်ကုန်မြို့တွင် ကျင်းပ၊ Chin World Media လည်း ပါဝင်တက်ရောက်

မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Centre) နှင့် နိုင်ငံတကာ မီဒီယာ ပံ့ပိုးရေးအဖွဲ့ (International Media Support) တို့မှ ပူးပေါင်းစီစဉ်ကျင်းပသော စာနယ်ဇင်းစွမ်းဆောင်ရည် မြှင့်တင်သင်တန်းအား မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁) ရက်မှ (၃) နေ့အထိ ကျင်းပခဲ့သည်ဟု သိရ သည်။Read More

နမ်းရမည့် ဇာတ်ဝင်ခန်း ရိုက်ကူးရန် သက်မွန်မြင့် ငြင်းဆန်

နာမည်ကျော်မင်းသမီး သက်မွန်မြင့်က နမ်းရမည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးရန် ငြင်းဆန်သောကြောင့် ဇာတ်လမ်းကောင်းသည့် ရုပ်ရှင်တကားကို လက်လွှတ်လိုက်လိုက်ရမည့် အခြေအနေဖြစ်နေသည် ဟု အလင်းတန်းဂျာနယ်သို့ ပြောပြ သည်။

Read More

ခူးမီးချင်းများ၏ နှစ်သစ်ကူးပွဲတော် ပလက်ဝတွင် စည်ကားစွာ ကျင်းပ

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ခူမီးရိုးရာ နှစ်သစ်ကူးပွဲတော်အား ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်ရှိ ခူမီးယဉ်ကျေးမှုပြတိုက်အနီး၌ စည် ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သိရသည်။ ပွဲတော်အစီအစဉ်တွင် နေ့ခင်း ဖက်၌ ကံစမ်းမဲဖောက်ခြင်းများကျင်းပပြုလုပ်ပြီး၊ ညပိုင်းအစီအစဉ်များတွင် ခူမီး ချင်းလူငယ်များတို့၏ ခေတ်ပေါ်စတိတ်ရှိုးပွဲ၊ ရိုးရာအကပြိုင်ပွဲများ၊ ဖက်ရှင်ပြပွဲများ၊ ပညာရည်ချွန် ဆုများ ချီးမြှင့်ခြင်းနှင့် မီးပုံပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။

Read More

န၀မတန်း ချင်းကျောင်းသူ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ န၀မတန်း ကျောင်းသား/သူ (၂၈) ဦး သွားရောက်သော ဤခရီးစဉ် တွင် ချင်းပြည်နယ်ကိုယ်စားပြုကာ အထက (၂) ဖလမ်းမှ န၀မတန်းကျောင်းသူ Mai Thian Pek Cang (သျှန်းပက်ကြန်း) သွားရောက်ခြင်းဖြစ်ပြီး၊ သူမသည် ဖလမ်းမြို့နယ်၊ Khuangli ရွာမှ Pu Tai Thul Lo ၏ သမီးဖြစ်သည်။ Read More

Go to top
Article
Photography

Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

click here